အလုပ်တစ်ခု ရလိုမှု

တစ်နေ့တွင် လှိုင်မြို့နယ်၊ အင်းစိန်လမ်းမ ကြီး၊ ဘူတာရုံလမ်းမှတ်တိုင်အနီးရှိ ကျွန်တော်တို့ ဇနီးမောင်နှံ၏ ဗေဒင်ဟောခန်းသို့ မောင်သက်ဝေ ဟု အမည်တွင်သော လူငယ်လေးတစ်ဦး ရောက် လာလေသည်။

၎င်းမောင်သက်ဝေတို့မိသားစုမှာ ကျွန်တော် တို့ထံ၌ ဗေဒင်အမြဲမေးနေကျ ဗေဒင်ဖောက်သည် များ ဖြစ်ကြလေသည်။ ကျွန်တော်က –

“လာဟေ့ မောင်သက်ဝေ …၊ ဘယ်က လှည့်လာတာလဲ …” ဟု ခရီးဦးကြို ပြုလိုက်ပါ သည်။

“လှည့်လာတာမဟုတ်ဘူးဆရာကြီးရေ ..၊ တည့်တည့်ကို လာတာခင်ဗျ ..၊ ကျေးဇူးတင်စကား လည်းဆိုရင်း အပူလည်းကပ်ရင်း ဆိုပါတော့ …” ဟု ၄င်းက စဉ်းစားရခက်သောစကားကို

ဆိုလေ၏။ ကျွန်တော်က –

“ဘယ်လိုများလဲကွယ့် …”ဟု မေးလိုက် သော် ゞင်းမောင်သက်ဝေက –

“ဟိုဘက်တစ်လကျော်လောက်က အလုပ် မှာ ရာထူးတိုးချင်လို့ ဆရာကြီးဆီ လာမေးတဲ့အခါ ဆရာကြီးပေးလိုက်တဲ့နည်းနဲ့ ရာထူးတိုးသွားပါတယ်၊ အဲဒီအတွက် ကျေးဇူးတင်လို့ မဆုံးပါဘူးခင်ဗျ …၊

သို့ပေမယ့် တမြန်နေ့ကပဲ ကျွန်တော် အ လုပ်က ထွက်လိုက်ပါတယ် …၊ အခု အလုပ်သစ် တစ်ခု အလျင်အမြန် လိုချင်နေလို့ပါ …”ဟု ပြော လေတော့၏။ ကျွန်တော်က –

“ဟေလကွယ် …ဘယ်လိုများတုံး …၊ ဆိုစမ်းပါဦးကွဲ့ …” ဟု အမေးထုတ်ရသော် မောင် သက်ဝေက –

“ကျွန်တော့်ရည်းစားကြောင့်ပါ ဆရာကြီး ခင်ဗျာ …၊ ကျွန်တော့်အလုပ်မှာက ကျွန်တော့် ရည်းစားနဲ့ မျက်နှာကြောမတည့်တဲ့ ကောင်မလေး တစ်ယောက် ရှိနေတယ် …၊ တိုတိုပြောရရင်တော့ အဲဒီကောင်မလေးကို အကြောင်းပြုပြီး ကျွန်တော် အဲဒီအလုပ်မှာ ဆက်လုပ်ရင် သူနဲ့ သေခန်းပြတ်ပဲ လို့ ကောင်မလေးက ရာဇသံပေးလာတယ်လေ ..၊ ဒါနဲ့ ကျွန်တော်က ယောကျာ်းပီပီ သတ္တိရှိရှိ အလုပ်က ထွက်ပစ်လိုက်တာပေါ့ …” ဟု ရယ်ကျဲကျဲဖြင့် ပြောပါသည်။ ကျွန်တော်က –

“အိုကွယ် …ဒီခေတ်ဒီအခါကြီးမှာ အလုပ် တစ်ခုရဖို့က လွယ်တာမဟုတ်ဘူးလေကွယ် …” ဟု ပြောလျှင် ထိုမောင်သက်ဝေက –

“ဆရာကြီးတို့ရှိနေတာပဲ …” ဟု ပြောလေ တော့သည်။ ထို့ကြောင့် ကျွန်တော်လည်း –

“ဒီလိုလုပ်ပါကွယ် …၊ မနက်စော မနက် စောတွေမှာ စံပယ်(၈)ပွင့်၊ ရွက်လှ(၄)ညွန့် ဘုရားမှာ လှူပြီး ဘယ်လိုဘယ်လိုအလုပ်မျိုး မြန်မြန်ဆန်ဆန် နဲ့အဆင်ပြေပြေရပါစေလို့ဆုတောင်းပေတော့ကွယ်” ဟု ပြောပြလိုက်ရပေတော့သည်။

စောရဲထူး(လှိုင်)

Comments

comments

Post Author: manawmaya