မြန်မာ့ရိုးရာ ဖျာလိပ်နတ်ဖြင့် ဆက်သွယ်ကစားခြင်း

အရင်အပတ်တွေက နိုင်ငံခြားမှ ရိုးရာကစား နည်းများကို အစဉ်အဆက် ဖော်ပြလာခဲ့ရာမှ ဒီကနေ့ မှာတော့ မြန်မာ့ရိုးရာနတ်ပညာထဲမှ ဖျာလိပ်နတ်ဖြင့် ကစားခြင်း (သို့) ဖျာလိပ်နတ်ကို ခေါ်ဆောင်ခြင်းကို ဖော်ပြပေးမှာပဲ ဖြစ်ပါတယ်။ ခုဖော်ပြပေးမယ့် မြန်မာ့ ရိုးရာကစားနည်းတစ်ခုဖြစ်တဲ့ ဖျာလိပ်နတ်ဟာ စာ သင်ကျောင်းဆောင်တွေ၊ အဆောင်နေကျောင်းသူ တွေကြား အလွန်ရေပန်းစားခဲ့တဲ့ ကစားနည်းတစ်ခု ပါ။ ဖျာလိပ်နတ်လို့ဆိုရာမှာ အမှန်တော့ နတ်ဘီလူး မျိုးပါ။ ဒါပေမဲ့ သူမဟာ မေးမြန်းတဲ့မေးခွန်းတွေ ကို အံ့ဖွယ်မှန်ကန်အောင် ဟောကြားနိုင်တာဖြစ်တာမို့ နောက်ပိုင်းတွေမှာ ဖျာလိပ်နတ်ဆိုပြီး ထင်ရှားလာခဲ့ တာပါ။ သတိပြုရန်မှာ ဒီကစားနည်း၊ ဒီခေါ်ဆောင် နည်းကတော့ မိန်းကလေးတွေသာ ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။ ယောကျာ်းသားများပြုလုပ် မရပါ။ ဖျာ လိပ်နတ်ကိုခေါ်ဆောင်ခြင်း အကြောင်းမပြောခင်မှာ ဖျာလိပ်နတ်၏ရာဇဝင်လေးကို ဖွင့်ဆိုပါရစေ။

ပုဂံပြည် ကျစွာမင်းကြီး နန်းစံချိန်အခါက ဖြစ်သည်။ အောက်မြို့ဒေသမြို့ သုံးမြို့ကို အပိုင်စား ရသော သုံးမြို့ရှင်သည် သာယာဝတီမြို့ကို တည်ရာ တွင် မြို့ရိုးတံတိုင်းထူ၍ မရသောကြောင့် ပုဏ္ဏား ဖြူ၊ ပုဏ္ဏားညိုတို့အား မေးမြန်းလေသည်။ ပုဏ္ဏားတို့က အောင်ပါသော တနင်္ဂနွေသမီး တစ်ယောက် ဖျာလိပ်ကိုပွေ့လျက် အချိန် အခါကျလျှင် လာပါလိမ့်မည်။ ယင်းတနင်္ဂ နွေသမီးကို စတေးပါက အောင်မြင်ပါလိမ့် မည်ဟု လျှောက်တင်ကြလေသည်။

ထိုအခါ မင်းအမိန့်အရ မင်းမှုထမ်းတို့သည် ထိုနေရာတွင် အောင်ပါသော အမျိုးသမီးလာရာ အ ရပ်ကို စောင့်မျှော်၍ နေကြလေသည်။ သုံးမြို့ရှင်၏ တူတော်သူ ပညာဗလအမတ်သည် လူကြီးများက စေ့စပ်ပေးစားသော မြို့ဝန်သမီးကို မယူဘဲ ရွာသူကြီး သမီး မအောင်ဖြူကိုသာ ယူသဖြင့် မြို့ဝန်မင်းသည် ပညာဗလအပေါ်၌ အမျက်ထွက်ပြီး “တိုင်းပြည်ကို လုပ်ကြံလိမ့်မည်”ဟု သတင်းလွှင့်၍ သုံးမြို့ရှင်ထံ ကုန်းချောစကား လျှောက်ထားလေသည်။ မြို့ဝန်၏ စကားကို ယုံကြည်ပြီး သုံးမြို့ရှင်ကလည်း ပညာဗလ ကို ဖမ်းဆီး အကျဉ်းချထားသည်။ ထို့ပြင် ပညာဗလ ၏ နှမမမင်းလှကိုပါ ဖမ်းဆီး သိမ်းယူရန် ကြံပြန် သည်။ မမင်းလှသည် ဦးရီးတော် သုံးမြို့ရှင်၏ ပြုမှု ချက်ကို မခံမရပ်နိုင် ဖြစ်ကာ ဦးရီးတော်၏ အသိမ်း ပိုက်ကို မခံဘဲ မိမိကိုယ်ကို အသက်အောင့်၍ သေ လိုက်ရာ သုံးပန်လှနတ် ဖြစ်သွားလေသည်။ ယင်းသုံး ပန်လှနတ်သည် အပျိုဘဝ၌ ကွယ်လွန်သဖြင့် သမီး ရည်းစားစုံတွဲနေထိုင်မှုများ၊ အချစ်နှင့်ပတ်သက်သော ကိစ္စများကို မကြိုက်ချေ။ မအောင်ဖြူသည် ယင်း၏ ယောကျာ်း ရာဇဝတ်သင့်သည်ဟု ကြား၍ တွေ့ဆုံရန် လိုက်လာရာတွင် မြို့ပေါ်၌ ချက်ပြုတ် စားသောက်ရန် အတွက် အိုးခွက် စသည်များကို တောင်းထဲ ထည့် ရွက်ပြီး အိပ်ရန်အတွက် ဖျာကို လိပ်ယူပိုက်ပြီး လိုက် လာလေသည်။ မြို့သို့ ရောက်သောအခါ စောင့်ဆိုင်း နေကြသော မင်းမှုထမ်းများကတွေ့ရှိပြီး စစ်ဆေးမေး မြန်းခံရသည်တွင် ပုဏ္ဏားတော်များ ဟောကြား ချက်နှင့် ကိုက်ညီသော အောင်ပါသော နာမည်ဖြစ်၍ ချက်ချင်းပင် မြို့ရိုးတိုင် ထူမည့်တွင်းကြီးထဲသို့ ထည့် သွင်းကာ စတေးလေသည်။ မစတေးမီ မအောင်ဖြူ က “အပြစ်မရှိသော မိမိအား စတေးသည့် အ တွက် သာယာဝတီနယ်တွင် တိရစ္ဆာန်ဖြစ်က တိရစ္ဆာန်ဆိုးများ၊ လူဖြစ်က လူဆိုးများသာ ဖြစ်ကြ ပါစေ။ ကြီးပွား တိုးတက်ခြင်းလည်း မရှိကြပါစေ နှင့်” ဟု ကျိန်စာ ဆိုသွားလေသည်။ ထို့ပြင်…  မိမိသည် လင်ကို ချစ်မြတ်နိုးရာ ဖြစ်လေရာ ဘဝ တွင် လင်ယောကျာ်းနှင့် ပေါင်းသင်းရပါစေသား ဟူ၍လည်း ဆုတောင်းသွားလေသည်။ (ထိုမအောင် ဖြူ၏ ကျိန်စာကြောင့် သာယာဝတီနယ်သည် လူမိုက် များ ပေါများသည်ဟု ဆိုစမှတ်ပြုကြသည်။)

မအောင်ဖြူသည် စတေးခံရ၍ သေဆုံးသော အခါ စိတ်ကြမ်း ကိုယ်ကြမ်း ကျိန်ဆဲ၍ သေရသော ကြောင့် နောင်ဘဝတွင် ဘီလူးမ ဖြစ်သွားလေသည်။ ဘီလူးမဖြစ်သောအခါ ထောင်သွင်းအကျဉ်းချထား ခြင်း ခံရသော မိမိ၏ လင်ယောကျာ်းကို တန်ခိုးဖြင့် ယူဆောင်၍ သူမပိုင်ဆိုင်ရာ နယ်ပယ်အတွင်းသို့ခေါ် ဆောင်သွားပြီး အတူတကွ ပေါင်းသင်း နေထိုင်ကြ လေသည်။ မကြာခင် သားတစ်ယောက် မွေးဖွားလေ သည်။ ထိုသားသည် ဘီလူးမနှင့် လူသားညား၍ ပေါက်ဖွားလာသောကြောင့် ခွန်အားဗလ ကြီးမားကာ အရွယ်ရောက်ချိန်တွင် ခြေဖဝါးသည် တစ်တောင်ခန့် ရှိ၍ ယင်းကို ခြေရာတစ်ထောင် မောင်မဲခေါင်ဟုခေါ် တွင်လေသည်။ ဆင်ကိုပင် ဖမ်း၍ အစွယ်ကို ချိုးနိုင် သော အားခွန်ဗလ စွမ်းရည်သတ္တိနှင့်လည်း ပြည့်စုံ လေသည်။ မောင်မဲခေါင်သည် ဖခင်၏ပြောပြချက်အ ရ လူသားများ နေထိုင်ရာကို သွားချင်လှသည်က တစ်ကြောင်း၊ မယ်တော်မှာလည်း ဘီလူးမဖြစ်နေ သည်က တစ်ကြောင်းတို့ကြောင့် ထိုနေရာတွင် နေ လိုစိတ် မရှိပေ။ တစ်နေ့တွင် မယ်တော် ပြင်ပထွက် ၍ အစာရှာနေခိုက် ဖခင်ကိုထမ်း၍ ထွက်ပြေးလေ သည်။ မယ်တော်ဘီလူးမကလည်း ပြန်ရောက်၍ သိလျှင်သိချင်း လိုက်လေရာ သူပိုင်သောနယ်ပယ် ကို ကျော်သွားပြီ ဖြစ်သည့်အတွက် ဆက်လက်မ လိုက်နိုင်တော့ဘဲ သားနှင့်လင်အတွက် အပူမီးတောက် လောင်ကာ ရင်ကွဲနာကျပြီး သေဆုံးလေသည်။ ဘီ လူးမဘဝမှ သေဆုံးစဉ်ကို စိတ်စောနေ၍ လူ့ဘဝ မအောင်ဖြူ ဖြစ်စဉ်က ကျန်ရစ်ခဲ့သော ဖျာလိပ်ကို သတိရ စွဲလမ်းချက် ဥပါဒါန်ကြောင့် ဖျာလိပ်နတ် မအောင်ဖြူ ဖြစ်လာလေသည်။ ဖျာလိပ်နတ်မအောင် ဖြူသည် လင်နှင့်သားကို စိတ်နာသောကြောင့် သူမ ကို တင်မြှောက်ပသသောအခါ ယောကျာ်းများ ကိုင် တွယ် ပူဇော်ပသခြင်း မပြုရပေ။ မိန်းမများသာပူဇော် ပသရသည်။ ဖျာလိပ်နတ်မအောင်ဖြူ တင်မြှောက် ရာ တွင် ကန်တော့ပွဲ၌ ထည့်ရိုးထုံးစံဖြစ်သော အုန်း၊ ငှက်ပျောကိုထည့်ပြီး ပွဲရှေ့၌ ဖျာလိပ်သစ်တွင် ထဘီ၊ အင်္ကျီ၊ ဆံစု၊ ဘီး စသည်ဖြင့် လူကဲ့သို့ ဝတ်ဆင် လျက် ကျောက်ပြင်၊ သနပ်ခါးတုံး၊ မှန်တို့ဖြင့် အဆင် သင့် ထားပေးရသည်။ အပျိုအရွယ် မိန်းမပျိုကလေး များ ဆုံမိကြသည့်အခါ “မိမိရည်မှန်းထားသူနှင့် ပေါင်းသင်းရမှုမှန်ပါလျှင် မအောင်ဖြူ သခင်မကြီးက ဘယ်နှစ်ချက် ရိုက်ပြတော်မူပါ”ဟု အပျော်အပါး ရယ်စရာ မေးမြန်းကြလေ့ရှိသည်။ အမျိုးသမီးလော ကတွင် ထင်ရှားသော နတ်တစ်ပါး ဖြစ်လေသည်။ မအောင်ဖြူနတ်ဝင်ပါက ဖျာလိပ်ဘယ်ညာ ယိမ်းပြ သည်ဟု ယုံကြည်ကြလေသည်။ ခေါ်ဆောင်နည်းက တော့ အောက်ပါအတိုင်းပါ။ ကစားမည့်လူဦးရေက တော့ မိန်းကလေး လေးယောက်နှင့် အထက်ပါ။

 

လိုအပ်သော ပစ္စည်းများမှာ –

– ဖျာလိပ်တစ်လိပ်

– အကျီ အနီ၊ ထမီ အနီ တစ်စုံ

– သနပ်ခါး

– နူတ်ခမ်းနီ

– မှန်တစ်ချပ်

– ကြိုးတစ်ချောင်း

– သပြေပန်းတစ်ခက်

 

ကစားနည်းမှာတော့ အောက်ပါအတိုင်းပါ။

အလုံပိတ်အခန်း တစ်ခုထဲသို့ ဖျာလိပ် တစ်လိပ်ကို ယူလာပါ။ ကစားမည့် အခန်းထဲတွင် မိန်းမပျိုလေးဦး နှင့် အထက်မှအပ အမျိုးသားတစ် ယောက်မျှ မရှိစေရပါ။ ထိုဖျာလိပ်ကို ခေါင်းနှင့် ခြေထောက်ဟူ၍ ခွဲခြား သတ်မှတ်ပါ။ ခေါင်းဟုသတ်မှတ်ထားသော ဖျာ၏အထက်ပိုင်းကို အင်္ကျီအနီရောင် ဝတ်ဆင် ပေးပြီး၊ အောက်ပိုင်းကို လုံချည်အနီကို ပတ်ကာ ကြိုးဖြင့် ခါးလည်မှ ခိုင်မြဲစွာ စည်းနှောင်ပါ။ ထို့နောက် မျက်နှာဟု မိမိ သတ်မှတ်ထားသောအပိုင်းတွင် သနပ်ခါး ပါးကွက် နှစ်ကွက်ကွက်ကာ နှုတ်ခမ်းနီ ဆိုးပေးပါ။ ခေါင်းတွင် နတ်ပန်းကို ပန်ပေးပါ။ ထို့နောက် ကစား သူလေးဦးက ဖျာလိပ်ကို အောက်ခြေမှ ပြိုင်တူ မç ရပါမည်။ ထိုမçထားသော ဖျာလိပ်၏ သနပ်ခါး လိမ်းထားသော မျက်နှာအပိုင်းနှင့် တစ်တန်းထဲတွင် မှန်ကို ချိတ်ဆွဲရမည်။ ထို့နောက် ကစားသူတစ်ဦးမှ ဦးဆောင်ကာ ဖျာလိပ်နတ်ကို ခေါ်ယူရပါမည်။ ဖျာ လိပ်ကိုမလျက် အနေအထားဖြင့် “အဘောင် မအောင်ဖြူ၊ အဘောင် မအောင်ဖြူ…အကျွန်မတို့နဲ့ ပျော်ဖို့ပါးရဖို့ ရောက်ရာအရပ်က ကြွလာပါ”ဟု ဦးဆောင်ကာ ပင့်ဖိတ်ရပါမည်။ ဖျာလိပ်သည် နဂို ထက် သိသိသာသာ လေးလံလာပြီဆိုပါက ကစား နည်း အသက်ဝင်ပြီဟု မှတ်ယူရမည် ဖြစ်သည်။ သင်သည် ကစားနည်းအတွင်းသို့ ရောက်နေ ကြောင်း ပို၍ သေချာစေရန်၊ “အဘောင် မအောင် ဖြူ၊ ရောက်နေပြီဆိုရင် သမီးတို့ကို ခုန်ပြပါ” ဟု ဝိုင်းဝန်း တောင်းဆိုပါ။ လက်ထဲမှ ဖျာလိပ်သည် သူ့အလိုလို မသိမသာ ကြွလာ၊ ယိမ်းလာပါလိမ့် မည်။

ထို့နောက် သင်တို့ မေးလိုသည့်  Yes or No မေးခွန်းများကို မေးနိုင်မည်ဖြစ်သည်။ ဥပမာ- မိမိ ချစ်သူနဲ့ပေါင်းဖက်ရပါမလား။ ပေါင်းရမယ်ဆို ကျွန်မကို ခေါင်းပုတ်ပြပါ မပေါင်းရပါက ခုန်ပြပါ  စသည်ဖြင့် မေးမြန်းနိုင်ပါသည်။ ဟုတ်သည် ဆိုပါက သင်၏ခေါင်းကို ညင်သာစွာ ပုတ်ခတ်မည် ဖြစ်ပြီး မဟုတ်ဟု ဆိုပါက ဖျာလိပ်က အနည်းငယ် ခုန်ကြွ လာမည်ဖြစ်သည်။ မိမိသိလိုရာ မေးခွန်းများ မေး မြန်းရင်း အဘောင် မအောင်ဖြူ၊ မှန်ကြည့်ပါဦး ဟု မှန်ကို ပြပေးပြီး၊ ကစားသူများက အဘောင် မအောင်ဖြူ အရမ်းလှတယ်” ဟုပြောဆိုပေးပါက ဖျာလိပ်က အလွန်ပျော်ရွှင်ကာ လှုပ်ခတ်လာပါလိမ့် မည်။ ဤသို့ မြှောက်ပင့်ပြောဆိုလိုက် မေးခွန်းများ မေးလိုက် တစ်လှည့်စီ ပြုလုပ်ပေးပါက သူမသည် မိမိတို့၏ မေးခွန်းများကို စိတ်ရှည်လက်ရှည် ပြန်လည် ဖြေကြား ပေးမည်ဖြစ်သည်။

 

ကစားနည်း အဆုံးသတ်ခြင်း

(၁) ကစားနည်း အဆုံးသတ်လိုပါက “အဘောင် မအောင်ဖြူ အကျွန်တို့နဲ့ ပျော်လို့ပါးလို့ပြီးပါပြီ လာရာအရပ်သို့ ပြန်လို့ရပါပြီ” ဟု လေးလေးစားစား ဖြင့် ပြောဆိုပြီး ပြတင်းပေါက်များကိုလည်း ဖွင့်ပေး လိုက်ပါက  ပြန်လည်ထွက်ခွာသွားမည် ဖြစ်သည်။

(၂) ဖျာလိပ်နတ်ထွက်သွားသောအခါ ဖျာလိပ်မှာ လည်း ပြန်လည် ပေါ့ပါးသွားပါလိမ့်မည်။

(၃) ကစားနည်း အဆုံးသတ်ကြောင်း ပိုမို သေချာ စေရန် မှန်ကိုပြ၍ အဘောင် မအောင်ဖြူ၊ မှန် ကြည့်ပါဦး“အဘောင်မအောင်ဖြူ အရမ်းလှတယ် ဟု ထပ်မံ ပြောဆိုပေးပါက မည်သည့် လှုပ်ရှားမှုမျှ တွေ့ရမည် မဟုတ်ပေ။ အကယ်၍ ရှိနေသေးလျှင် ဖျာလိပ်က ခုန်လိမ့်မည်။

 

သတိပြုရန်

– ဖျာလိပ်နတ်အား ရိုင်းစိုင်းစွာ နောက်ပြောင်ပြောဆို ခြင်း လုံးဝမပြုရ။ သင့်မေးခွန်းမှန်ကန်ကြောင်း ညင်သာစွာ ခေါင်းပုတ်၍ ဖြေကြားပါက ကြောက် လန့်၍ မအော်ရ။ ထိုသို့ ပြုလုပ်မိပါက သင့်အား ဖျာလိပ်နတ်မှ စိတ်ဆိုးပြီး၊ အကြိမ်ကြိမ် ရိုက်နှက်ပါ လိမ့်မည်။ အချို့သူများသည် ဖျာလိပ်နတ်ကို မနှင် တတ်တော့လျှင် အမျိုးသားတစ်ဦးကို ခေါ်ပြီး၊ အ လွယ်တကူ နှင်ထုတ်တတ်ကြသည်။ ထိုသို့ ပြုလုပ်မိ လျှင် ခေါ်ယူသော အမျိုးသမီးကို သုံးရက်ခန့်ဝင် ရောက် ပူးကပ်ပြီး၊ ဖျားနာအောင် ပြုလုပ်ပြီး အပြစ် ပေးတတ်ပါသည်။ နောက်ဆုံးအနေဖြင့် ဤကစား နည်းကို စတင်ပြီးပါက နောက်သို့ပြန်လှည့်ရန် နည်း လမ်း မရှိပါ။ ပြီးဆုံးအောင် လုပ်ဆောင်ရပါမည်။ သင်ပြီးဆုံးအောင်လုပ်ဆောင်နိုင်မည်ဟု မယူဆလျှင် အစကတည်းက မကစားပါနှင့်။ အန္တရာယ်ကင်းစွာ မေးမြန်း ဆော့ကစားနိုင်ကြပါစေ။

 

စဝ်ခွန်ဖသိုင်

မှီငြမ်း ။    ။

(၁) မြန်မာ့ရိုးရာနတ်သမိုင်း

(၂)  Dr.Aung Facebook Page

Comments

comments

Post Author: manawmaya