ကျန်းမာရေးအတွက် ငှက်ပျောသီး

 

ငှက်ပျောသီးသည် ရာသီမရွေး ရနိုင်သော   အသီးဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းလုံး ခြံမြေရှိလျှင် စိုက်ပျိုးနိုင်သည်။ ရှေးခေတ်က ငှက်ပျောပင်စိုက် မိလိုက်ဖပါ ဆိုစကားရှိခဲ့ပေသည်။ ယခုခေတ် ကာလတွင် အိမ်တိုင်း စိုက်ပျိုးထား ရှိသဖြင့် ငှက်ပျော သီးသည် သာရေးနာရေးပွဲ၊ ကန်တော့ပွဲ၊ ဘုရားပွဲ၊ သီတင်းကျွတ် လူကြီးသူမများကို ကန်တော့ခြင်း၊ လှူဒါန်းခြင်းများ ရှိပေသည်။ ရဟန်းသာမဏေ လူ ပုဂ္ဂိုလ်များမကျန် အချိုပွဲအဖြစ် သုံးဆောင်ကြပေ သည်။

အထူးသဖြင့် အာဟာရချို့တဲ့သော ကလေး သူငယ်များ အာဟာရဖြစ်စေရန် နေ့စဉ်ပုံမှန်ကျွေး သဖြင့် သန်မာသော ကလေးများ ဖြစ်လာခဲ့ပေသည်။ ငှက်ပျောသီးတွင် ကယ်လဆီယမ်ဓာတ်ပါသော ကြောင့် ဝမ်းတွင်းအူများကို သန့်ရှင်းစေသည်။ ခန္ဓာ ကိုယ် ဖွံ့ဖြိုးစေသည့် ဗီတာမင်ဘီမှတစ်ပါး ဗီတာမင် ဓာတ်အားလုံးပါဝင်သဖြင့် သွေးတိုးစေတတ်သော သဘာဝဓာတ်ရှိသဖြင့် သွေးပေါင်ကျတတ်သူများ စားသုံးသင့်ပါသည်။ ငှက်ပျောသီးသည် အာဟာရ ကိုဖြစ်စေနိုင်သည့်အပြင် ဗီတာမင်ဓာတ် သတ္တု ဓာတ်ပါရှိသဖြင့် အရေပြား၊ ဆံသား၊ မိမိကျန်းမာရေး ကာကွယ်ပေးနိုင်သည်။ ငှက်ပျောသီးကို နေ့စဉ်ပုံ မှန်စားသုံးခြင်းဖြင့် အဆုတ်ရောဂါ၊ အဆုတ်ပွခြင်းကို ကာ ကွယ်ပေးနိုင်သည်။

ညှော်မိ၍ အနာရင်းလျှင် ငှက်ပျောသီးနှင့် ရေနံချေး ရောသမပြီး အနာပေါ်အုံပြီး ပတ်တီးစည်း ပေးပါက အနာယူပစ်သလို ပျောက်ကင်းနိုင်သည်။ ပန်းသေ၊ ပန်းညှိုး ဖြစ်နေလျှင် ငှက်ပျောသီး+နှမ်း ဆီကြော်ပြီး ပျားရည်နှင့် တို့စားပါက ရောဂါပျောက် ကင်း၍ ဆန္ဒပြည့်ဝနိုင်သည်။ ခေါင်းကိုက်ဝေဒနာ ဖြစ်လျှင် ငှက်ပျောသီးစိမ်း ပါးပါးလှီးပြီး နားထင် တွင် ကပ်ပေးပါက ခေါင်းကိုက်သက်သာ ပျောက် ကင်းနိုင်ပါသည်။ မီးပူလောင်လျှင် ငှက်ပျောအူကို အရည်ညှစ်၍ အနာပေါ်သို့ လောင်းပေးပါက အပူလောင်ခြင်း ဝေဒနာမှ ပျောက်ကင်းသက်သာ နိုင်ပေသည်။ လူသားများအတွက် အကျိုးပြုသော ငှက်ပျောပင်ကို မိမိခြံမြေတွင် စိုက်ပျိုးထားရှိပါက ဝင်ငွေရရှိပြီး ကျန်းမာရေးအတွက် လိုအပ်သော ဂုဏ်သတ္တိများကို ငှက်ပျောပင် ငှက်ပျောသီးမှ ရရှိ သဖြင့် ကျန်းမာသော မိသားစု ဖြစ်နိုင်စေပါသည်။

ငှက်ပျောသီးမှာ ရေဓာတ် ၇၅ ရာခိုင်နှုန်း ပါဝင်သောကြောင့် ဗီတာမင်ဘီသည် ကျန်းမာရေး အတွက် အထူးကောင်းမွန်သည်။ လူသားအားလုံး နေ့စဉ် လှုပ်ရှားဆောင်ရွက်ကြသဖြင့်  လိုအပ်သော စွမ်းအင်ကို ငှက်ပျောသီးမှရရှိနိုင်သည်။ ဆေးပညာ ရှင်များ၏ သုံးသပ်ချက်အရ ငှက်ပျောသီးသည် စိတ်ကိုတည်ငြိမ်စေပြီး မှတ်ဥာဏ်များဖွံ့ဖြိုးစေသည်။ မွေးစကလေးငယ်နှင့် လူကြီးများမကျန် အစာကို ကြေလွယ်စေပြီး အာဟာရကို ပြည့်ဝစေသော အသီး တစ်မျိုးဖြစ်ပေသည်။

ငှက်ပျောသီးသည် လူသားများ ကျန်းမာရေး ကာကွယ်စောင့်ရှောက်ပေးနိုင်သော သတ္တိရှိသည်။ ဥပမာ ငှက်ပျောသီးနှင့် ချောင်းဆိုး ရောဂါ- ငှက်ပျောသီးဖျော်ရည် သောက်သုံးခြင်းဖြင့် ချောင်းဆိုးရောဂါ ပျောက်ကင်းနိုင်သည်။ ငှက်ပျော သီးနှင့် ပန်းနာရောဂါ -ငှက်ပျောသီး+ဆားအနည်း ငယ်+ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့် ကြော် စားပါက ပန်းနာရောဂါ သက်သာပျောက်ကင်းနိုင် သည်။ ငှက်ပျောသီးနှင့် နှာခေါင်းသွေးလျှံရောဂါ- ငှက်ပျောပင်ကိုခုတ်၍ ထွက်လာသောသတ္ထုရည်ကိုရှူ (သို့)နှာခေါင်းကို လိမ်းပေးက သွေးလျှံခြင်း  ပျောက်ကင်းစေသည်။

မိမိပိုင်ခြံမြေတွင် ငှက်ပျောပင်တစ်ပင်စိုက်ပျိုး ထားပါက မျိုးပွား၍ တစ်ခြံလုံးပြည့်ကျပ်သွားစေ သည်။ တောင်သူများကလည်း မိမိပိုင်လယ်ယာမြေ တွင် စပါးရိတ်သိမ်းပြီးနောက် ငှက်ပျောပင်ပေါက်များ ကို စိုက်ပျိုးရေသွင်းခြင်းဖြင့် အပင်များသန်မာကြီး ထွားပြီး ငှက်ပျောသီးများကို ကားများနှင့် ရန်ကုန် မြို့သို့ တင်ပို့ရောင်းချခြင်းဖြင့် ဝင်ငွေ များစွာ ရရှိခဲ့ပေသည်။

ကျန်းမာရေးအတွက် ငှက်ပျောပင်စိုက်ကြစို့။

 

စိုးအောင်(မင်းလှမြို့)

Comments

comments

Post Author: manawmaya