အသုိက္ေဆာက္ ၀ိဇၨာငွက္က်ား

တစ္ခါတုန္းက ငွက္က်ားတစ္ေကာင္ဟာ သူ႕ မိသားစုအတြက္ အသိုက္တစ္ခု ေဆာက္တယ္။ ေဆာက္ၿပီးသြားတဲ့အခါ အသိုက္ဟာ လွပၿပီးခိုင္ခံ့ တာမို႕ တျခားငွက္ေတြက သေဘာက်ၾကတယ္။ ဒါေၾကာင့္ နီးစပ္ရာငွက္ေတြက ငွက္က်ားဆီ ေရာက္ လာၿပီး သူတို႕ကို အသိုက္ေဆာက္နည္း သင္ေပးဖို႕ ေတာင္းဆိုၾကတယ္။

ဒါနဲ႕ ငွက္က်ားလည္း အသိုက္ေဆာက္နည္းကို လက္ေတြ႕သင္ေပးမယ္ဆိုၿပီး သင္ခ်င္တဲ့ငွက္ေတြ ကို စုေဝးခိုင္းလိုက္တယ္။ ၿပီးေတာ့ အသိုက္တစ္ခုကို လက္ေတြ႕ေဆာက္ျပတယ္။

ပထမဦးဆံုး သူဟာ ရႊံ႕ရွိတဲ့ေနရာကို ပ်ံသန္း ၿပီး အေခါက္ေခါက္အခါခါ ရႊံ႕ေတြကို သယ္ေဆာင္ ကာ အသိုက္ရဲ႕ေအာက္ေျခအျဖစ္ ဖန္တီးတယ္။

“ရႊံ႕ေတြကို အခုလို ေအာက္ခံအျဖစ္ထားၿပီး ဝိုင္းဝိုင္းေလးျဖစ္ေအာင္ ပံုေဖာ္ရတယ္၊ေဘးႏႈတ္ခမ္း ေတြကို အခုလို နည္းနည္းျမင့္ျမင့္ေလး ထားရတယ္”လို႕ သူက ရွင္းျပလိုက္ေသးတယ္။

အဲဒီအခါမွာ ဝိုင္းၾကည့္ေနတဲ့ငွက္ေတြထဲက ေျမ လူးငွက္ဟာ “အသိုက္ေဆာက္တယ္ဆိုတာ ဒီလို ကိုး”လို႕ေျပာၿပီး ထပ်ံသြားတယ္။ သူေနတဲ့ေနရာ ေရာက္ေတာ့ ရႊံ႕ေတြ စုေဆာင္းၿပီး ငွက္က်ားျပခဲ့တဲ့ ပံုစံအတိုင္း ေဆာက္တယ္။ ဒါေၾကာင့္ ေျမလူးငွက္ ေတြရဲ႕အသိုက္ဟာ အခုအခ်ိန္အထိ ေဘးႏႈတ္ခမ္း ေတြ နည္းနည္းျမႇင့္ထားတဲ့ ရႊံ႕ျပားဝိုင္းကေလးေတြ ျဖစ္ေနေလရဲ႕။

ေနာက္က်ေတာ့ ငွက္က်ားဟာ သစ္ခက္ ကေလးေတြကို စုေဆာင္းၿပီး ရႊံ႕ျပားဝိုင္းရဲ႕ ျမႇင့္တင္ ထားတဲ့ႏႈတ္ခမ္းသားေတြမွာ ညီညီညာညာ လိုက္စိုက္ တယ္။ “ဒါက အသိုက္ရဲ႕ ေဘးနံရံေတြ လုပ္တာ” လို႕ သူက ရွင္းျပလိုက္ေသးတယ္။ အဲဒီလို သစ္ခက္ ကေလးေတြ စိုက္တဲ့နည္းကို သိသြားတဲ့ငွက္မည္း ဟာ “အသိုက္က ဒီလိုေဆာက္တာကိုး” လို႕ မွတ္ ခ်က္ခ်ၿပီး ထပ်ံသြားတယ္။ သူေနတဲ့ေနရာေရာက္ ေတာ့ ရႊံ႕ေတြ စုေဆာင္းၿပီး ေအာက္ေျခအျပားဝိုင္း ေလးလုပ္တယ္။ ၿပီးေတာ့ သစ္ခက္ကေလးေတြ စု ေဆာင္းၿပီး ရႊံ႕အျပားဝိုင္းရဲ႕ ႏႈတ္ခမ္းသားေတြမွာ လိုက္ ၿပီး ထိုးစိုက္တယ္။ ဒီလိုနဲ႕ ငွက္မည္းေတြရဲ႕ အသိုက္ ေတြဟာ ဒီေန႕အခ်ိန္အထိ အဲဒီပံုစံအတိုင္းပဲ ျဖစ္ေန ေလရဲ႕။

ငွက္က်ားရဲ႕ အသိုက္ေဆာက္နည္းသင္တန္း မွာ လာတက္ေနၾကတဲ့ငွက္ေတြဟာ အဆင့္တစ္ဆင့္ ၿပီး သြားတိုင္း “ဒီလိုကိုး”ဆိုၿပီး ထထပ်ံသြားၾကတာ တစ္ေကာင္မွ မက်န္ေတာ့ေအာင္ ျဖစ္သြားတယ္။

ငွက္က်ားကေတာ့ သူ႕သင္တန္းသားငွက္ေတြ ထထပ်ံသြားတာကို သတိမထားမိဘူး။ အသိုက္ကို သာ ၿပီးဆံုးေအာင္ ဆက္ေဆာက္သြားတယ္။ အသိုက္ ဟာ လွလွပပ ခိုင္ခိုင္ခံ့ခံ့နဲ႕ ၿပီးဆံုးသြားတယ္။ အသိုက္ ၿပီးသြားေတာ့ ငွက္က်ားဟာ “အသိုက္ဆိုတာ ဒါပဲ”လို႕ ဂုဏ္ယူဝင့္ၾကြားစြာ ေျပာၿပီး သူ႕သင္တန္းသား ငွက္ေတြဆီ လွည့္ၾကည့္လိုက္တယ္။ တစ္ေကာင္မွ မေတြ႕ရေတာ့ဘူး။

ငွက္က်ားဟာ ေတာ္ေတာ္ စိတ္ဆိုးသြားတယ္။အစတုန္းကေတာ့ “အသိုက္ေဆာက္နည္း သင္ေပး ပါ၊ သင္ေပးပါ”ဆိုၿပီး နားပူနားဆာ လာလုပ္တဲ့ ငွက္ေတြက ဘာျဖစ္လို႕ သင္တန္းကို ၿပီးဆံုးေအာင္ မတက္ဘဲ ထြက္ေျပးသြားၾကတာလဲဆိုၿပီးေတာ့ စိတ္ ဆိုးသြားတာျဖစ္ပါတယ္။ အဲဒီအခ်ိန္က စၿပီး ငွက္ က်ားဟာ ဘယ္ငွက္ကိုမွ အသိုက္ေဆာက္နည္း သင္ မေပးေတာ့ပါဘူးတဲ့။ ဒါေၾကာင့္ အခုအခ်ိန္အထိ တျခားငွက္ေတြဟာ ငွက္က်ားေတြရဲ႕ အသိုက္လိုမ်ိဳး မေဆာက္တတ္ၾကေတာ့ဘူးလို႔ ဆိုပါတယ္။ ငွက္ က်ားေတြသာလွ်င္ အသိုက္ေဆာက္ဝိဇၨာေတြအျဖစ္ ငွက္ေလာကမွာ ဒီေန႔တိုင္ နာမည္ႀကီးေနခဲ့တာျဖစ္ ပါတယ္။

သင္ခန္းစာကေတာ့ ဘယ္အတတ္ပညာပဲျဖစ္ ျဖစ္ သင္ယူေလ့လာမယ္ဆိုရင္ ဆံုးခန္းတိုင္ေအာင္ သင္ယူေလ့လာဖို႔ လိုတယ္ဆိုတာပါပဲ။ တစ္စြန္း တစ္စေလာက္ သိလိုက္႐ံုမွ်နဲ႔ တတ္ၿပီ၊ သိၿပီလို႔ အထင္ေရာက္သြားျခင္းဟာ ပညာတစ္ပိုင္းတစ္စနဲ႔ ရပ္ဆိုင္းသြားျခင္းသာျဖစ္ပါတယ္။

 

ေအာင္ေအး (ရန္ကုန္တကၠသိုလ္)

Source: short wisdom stories

 

Unicode Version

 

အသိုက်ဆောက် ဝိဇ္ဇာငှက်ကျား

** အောင်အေး (ရန်ကုန်တက္ကသိုလ်) **

တစ်ခါတုန်းက ငှက်ကျားတစ်ကောင်ဟာ သူ့ မိသားစုအတွက် အသိုက်တစ်ခု ဆောက်တယ်။ ဆောက်ပြီးသွားတဲ့အခါ အသိုက်ဟာ လှပပြီးခိုင်ခံ့ တာမို့ တခြားငှက်တွေက သဘောကျကြတယ်။ ဒါကြောင့် နီးစပ်ရာငှက်တွေက ငှက်ကျားဆီ ရောက် လာပြီး သူတို့ကို အသိုက်ဆောက်နည်း သင်ပေးဖို့ တောင်းဆိုကြတယ်။
ဒါနဲ့ ငှက်ကျားလည်း အသိုက်ဆောက်နည်းကို လက်တွေ့သင်ပေးမယ်ဆိုပြီး သင်ချင်တဲ့ငှက်တွေ ကို စုဝေးခိုင်းလိုက်တယ်။ ပြီးတော့ အသိုက်တစ်ခုကို လက်တွေ့ဆောက်ပြတယ်။
ပထမဦးဆုံး သူဟာ ရွှံ့ရှိတဲ့နေရာကို ပျံသန်း ပြီး အခေါက်ခေါက်အခါခါ ရွှံ့တွေကို သယ်ဆောင် ကာ အသိုက်ရဲ့အောက်ခြေအဖြစ် ဖန်တီးတယ်။
“ရွှံ့တွေကို အခုလို အောက်ခံအဖြစ်ထားပြီး ဝိုင်းဝိုင်းလေးဖြစ်အောင် ပုံဖော်ရတယ်၊ဘေးနှုတ်ခမ်း တွေကို အခုလို နည်းနည်းမြင့်မြင့်လေး ထားရတယ်”လို့ သူက ရှင်းပြလိုက်သေးတယ်။
အဲဒီအခါမှာ ဝိုင်းကြည့်နေတဲ့ငှက်တွေထဲက မြေ လူးငှက်ဟာ “အသိုက်ဆောက်တယ်ဆိုတာ ဒီလို ကိုး”လို့ပြောပြီး ထပျံသွားတယ်။ သူနေတဲ့နေရာ ရောက်တော့ ရွှံ့တွေ စုဆောင်းပြီး ငှက်ကျားပြခဲ့တဲ့ ပုံစံအတိုင်း ဆောက်တယ်။ ဒါကြောင့် မြေလူးငှက် တွေရဲ့အသိုက်ဟာ အခုအချိန်အထိ ဘေးနှုတ်ခမ်း တွေ နည်းနည်းမြှင့်ထားတဲ့ ရွှံ့ပြားဝိုင်းကလေးတွေ ဖြစ်နေလေရဲ့။
နောက်ကျတော့ ငှက်ကျားဟာ သစ်ခက် ကလေးတွေကို စုဆောင်းပြီး ရွှံ့ပြားဝိုင်းရဲ့ မြှင့်တင် ထားတဲ့နှုတ်ခမ်းသားတွေမှာ ညီညီညာညာ လိုက်စိုက် တယ်။ “ဒါက အသိုက်ရဲ့ ဘေးနံရံတွေ လုပ်တာ” လို့ သူက ရှင်းပြလိုက်သေးတယ်။ အဲဒီလို သစ်ခက် ကလေးတွေ စိုက်တဲ့နည်းကို သိသွားတဲ့ငှက်မည်း ဟာ “အသိုက်က ဒီလိုဆောက်တာကိုး” လို့ မှတ် ချက်ချပြီး ထပျံသွားတယ်။ သူနေတဲ့နေရာရောက် တော့ ရွှံ့တွေ စုဆောင်းပြီး အောက်ခြေအပြားဝိုင်း လေးလုပ်တယ်။ ပြီးတော့ သစ်ခက်ကလေးတွေ စု ဆောင်းပြီး ရွှံ့အပြားဝိုင်းရဲ့ နှုတ်ခမ်းသားတွေမှာ လိုက် ပြီး ထိုးစိုက်တယ်။ ဒီလိုနဲ့ ငှက်မည်းတွေရဲ့ အသိုက် တွေဟာ ဒီနေ့အချိန်အထိ အဲဒီပုံစံအတိုင်းပဲ ဖြစ်နေ လေရဲ့။
ငှက်ကျားရဲ့ အသိုက်ဆောက်နည်းသင်တန်း မှာ လာတက်နေကြတဲ့ငှက်တွေဟာ အဆင့်တစ်ဆင့် ပြီး သွားတိုင်း “ဒီလိုကိုး”ဆိုပြီး ထထပျံသွားကြတာ တစ်ကောင်မှ မကျန်တော့အောင် ဖြစ်သွားတယ်။
ငှက်ကျားကတော့ သူ့သင်တန်းသားငှက်တွေ ထထပျံသွားတာကို သတိမထားမိဘူး။ အသိုက်ကို သာ ပြီးဆုံးအောင် ဆက်ဆောက်သွားတယ်။ အသိုက် ဟာ လှလှပပ ခိုင်ခိုင်ခံ့ခံ့နဲ့ ပြီးဆုံးသွားတယ်။ အသိုက် ပြီးသွားတော့ ငှက်ကျားဟာ “အသိုက်ဆိုတာ ဒါပဲ”လို့ ဂုဏ်ယူဝင့်ကြွားစွာ ပြောပြီး သူ့သင်တန်းသား ငှက်တွေဆီ လှည့်ကြည့်လိုက်တယ်။ တစ်ကောင်မှ မတွေ့ရတော့ဘူး။
ငှက်ကျားဟာ တော်တော် စိတ်ဆိုးသွားတယ်။အစတုန်းကတော့ “အသိုက်ဆောက်နည်း သင်ပေး ပါ၊ သင်ပေးပါ”ဆိုပြီး နားပူနားဆာ လာလုပ်တဲ့ ငှက်တွေက ဘာဖြစ်လို့ သင်တန်းကို ပြီးဆုံးအောင် မတက်ဘဲ ထွက်ပြေးသွားကြတာလဲဆိုပြီးတော့ စိတ် ဆိုးသွားတာဖြစ်ပါတယ်။ အဲဒီအချိန်က စပြီး ငှက် ကျားဟာ ဘယ်ငှက်ကိုမှ အသိုက်ဆောက်နည်း သင် မပေးတော့ပါဘူးတဲ့။ ဒါကြောင့် အခုအချိန်အထိ တခြားငှက်တွေဟာ ငှက်ကျားတွေရဲ့ အသိုက်လိုမျိုး မဆောက်တတ်ကြတော့ဘူးလို့ ဆိုပါတယ်။ ငှက် ကျားတွေသာလျှင် အသိုက်ဆောက်ဝိဇ္ဇာတွေအဖြစ် ငှက်လောကမှာ ဒီနေ့တိုင် နာမည်ကြီးနေခဲ့တာဖြစ် ပါတယ်။
သင်ခန်းစာကတော့ ဘယ်အတတ်ပညာပဲဖြစ် ဖြစ် သင်ယူလေ့လာမယ်ဆိုရင် ဆုံးခန်းတိုင်အောင် သင်ယူလေ့လာဖို့ လိုတယ်ဆိုတာပါပဲ။ တစ်စွန်း တစ်စလောက် သိလိုက်ရုံမျှနဲ့ တတ်ပြီ၊ သိပြီလို့ အထင်ရောက်သွားခြင်းဟာ ပညာတစ်ပိုင်းတစ်စနဲ့ ရပ်ဆိုင်းသွားခြင်းသာဖြစ်ပါတယ်။

အောင်အေး (ရန်ကုန်တက္ကသိုလ်)
Source: short wisdom stories

Comments

comments

Post Author: manawmaya