ကၽြႏ္ုပ္ႏွင့္ အာ႐ံုမ်ား

“အာ႐ံုေနာက္တယ္ကြာ”

“အာ႐ံုလာမေနာက္နဲ႔”

“မင္းကေတာ့ အာ႐ံုပဲကြာ”

စသည္ျဖင့္ ကြ်ႏု္ပ္တို႔၏ စိတ္ႏွင့္ အာ႐ံုကို ေရာေထြးေျပာဆိုခဲ့ၾကေလသည္။

“စိတ္႐ႈပ္တယ္ကြာ၊ စိတ္ေနာက္တယ္”

“စိတ္လာမ႐ႈပ္နဲ႔၊ စိတ္လာမေနာက္နဲ႔”

“မင္းကေတာ့ စိတ္႐ႈပ္စရာ၊ စိတ္ပ်က္စရာ ပဲကြာ” ဟူ၍ဆိုလိုခ်င္ျခင္းကို အာ႐ံု ဟူေသာ စကား လံုးျဖင့္ အစားထိုး သံုးစြဲေျပာဆိုမိၾကသည္။

ေနာက္ထပ္တစ္ဖန္နံနက္မိုးေသာက္အလင္း ေရာက္ခါနီးအခ်ိန္ အ႐ုဏ္ကို အာ႐ံုဟူ၍ ေရးေတာ့ အမွန္ ဖတ္ေတာ့အသံျဖင့္ ေရာေထြး ေျပာဆိုေန ၾကသျဖင့္ အခ်ိဳ႕မွာ ဝိေရာဓိ ျဖစ္ၾကရျပန္ေလ၏။ ကြ်ႏု္ပ္ကိုယ္တိုင္ပင္ ေရွးမဆြက အ႐ုဏ္ကို အာ႐ံုဟူ ၍ပင္ သံုးစြဲခဲ့ဖူးသည္။ ေနာင္အခါ ရွင္းရွင္းလင္းလင္း သိရေသာအခါ အ႐ုဏ္ႏွင့္အာ႐ံုမွာ သိသာထင္ရွားစြာ ကြဲျပားသံုးစြဲတတ္သြားေလေတာ့သည္။ အ႐ုဏ္သည္ အခ်ိန္ပိုင္းတစ္ခုျဖစ္ေသာေၾကာင့္ ကြ်ႏု္ပ္တြင္ ေတြး ခ်င့္စရာသိပ္မလိုအပ္ခဲ့ေသာ္လည္း အာ႐ံုတြင္ ကြ်ႏု္ပ္ တို႔၏ ခႏၶာကိုယ္၌ နိစၥဓူဝရွိေနေသာေၾကာင့္ သိစရာ မ်ား မ်ားျပားလို႔ လာေခ်သည္။

အထက္တြင္ေဖာ္ျပခဲ့သကဲ့သို႔ အာ႐ံုႏွင့္ စိတ္ ကို ကြ်ႏု္ပ္တို႔ ေရာေထြးေနခဲ့ၾကေသာ္လည္း၊ ေရွး ပညာရွိတို႔၏ အဆိုအမိန္႔အရ၊ စိတ္သည္အာ႐ံုႏွင့္ ဒြာရတိုက္ခိုက္မႈေၾကာင့္သာ ျဖစ္သည္ဟု ဆိုၾက သည္။ သို႔ျဖစ္၍ စိတ္ဟုဆိုခဲ့လွ်င္ အာ႐ံုမပါဝင္ဘဲ ျဖင့္ မျဖစ္ႏိုင္ေၾကာင္း သိရေလ၏။

စိတ္သည္အာ႐ံုႏွင့္ ဒြာရတိုက္ဆိုင္မႈေၾကာင့္ ျဖစ္သည္ဆိုေသာေၾကာင့္ ေရွးဦးစြာ အာ႐ံုႏွင့္ တိုက္ ဆိုင္ေသာ ဒြာရကို ေလ့လာရေလသည္။ ဒြာရသည္ လက္ခံရာ ဌာနမ်ားျဖစ္၏။ ကြ်ႏု္ပ္တို႔၏ ခႏၶာကိုယ္ ႀကီးတြင္ မ်က္စိအၾကည္ရွိသည္။ ထိုမ်က္စိအၾကည္ သည္ ျမင္ရေတြ႕ရေသာ အဆင္းသဏၭာန္ပံုရိပ္တို႔ကို လက္ခံသည္။ ထို႔ေၾကာင့္ မ်က္စိအၾကည္သည္ ဒြာရ တစ္ခုျဖစ္၏။ မ်က္စိရွိယံုမွ်ျဖင့္ ဒြာရဟုေခၚဆို၍ မရ ေခ်။ အခ်ိဳ႕မ်က္စိေၾကာင္ေတာင္ကန္းမ်ား၊ အၾကည္ ဓာတ္ခ်ိဳ႕ယြင္းေနသူမ်ားမွာ အဆင္းသဏၭာန္ပံုရိပ္ တို႔ကို လက္ခံစြမ္းမရွိသျဖင့္ မ်က္စိရွိေသာ္လည္း ဒြာရမရွိသူမ်ားပင္ ျဖစ္ေနေလသည္။ ျမင္စိတ္မျဖစ္ ေပၚႏိုင္။ သို႔ျဖစ္၍ ထိုသူတို႔ကို အျမင္အာ႐ံုခ်ိဳ႕ယြင္း ေနၾကသူမ်ားဟုဆိုၾကသည္။ထိုကဲ့သို႔ပင္နားအၾကည္ ခ်ိဳ႕ယြင္းေနသူမ်ားမွာလည္း ၾကားစိတ္မျဖစ္ႏိုင္၍၊ အ ၾကားအာ႐ံုခ်ိဳ႕ယြင္းေနသူမ်ား အျဖစ္လည္းေကာင္း၊ ႏွာေခါင္းအၾကည္ခ်ိဳ႕ယြင္းေနသူမ်ားမွာလည္း နံစိတ္၊ ေမႊးစိတ္ မျဖစ္ႏိုင္၍ အနံ႔အာ႐ံုခ်ိဳ႕ယြင္းေနသူမ်ား အျဖစ္လည္းေကာင္း၊ လွ်ာအၾကည္ ခ်ိဳ႕ယြင္းေနသူ မ်ားလည္း အရသာရွိသည္၊ မရွိသည္၊ စားစိတ္ မျဖစ္ေပၚႏိုင္၍၊ လွ်ာအာ႐ံု၊ ခ်ိဳ႕ယြင္းေနသူမ်ားအျဖစ္ လည္းေကာင္း၊ အရသာခ်ိဳ႕ယြင္းေနသူမ်ားအျဖစ္ ゞင္း စသည္ျဖင့္ အာ႐ံုပ်က္ေနသူမ်ားကို ေတြ႕ရေလသည္။

ကြ်ႏု္ပ္၏ ဖခင္ႀကီးသည္ အသက္ ၈၈ႏွစ္ အရြယ္တြင္ ကြယ္လြန္ခဲ့သည္။ သူမကြယ္လြန္မီ အခ်ိန္တြင္ အစားအေသာက္စားေသာက္မွီဝဲေနေသာ္ လည္း ကြယ္လြန္ခါနီး ႏွစ္လေလာက္ခန္႔တြင္ အစာ အာဟာရတို႔၏ အရသာကို ခံစား၍ မရေတာ့ေၾကာင္း ေျပာဆိုေလ၏။ အသက္အရြယ္ အိုမင္းရင့္ေရာ္မႈႏွင့္  အတူ လွ်ာအၾကည္ဓာတ္မ်ား ပ်က္စီးခ်ိဳ႕ယြင္းသြား ေၾကာင္းလည္း ေျပာျပေလသည္။ ကြ်ႏု္ပ္တို႔မွ ဖခင္ ႀကီးအား “ဘာမ်ား စားခ်င္စိတ္ရွိသလဲ” ဟူ၍ ေမးျမန္းသည့္အခါတိုင္း “အာ႐ံုမရပါဘူးကြာ”ဟူ၍ ေျပာေလ၏။ အရသာခံ႒ာန၊ လွ်ာအၾကည္ ဒြာရ ပ်က္စီးသြားေလၿပီ။

ထို႔အတူပင္ ကိုယ္အၾကည့္ဓာတ္ခ်ိဳ႕ယြင္းၾက သူ၊ ဥပမာ ေလျဖတ္၊ ေလငန္းေရာဂါရထားသူမ်ား ထံုနာ၊ က်င္နာရွိသူမ်ားမွာလည္း အထိအေတြ႕အာ႐ံု မ်ားမျဖစ္ႏိုင္ေတာ့ေခ်။ စိတ္အၾကည္ပ်က္စီးၾကသူ မ်ားမွာျဖင့္ ေျပာဆိုဖြယ္ရာပင္မရွိ၊ စိတ္မႏွံ႔သူ၊ အ႐ူး အႏွမ္း Óာဏ္စဥ္ မမွီမ်ားဘဝျဖင့္ အာ႐ံုမ်ား၊ ေရာ ေထြးပ်က္သုဥ္းေနေလေတာ့သည္။

ထို႔ေၾကာင့္ျဖစ္၍လားမသိ။ ေရွးပညာရွိမ်ား လည္း အာ႐ံုႏွင့္ပတ္သက္၍ ငါးျဖာအာ႐ံု ကာမဂုဏ္ ဟူ၍သာ အဆို ထားရွိခဲ့ေလသည္။ သာမာန္လူ ေကာင္းမ်ားအတြက္သာ အဓိကထားျခင္းျဖစ္ေပလိမ့္ မည္။ မ်က္စိ၊ နား၊ ႏွာေခါင္း၊ လွ်ာ၊ ကိုယ္၊ စိတ္ ခႏၶာကိုယ္အစိတ္အပိုင္းမ်ားပါရွိေနေသာ္လည္း စိတ္ အၾကည္ဒြာရေပ်ာက္ဆံုးေနေသာ ခ်ိဳ႕ယြင္းေနသူ လူမ်ားႏ်င့္ သတၲဝါမ်ားကို ထည့္သြင္းထားဟန္ မရွိ ဟုယူဆရေပသည္။ သို႔တည္းမဟုတ္ စိတ္ကူးယဥ္ ျခင္း၊ ေတြးေတာႀကံစည္ျခင္းမ်ားသည္လည္း အသိ စိတ္၊ လက္ခံရာဒြာရသည္လည္း စိတ္အၾကည္ တိုက္ဆိုင္၍ ျဖစ္ေပၚလာမႈသည္လည္း စိတ္ပင္ျဖစ္ ေနေလေသာေၾကာင့္ စိတ္ကို ခ်န္လွပ္၍၊ မ်က္စိ၊ နား၊ ႏွာေခါင္း၊ လွ်ာ၊ ကိုယ္ အာ႐ံုငါးပါး ကာမဂုဏ္ တရားဟူ၍ သိလြယ္၊ ျမင္လြယ္၊ နားလည္လြယ္ဆို ခဲ့ဟန္လည္းရွိပါသည္။

သို႔ေသာ္ လြန္ခဲ့သည့္ တစ္ပတ္ခန္႔က အာ႐ံု အေၾကာင္း၊ သိလိုသူတစ္ဦးကို ကြ်ႏု္ပ္မွေန၍ ျမင္ဖူး၊ ၾကားဖူး၊ အနံ႔ရဖူး၊ အရသာရွိဖူး၊ ထိေတြ႕ဖူး၊ ေတြး ေတာႀကံစည္ဖူးသမွ်အားလံုးသည္ အာ႐ံုမ်ား ျဖစ္ သည္ဟူ၍ရွင္းျပမိေလ၏။ ထိုမွအပတို႔သည္ အာ႐ံု မဟုတ္ဟူ၍လည္း ဆိုမိသည္။ တစ္နည္းဆိုလိုေန ခ်င္ေသးသည္မွာ ကြ်ႏု္ပ္တို႔၏ အၾကားအျမင္ ဗဟု သုတမ်ားကို ကြ်ႏု္ပ္အေနျဖင့္ အာ႐ံုမ်ားျဖစ္သည္ဟု ဆိုလိုခ်င္ေနသည္။

စၾကဝဠာ၊ ၿဂိဳဟ္၊ ကမၻာ ၃၁ ဘံု စသည္ျဖင့္ ႐ုပ္၊ နာမ္တရားမ်ား မ်ားစြာရွိေနေသာ္လည္း၊ ကြ်ႏု္ပ္ တို႔ မျမင္ဘူး၊ မၾကားဘူး၊ အနံ႔မရဘူး၊ စား၍ အရ သာမခံဘူး၊ မထိေတြ႕ဘူး။ စိတ္မကူးဘူးေသာ အရာ မ်ားစြာရွိေနသည္ကိုျဖင့္ ျငင္း၍မရ။ ထိုအရာမ်ား သည္ ကြ်ႏု္ပ္တို႔၏ အာ႐ံုမ်ားမျဖစ္ႏိုင္ပါ။ အဆံုးစြန္ အထိဆိုရပါမူ၊ အနီးကပ္ဆံုးေသာ၊ ႐ုပ္၊ နာမ္တရား တို႔အေပၚ၌ ကြ်ႏု္ပ္တို႔၏ အာ႐ံုမ်ားပို၍ နစ္ေမ်ာေလ သည္။ ေဝးေလ၊ ေဝးေလ အာ႐ံုနည္းေလ၊ အာ႐ံုက် အႀကိမ္အေရနည္းပါးေလ ျဖစ္ၾကသည္။ ကြ်ႏု္ပ္တို႔ႏွင့္ အနီးစပ္ဆံုး၊ အခ်စ္ဆံုး၊ အမုန္းဆံုးအရာတို႔သည္သာ ကြ်ႏု္ပ္တို႔၏ အာ႐ံုမ်ားအျဖစ္၊ ဒြာဟမ်ားႏွင့္ လာ ေရာက္ထိတိုက္လ်က္ စိတ္ကို အလုပ္လာေပးၾက ေလသည္။

ကြ်ႏု္ပ္တို႔သည္ အာ႐ံုမ်ားကို အာ႐ံုဟူ၍ သတိမထားမိလိုက္စဥ္မွာပင္ သူတို႔သည္ ကြ်ႏု္ပ္တို႔၏ ခႏၶာတြင္ရွိေသာ အၾကည္ဒြာယမ်ားႏွင့္ တိုက္ထိၿပီး စိတ္ဟူ၍ပင္ ျဖစ္ၿပီးခဲ့ေနေလၿပီ။ ထိုစိတ္ဟူ၍ျဖစ္ၿပီ ဆိုကတည္းက အၿငိမ္မေန၊ ေလာဘအလုပ္၊ ေဒါသ အလုပ္၊ ေမာဟအလုပ္မ်ားကို ေစစားေတာ့၏။ စိတ္သည္မေကာင္းမႈ၌ ေမြ႕ေလ်ာ္သည္ဟူ၍ ပညာရွိ တို႔၏ ဆိုစကားအတိုင္း ေရြ႕လ်ားလႈပ္ရွား သူ႔အလုပ္ သူလုပ္ေလသည္။ သူ၏အလုပ္သည္ ေလာဘ၊ ေဒါသ၊ ေမာဟမွလြဲ၍ အျခားမရွိ။

အာ႐ံုကို ထင္သာျမင္သာလြယ္ေသာ ဥပမာ ေပးရဦးမည္ဆိုပါလွ်င္ ကြ်ႏု္ပ္တို႔ ငယ္ရြယ္စဥ္အခါ ခ်စ္သူမိန္းကေလး၏ အဆင္းသဏၭာန္ပံုရိပ္ အာ႐ံု သည္ ကြ်ႏု္ပ္တို႔၏ မ်က္စိအၾကည္ဒြာယႏွင့္တိုက္ၿပီး ျမင္စိတ္မ်ားျဖစ္ေပၚေနခဲ့ဖူးေလသည္။ ႏိုင္ငံရပ္ျခား၊  တိုင္းတစ္ပါးတြင္ ကြ်ႏု္ပ္တို႔ မျမင္ဖူး၊ မေတြ႕ဖူးေသာ မိန္းကေလးေပါင္းမ်ားစြာ ရွိေလသည္။ သူတို႔သည္ ကြ်ႏု္ပ္တို႔ကို အာ႐ံုမက်ေစႏိုင္ခဲ့။ ကြ်ႏု္ပ္တို႔၏ မ်က္စိ အၾကည္ဒြာယႏွင့္လည္း မတိုက္ခဲ့၍ ျမင္စိတ္လည္း မျဖစ္ေပၚခဲ့ပါ။ ကြ်ႏု္ပ္တို႔ ျမင္စိတ္ျဖစ္ေပၚခဲ့ေသာ မိန္းကေလးမွာ ထိုျမင္စိတ္ေနရာတြင္ မေပ်ာက္ကြယ္ သြားဘဲလ်က္ အျမင္စိတ္အာ႐ံုအျဖစ္ ေျပာင္းလဲ သြားကာ၊ စိတ္အၾကည္ႏွင့္ သြားေရာက္ထိေတြ႕ၿပီး ေတြးေတာစိတ္ကူးႀကံစည္စိတ္မ်ား ျဖစ္ေပၚရျပန္ ေလသည္။

သို႔ျဖစ္၍ ကြ်ႏု္ပ္၏ အာ႐ံုမ်ား မ်ားျဖစ္ေသာ၊ ျမင္၊ ၾကား၊ နံ႔၊ အရသာ၊ ေတြ႕ထိ၊ ေတြးေတာႀကံ စည္ဖူးသမွ်တို႔သည္၊ ျမင္႐ံု၊ ၾကား႐ံု၊ နံ႐ံု၊ အရသာ ရ႐ံု၊ ေတြ႕ထိ႐ံု၊ ေတြးေတာႀကံစည္႐ံုျဖင့္ ရပ္တန္႔ မေနဘဲလ်က္ ကြ်ႏု္ပ္ခႏၶာရွိ ဒြာရအၾကည္မ်ားႏွင့္ တရစပ္ထိတိုက္လ်က္၊ တရစပ္၊ စိတ္တို႔ျဖစ္တည္ေန ၾကေလသည္။ ထိုစိတ္က လိုခ်င္တပ္မက္၏။ မရ မေနႀကိဳးစား၏။ မရျပန္က ေဒါသျဖစ္၏။ ေလာဘ ျဖစ္၍ ျဖစ္မွန္းမွသိ၊ ေဒါသျဖစ္၍ျဖစ္မွန္းမသိ တရစပ္ ခိုင္းေစေနေသာ စိတ္ကိုယ္၌ကပင္ ေမာဟျဖစ္ေန ေလသည္။ ထိုမသိစိတ္ေမာဟက စြဲလန္းခိုင္းသျဖင့္ စြဲလန္းေနရျပန္ေခ်သည္။ ထို႔အျပင္ မရရေအာင္ လုပ္ေဆာင္ေစသျဖင့္ သူခိုင္းေစသည့္အတိုင္းလိုက္ လုပ္ေဆာင္ရ၏။ ကံအေၾကာင္းေကာင္း၍လား၊ ကံ အေၾကာင္းမေကာင္း၍လားမသိ။ စြဲလမ္း၍ လုပ္ ေဆာင္ခဲ့ေသာ အရာကားရေခ်ၿပီ။ သို႔ေသာ္ သုချဖစ္ လိုက္ရသည္မွာ ခဏတာသာျဖစ္၍၊ ေရာက္လိုက္၊ ရလိုက္ရသည့္ဒုကၡမ်ားမွ ထုႏွင့္ ေထးပင္ျဖစ္၏။ သို႔ ေသာ္ ကြ်ႏု္ပ္တို႔သည္ မစင္တြင္းမွ ေလာက္လန္း သတၲဝါကို ေထာပတ္ပံုထဲတြင္ထား၍ မရသကဲ့သို႔ ထိုဒုကၡေတာ့ႀကီးဟူသည္ ဘဝဩဃႀကီးထဲတြင္ မသိေပ်ာ္ေပ်ာ္ေနမိျပန္သည္။ အာ႐ံုမ်ားႏွင့္ ဒြာရ မ်ားကို တိုက္ဆိုင္လ်က္၊ စိတ္မ်ားျဖစ္ေပၚလိုက္၊ စိတ္ မ်ားက အနားမေန စြဲေဆာင္ေခၚလိုက္၊ ကြ်ႏု္ပ္တို႔မွာ စြဲလမ္းလိုက္၊ စြဲလမ္း၍ရေအာင္ ႀကိဳးစားလိုက္၊ ႀကိဳး စားေသာ အခါရရွိလိုက္၊ ရရွိျခင္းမွာ ခဏတာ သုခ ျဖစ္ေစၿပီး ေနာင္အခါ ဒုကၡမ်ားျဖစ္လိုက္၊ ထိုဒုကၡ မ်ားကို ဒုကၡမွန္းမသိလိုက္၊ အာ႐ံုမ်ား ထပ္ေပၚလိုက္ ျဖင့္ ဂ်ာေအးသူ႕အေမ႐ိုက္ သီခ်င္းကဲ့သို႔ လံုးလည္ ပတ္ခ်ာလိုက္ေနေတာ့၏။ ကြ်ႏု္ပ္တို႔သည္ အမွန္ပင္ မသိေပ်ာ္ေပ်ာ္ေနသူမ်ားပင္ေလာဟု စဥ္းစားစရာ ျဖစ္ လာေလသည္။

သို႔ျဖစ္၍ ကြ်ႏု္ပ္တို႔၏ ျမင္ဖူး၊ ၾကားဖူး၊ နံဖူး၊ အရသာရွိဖူး၊ ထိေတြ႕ဖူး၊ ေတြးေတာႀကံစည္ဖူးသမွ် တို႔သည္ အာ႐ံုမ်ားသာျဖစ္ေၾကာင္း။ ထိုအာ႐ံုမ်ား သည္ အာ႐ံုအတိုင္းထားႏိုင္လွ်င္ အာ႐ံုအတိုင္းေန ၍ အာ႐ံုအတိုင္းမထားခဲ့လွ်င္ ကြ်ႏု္ပ္တို႔၏ ခႏၶာဒြာရ အၾကည္မ်ားႏွင့္ လာေရာက္ထိတိုက္ၿပီး . . .။

ခ်မ္းသာျခင္းကို ရၾကပါေစ။

 

ေ႒းေအာင္စိန္(အင္းမ)

 

Unicode Version

ကျွန်ုပ်နှင့် အာရုံများ
** ဋ္ဌေးအောင်စိန်(အင်းမ) **

*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*

“အာရုံနောက်တယ်ကွာ”
“အာရုံလာမနောက်နဲ့”
“မင်းကတော့ အာရုံပဲကွာ”
စသည်ဖြင့် ကျွန်ုပ်တို့၏ စိတ်နှင့် အာရုံကို ရောထွေးပြောဆိုခဲ့ကြလေသည်။
“စိတ်ရှုပ်တယ်ကွာ၊ စိတ်နောက်တယ်”
“စိတ်လာမရှုပ်နဲ့၊ စိတ်လာမနောက်နဲ့”
“မင်းကတော့ စိတ်ရှုပ်စရာ၊ စိတ်ပျက်စရာ ပဲကွာ” ဟူ၍ဆိုလိုချင်ခြင်းကို အာရုံ ဟူသော စကား လုံးဖြင့် အစားထိုး သုံးစွဲပြောဆိုမိကြသည်။
နောက်ထပ်တစ်ဖန်နံနက်မိုးသောက်အလင်း ရောက်ခါနီးအချိန် အရုဏ်ကို အာရုံဟူ၍ ရေးတော့ အမှန် ဖတ်တော့အသံဖြင့် ရောထွေး ပြောဆိုနေ ကြသဖြင့် အချို့မှာ ဝိရောဓိ ဖြစ်ကြရပြန်လေ၏။ ကျွန်ုပ်ကိုယ်တိုင်ပင် ရှေးမဆွက အရုဏ်ကို အာရုံဟူ ၍ပင် သုံးစွဲခဲ့ဖူးသည်။ နောင်အခါ ရှင်းရှင်းလင်းလင်း သိရသောအခါ အရုဏ်နှင့်အာရုံမှာ သိသာထင်ရှားစွာ ကွဲပြားသုံးစွဲတတ်သွားလေတော့သည်။ အရုဏ်သည် အချိန်ပိုင်းတစ်ခုဖြစ်သောကြောင့် ကျွန်ုပ်တွင် တွေး ချင့်စရာသိပ်မလိုအပ်ခဲ့သော်လည်း အာရုံတွင် ကျွန်ုပ် တို့၏ ခန္ဓာကိုယ်၌ နိစ္စဓူဝရှိနေသောကြောင့် သိစရာ များ များပြားလို့ လာချေသည်။
အထက်တွင်ဖော်ပြခဲ့သကဲ့သို့ အာရုံနှင့် စိတ် ကို ကျွန်ုပ်တို့ ရောထွေးနေခဲ့ကြသော်လည်း၊ ရှေး ပညာရှိတို့၏ အဆိုအမိန့်အရ၊ စိတ်သည်အာရုံနှင့် ဒွာရတိုက်ခိုက်မှုကြောင့်သာ ဖြစ်သည်ဟု ဆိုကြ သည်။ သို့ဖြစ်၍ စိတ်ဟုဆိုခဲ့လျှင် အာရုံမပါဝင်ဘဲ ဖြင့် မဖြစ်နိုင်ကြောင်း သိရလေ၏။
စိတ်သည်အာရုံနှင့် ဒွာရတိုက်ဆိုင်မှုကြောင့် ဖြစ်သည်ဆိုသောကြောင့် ရှေးဦးစွာ အာရုံနှင့် တိုက် ဆိုင်သော ဒွာရကို လေ့လာရလေသည်။ ဒွာရသည် လက်ခံရာ ဌာနများဖြစ်၏။ ကျွန်ုပ်တို့၏ ခန္ဓာကိုယ် ကြီးတွင် မျက်စိအကြည်ရှိသည်။ ထိုမျက်စိအကြည် သည် မြင်ရတွေ့ရသော အဆင်းသဏ္ဌာန်ပုံရိပ်တို့ကို လက်ခံသည်။ ထို့ကြောင့် မျက်စိအကြည်သည် ဒွာရ တစ်ခုဖြစ်၏။ မျက်စိရှိယုံမျှဖြင့် ဒွာရဟုခေါ်ဆို၍ မရ ချေ။ အချို့မျက်စိကြောင်တောင်ကန်းများ၊ အကြည် ဓာတ်ချို့ယွင်းနေသူများမှာ အဆင်းသဏ္ဌာန်ပုံရိပ် တို့ကို လက်ခံစွမ်းမရှိသဖြင့် မျက်စိရှိသော်လည်း ဒွာရမရှိသူများပင် ဖြစ်နေလေသည်။ မြင်စိတ်မဖြစ် ပေါ်နိုင်။ သို့ဖြစ်၍ ထိုသူတို့ကို အမြင်အာရုံချို့ယွင်း နေကြသူများဟုဆိုကြသည်။ထိုကဲ့သို့ပင်နားအကြည် ချို့ယွင်းနေသူများမှာလည်း ကြားစိတ်မဖြစ်နိုင်၍၊ အ ကြားအာရုံချို့ယွင်းနေသူများ အဖြစ်လည်းကောင်း၊ နှာခေါင်းအကြည်ချို့ယွင်းနေသူများမှာလည်း နံစိတ်၊ မွှေးစိတ် မဖြစ်နိုင်၍ အနံ့အာရုံချို့ယွင်းနေသူများ အဖြစ်လည်းကောင်း၊ လျှာအကြည် ချို့ယွင်းနေသူ များလည်း အရသာရှိသည်၊ မရှိသည်၊ စားစိတ် မဖြစ်ပေါ်နိုင်၍၊ လျှာအာရုံ၊ ချို့ယွင်းနေသူများအဖြစ် လည်းကောင်း၊ အရသာချို့ယွင်းနေသူများအဖြစ် ၎င်း စသည်ဖြင့် အာရုံပျက်နေသူများကို တွေ့ရလေသည်။
ကျွန်ုပ်၏ ဖခင်ကြီးသည် အသက် ၈၈နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။ သူမကွယ်လွန်မီ အချိန်တွင် အစားအသောက်စားသောက်မှီဝဲနေသော် လည်း ကွယ်လွန်ခါနီး နှစ်လလောက်ခန့်တွင် အစာ အာဟာရတို့၏ အရသာကို ခံစား၍ မရတော့ကြောင်း ပြောဆိုလေ၏။ အသက်အရွယ် အိုမင်းရင့်ရော်မှုနှင့် အတူ လျှာအကြည်ဓာတ်များ ပျက်စီးချို့ယွင်းသွား ကြောင်းလည်း ပြောပြလေသည်။ ကျွန်ုပ်တို့မှ ဖခင် ကြီးအား “ဘာများ စားချင်စိတ်ရှိသလဲ” ဟူ၍ မေးမြန်းသည့်အခါတိုင်း “အာရုံမရပါဘူးကွာ”ဟူ၍ ပြောလေ၏။ အရသာခံဋ္ဌာန၊ လျှာအကြည် ဒွာရ ပျက်စီးသွားလေပြီ။
ထို့အတူပင် ကိုယ်အကြည့်ဓာတ်ချို့ယွင်းကြ သူ၊ ဥပမာ လေဖြတ်၊ လေငန်းရောဂါရထားသူများ ထုံနာ၊ ကျင်နာရှိသူများမှာလည်း အထိအတွေ့အာရုံ များမဖြစ်နိုင်တော့ချေ။ စိတ်အကြည်ပျက်စီးကြသူ များမှာဖြင့် ပြောဆိုဖွယ်ရာပင်မရှိ၊ စိတ်မနှံ့သူ၊ အရူး အနှမ်း Óာဏ်စဉ် မမှီများဘဝဖြင့် အာရုံများ၊ ရော ထွေးပျက်သုဉ်းနေလေတော့သည်။
ထို့ကြောင့်ဖြစ်၍လားမသိ။ ရှေးပညာရှိများ လည်း အာရုံနှင့်ပတ်သက်၍ ငါးဖြာအာရုံ ကာမဂုဏ် ဟူ၍သာ အဆို ထားရှိခဲ့လေသည်။ သာမာန်လူ ကောင်းများအတွက်သာ အဓိကထားခြင်းဖြစ်ပေလိမ့် မည်။ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ခန္ဓာကိုယ်အစိတ်အပိုင်းများပါရှိနေသော်လည်း စိတ် အကြည်ဒွာရပျောက်ဆုံးနေသော ချို့ယွင်းနေသူ လူများနျင့် သတ္တဝါများကို ထည့်သွင်းထားဟန် မရှိ ဟုယူဆရပေသည်။ သို့တည်းမဟုတ် စိတ်ကူးယဉ် ခြင်း၊ တွေးတောကြံစည်ခြင်းများသည်လည်း အသိ စိတ်၊ လက်ခံရာဒွာရသည်လည်း စိတ်အကြည် တိုက်ဆိုင်၍ ဖြစ်ပေါ်လာမှုသည်လည်း စိတ်ပင်ဖြစ် နေလေသောကြောင့် စိတ်ကို ချန်လှပ်၍၊ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် အာရုံငါးပါး ကာမဂုဏ် တရားဟူ၍ သိလွယ်၊ မြင်လွယ်၊ နားလည်လွယ်ဆို ခဲ့ဟန်လည်းရှိပါသည်။
သို့သော် လွန်ခဲ့သည့် တစ်ပတ်ခန့်က အာရုံ အကြောင်း၊ သိလိုသူတစ်ဦးကို ကျွန်ုပ်မှနေ၍ မြင်ဖူး၊ ကြားဖူး၊ အနံ့ရဖူး၊ အရသာရှိဖူး၊ ထိတွေ့ဖူး၊ တွေး တောကြံစည်ဖူးသမျှအားလုံးသည် အာရုံများ ဖြစ် သည်ဟူ၍ရှင်းပြမိလေ၏။ ထိုမှအပတို့သည် အာရုံ မဟုတ်ဟူ၍လည်း ဆိုမိသည်။ တစ်နည်းဆိုလိုနေ ချင်သေးသည်မှာ ကျွန်ုပ်တို့၏ အကြားအမြင် ဗဟု သုတများကို ကျွန်ုပ်အနေဖြင့် အာရုံများဖြစ်သည်ဟု ဆိုလိုချင်နေသည်။
စကြဝဠာ၊ ဂြိုဟ်၊ ကမ္ဘာ ၃၁ ဘုံ စသည်ဖြင့် ရုပ်၊ နာမ်တရားများ များစွာရှိနေသော်လည်း၊ ကျွန်ုပ် တို့ မမြင်ဘူး၊ မကြားဘူး၊ အနံ့မရဘူး၊ စား၍ အရ သာမခံဘူး၊ မထိတွေ့ဘူး။ စိတ်မကူးဘူးသော အရာ များစွာရှိနေသည်ကိုဖြင့် ငြင်း၍မရ။ ထိုအရာများ သည် ကျွန်ုပ်တို့၏ အာရုံများမဖြစ်နိုင်ပါ။ အဆုံးစွန် အထိဆိုရပါမူ၊ အနီးကပ်ဆုံးသော၊ ရုပ်၊ နာမ်တရား တို့အပေါ်၌ ကျွန်ုပ်တို့၏ အာရုံများပို၍ နစ်မျောလေ သည်။ ဝေးလေ၊ ဝေးလေ အာရုံနည်းလေ၊ အာရုံကျ အကြိမ်အရေနည်းပါးလေ ဖြစ်ကြသည်။ ကျွန်ုပ်တို့နှင့် အနီးစပ်ဆုံး၊ အချစ်ဆုံး၊ အမုန်းဆုံးအရာတို့သည်သာ ကျွန်ုပ်တို့၏ အာရုံများအဖြစ်၊ ဒွာဟများနှင့် လာ ရောက်ထိတိုက်လျက် စိတ်ကို အလုပ်လာပေးကြ လေသည်။
ကျွန်ုပ်တို့သည် အာရုံများကို အာရုံဟူ၍ သတိမထားမိလိုက်စဉ်မှာပင် သူတို့သည် ကျွန်ုပ်တို့၏ ခန္ဓာတွင်ရှိသော အကြည်ဒွာယများနှင့် တိုက်ထိပြီး စိတ်ဟူ၍ပင် ဖြစ်ပြီးခဲ့နေလေပြီ။ ထိုစိတ်ဟူ၍ဖြစ်ပြီ ဆိုကတည်းက အငြိမ်မနေ၊ လောဘအလုပ်၊ ဒေါသ အလုပ်၊ မောဟအလုပ်များကို စေစားတော့၏။ စိတ်သည်မကောင်းမှု၌ မွေ့လျော်သည်ဟူ၍ ပညာရှိ တို့၏ ဆိုစကားအတိုင်း ရွေ့လျားလှုပ်ရှား သူ့အလုပ် သူလုပ်လေသည်။ သူ၏အလုပ်သည် လောဘ၊ ဒေါသ၊ မောဟမှလွဲ၍ အခြားမရှိ။
အာရုံကို ထင်သာမြင်သာလွယ်သော ဥပမာ ပေးရဦးမည်ဆိုပါလျှင် ကျွန်ုပ်တို့ ငယ်ရွယ်စဉ်အခါ ချစ်သူမိန်းကလေး၏ အဆင်းသဏ္ဌာန်ပုံရိပ် အာရုံ သည် ကျွန်ုပ်တို့၏ မျက်စိအကြည်ဒွာယနှင့်တိုက်ပြီး မြင်စိတ်များဖြစ်ပေါ်နေခဲ့ဖူးလေသည်။ နိုင်ငံရပ်ခြား၊ တိုင်းတစ်ပါးတွင် ကျွန်ုပ်တို့ မမြင်ဖူး၊ မတွေ့ဖူးသော မိန်းကလေးပေါင်းများစွာ ရှိလေသည်။ သူတို့သည် ကျွန်ုပ်တို့ကို အာရုံမကျစေနိုင်ခဲ့။ ကျွန်ုပ်တို့၏ မျက်စိ အကြည်ဒွာယနှင့်လည်း မတိုက်ခဲ့၍ မြင်စိတ်လည်း မဖြစ်ပေါ်ခဲ့ပါ။ ကျွန်ုပ်တို့ မြင်စိတ်ဖြစ်ပေါ်ခဲ့သော မိန်းကလေးမှာ ထိုမြင်စိတ်နေရာတွင် မပျောက်ကွယ် သွားဘဲလျက် အမြင်စိတ်အာရုံအဖြစ် ပြောင်းလဲ သွားကာ၊ စိတ်အကြည်နှင့် သွားရောက်ထိတွေ့ပြီး တွေးတောစိတ်ကူးကြံစည်စိတ်များ ဖြစ်ပေါ်ရပြန် လေသည်။
သို့ဖြစ်၍ ကျွန်ုပ်၏ အာရုံများ များဖြစ်သော၊ မြင်၊ ကြား၊ နံ့၊ အရသာ၊ တွေ့ထိ၊ တွေးတောကြံ စည်ဖူးသမျှတို့သည်၊ မြင်ရုံ၊ ကြားရုံ၊ နံရုံ၊ အရသာ ရရုံ၊ တွေ့ထိရုံ၊ တွေးတောကြံစည်ရုံဖြင့် ရပ်တန့် မနေဘဲလျက် ကျွန်ုပ်ခန္ဓာရှိ ဒွာရအကြည်များနှင့် တရစပ်ထိတိုက်လျက်၊ တရစပ်၊ စိတ်တို့ဖြစ်တည်နေ ကြလေသည်။ ထိုစိတ်က လိုချင်တပ်မက်၏။ မရ မနေကြိုးစား၏။ မရပြန်က ဒေါသဖြစ်၏။ လောဘ ဖြစ်၍ ဖြစ်မှန်းမှသိ၊ ဒေါသဖြစ်၍ဖြစ်မှန်းမသိ တရစပ် ခိုင်းစေနေသော စိတ်ကိုယ်၌ကပင် မောဟဖြစ်နေ လေသည်။ ထိုမသိစိတ်မောဟက စွဲလန်းခိုင်းသဖြင့် စွဲလန်းနေရပြန်ချေသည်။ ထို့အပြင် မရရအောင် လုပ်ဆောင်စေသဖြင့် သူခိုင်းစေသည့်အတိုင်းလိုက် လုပ်ဆောင်ရ၏။ ကံအကြောင်းကောင်း၍လား၊ ကံ အကြောင်းမကောင်း၍လားမသိ။ စွဲလမ်း၍ လုပ် ဆောင်ခဲ့သော အရာကားရချေပြီ။ သို့သော် သုခဖြစ် လိုက်ရသည်မှာ ခဏတာသာဖြစ်၍၊ ရောက်လိုက်၊ ရလိုက်ရသည့်ဒုက္ခများမှ ထုနှင့် ထေးပင်ဖြစ်၏။ သို့ သော် ကျွန်ုပ်တို့သည် မစင်တွင်းမှ လောက်လန်း သတ္တဝါကို ထောပတ်ပုံထဲတွင်ထား၍ မရသကဲ့သို့ ထိုဒုက္ခတော့ကြီးဟူသည် ဘဝဩဃကြီးထဲတွင် မသိပျော်ပျော်နေမိပြန်သည်။ အာရုံများနှင့် ဒွာရ များကို တိုက်ဆိုင်လျက်၊ စိတ်များဖြစ်ပေါ်လိုက်၊ စိတ် များက အနားမနေ စွဲဆောင်ခေါ်လိုက်၊ ကျွန်ုပ်တို့မှာ စွဲလမ်းလိုက်၊ စွဲလမ်း၍ရအောင် ကြိုးစားလိုက်၊ ကြိုး စားသော အခါရရှိလိုက်၊ ရရှိခြင်းမှာ ခဏတာ သုခ ဖြစ်စေပြီး နောင်အခါ ဒုက္ခများဖြစ်လိုက်၊ ထိုဒုက္ခ များကို ဒုက္ခမှန်းမသိလိုက်၊ အာရုံများ ထပ်ပေါ်လိုက် ဖြင့် ဂျာအေးသူ့အမေရိုက် သီချင်းကဲ့သို့ လုံးလည် ပတ်ချာလိုက်နေတော့၏။ ကျွန်ုပ်တို့သည် အမှန်ပင် မသိပျော်ပျော်နေသူများပင်လောဟု စဉ်းစားစရာ ဖြစ် လာလေသည်။
သို့ဖြစ်၍ ကျွန်ုပ်တို့၏ မြင်ဖူး၊ ကြားဖူး၊ နံဖူး၊ အရသာရှိဖူး၊ ထိတွေ့ဖူး၊ တွေးတောကြံစည်ဖူးသမျှ တို့သည် အာရုံများသာဖြစ်ကြောင်း။ ထိုအာရုံများ သည် အာရုံအတိုင်းထားနိုင်လျှင် အာရုံအတိုင်းနေ ၍ အာရုံအတိုင်းမထားခဲ့လျှင် ကျွန်ုပ်တို့၏ ခန္ဓာဒွာရ အကြည်များနှင့် လာရောက်ထိတိုက်ပြီး . . .။
ချမ်းသာခြင်းကို ရကြပါစေ။

ဋ္ဌေးအောင်စိန်(အင်းမ)

Comments

comments

Post Author: manawmaya