ဂြိုဟ်သားနှင့် ဒုတိယအကြိမ် ဆွေးနွေးရခြင်း

လွန်ခဲ့တဲ့ ၁၆-၉-၂၀၁၈ ရက် မနက်က အဖြူရောင် ဝတ်ရုံမျက်လုံးကြီးကြီး မျက်နှာချွန်းချွန်း   အရပ် လေးပေခန့်ရှိတဲ့ ဂြိုဟ်သားတစ်ဦး ကျွန်တော့်ဆီ ကြွရောက်လာပါတယ်။ ကျွန်တော် သူနဲ့ တွေ့ဆုံ ဆွေးနွေးချက်တွေကို ပြီးခဲ့တဲ့ အပတ်က မနောမယ ဂျာနယ်မှာ တင်ပြခဲ့ပြီးပါပြီ။

ယခု ၂၂-၉-၂၀၁၈ ရက် မနက် သုံးနာရီ မှာ ဒုတိယအကြိမ် ရောက်ရှိလာပါတယ်။ ကျွန်တော်နဲ့ ဂြိုဟ်သားပုဂ္ဂိုလ်နဲ့ တွေ့ဆုံဆွေးနွေးချက်တွေကို တင် ပြပါမည်။

ကျွန်ုပ်။ ။ ဂြိုဟ်သားနဲ့ ကျွန်တော်နဲ့ ယခု မိတ်ဆွေရင်းတွေ ဖြစ်သွားကြပြီနော်။ ယခုလို ကြွလာတဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ ဂြိုဟ်သားကြီးဆီက ကျွန်တော်သင်ယူစရာတွေ အများကြီးရှိမယ် ထင်ပါတယ်။ အခု ဂြိုဟ်သား ကြီးအဓိက ကြွရောက်လာတဲ့ ရည်ရွယ်ချက်ကို ပြော ပါဦး။

ဂြိုဟ်သား။ ။ ခင်ဗျားဆီလာတာ ကျွန်တော် တို့ ဂြိုဟ်သားခေါင်းဆောင်ကြီးမှာတာ ပြောဖို့လာတာ ပါ။ ကျွန်တော်တို့ ခင်ဗျားနဲ့ ရေရှည်ဆက်သွယ်ဖို့ အစီအစဉ်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ စိတ်စေတနာ ကို ခင်ဗျားကတစ်ဆင့် ခင်ဗျားတို့ ကမ္ဘာပြည်သူ တွေကို တင်ပြချင်လို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ ခင်ဗျားတို့ ကမ္ဘာက သိပ္ပံပညာရှင်တွေကို အန္တာတိက တိုက်အောက်မှာ သိပ္ပံဆိုင်ရာ သင်ကြားလေ့ကျင့်ပေး နေတာတွေ ပြီးဆုံးတော့မှာပါ။ နောက်သုံးနှစ်လောက် နေလျှင်ပြီးမည် ထင်ပါတယ်။ အဲဒီအခါမှာ လေ့ကျင့် သင်ကြားထားတဲ့ သိပ္ပံပညာရှင်တွေကို ခင်ဗျားတို့ ဆီပြန်လွှတ်ပြီး ကျွန်တော်တို့ နှစ်ပေါင်း ၇၀ လောက် သင်ကြားပေးခဲ့တဲ့ ပညာရပ်တွေကို ရှင်းလင်းတင်ပြ ကြပါလိမ့်မယ်။

အဲဒီပညာရှင်တွေက ခင်ဗျားတို့ ကမ္ဘာကြီး ကို သည့်ထက်ကောင်းမွန်တဲ့ လူနေမှုဘဝတစ်ခုကို     တည်ဆောက်နိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ ခေါ်ထား တဲ့ သိပ္ပံပညာရှင် မိသားစုတွေအပြင် အန္တာတိက တိုက်ကြီးရောက်မှ မွေးဖွားကြတဲ့ လူတွေပါပေါင်း လျှင် လူဦးရေ ၁၆၀ဝ ကျော်လောက်ရှိပါမယ်။ နောက် သုံးနှစ်လောက်နေလျှင် သူတို့အားလုံး ကမ္ဘာ မြေကို ပြန်လာကြပါလိမ့်မည်။ သူတို့အားလုံးဟာ တစ်ယောက်မှ သေဆုံးတာမရှိသေးပါဘူး။ တချို့ဆို အသက် ၁၄၀ ကျော်လောက်ရှိပါပြီ။ သူတို့ဟာ ဘာ ရောဂါမှ မရှိဘဲ အားလုံး ကျန်းကျန်းမာမာရှိနေကြပါ တယ်။

ခင်ဗျားဆီကို နောက်တစ်ပတ် အန္တာတိက ရောက်နေတဲ့ နာမ်လောကမှ ပုဂ္ဂိုလ်တစ်ဦးကို ခေါ် ခဲ့ပါမယ်။ ကျွန်တော်တို့ အန္တာတိကတိုက်အောက် မှာ အဲဒီ နာမ်လောကမှ ပုဂ္ဂိုလ် ၁၆၀ လောက်ရှိ ပါတယ်။ သူတို့က ခင်ဗျားကို တော်တော်စိတ်ဝင်စား ကြပါတယ်။

ကျွန်ုပ်။ ။ သူတို့က ကျွန်တော့်ကိုဘာတွေ စိတ်ဝင်စားကြတာလဲ။

ဂြိုဟ်သား။ ။ ခင်ဗျားကို သူတို့ စိတ်အဝင် စားဆုံးအချက်က ခင်ဗျားဟာ တန်ခိုးပါဝါကြီးတဲ့ နတ်ကြီးတွေကိုပင်လျှင် ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း ရှိတဲ့ အချက်ပါပဲ။ ခင်ဗျားဆီကို သူတို့ချည်း မလာရဲ ကြပါဘူး။ ဒါကြောင့် ကျွန်တော်နဲ့ လိုက်လာမှာပါ။

နောက် အရေးကြီးတာတစ်ခုက နောက်နှစ် နှစ်အတွင်း အမေရိကန်က တစ်ဖက်၊ တရုတ်နဲ့ ရုရှားက တစ်ဖက် စစ်ပွဲကြီး ဖြစ်လာနိုင်တယ်။ သမ္မတ ဒေါ်နယ်ထရန့်လက်ထက်မှာ ဖြစ်လာနိုင် တယ်။ သမ္မတထရန့်ဟာ အစွန်းရောက်အမျိုးသား ရေး ဝါဒီတစ်ယောက်ဖြစ်တယ်။ သူ့အမျိုးသားရေးကို မှ ရှေ့တန်းတင်တယ်။ သူ့နိုင်ငံကောင်းစားရေးအတွက်ပဲ ကြည့်တယ်။ သူက စစ်ရေးအရရော စီးပွားရေး အရ ပါ ကမ္ဘာမှာ အင်အားအကြီးဆုံး နိုင်ငံဖြစ်ချင်တယ်။ ဒီလိုနဲ့ တရုတ်နဲ့ရုရှားတို့နဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်လာမယ်။ စီးပွားရေး အသာစီးရလိုမှုတွေ လုပ် ဆောင်လာလိမ့်မယ်။ စီးပွားရေးစစ်ပွဲလည်း တဖြည်း ဖြည်း ပြင်းထန်လာလိမ့်မယ်။ စီးပွားရေး စစ်ကနေ တကယ့် စစ်ပွဲကြီးဆီ ဦးတည်လာနိုင်တယ်။

ရုရှားနဲ့ တရုတ်က အမေရိကန်ရဲ့ အလား အလာကို သိရှိနေကြပြီ။ သူတို့က စီးပွားရေးစစ်ပွဲ အတွက်ရော တကယ့်စစ်ပွဲကြီးအတွက်ပါ နှစ်နိုင်ငံ ပူးပေါင်း တိုက်ခိုက်ဖို့ ပြင်ဆင်နေကြပြီ။

ကျွန်တော်တို့ ခေါင်းဆောင်က အမေရိကန် သမ္မတနဲ့ အမေရိကန်ပြည်သူတွေကို သတိပေးချင် တယ်။ သမ္မတ ထရန့်ကလည်း စီးပွားရေးစစ်ပွဲကို ရှေ့ဆက်မတိုးဖို့ မေတ္တာရပ်ခံချင်တယ်။ အမေရိကန် ပြည်သူတွေကလည်း သမ္မတကို ဖိအားပေးဖို့ တိုက် တွန်းချင်တယ်။ တကယ်သာ နှစ်ဖက်စစ်ပွဲကြီးတိုက် တော့မည်ဆိုလျှင် ကျွန်တော်တို့ ခေါင်းဆောင်ကြီးက ခင်ဗျားတို့ ကမ္ဘာကို အပျက်မခံဘူး။ သူ့မှာ ခင်ဗျား တို့ ကမ္ဘာနဲ့ ပတ်သက်လို့ ဆောင်ရွက်စရာတွေ အများကြီးရှိသေးတယ်။ အဲဒီတော့ စစ်တကယ်ဖြစ် တော့မည်ဆိုရင် သူက အမေရိကန်ရဲ့ လျှို့ဝှက် လက်နက်တွေ သိုလှောင်ထားတဲ့ နေရာတွေကို ပန်းကန်ပြားပျံကဲ့သို့သော ယာဉ်ကြီးတွေလွှတ်ပြီး ဖျက်ဆီးပစ်ပါလိမ့်မယ်။ သုံးနာရီအတွင်း အကုန် ပျက်စီးသွားပါလိမ့်မယ်။ ကမ္ဘာအရပ်ရပ်ရောက်နေ တဲ့ အနုမြူလက်နက်တင်ဆောင်ထားတဲ့ သင်္ဘော တွေ၊ လေယာဉ်ပျံတွေကိုပါ ဖျက်ဆီးပစ်ပါလိမ့်မယ်။

ကျွန်ုပ်။ ။ ခင်ဗျားတို့ ခေါင်းဆောင်ကြီးက ဒီကမ္ဘာက အင်အားကြီးနိုင်ငံတွေရဲ့ စစ်လက်နက် အင်အားအခြေအနေတွေကို သိနေလို့လား။

ဂြိုဟ်သား။ ။ ကျွန်တော်တို့ဆီမှာ ခင်ဗျားတို့ ကမ္ဘာနဲ့ ပတ်သက်လို့ လေ့လာနေတဲ့ အဖွဲ့ကြီးတစ်ခု ရှိတယ်။ အဲဒီအဖွဲ့ကြီးက ခင်ဗျားတို့ကမ္ဘာက အရေး ကြီးတဲ့ နိုင်ငံတွေရဲ့ စစ်အင်အားတည်ဆောက်ထားမှု တွေ၊ ဘယ်နေရာမှာရှိတယ်၊ ဘာတွေသုတေသန ပြုလုပ်နေတယ်ဆိုတာ အသေးစိတ် အကုန်သိပါ တယ်။

တရုတ်ကိုလည်း သတိပေးချင်တာရှိပါတယ်။ တရုတ် ခေါင်းဆောင်တွေကလည်း ကမ္ဘာကြီးကို စီးပွားရေးရော စစ်ရေးပါ လွှမ်းမိုးနိုင်ဖို့ ကြိုးစားနေ တယ်။ နောက်ဆယ်စုနှစ် နှစ်ခုကြာလျှင် တရုတ်နိုင်ငံ ကြီးဟာ ကမ္ဘာမှာ စီးပွားရေး၊ စစ်ရေးအင်အား အကြီး ဆုံးနိုင်ငံကြီး ဖြစ်လာအောင် လုပ်ဆောင်နေတယ်။

ကျွန်ုပ်တို့ကဲ့သို့သော ဂြိုဟ်သားသုံးဦးက သူ တို့ကို စွမ်းအားကြီးတဲ့ စစ်လက်နက်ပစ္စည်းတွေ ထုတ် လုပ်ဖို့ သင်ကြားလေ့ကျင့်ပေးနေတာ တွေ့ရတယ်။ အဲဒါကြောင့် တရုတ်ခေါင်းဆောင်များကိုလည်း ထိန်း ထိန်းသိမ်းသိမ်းဆောင်ရွက်ကြဖို့မေတ္တာရပ်ခံချင်တယ်။

နောက်ခင်ဗျားနဲ့ ပတ်သက်လို့ ပြောချင် တယ်။ ခင်ဗျားရဲ့ ကျန်းမာရေး ယခုထက်ပိုကောင်း အောင် ဆေးကုပေးချင်တယ်။

ကျွန်ုပ်။ ။ ဆေးက ဘယ်တော့ကုပေးမှာလဲ။ ကျွန်တော့်မှာ ဆီးကျိတ်ရောင်တာရှိတယ်။ သွေးတိုး ရှိတယ်။ မျက်စိနှစ်ဖက်ကလည်း ခွဲထားရတယ်။

ဂြိုဟ်သား။ ။ ဂြိုဟ်သားတွေ ကိုယ်တိုင်လာ တဲ့အခါ ကုသပေးပါလိမ့်မယ်။ သူတို့လည်း မကြာ တော့ပါဘူး၊ လာပါလိမ့်မယ်။

မနက် လေးနာရီခွဲမှာ ဂြိုဟ်သား ပုဂ္ဂိုလ်လည်း ပြန်သွားပါတယ်။ ဂြိုဟ်သားကြီး ကျွန်တော့်ဆီလာ တာ ယခုအကြိမ်နဲ့ပါဆိုလျှင် နှစ်ကြိမ်ရှိပါပြီ။ သူပြော တာတွေက ကမ္ဘာနဲ့ ပတ်သက်လျှင် အရေးကြီးတဲ့ အချက်တွေချည်းပါပဲ။ သူတို့က ယခုလောလော လတ်လတ် ဖြစ်နေတဲ့ အမေရိကန်နဲ့ တရုတ်ကုန် သွယ်ရေးစစ်ပွဲ ဖြစ်နေတာလည်း သိနေတယ်။ နောက်ဆန်းဆန်းပြားပြား တရုတ်ပြည်မှာ ဂြိုဟ်သား သုံးဦး စစ်လက်နက်နည်းပညာတွေ လာရောက်သင် ကြားပေးနေတယ် ဆိုပါလား။

ဂြိုဟ်သား ပြောတာ မှန်မမှန် ကျွန်တော့်ကို မကြာမီ ရက်ပိုင်းအတွင်း တကယ်ဂြိုဟ်သားစစ်စစ်  လာရောက်ဆေးကုပေးမယ်ပြောတယ်။ အဲဒီကိစ္စသာ မှန်လျှင်တော့ သူတို့ပြောတာတွေ ဖြစ်နိုင်ချေများပြီ ဆိုရမှာပါပဲ။

သတ္တဝါများကျန်းမာချမ်းသာကြပါစေ။

ဆရာဝင်း(သာကီနွယ်)

 

Comments

comments

Post Author: manawmaya