ဘီးလင်းမြို့နယ်၊ ကင်းရွာမှ အလောင်းမင်းတရားကြီး၏အုတ်ဂူ

 

ရွှေတိဂုံစေတီတော်၌ သံဃာတော်အပါး ၁၈çဝ၀ဝ ဘုရားအနေကဇာတင်ပွဲတွင် ဆွမ်းချက်ရန် တာဝန်ကို ကျွန်တော့်မိတ်ဆွေ ရွှေအုန်းပင်ထမင်း ဆိုင်ပိုင်ရှင် ဦးဝင်းမြင့်က တာဝန်ယူဆောင်ရွက်ပါ တယ်။

ကျွန်တော် ဦးဝင်းမြင့် တည်းခိုဆောင်ရွက် နေတဲ့ ရန်ကုန်တိုင်း သံဃာနာယက ကျောင်းသို့ တစ်ရက် သွားရောက်တွေ့ဆုံတဲ့အခါ ဦးဝင်းမြင့်က ဘီးလင်းမြို့နယ် ကင်းရွာတွင် ရှေးဟောင်း စေတီ နှစ်ဆူကို ပြုပြင်နေကြောင်း၊ မကြာမီ ဌာပနာသွင်း မင်္ဂလာပြုလုပ်မည်ဖြစ်ကြောင်း၊ အလောင်းမင်းတရား ကြီး ဦးအောင်ဇေယျ ကွယ်လွန်စဉ်က အလောင်းကို မပုတ်မသိုးစေရန် အူအသည်းတွေကို ထုတ်ပြီး မြှုပ်နှံ ခဲ့တဲ့ ဂူလည်း တွေ့ထားကြောင်း၊ ဘုရားနှစ်ဆူမှာ အလောင်းမင်းတရားကြီးရဲ့ အုတ်ဂူအနီးမှာရှိကြောင်း၊ ကျွန်တော်ကိုလည်း ရွှေဘိုအဆက်အနေဖြင့် ဘုရား စေတီနှစ်ဆူ ဌာပနာပိတ်ပွဲသို့  ကြွရောက်ဖို့ ဖိတ်ကြား ပါတယ်။

ကျွန်တော်က အရေးကြီးတဲ့ ကိစ္စနဲ့ မကြုံ လျှင် လာခဲ့ပါမည် ပြောခဲ့ပါတယ်။ ဇန်နဝါရီလ တတိယပတ် တစ်ရက်သော မနက်ခင်းတွင် ဦးဝင်း မြင့်က ဘုရားစေတီနှစ်ဆူ ဌာပနာပိတ်ပွဲကို ၂၇-၁-၂၀၁၈ ရက် မနက်တွင် ကျင်းပပြုလုပ်ပါမည်။ ကျွန်တော့်ကို ကြွရောက်ဖို့ ဖိတ်ကြားပါတယ်။ ကျွန်တော်လည်း မော်လမြိုင် ကျိုက်သလ္လန်ဘုရား ကိုသွားရောက်ပြီး ကန်တော့်ပွဲ ကပ်လှူဆုတောင်း ရန်ရှိတဲ့အတွက် ဦးဝင်းမြင့် ဖိတ်ကြားချက်ကို လက်ခံ ပြီး ၂၆-၁-၂၀၁၈ ရက် မနက်လာခဲ့မည့်အကြောင်း ပြန်လိုက်ပါတယ်။

ကျွန်တော် ၂၆-၁-၂၀၁၈ ရက် မနက် ၈ နာရီမှာ ရန်ကုန်က ထွက်ခဲ့ပါတယ်။ ကျိုက်ထို ကား လမ်းဘေးမှာရှိတဲ့ ဦးဝင်းမြင့်ရဲ့ ရွှေအုန်းပင် ထမင်း ဆိုင်ရောက်ပါတယ်။ ကျွန်တော့်မိတ်ဆွေ ကျိုက်ထိုမှ ဦးတင်ရီလည်း ရောက်လာပါတယ်။ ရွှေအုန်းပင် ထမင်းဆိုင်မှာ မနက်စာစားပြီး ၁၂ နာရီကျော် လောက်မှာ ဘီးလင်းမြို့နယ် ကင်းရွာကို ကားနှစ်စီးနဲ့ သွားကြပါတယ်။ ကင်းရွာက ကျိုက်ထိုနဲ့ ဘီးလင်း ကြား တောင်စွန်းသို့သွားသည့် လမ်းအတိုင်း သွား ရပါတယ်။ နာမည်ကြီး ကေလာသတောင်ကို ပတ်ပြီး သွားရပါတယ်။ မော်လမြိုင်သွား လမ်းမကြီးကနေ ကား နာရီဝက်နီးနီး မောင်းရပါတယ်။ ကင်းရွာ သရက်တောကျောင်းတိုက်မှာ ကျွန်တော်တို့တည်းရ ပါတယ်။

သရက်တောကျောင်းတိုက်က ကျောင်းဝင်း က တော်တော်ကျယ်ပါတယ်။ ကျောင်းကြီးကလည်း အုတ်တိုက်ခံ ရှေးခေတ်က ဆောက်ခဲ့တဲ့ သစ်သား ကျောင်းကြီးပါ။ ကျွန်းတိုင်လုံးကြီးတွေက ရွှေချထား တာ တွေ့ရပါတယ်။ ကျောင်း ကြမ်းခင်းတွေက ကျွန်းပေပျဉ်ကြီးတွေ ခင်းထားပါတယ်။ လူပရိသတ် ၂၅၀ လောက် တရားနာလို့ရပါတယ်။ လှေကား ကလည်း ရှေးခေတ်က နဂါးကြီးနှစ်ကောင်နဲ့ ပြု လုပ်ထားတဲ့ အုတ်လှေကားကြီးပါ။ လှေကားရင်းမှာ ခြင်္သေ့နှစ်ကောင်လည်း တွေ့ရပါတယ်။ ကျွန်တော် တို့ ကျောင်းကြီးပေါ်မှာ ကျောင်းထိုင်ဆရာတော်နဲ့ ဖူးတွေ့နေချိန်မှာ ထမနဲမုန့်များနဲ့ ဧည့်ခံပါတယ်။ ထမနဲကြိုက်တဲ့ ကျွန်တော်ကတော့ အားရပါးရ စားမိပါတယ်။

ခဏနေတော့ ကျောင်းကြီးပေါ်က ဆင်းပြီး ဦးတင်ရီနဲ့အတူ ဦးအောင်ဇေယျအုတ်ဂူရှိရာသွားကြ ပါတယ်။

ဦးအောင်ဇေယျအုတ်ဂူက ကျွန်တော်တို့ ဘုန်းကြီးပျံ လောင်တိုက်နဲ့တူပါတယ်။ တော်တော် လေး ပျက်စီးနေပါပြီ။ အပေါ်ပိုင်း သုံးပုံတစ်ပုံလောက် ပျက်စီးနေပါပြီ။ ဂူပေါ်တက်တဲ့ အုတ်လှေကားလည်း တွေ့ရပါတယ်။ မူလက တော်တော်ခမ်းခမ်းနားနားပြု လုပ်ထားပုံရပါတယ်။ ဂူရဲ့ အောက်ခြေမှာ ရုပ်တု တချို့လည်း ပျက်စီးနေတာ တွေ့ရပါတယ်။ ကျွန် တော် တွေ့ဖူးသမျှ ရှေးခေတ်က ဂူထဲမှာတော့ ဦးအောင်ဇေယျအုတ်ဂူဟာ ခမ်းခမ်းနားနား လှလှပပ အကောင်းဆုံး တည်ဆောက်ထားတာ တွေ့ရပါ တယ်။ ဂူနဲ့ ၁၅ ပေကွာလောက်မှာတော့ Óာဏ်တော် ၂၇ ပေ အမြင့်ပြုပြင်ထားတဲ့ စေတီနှစ်ဆူ တွေ့ရပါ တယ်။ တစ်ဆူကက နည်းနည်း Óာဏ်တော်နိမ့်ပါ တယ်။ မနက်ဖြန် မနက်ဌာပနာပိတ်ပွဲ ကျင်းပမည့် စေတီများဖြစ်ကြောင်း သိရပါတယ်။

ရွှေအုန်းပင် ထမင်းဆိုင်ပိုင်ရှင် ဦးဝင်းမြင့်က ဦးအောင်ဇေယျရဲ့ အုတ်ဂူရှိတယ် သိရလို့ ရှာဖွေရာ က ဤကင်းရွာ သရက်တောကျောင်းတိုက်အနီးက ယခုဂူကို တွေ့ရကြောင်း၊ ဦးအောင်ဇေယျရဲ့ ဂူစစ်မှန် ကြောင်းကို ရှေးဟောင်းသုတေသနက အသိအမှတ် ပြုကြောင်းလည်း ပြောပါတယ်။

ကျွန်တော်က ဂူရှေ့ရောက်တဲ့အခါ ဦးအောင် ဇေယျရဲ့ ဂူ ဟုတ်မဟုတ် သိရှိနိုင်ရန်ဂူမှာ တစ်စုံတစ် ဦးရှိလျှင် ထွက်ခဲ့ပါ ဖိတ်ခေါ်လိုက်ပါတယ်။ ဝတ်ဖြူ စင်ကြယ်နဲ့ အရပ်ခပ်ပုပု စိပ်ပုတီးကြီးက လည်ပင်း စွပ်ထားရာမှာ ပေါင်လောက်အထိ ရောက်နေတဲ့ အဘိုးအိုတစ်ယောက် ပေါ်လာပါတယ်။

“အဘိုးက ဝိဇ္ဇာလား၊ နတ်လား၊ ဒီဂူကို စောင့်တဲ့ ပုဂ္ဂိုလ်ပါလား”

“ကျွန်ုပ်က ဝိဇ္ဇာမဟုတ်ပါဘူး၊ နတ်ပါ။ ကျွန်ုပ်ကို သိကြားမင်းကြီးက တာဝန်ပေးလို့ ဂူကို စောင့်နေတာ နှစ်တွေ ကြာလှပါပြီ”

“ဒီဂူက ဦးအောင်ဇေယျရဲ့ အူတွေ အသည်း တွေ အိုးနဲ့ထည့်ပြီး မြှုပ်ထားတဲ့ ဂူဆိုတာ ဟုတ်ပါ သလား”

“မှန်ပါတယ်။ မူလဂူက အုတ်နဲ့ပြုလုပ်ထားပါ တယ်။ ခပ်သေးသေးပါ။ ယခုတွေ့ရတဲ့ ပြာသာဒ်နဲ့ သဏ္ဌာန်တူတဲ့ ဂူက တတိယအကြိမ်ငုံပြီး တည် ဆောက်ထားတဲ့ဂူပါ”

ကျွန်တော်က ဒီအုတ်ဂူမှာ အခြားပုဂ္ဂိုလ်များ ရှိနိုင်သေးသည်ထင်၍ ဂူမှာစောင့်တဲ့ ပုဂ္ဂိုလ်များရှိ လျှင် ကျွန်တော့်ရှေ့ ကြွရောက်ဖို့ ဖိတ်ခေါ်လိုက်ပါ တယ်။

ကျွန်တော့်ရှေ့ ၁၅ ပေလောက်မှာ လူအချို့ တွေ့ရပါတယ်။ သူတို့က ဗိုလ်မှူးသုံးယောက်၊ တပ် ကြပ် ခုနစ်ယောက်၊ စစ်သား ၂၀ ဖြစ်ကြောင်း သိရပါတယ်။

“မင်းတို့က ဒီဂူကို စောင့်တဲ့ ပုဂ္ဂိုလ်တွေလား။ ဘယ်သူက တာဝန်ပေးလို့ စောင့်တာလဲ”

“ကျွန်တော်တို့က ဒီဂူကို စောင့်တဲ့စစ်သား တွေပါ။ ဗိုလ်ချုပ် မင်းခေါင် နော်ရထာက အမိန့်ပြန် တမ်းနဲ့ တာဝန်ပေးလို့ စောင့်နေရပါတယ်။ စတု မဟာရာဇ်နတ်တွေပါ”

“မင်းတို့ဘာတွေများ ပြောချင်တာရှိသလဲ ပြောပါ”

ဗိုလ်မှူးတစ်ယောက် တပ်ကြပ်တစ်ယောက် စစ်သားတစ်ယောက်ပြောကြပါတယ်။ ဗိုလ်မှူးက –

“ကျွန်တော် ဆင်ဖြူရှင်မင်းသားကို မကျေ နပ်ပါဘူး။ ဗိုလ်ချုပ် မင်းခေါင် နော်ရထာအပေါ် သူ့ရဲ့ပြုမူတာကို မကျေနပ်ပါဘူး”

ဤနေရာမှာ ဆင်ဖြူရှင်မင်းသားနဲ့ မင်းခေါင် နော်ရထာတို့ တစ်ဦးကိုတစ်ဦး အထင်အမြင်လွဲမှား သဘောထား ကွဲလွဲပြီး မင်းခေါင်နော်ရထာ သူပုန် ဘဝရောက်ရသည့်အကြောင်းကို အကျဉ်းအားဖြင့် တင်ပြပါမည်။

အလောင်းမင်းတရားကြီး နာမကျန်းဖြစ်၍ ယိုးဒယားကို တိုက်ခိုက်ရာမှ ပြန်လည်ဆုတ်ခွာလာ ရာတွင် အကယ်၍ ယိုးဒယားတို့ လိုက်လံတိုက်ခိုက် သည်ရှိသော် မင်းခေါင်နော်ရထာတပ်မှ ရန်သူများ ကို ကာကွယ်ရန်၊ နောက်ချန်တပ်အဖြစ် ဆုတ်ခွာ ရန်ဖြစ်သည်။

တပ်မတော်များ ဆုတ်ခွာနေသော အချိန် တွင် မြေဒူးမင်းသား(ဆင်ဖြူရှင်မင်း)သည် မင်းခေါင် နော်ရထာထံမှ အလောင်းမင်းတရားကြီး ချီးမြှင့် သော ယိမ်းနွဲ့ပါး ဓားကို အတင်းအဓမ္မ သိမ်းယူခြင်း၊ တပ်မတော်များအား ရိက္ခာမထောက်ရဟု ကျပ်တည်း စွာ တားမြစ်ခြင်းများကြောင့် မင်းခေါင်အနော်ရထာ အနေဖြင့် မြေဒူးမင်းသားကို မယုံသင်္ကာစိတ် ပေါ် ပေါက်သည်မှ ရှေ့တွင် အရေးအခင်းကြီးစွာ ပေါ် ပေါက်လာရတော့သည်။

အလောင်းမင်းတရားကြီး ယိုးဒယားမှ ဆုတ်ခွာလာရာ မုတ္တမမြို့နယ် ကင်းရွာသို့ အရောက် မြန်မာသက္ကရာဇ် ၁၁၂၂ ခု ကဆုန်လပြည့်ကျော် ၁၀ ရက် တနင်္ဂနွေနေ့ နံနက်မိုးသောက်ယံတွင် နတ်ရွာစံလွန်တော်မူသည်။ ထိုသို့နတ်ရွာစံကြောင်းကို သားတော်မြေဒူးမင်းသားနှင့် အတွင်းကျသူ ဗိုလ်မှူး တို့မှတစ်ပါး မည်သူ့အားမျှ မသိစေဘဲ ဖုံးဝှက်ယူလာ  ပြီးနောက် ရန်ကုန်မြို့သို့ ရောက်မှ နတ်ပြည်စံ ကြောင်း ကြေညာလေသည်။ ရွှေမြို့တော်ရှိ နောင် တော်အိမ်ရှေ့မင်းထံသို့ လူလွှတ်ပြီး အကြောင်းကြား ရာ နောင်တော်ကြီး အိမ်ရှေ့မင်းလည်း ခမည်းတော်    မရှိတော့သည်ကို ကြားသိပြီး နောက်တစ်နေ့ ၁၁၂၂ ခု နယုန်လပြည့်ကျော် ၉ ရက် နန်းတက်လေသည်။

နောင်တော်ကြီးမင်း နန်းတက်ပြီကြားလျှင် မင်းခေါင်အနော်ရထာသည် နောင်တော်ကြီးမင်းထံ လူလွှတ်၍ ခမည်းတော်ဘုရား နတ်ရွာစံတော်မူလျှင် ညီတော် မြေဒူးမင်းသည် ဗိုလ်မှူး တပ်မှူးတို့ဖြင့် မုတ္တမ မြသိန်းတန်ဘုရားမှာ သွေးသစ္စာစည်းကြပ် ကြသည်။ နောက်တပ်များကိုလည်း မျိုးရိက္ခာ မပို့ စေရ။ ဓားတော် ယိမ်းနွဲ့ပါးကိုလည်း အတင်းသိမ်း ယူသည် ဟူသော အကြောင်းအရာများကို လျှောက် ထားလေသည်။

မြေဒူးမင်းကလည်း ယိုးဒယားက တပ်တော် များ ဆုတ်ခွာလာရာ မင်းလှနော်ရထာမှာ ယိုးဒယား  နယ်နိမိတ်မှ လွန်သည့်အခါ တပ်မတော်နှင့် ပူးပေါင်း သည့် မင်းခေါင် တမင်သက်သက် နှေးနှေးကန်ကန် ပြု၍ နောက်ချန်ရစ်ခဲ့ပြီး လူသူလက်နက် သိမ်းသွင်း သည်။ စစ်တောင်းသို့ ရောက်ပြီကြား၍ လူလွှတ်ခေါ် စေရာ ငါမလိုက်ပြီ။ တောင်ငူသွားမည်ဆို၍ မလာ မရောက်နေသည်။ မင်းခေါင်နော်ရထာသည် ခမည်း တော် နတ်ပြည်စံသည်ကြားကတည်းက စိတ်နှလုံး မငြိမ်မဝပ် ဟန်ရှိသည်ဟု နောင်တော်ထံ လူလွှတ်အကြောင်းကြားသည်။

ဤသို့ ညီတော်မြေဒူးမင်းက လျှောက်ထား သော်လည်း နောင်တော်ကြီးသည်ယုံကြည်တော်မ မူ မင်းခေါင်နော်ရထာသည် ခမည်းတော်ဘုရား၏ ပြည်ထောင်ဖက် ရဲဘော်ကြီးဖြစ်သည်။ ဤသို့ သွေဖီ တိမ်းယိမ်းမည့်သူ မဟုတ်။ အကြောင်းတစ်ခုခုကြောင့် သာ စိတ်ထောင်းခြင်းဖြစ်ရမည်။ မည်သို့ပင် ဖြစ်စေ အသက် မသေစကောင်းဟု ဆင်ခြင်ကာ မင်းခေါင် နော်ရထာ တောင်ငူသို့ ရောက်လျှင် ဖမ်းဆီး၍ ဆက် ရမည်ဟု ဘထွေးတော် တောင်ငူမင်း သတိုးသင်္ခသူ ထံ မှာကြားလေသည်။

တောင်ငူမင်းလည်း တရားနာဟန် မင်းခေါင် နော်ရထာဖိတ်ကြား၍ ဖမ်းဆီးရန်ကြိုးစားသော်လည်း မင်းခေါင်နော်ရထာက ရိပ်မိ၍ လျင်မြန်စွာ ထွက်ခွာ သွားသဖြင့် မအောင်မြင်ပေ။

နောင်တော်ကြီးမင်းက တစ်ဖန် မင်းခေါင် နော်ရထာ ယုံကြည်သော မင်းလှနော်ရထာကို စေလွှတ်ပြီး ငါနဲ့ကွဲကွာရမည်မဟုတ်။ ငါက အမျက် မရှိ၊ သူကောင်း မြဲမြဲပြုမည် စေလွှတ်ပြောကြားရာ-

“ငါသည် ကျေးဇူးရှင် အလောင်းမင်းတရား ကြီး ဘုရားမင်းအဖြစ်ကို ယူတော်မူမည်ကြံရည်တော် မူသည်ကာလကပင် အသက်ကို သစ်ရွက် တစ်ချပ် ပန်းတစ်ပွင့် အနှိုင်း မလေးမစား ငါတို့သခင် မင်းအဖြစ် မရောက်သမျှ လက်နက်မချဟု နှလုံးပြဋ္ဌာန်း၍ တစ်ထောင်စု နှစ်ထောင်စုကိုသော်လည်း တစ် ယောက်ချင်း ထွက်၍ အရေးရအောင်ကိုသာ အမှု တော်ကို ထမ်းရွက်ခဲ့သည်။

ကျေးဇူးရှင် အလောင်းမင်းတရားကြီး မရှိ လျှင် ယုံယုံကြည်ကြည် ရှိတော်မမူကြ၊ ခရီးလမ်း တစ်လျှောက် ငါတို့တပ်သား အစားအစာ မျိုးရိက္ခာ မရအောင် မြေဒူးမင်းသား ဖျက်ဆီးထားခဲ့သည်။ ရရာရမိ အသက်မသေရုံ မြို့ရွာများမှာ ရှာဖွေစား ရသည်ကို ငါသင့်မတင့် ကြံလေသည်ဟု မြေဒူး မင်းသားက သူ့အပြစ် တိမ်ငုတ်လေအောင် နောင် တော်ကို လျှောက်တင်မည် မချွတ်သို့ လျှောက်  လျှင်လည်း သူတို့က ညီနောင်ချင်းဆိုတော့ ညီ တော်စကားကို ယူလိမ့်မည်။ ကယ်ဆယ်မစမည့်သူ ကျေးဇူးရှင် မင်းတရားကြီးလည်း မရှိပြီ။ သွေး သောက်စကားကို ယုံကြည်၍ လိုက်ခဲ့သော် ငါနဲ့ ငါ့မယားနဲ့ ဆွေမျိုးပေါက်ဖော်တို့ ဆင်းရဲကြီးစွာ ကြုံ ရတော့မည်မချွတ်။ ငါမလိုလားပြီ။ သွေးသောက် သာ ပြန်ပါတော့”ဟု ပြောလိုက်သည်။

သို့သော် နောင်တော်ကြီးမင်းက စိတ်မလျှော့ သေးဘဲ မင်းခေါင်နော်ရထာနဲ့ အလွန်သင့်မြတ်သည့်  စစ်ကိုင်း ဇေတဝန်ဆရာတော်နှင့် ကျော်ထင် နော် ရထာတို့ကို စေလွှတ်၍ ခေါ်ပြန်သော်လည်း အထက် နည်းအတိုင်း ဖြေကြား ပြောဆို မလိုက်မနာ နေခဲ့ သည်။

ဤသို့ တစ်ဖက်နဲ့တစ်ဖက် စကားဖြတ်ရာက အတိအလင်း စစ်ကြေညာသကဲ့သို့ ဖြစ်လာပြီး မင်းခေါင်နော်ရထာ ပုန်ကန်တော်လှန်သူဘဝသို့ ရောက်ခဲ့ရသည်။

ဤသို့သော အကြောင်းအရာကိုသိသည့် ယခုအုတ်ဂူကို စောင့်သည့် ဗိုလ်မှူးက ဆင်ဖြူရှင် မြေဒူးမင်းသားကို မကျေနပ်ကြောင်း ပြောပုံရသည်။

နောက်တစ်ယောက်က ကျွန်တော့် ဇာတိရွာ ရွှေဘိုမြို့နယ် ပိတ္တောရွာက စစ်သားဖြစ်နေပါတယ်။ ကုန်းဘောင်ခေတ်က အရေးအကြောင်းရှိ၍ စစ်သား ဆင့်ခေါ်လျှင် ကျွန်တော်တို့ ရွာမှ စစ်သား ၂၅ ယောက် ပို့လွှတ်ရပါတယ်။

“ကျွန်တော့်ဇနီးနဲ့ သမီးတစ်ယောက် ရွာမှာ ကျန်ရစ်ပါတယ်။ ရွှေ နှစ်ကျပ်သား အိမ်ဝင်းမှာ မြှုပ် ထားပါတယ်။ ကျွန်တော် သေတယ်။ မသေဘူးဆို တာ သူတို့ သားအမိမသိပါဘူး။ ဒီမှာ ကျွန်တော် တာဝန်ကျနေတဲ့အကြောင်း ပိတ္တောရွာစောင့်နတ်ကို ပြောပေးပါ”

ယခု ပိတ္တောရွာစောင့်နတ်၊ ရွာဘိုးတော်ကြီး က ရှေးယခင်က စစ်သားဘဝမှ ကွယ်လွန်ပြီး ရွာ စောင့်နတ်ဖြစ်နေသူပါ။

“ကဲပါ ကျွန်တော်ပြောပေးပါမယ်။ မင်းက တိုက်ပွဲကျလို့ ကွယ်လွန်တာလား”

“မဟုတ်ပါဘူး မြင်းပေါ်က ကျလို့ ကွယ် လွန်တာပါ”

နောက် အကြပ်တပ်သားက –

“ကျွန်တော်တို့ကို အမျှဝေပေးပါ”

“ကောင်းပြီ အမျှဝေပေးမယ်၊ ယခုကျွန်ုပ် ရှေ့မှာရောက်ရှိနေတဲ့ ဦးအောင်ဇေယျအုတ်ဂူမှာ စောင့်ရတဲ့ စစ်သားအားလုံးကို ယခုဘဝကျွန်ုပ်ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုအားလုံးကို အမျှဝေပါတယ်။ အမျှ ယူတော်မူကြပါ။ သာဓု သာဓု သာဓု”

ကျွန်တော့်ရှေ့မှာရှိတဲ့ အုတ်ဂူစောင့်ရတဲ့ နတ်စစ်သားတွေ အားလုံး ကျွတ်သွားပါတယ်။

အုတ်ဂူနံဘေးမှာရှိတဲ့ စေတီနှစ်ဆူရဲ့ အကြောင်းကို သိလိုတဲ့အတွက် စေတီ နှစ်ဆူတွင်ရှိ သော ဘုရားစေတီစောင့်နတ်ကြီးများကို ပင့်လိုက်ပါ တယ်။ ဘီလူးကြီးနှစ်ပါး ကျွန်တော့်ရှေ့ရောက် လာပါတယ်။ စေတီစောင့်ပုဂ္ဂိုလ်တွေဟာ များသော အားဖြင့် နတ်ကြီးတွေသာ တွေ့ရဖူးပါတယ်။ ယခုတော့ နတ်ကြီးများ မဟုတ်ဘဲ ဘီလူးကြီး နှစ်ပါး ဖြစ်နေပါတယ်။

ဘီလူးကြီးနှစ်ပါးကို မေးကြည့်တော့သူတို့ နှစ်ပါးလုံးက စေတီနှစ်ဆူလုံးကို စောင့်ရကြောင်း ဦးအောင်ဇေယျနဲ့ ၄င်းရဲ့ မိဖုရားတစ်ပါးရဲ့ အမှတ် တရတည်ခဲ့တဲ့ စေတီများဖြစ်ကြောင်း၊ ဦးအောင် ဇေယျရဲ့ မိဖုရားက ဦးအောင်ဇေယျ မကွယ်လွန်မီ သုံးရက်ခန့်က ငှက်ဖျားရောဂါနဲ့ ကွယ်လွန်တဲ့ မိဖုရား ဖြစ်ကြောင်း၊ ဦးအောင်ဇေယျနဲ့ အတူ မိဖုရားသုံးပါး လိုက်ပါလာကြောင်း သိရပါတယ်။

၂၇-၁-၂၀၁၈ ရက် မနက် ၇ နာရီမှာ စေတီနှစ်ဆူကို ဌာပနာသွင်းဖို့ ရပ်ရွာထဲက ပုဂ္ဂိုလ် တွေရော ရပ်ဝေးက လာကြတဲ့ ပုဂ္ဂိုလ်တွေပါ ဌာပ နာပစ္စည်းများကို ဌာပနာသွင်းရန် မဏ္ဍပ်မှာ စေတီ တော်အထက်သို့ အတန်းနှစ်တန်းစီပြီး လက်ဆင့် ကမ်း သယ်ပို့ကြပါတယ်။ စေတီနှစ်ဆူလုံးတွင် အ ထက်နဲ့အောက် ဌာပနာတိုက် နှစ်တိုက်စီကို တစ်ပြိုင် နက် ဌာပနာသွင်းလှူကြပါတယ်။

ဌာပနာများ သွင်းပြီးတဲ့အခါ မဏ္ဌပ်တွင်းမှာ သံဃာတော်များနဲ့ ရေစက်ချအမျှဝေပါတယ်။

ရေစက်ချအမျှဝေနေစဉ် ကျွန်တော့်ရှေ့သို့ ရွှေရောင်တွေ ဝင်းနေတဲ့ နတ်ဝတ်နတ်စားနဲ့ နတ် ကြီးတစ်ပါး ကြွရောက်လာတာ တွေ့ရပါတယ်။ြွကရောက်လာတဲ့ နတ်ကြီးက ဘယ်ပုဂ္ဂိုလ်ပါလဲ၊ ဘယ်ဒေသက ကြွလာတာပါလဲ မေးလျှောက်တော့ ဝသဝတ္တီနတ်ပြည်က ကြွလာတဲ့ အလောင်းမင်း တရားကြီးဖြစ်ကြောင်း၊ ဘုရားထီးတင်ပွဲတွင် ရွှေဘို မြို့မှ ဆရာတော် ငါးပါးကိုပါ ပင့်ပါလို့ မိန့်ကြားသွားပါ တယ်။

ကျွန်တော် ဘုရားဒကာများဖြစ်တဲ့ ဦးဝင်းမြင့် နဲ့ ဦးတင်ရီတို့ကို အကျိုးအကြောင်း ပြောပြပြီး ဘုရားအတွက် ငွေငါးသောင်း ကပ်လှူပါတယ်။ ကျွန်တော့်မိတ်ဆွေများကို နှုတ်ဆက်ပြီး နံနက် ၉  နာရီခွဲမှာ မော်လမြိုင်သို့ ခရီးဆက်ခဲ့ပါတယ်။

သတ္တဝါများကျန်းမာချမ်းသာကြပါစေ …

 

ဆရာဝင်း (သာကီနွယ်)

ကိုးကားစာအုပ်-ဦးညိုမြ၏ကုန်းဘောင်ရှာပုံတော်

Comments

comments

Post Author: manawmaya