ဘုရားေလးဆူ သစၥာအဓိဌာန္ပါရမီက်င့္စဥ္

ရွစ္ဆယ့္ရွစ္ အေရးေတာ္ပံုႀကီး စျဖစ္က တည္းက အႏုပညာလုပ္ငန္းေတြ အလုပ္မျဖစ္ေတာ့ လို႔ စားဝတ္ေနေရးေတြ က်ပ္တည္းခဲ့တာ အေရး ေတာ္ပံုေတြ ကိုယ္ရွိန္သတ္လို႔ ႏိုင္ငံေတာ္ ၿငိမ္ဝပ္ပိ ျပားမႈ တည္ေဆာက္ေရးဆိုတဲ့ စကားလံုးသစ္ႀကီး ထြန္းကားလာတဲ့ အခ်ိန္အထိ အႏုပညာ လုပ္ငန္း ေတြက ေယာင္လည္လည္ ျဖစ္ေနတုန္းပါပဲ။

အိမ္ရွင္မ “ညြန္႔ေမ”ရဲ႕ အေျမာ္အျမင္ႀကီးမႈ ေတြေၾကာင့္သာ အိမ္ဆိုင္ကေလး ဖြင့္ျဖစ္ခဲ့လို႔ သီခ်င္း မေရးရလည္း ထမင္းနပ္မွန္ေတာ့ စားျဖစ္ခဲ့ရပါရဲ႕။ သီခ်င္းေရးရမွ ထမင္းလည္းစားရ၊ အိမ္ေထာင္ေရး လည္း အဆင္ေျပ။ သီခ်င္းမေရးရေတာ့ ဝင္ေငြမရွိ။ လူမႈစရိတ္ေတြကိုလည္း အေျပအလည္ မရွင္းလင္း ႏိုင္ေတာ့ ဘဝကလည္း ဂေယာင္ခ်ာခ်ာ။ စိတ္က လည္း ဂေယာင္ေခ်ာက္ခ်ား။ ဟုတ္တိပတ္တိလည္း အဓိ႒ာန္ေတြမဝင္ျဖစ္။ တည္တည္တန္႔တန္႔လည္း ပုတီးမစိပ္ျဖစ္။ အိမ္မွာလည္း ၿငိမ္ၿငိမ္ ထိုင္မေန တတ္။ ေရႊတိဂံု၊ ဆူးေလ၊ ေရႊဘုန္းပြင့္၊ ဗိုလ္တ ေထာင္ ေစတီေတြ ဆီသြားလိုက္ ဟိုနားထိုင္ သည္ နားထိုင္ ျပန္လာ။ အဲသည္လို ျဖစ္ေနခ်ိန္ … ေမဃဝတီဆရာေတာ္ႀကီးက အဓိ႒ာန္တစ္ခု ဝင္ခိုင္း ခဲ့တာကို အမွတ္တရ ရွိမိေနတယ္။ သတိတရ ျဖစ္မိ ေနပါတယ္။

 

ေက်းဇူးေတာ္ရွင္ ေမဃဝတီဆရာေတာ္ ႀကီး ဘဝနတ္ထံသို႔ ၾကြျမန္း စံျမန္းေနသည္မွာ ၂၀၁၈ခုႏွစ္၊ ေအာက္တိုဘာလ ၂၀ ရက္ဆိုလွ်င္ (၁၅)ႏွစ္ ျပည့္ပါမည္။ သက္ေတာ္အားျဖင့္ ရွိေနမယ္ဆိုလွ်င္ သက္ေတာ္(၁၀ဝ)၊ ရာျပည့္၊ ေက်းဇူးေတာ္ရွင္ ဆရာသခင္ရဲ႕ေက်းဇူး အလီလီ။ အေထြ ေထြအျပားျပား မ်ားလွစြာရွိခဲ့သည္ကို သားသမီး ေျမးျမစ္အေပါင္း ဒကာ၊ ဒကာမအေပါင္းတို႔က “ဂုဏ္ရည္ရည္စူး၊ အထူး ပူေဇာ္ပြဲႀကီးကို ေမဃဝတီ ေက်ာင္းေတာ္ႀကီးတြင္ ေပါင္းစုလို႔ ေကာင္းမႈျပဳရန္ စီစဥ္ေနၾကၿပီဆိုတာ ေန႔စဥ္ႏွင့္အမွ် ၾကားသိေနရ သည္ေၾကာင့္လည္း၊ ဆရာေတာ္ႀကီးရဲ႕ ေက်းဇူးေတြ ကို ပိုမိုသတိရျခင္းေတြ ျဖစ္မိေနရပါေတာ့တယ္။

အမွတ္တရ မ်ားစြာေတြထဲက အမွတ္တရ တစ္ခုရဲ႕ အဆန္းတက်ယ္ ျဖစ္မႈတစ္ခုကို ယေန႔တိုင္ ခံစားေနရၿပီး သတိတရ ျဖစ္မိတိုင္း၊ ခံစားရတိုင္း လည္း ဆရာေတာ္ႀကီး ေစခိုင္းတဲ့အတိုင္း အဓိ႒ာန္ ေတြ ယေန႔ထက္တိုင္ တစ္မ်ိဳးမဟုတ္တစ္မ်ိဳး ဝင္ လ်က္ရွိေနမိပါသည္။

ဆရာေတာ္ႀကီး ေစခို္င္းတဲ့ အဓိ႒ာန္ကို တစ္ပတ္တစ္ႀကိမ္၊ သံုးႀကိမ္ေျမာက္ ဝင္လို႔လည္း ၿပီးေရာ ကြ်န္ေတာ့္ ဘဝအေျပာင္းအလဲေတြက မယံု ႏိုင္ေလာက္ေအာင္ ေျပာင္းလဲသြားခဲ့တာ။ အခုျပန္ ေတြး အခုၾကက္သီးေတြထ၊ အခုအံ့ဩ? အခု မယံု ႏိုင္စရာ ျဖစ္ေနရၿပီး အဲသည္လို ျဖစ္ရတိုင္းလည္း ဆရာေတာ္ႀကီးရဲ႕ ေက်းဇူးဂုဏ္ေတြကို ရည္ေျမာ္မွန္း ဆ ဦးႏွိမ္ခ်ကာ ရွိခိုးမိလိုက္သည္ခ်ည္း ျဖစ္ေနရပါ သည္။

ဆရာေတာ္ႀကီး ေစခိုင္းတဲ့ အဓိ႒ာန္က  ႐ိုး ႐ိုးကေလးပါပဲ။ ကြ်န္ေတာ္သြားေနက် ေရႊတိဂံု၊ ဆူးေလ၊ ေရႊဘုန္းပြင့္၊ ဗိုလ္တေထာင္ေစတီေတာ္ ေတြကို အစီအစဥ္အတိုင္းသြား၍ အဓိ႒ာန္ျပဳၿပီး ေန႔ ခ်င္းၿပီး ဖူးေျမာ္လွဴဒါန္း ရတာပါ။ ကြ်န္ေတာ့္အဖို႔ အမွတ္တရ အဆန္းတက်ယ္လည္းျဖစ္၊ အံ့ဩျခင္း ျဖစ္ရတာလည္း ႏွစ္ခုရွိေနပါတယ္။ တစ္ခုက အဓိ႒ာန္ ေတြဝင္ၿပီးတိုင္း ဆုအမ်ိဳးမ်ိဳး ကြ်န္ေတာ္ေတာင္းတတ္ ေလ့ရွိတယ္ဆိုတာကို ဆရာေတာ္ႀကီး ႀကိဳတင္သိေန ျခင္းကို ျပန္ေတြးမိေတာ့ ရယ္စရာႀကီး ျဖစ္ရတာ လည္းရွိရဲ႕။

“ကြ်န္ေတာ့္ကို ‘ညြန္႔ေမ’ သဝန္တိုျခင္း ေတြ ကင္းပါေစ။ ရန္ျဖစ္ၾကျခင္း ေဘးဆိုးမ်ားမွ ကင္းေဝးရပါေစ”

“စကားမေျပာ နားမၾကားၾကတဲ့ ကေလး ေလးေတြရဲ႕ ေက်ာင္းစရိတ္၊ စားစရိတ္ေတြ ေျပလည္ ေအာင္ ေငြေတြရခ်င္ပါတယ္၊ သီခ်င္းေတြ အမ်ားႀကီး ေရးခိုင္းသူေတြနဲ႔ အျမန္ေတြ႕ရပါေစ”

“သီခ်င္းေတြေရးတဲ့ အလုပ္က စားေရး ဝတ္ ေရးေတြ မျပည့္စံုပါဘုရား၊ သိဒၶိရွင္ မဟိဒၶိရွင္ေတြ လို ဥံဳဖြ ဆိုတာနဲ႔ အကုန္ရတဲ့ ပုဏၰက ျဖစ္ခ်င္ ပါတယ္ဘုရား”

အဲသည္လို ဆုေတာင္းေလ့ရွိတာကို ဆရာ ေတာ္ႀကီး ဘယ္လိုသိသလဲ မေျပာတတ္ေပါင္ဗ်ာ။

“လူကေလး ပုဏၰက …အဓိ႒ာန္ပါရမီ ေဆာက္တည္တိုင္း ေပါက္ေတာက္ကရ ဆုေတာင္း တာေတြ မလုပ္ရဘူး” “အေသအခ်ာ နားေထာင္ပါ၊ လိုက္နာပါ လူကေလး”

“ဣဓံေမပုညံ နိဗၺာနႆ ပစၥေယာေဟာတု”လို႔သာ ဆိုပါ။ ဆုေတာင္းပါ လူကေလး။ နိဗၺာန္ သို႔ ေရာက္ေၾကာင္း ေကာင္းေသာ အေထာက္အပံ့ ျဖစ္ပါေစလို႔ ဆႏၵျပဳထားမွေတာ့ က်န္တဲ့ ျဖစ္ခ်င္မႈ ဆႏၵအသီးသီးေတြဟာ စီကာစဥ္ကာ ျဖစ္လာတတ္ အက်ိဳးေပးလာတတ္ပါတယ္ ဆိုတာ အေလးအနက္ ယံုၾကည္ထားဖို႔ လိုအပ္တယ္ကြယ့္”

“သစၥာ အဓိ႒ာန္ ပါရမီျဖည့္ဆည္းရာမွာ ဆႏၵလည္း ရွိရမယ္။ မပ်က္မယြင္း မက်ိဳးမေပါက္တဲ့ သစၥာလည္း တည္ရမယ္။ ဆုေတာင္းလည္း မွန္ရ မယ္”

မွတ္ထားေနာ္ လူကေလး။ “နိဗၺာ နႆ ပစၥေယာေဟာတု”။ ဆရာေတာ္ႀကီးရဲ႕ အမွာစကား မ်ားက အခုပင္ကဲ့သို႔ နားထဲမွာၾကားေယာင္မိၾကား မိေနသည္ျဖစ္ေနပါသည္။ အမွတ္တရ ေနာက္တစ္ ခုက ပုဏၰက တစ္ေယာက္ ?မေမွ်ာ္လင့္ဘဲ ရင္းႏွီး လုပ္ကိုင္စားဖို႔ ေငြေၾကးေတြ အကူအညီရရွိခဲ့ၿပီး ဝင္ဒါမီယာ သံလြင္လမ္းမႀကီးေပၚမွာ အေတာ့္ကို ထင္ရွားခဲ့တဲ့ ေအာင္ျမင္ခဲ့တဲ့ ပုဏၰက “လေဖ့ေရ” ဆိုင္ဖြင့္ႏိုင္ၿပီး ေျပလည္ခဲ့ရတဲ့အျဖစ္။ (ေန႔ခ်င္းညခ်င္း ေတာ့မဟုတ္) သံုးလေလာက္မွ ျဖစ္ခဲ့ရတဲ့ အမွတ္ တရ တစ္ခုပါဗ်ာ။

အဲသည့္ အမွတ္တရကေလးႏွစ္ခုအတြက္ ကြ်န္ေတာ္ အဓိ႒ာန္ဝင္ခဲပံုကေလးကို ေျပာျပခ်င္ တာပါ။ အေသးစိပ္ကို ေျပာျပခ်င္တာပါ။ ကြ်န္ေတာ့္ လို အက်ပ္အတည္း ႀကံဳေတြ႕ေနၾကသူမ်ား ရွိေနပါ က ကြ်န္ေတာ့္လိုပဲ ႀကံဳေတြ႕ေနတဲ့ အက်ပ္အတည္း ေတြထဲက လြတ္ေျမာက္ ေအးခ်မ္းေစခ်င္တဲ့ ဆႏၵ ေတြ ရင္ထဲမွာ ျဖစ္ေပၚလာလို႔ပါ။ ေနာက္တစ္ခုက ဆရာေတာ္ႀကီးကို လြမ္းလို႔။ အလြမ္းေျပေက်းဇူး ဂုဏ္ရည္ေတြ ရည္စူးဖူးေျမာ္ၾကည္ညိဳ ေက်းဇူးဆပ္ ခ်င္လို႔?ဆရာေတာ္ႀကီး ဝင္ခိုင္းတဲ့ အဓိ႒ာန္ဝင္နည္း ကေလးတစ္ခုကို ေရးျပခ်င္တာပါ။ သူေတာ္ေကာင္း ပရိသတ္တို႔အတြက္ တန္ဖိုးႀကီးႀကီး ရလိမ့္မယ္လို႔ ယံုၾကည္မိပါေၾကာင္း။ ေခါင္းစဥ္က …

“နိဗၺာ နႆ ပစၥေယာ ေဟာတု”

သည္ကေန႔ အဓိ႒ာန္ဝင္ရမည့္ေန႔၊ ေရႊတိဂံု ေစတီေတာ္ အေရွ႕မုခ္ရွိ ဓာတ္ေလွကား ေရွ႕သို႔ မနက္ ေလးနာရီေက်ာ္ေက်ာ္ထဲက ေရာက္ေနခဲ့ သည္။ ဓာတ္ေလွကားသည္ တစ္ခါတစ္ရံ ေလးနာ ရီခြဲတြင္ ဖြင့္သည္။ တစ္ခါတစ္ရံမွာေတာ့ ငါးနာရီမွ ဖြင့္တတ္သည္ဟု သတိထားမိပါသည္။ အမ်ားအား ျဖင့္ ေစာင္းတန္းမွသာ သြားသြားလာလာ ရွိခဲ့ပါေသာ ေၾကာင့္ ဓာတ္ေလွကား အခ်ိန္ကို မသိခဲ့။ မသိခဲ့ ေသာေၾကာင့္သာ ယခုကဲ့သို႔ ေစာေစာလာခဲ့ျခင္း ျဖစ္ပါသည္။

ကြ်န္ေတာ့္ထက္ ဝီရိယေကာင္းေသာ ဘုရားဖူး ပရိသတ္ကို ေတြ႕ရသည္။ ဆယ္ေယာက္ခန္႔ ရွိမည္ ထင္ပါသည္။ ကြ်န္ေတာ္က ဓာတ္ေလွကား အနီးရွိ ေညာင္ပင္ႀကီး ေအာက္သို႔ ေလွ်ာက္ခဲ့သည္။ အဓိ႒ာန္ ဝင္ရာတြင္ အသံုးျပဳမည့္ ပစၥည္းမ်ား၊ လွဴမည့္ တံခြန္ ကုကၠားမ်ားပါေသာ ပလတ္စတစ္ ျခင္းကေလးကို ေျမသို႔ခ်ကာ ေျခအစံုကို ရပ္သည္။ လက္အစံုကို ဦးထိပ္မွာ မိုးသည္။ ေရွ႕၌ရွိေသာ သိဂၤုတၲရကုန္း ေတာ္ေပၚမွ ေရႊတိဂံုေစတီေတာ္ႀကီးကို လွမ္းေျမာ္ ၾကည္ညိဳၿပီး မ်က္လံုးကို ဖြဖြမွိတ္ကာ အာ႐ံုကို စုစည္း လိုက္ၿပီးေနာက္ ပဏာမ ဂါရဝျပဳပါသည္။

 

ပဏာမ ဂါရဝ (၁)

ဩကာသ-ဩကာသ – ဩကာသ (နေမာ တႆ ဘဂဝေတာ အရဟေတာ သမၼာသမၺဳ ဒႆ)၃

ဗုဒၶျမတ္စြာ ဘုရားရွင္ေတာ္ျမတ္တို႔အား ဤ ေနရာမွ ဤဌာနမွ ေနၿပီးသက္ရွိ ထင္ရွားအာ႐ံု ပြားကာ ႐ိုေသစြာျဖင့္ ရွိခိုးပါ၏။ ကန္ေတာ့ပါ၏။ ခြင့္ပန္ၾကား အပ္ပါ၏ အရွင္ဘုရား။ ဘုရားတပည့္ ေတာ္သည္ သံသရာဝဋ္ဆင္းရဲ အေပါင္းတို႔မွ လြတ္ ေျမာက္ပါရေစျခင္း အက်ိဳးငွာလည္းေကာင္း၊ ဒုကၡ ခပ္သိမ္း ေဒါသခပ္သိမ္းတို႔မွ ကင္းရာၿငိမ္းရာ ခ်ဳပ္ရာ သိမ္းရာ ျဖစ္ေတာ္မူပါေသာ အသခၤတဓာတ္ နိဗၺာန္ ျမတ္သို႔ေရာက္ပါေစေၾကာင္းေကာင္းေသာအေထာက္ အပံ့ျဖစ္ပါေစျခင္း အက်ိဳးငွာလည္းေကာင္း သစၥာ အဓိ႒ာန္ ပါရမီမ်ားကို ေဆာက္တည္လိုပါေသာ ေၾကာင့္ အရွင္ျမတ္စြာဘုရားမ်ား ေရွ႕ေတာ္ေမွာက္သို႔ ဦးႏွိမ္မာန္ခ် ေရာက္လာျခင္း ျဖစ္ပါသည္ဘုရား။ ဩကာသ ဩကာသ ဩကာသ ခြင့္ျပဳေတာ္မူပါ ဘုရား… ခြင့္ျပဳေတာ္မူပါဘုရား ခြင့္ျပဳေတာ္မူပါ ဘုရား။

(သမၺဳေဒၶ ဂါထာေတာ္ႀကီး ဆက္ဆိုက ပိုေကာင္းပါသည္။ အဲသည့္တုန္းက မဆိုတတ္ေသး ၍ မဆိုျဖစ္ခဲ့ပါေၾကာင္း)

 

ပဏာမ ဂါရဝ (၂)

ေရႊတိဂံုေစတီေတာ္ႀကီးႏွင့္ အပ္ရာဆိုင္ရာ ပုဂၢိဳလ္အေပါင္းတို႔အား ရည္စူးၿပီး ႐ိုေသစြာျဖင့္ ခြင့္ပန္ ၾကားအပ္ပါသည္ဗ်ား။

ဘုရား၊ တရား သံဃာ၊ ရတနာျမတ္သံုးပါးတို႔ အား အမွန္တကယ္ ယံုၾကည္စြာ ေလးစားစြာျဖင့္ ကိုးကြယ္ဆည္းကပ္ပါေသာ (မိမိ၏ ေမြးနံကိုထည့္ရန္) ဥပမာ – (တနလၤာေန႔ဖြား) ကြ်န္ေတာ္သည္ ေရႊတိဂံု ေစတီေတာ္ႀကီးတြင္ သစၥာအဓိ႒ာန္ ပါရမီဝတ္တို႔ကို ျဖည့္ဆည္းလိုပါေသာေၾကာင့္ (ေနရာထိုင္ခင္းမ်ား ခြင့္ျပဳေတာ္မူပါရန္)၂ ႐ိုေသစြာျဖင့္ ခြင့္ပန္ၾကား ေလွ်ာက္ထားအပ္ပါ၏။

(ေတသံ) = ဆိုခဲ့ၿပီးေသာ ပုဂၢိဳလ္အေပါင္း တို႔သည္ (အံဟံ) = ပါရမီရွင္ သားတပည့္၏ ႐ိုေသ သမႈ ဂါရဝျပဳမႈမ်ားတို႔ကို စံျမန္းၾကရာ ဘံုဗိမာန္နန္း စခန္းအသီးသီးမွေန၍ ၾကားၾကပါေစ၊ သိၾကပါေစ၊ ျမင္ၾကပါေစ၊ ေတြ႕ၾကပါေစ၊ က်န္းမာၾကပါေစ၊ ခ်မ္းသာၾကပါေစ၊ ေဘးရန္ခပ္သိမ္း ၿငိမ္းၾကပါေစ။ ႏွလံုးစိတ္ဝမ္း ၿငိမ္းခ်မ္းၾကပါေစသတည္း။

ဂါရဝ အစီအစဥ္မ်ား ၿပီးဆံုးလို႔ မၾကာမီမွာပဲ ဓာတ္ေလွကားဖြင့္သည္ေၾကာင့္ ရင္ျပင္ေတာ္ေပၚသို႔ ေရာက္ရန္ ဓာတ္ေလွကားႏွင့္ တက္ခဲ့သည္။ နတ္ လမ္းအတိုင္း ေလွ်ာက္ခဲ့ၿပီး ထြက္ေပါက္ေရာက္ေတာ့ ညာဘက္ကို ခ်ိဳးေကြ႕ကာ အနည္းငယ္ ေလွ်ာက္ လိုက္ေသာအခါ အေရွ႕မုခ္ေစာင္းတန္းမွ တက္လာ သည့္ ေလွကားမ်ား အဆံုးရွိ ရင္ျပင္ႏွင့္ ထိပ္တိုက္ ဆံုသည္။ ဘယ္ဘက္ကို ခ်ိဳးေကြ႕ၿပီး ဆယ္လွမ္းမွ် လွမ္းၿပီးေနာက္ ညာဘက္သို႔ ထြက္လိုက္ေသာ္ ေရႊတိဂံု ရင္ျပင္က်ယ္ႀကီးေပၚသို႔ ေရာက္ပါၿပီ။

 

တနလၤာၿဂိဳဟ္တိုင္ႏွင့္ တနဂၤေႏြၿဂိဳဟ္တိုင္မ်ားကို ေက်ာ္ျဖတ္ၿပီးေနာက္ ေသာၾကာၿဂိဳဟ္တိုင္သို႔ ေရာက္ေသာအခါ ရွင္ေတာ္ ေဂါတမ ျမတ္စြာဘုရား သီတင္းသံုးေတာ္မူရာ အာ႐ံုခံ တန္ေဆာင္းသို႔ ဝင္ရန္ ေလွကား ငါးထစ္မွ်ကို လွမ္းနင္းၿပီး တန္ေဆာင္းတြင္း ရွိ ရွင္ေတာ္ ေဂါတမမုနိ ႐ုပ္ပြားေတာ္ေရွ႕ တူ႐ူတြင္ ေနရာယူ ထိုင္လိုက္ပါသည္။

သံဃာစင္ေပၚတြင္ သံဃာေတာ္ ႏွစ္ပါးတို႔ ေနရာယူ ဘုရားဝတ္ျပဳေနပါသည္။ မိသားစုတစ္စု တို႔သည္လည္း ဆြမ္းေတာ္ကပ္ေန၏။ ကြ်န္ေတာ္ လည္း အစီအစဥ္ (၁)အရ သစၥာအဓိ႒ာန္ျပဳရန္ လက္အစံု ဦးထိပ္မိုးၿပီး ေအာက္ပါတို႔ကို ဆိုၿပီး ရွိခိုး ပါသည္။ ကန္ေတာ့ပါသည္။ ပူေဇာ္ပါသည္။

 

အစီအစဥ္ နံပါတ္ (၁)

(သစၥာ အဓိ႒ာန္ ပႏၷက္တည္ျခင္းႏွင့္ သစၥာ အဓိ႒ာန္ ပါရမီဝတ္ျဖည့္ဆည္းျခင္း)

(နေမာ တသ ဘဂဝေတာ အရဟေတာ သမၼာ သမၺဳဒၶႆ) သံုးႀကိမ္ဆိုၿပီးေနာက္ ဩကာသ အစခ်ီ ကန္ေတာ့ခ်ိဳးျဖင့္ ဘုရားရွိခိုးပါသည္။ ငါးပါး သီလ ခံယူေဆာက္တည္ၿပီးေသာ္ ေအာက္တြင္ ေဖာ္ ျပပါ ရွိသည္တို႔ကို ဆိုပါသည္။)

 

ဘေႏၱအရွင္ဘုရား

ဘုရားတပည့္ေတာ္ သစၥာျပဳပါသည္ အဓိ႒ာန္ျပဳပါသည္ ဘုရား။ ဘုရားတပည့္ေတာ္သည္ သံသရာဝဋ္ဆင္းရဲ အေပါင္းတို႔မွ လြတ္ေျမာက္ပါ ရေစျခင္း အက်ိဳးငွာလည္းေကာင္း၊? ဒုကၡခပ္သိမ္း ေဒါသခပ္သိမ္းတို႔မွ ကင္းရာၿငိမ္းရာ ခ်ဳပ္ရာသိမ္းရာ ျဖစ္ေတာ္မူပါေသာ အသခၤတ ဓာတ္နိဗၺာန္ျမတ္သို႔ ေရာက္ပါေစေၾကာင္း? ေကာင္းေသာ အေထာက္အပံ့ ျဖစ္ပါေစျခင္း အက်ိဳးငွာလည္းေကာင္း မဂၤလာရွိ ေသာ ယခု အခ်ိန္မွ အစျပဳ၍ ေရႊတိဂံုေစတီ၊ ဆူး ေလေစတီ၊ ေရႊဘုန္းပြင့္ေစတီ၊ ဗိုလ္တေထာင္ေစတီ စုစုေပါင္း ေစတီေလးဆူသို႔ ေန႔ခ်င္းၿပီး သြားေရာက္ ကာ ထိုေစတီမ်ားတြင္ သီတင္းသံုးလ်က္ရွိေနေတာ္မူ ၾကပါေသာ ကကုသႏၶ ဗုဒၶျမတ္စြာဘုရား၊ ေကာဏာ ဂမဏ ဗုဒၶျမတ္စြာဘုရား၊ ကႆပ ဗုဒၶျမတ္စြာ ဘုရားႏွင့္ ေဂါတမျမတ္စြာဘုရားရွင္တို႕အား ဖူးေျမာ္ မာန္ေလ်ာ့ ရွိခိုးပါမည္ဘုရား … ကန္ေတာ့ပါမည္ ဘုရား …ပူေဇာ္ပါမည္ဘုရား။

ဤမွန္ေသာ သစၥာစကားကို ဘိုးေတာ္ ျဗဟၼာ၊ ဘိုးေတာ္ သိၾကား၊ ဝိဇၨာ ရွစ္ေသာင္း ဆရာ အေပါင္း၊ ရေသ့ရွစ္ေသာင္း ဆရာေကာင္းမ်ားႏွင့္ ကိုယ္ေစာင့္နတ္မင္းမ်ား၊ အထူးအေစာင့္အေရွာက္ ပုဂၢိဳလ္မ်ား၊ ဝသုေႁႏၵ နတ္မင္းႀကီး၊ ငရဲသနင္း ယမ မင္းႀကီးႏွင့္ ေရႊတိဂံုဘိုးဘိုးႀကီးတို႔အား (သက္ေသျပဳ ပါ၏)၃ (သက္ေသျဖစ္ေတာ္မူၾကပါေစ ကုန္သတည္း)၃

 

သစၥာအဓိ႒ာန္ပါရမီ ဝတ္ျဖည့္ဆည္းျခင္း

(အစီအစဥ္ ၁- ေရႊတိဂံု)

 

 

ယခုအခါ သစၥာအဓိ႒ာန္ ပႏၷက္တင္ၿပီးၿပီ ျဖစ္ပါေသာေၾကာင့္ အစီအစဥ္အတိုင္း သစၥာ အဓိ႒ာန္ ပြဲဝင္ရေတာ့မည္ျဖစ္ပါသည္။ ထိုစဥ္အခါက ကြ်န္ေတာ္သည္ သာသနာေတာ္၌ လိမၼာယဥ္ပါးျခင္း မရွိေသးရာကား ကြ်န္ေတာ္၏ ဥာဏ္ရည္အလိုက္ ခ်ီးျမႇင့္လိုက္ေသာ သစၥာအဓိ႒ာန္ပြဲဝင္ႏိုင္ရန္ ေစတီ ေတာ္မ်ားမွ ဘုရားေလးဆူေတာ္ကို ဖူးေျမာ္နည္း၊ ခြင့္ပန္နည္း၊ အက်ဥ္းနည္းႏွင့္ သရဏဂံုတည္ျခင္း၊ သီလေဆာက္တည္ျခင္း လွဴဖြယ္ဝတၳဳ ကပ္လွဴရာ တြင္ ဆိုျခင္းစသည္တို႔ကို ဆရာေတာ္ႀကီးက အေသအခ်ာ သင္ေပးပါေသာ္လည္း ဥာဏ္ရည္မမီ ေသာ ကြ်န္ေတာ္သည္ အလြယ္မွတ္ အလြယ္ခံစားၿပီး အဓိ႒ာန္ဝင္ခဲ့ရပါ၏။ ကြ်န္ေတာ္ ကံေကာင္းခဲ့ပါ၏။ ခ်ီးမြမ္းမခံခဲ့ရေသာ္လည္း အေငါက္အဆူေတာ့ မခံခဲ့ ရပါ။

“လူကေလး ပုဏၰက …ဆိုခဲ့တာေတြက ဟန္ေတာ့မႀကီးဘူးကြယ့္။ ဘာသာသာသနာ အမႈ ဆိုတာ ပကာသန ဟိတ္ဟန္ေတြ မႀကီးသင့္ဘူး။ မခ်ဲ႕သင့္ဘူး။ သတိခ်ပ္ရမယ္။ ဘာသာ သာသနာ အမႈကိစၥတိုင္းမွာ ဘုရား၊ တရား၊ သံဃာကို ဦးထိပ္ ပန္ဆင္ရမယ္ “သဒၶါ”ဆိုတဲ့ ကံႏွင့္ ကံ၏အက်ိဳး တရားကို ယံုၾကည္မႈဟာ ပဓာန အဓိကက်ေစရမယ္။ ဟိတ္ဟန္ေတြႀကီးဖို႔ အဓိကမက်ပါဘူးကြယ္။ စိတ္ သဏၭာန္ေတြက ျဖဴစင္ေနရမယ္။ ႐ိုးသားရမယ္။ သန္႔ရွင္းရမယ္။ ခန္႔ခန္႔ ထည္ထည္ အိေႁႏၵေတြ ရွိရ မယ္”

“စည္းကမ္းနဲ႔ အဓိပၸာယ္ေတြ မျပည့္စံုေပမယ့္ ႐ိုးသားမႈနဲ႔ ယွဥ္တြဲေနတဲ့ အနီးကပ္ဆံုး မွန္ကန္မႈ ေတြပါေနလို႔ ဂါထာေတာ္ေတြအေပၚ လူကေလးရဲ႕ ခံစားမႈဟာ မခ်ီးမြမ္းထိုက္ေပမယ့္ ခြင့္လႊတ္ႏိုင္တဲ့ သဒၶါၾကည္ညိဳမႈလို႔ေတာ့ အသိအမွတ္ျပဳႏိုင္ပါတယ္ ကြယ့္”

 

(သဒၶါရႊင္တိုင္း ဆိုခ်င္ရာ မဆို။ ဆိုလိုရင္းကို လိုတို ရွင္းစြာ အဓိပၸာယ္ခံစားၿပီး ဆိုခဲ့ ပြဲဝင္ခဲ့ေသာ ဂါထာမ်ား)

 

အက်ဥ္းနည္းျဖင့္ သရဏဂံုတည္ျခင္း သီလခံယူ ျခင္းဂါထာ။

 

ဥေပမိ ဗုဒၶံ သရဏံ၊

ဓမၼံ သံဃဥၥ ႏူတၲရံ၊

သမာဒိ ယာမိ သီလာနိ။

 

(ဘေႏၱအရွင္ဘုရား ဘုရား တပည့္ေတာ္ သည္ သရဏဂံု သံုးပါးႏွင့္တကြ (အဂၤါငါးပါး)ႏွင့္ ျပည့္စံုေတာ္မူပါေသာ သီလေတာ္ျမတ္ကို ျမတ္ႏိုးစြာ ေလးစားစြာျဖင့္ ေဆာက္တည္ပါ၏။ ကိုးကြယ္ဆည္း ကပ္ပါ၏။ မက်ိဳးမေပါက္ေစရန္လည္း သတိျဖင့္ ေစာင့္ေရွာက္ထိန္းသိမ္းပါ၏ အရွင္ျမတ္စြာဘုရား။

ေစတီတိုင္းမွာ ဖူးေျမာ္ရာ ဗုဒၶလက်ာ္ မွတ္ သားကာ လက်ာ္ရစ္ေခြ ဖူးၾကပါ။

 

(၁) ဦးစြာပထမ (အေရွ႕အရပ္) ကကုသႏၶ ဘုရားဖူးၾကပါ။

(၂) ဒုတိယမွာ (ေတာင္အရပ္) ေကာဏာ ဂမဏဘုရား ဖူးၾကပါ။

(၃) တတိယမွာ (အေနာက္အရပ္) ကႆပ ဘုရား ဖူးၾကပါ။

(၄) စတုတၳမွာ (ေျမာက္အရပ္) ေဂါတမ ဘုရား ဖူးၾကပါ။

 

သိထား မွတ္ထားရန္ ခံစားရန္အဓိပၸာယ္ အက်ဥ္း

ရွိခိုးသည္ = ေလးစား႐ိုေသပါသည္ ဘုရား။

ပူေဇာ္သည္ = ဝတၳဳပစၥည္းမ်ား ကပ္လွဴ ပါသည္ဘုရား။

ဖူးေျမာ္သည္ = သက္ရွိထင္ရွား အာ႐ံုပြား ကာ ေတြ႕ဆံုဆည္းကပ္သည္။

ကန္ေတာ့သည္= မသိအမွား သိ၍အမွား မ်ားကို ခြင့္လြတ္ပါေစျခင္း အက်ိဳးငွာ ဝန္ခ်ေတာင္း ပန္ပါသည္။

ယခုဆိုလွ်င္ စနစ္တက် အစီအစဥ္အတိုင္း ဘုရားဖူးႏိုင္ရန္ ျမတ္စြာဘုရားရွင္တို႔၏ တည္ေနရာျပ ေျမပံုအညႊန္းႏွင့္ သရဏဂံုတည္ျခင္း အက်ဥ္းအားျဖင့္ သီလတည္ေဆာက္ျခင္းမ်ားႏွင့္ ခံစားရန္ အဓိပၸာယ္ အက်ဥ္းမ်ားကို သိရၿပီျဖစ္ေသာေၾကာင့္ ပြဲဝင္ရန္ အဆင္သင့္ ျဖစ္ပါၿပီ။ ေျမပံုအညႊန္းအတိုင္း ရွင္ေတာ္ ေဂါတမ အာ႐ံုခံတန္ေဆာင္းမွ ထြက္ခြာခဲ့ၿပီး အေရွ႕ အရပ္ရွိ ကကုသႏၶဗုဒၶျမတ္စြာ ဘုရား၏ နိမၼိတ ႐ုပ္ပြားေတာ္  အာ႐ံုခံတန္ေဆာင္းသို႔ ဝင္ေရာက္ကာ ႐ုပ္ပြားေတာ္ျမတ္ႀကီး ေရွ႕တူ႐ႈတြင္ ေနရာယူ ထိုင္ လိုက္ပါသည္။

အသင့္ယူေဆာင္လာေသာ တံခြန္ကုကၠား မ်ားထဲမွ တစ္စံုကို ထုတ္ယူလိုက္ၿပီး (တံခြန္ ကုကၠား ဆိုသည္မွာ အေနကဇာ တင္ေသာအခါ ဘုန္းေတာ္ ႀကီးမ်ား ကိုင္၍ပူေဇာ္ေသာ တံခြန္ကုကၠား အေသး တစ္စံုျဖစ္ပါသည္။ ေရႊထီးႀကီး ေငြထီးႀကီး တံခြန္လံုး ႀကီးမ်ား မပါဝင္ပါ။ ထိုတံခြန္ကုကၠားတြင္ အုန္းတစ္ ညႊန္႔၊ သေျပတစ္ညႊန္႔၊ မိမိေမြးနံ ပန္းတစ္ညႊန္႔ကို အေသအခ်ာ ပူးတြဲခ်ည္ရပါမည္။ ႀကိဳတင္ဝယ္ၿပီး ႀကိဳတင္စီစဥ္ယူလာရပါမည္။ ေရႊတိဂံုတြင္ ေလးစံု၊ ?ဗိုလ္တေထာင္တြင္ ေလးစံု၊ ေပါင္း ရွစ္စံု ဝယ္ရ ပါမည္)

လက္အုပ္ခ်ီမိုးကာ ယခုလို ရွိခိုးကန္ေတာ့ ပါသည္။

(နေမာတႆ ဘဂဝေတာ အရဟေတာ သမၼာသမၺဳဒၶႆ)၃

– ဗုဒၶံသရဏံ ဂစၦာမိ၊ ဓမၼံသရဏံ ဂစၦာမိ၊ သံဃံ သရဏံ ဂစၦာမိ။ (ဒု/တ) ထည့္ဆိုပါ)

– ဥေပမိ ဗုဒၶံသရဏံ၊ ဓမၼံသံဃၪၥ နတၲရံ၊ သမာ ဒိယာမိ သီလာနိ။

– ဘေႏၱအရွင္ဘုရား၊ ရိုေသစြာျဖင့္ေလွ်ာက္ ထားအပ္ပါသည္ ဘုရား။

– ဘုရားတပည့္ေတာ္သည္ ဤေနရာ ဤ ႒ာနမွ ေန၍ ကကုသႏၶ ဗုဒၶျမတ္စြာဘုရားအား

သက္ရွိထင္ရွား အာ႐ံုပြားကာ သဒၶါၾကည္ညိဳ ျမတ္ႏိုးယံုၾကည္စြာျဖင့္ ရွိခိုးပါ၏၊ ကန္ေတာ့ပါ၏၊ ပူေဇာ္ပါ၏၊ ေအာင္တံခြန္မ်ား၊ေအာင္ပန္းမ်ား (ကပ္ လွဴပါ၏)၃ (အလွဴခံယူေတာ္မူပါ အရွင္ဘုရား)၃။

(ဣဓံေမပုညံ၊ နဗၺာ နိႆ ပစၥေယာ ေဟာတု)၃

ယခုအခါက ကုသႏၶ ဗုဒၶထံေမွာက္၌ သစၥာ အဓိ႒ာန္ပါရမီဝတ္ကို ျဖည့္ဆည္းၿပီးျဖစ္ပါသည္။ ေျမပံုအၫႊန္းအတိုင္း ေကာဏာဂမဏ အာ႐ံုခံ တန္ ေဆာင္းသို႔ သြားရပါမည္။ ဆိုရမည့္ ေနရာမ်ားတြင္၊ ကကုသႏၶ ဘြဲ႕ေတာ္ေနရာ၌ ေကာဏာဂမဏ ဘြဲ႕ ေတာ္ ေျပာင္းလဲ ဆိုသြားရပါမည္။ ယခုသေဘာ အတိုင္း (ကႆပဗုဒၶ) (ေဂါတမဗုဒၶ) ဘြဲ႕ေတာ္မ်ားကို လည္း ေျပာင္းလဲရြတ္ဆိုရမည္ဟု နားလည္ေစခ်င္ပါ သည္။

 

အစီအစဥ္ (၂)- ဆူးေလေစတီ

ယခုအခါ ဆူးေလေစတီေတာ္သို႔ သြားရပါ မည္။ ေျမပံုအၫႊန္းအတိုင္း အေရွ႕အရပ္ရွိ ေစတီ ေတာ္ ေျခရင္းမွာရပ္ၿပီး ေရႊတိဂံုဓာတ္ေလွကားအနီး ေညာင္ပင္ေအာက္မွ သိဂၤုတၲရကုန္းေတာ္ေပၚရွိ ျမတ္ စြာဘုရားမ်ားကို ဂါရဝျပဳသကဲ့သို႔ ဆူးေလေစတီ ေတာ္တြင္ သီတင္းသံုးေနေတာ္မူေသာ ျမတ္စြာ ဘုရားမ်ားကို ဂါရဝျပဳရပါမည္။ ခြင့္ပန္ၾကားရပါမည္။ အပ္ရာဆိုင္ရာ ပုဂၢိဳလ္ အေပါင္းတို႔ကိုလည္း ခြင့္ပန္ ၾကားရပါမည္။ ဂါရဝျပဳရပါမည္။

(ဆူးေလေစတီေတာ္တြင္ ျမတ္ဘုရား ေလးဆူ ကို ေရလွဴရပါမည္။ တစ္ဆူလွ်င္ တစ္ခါသံုး ေရခြက္ ႏွင့္ ေအာက္ခံပန္းကန္ျပား (ဘုရားတစ္ဆူ တစ္စံု) အားလံုး ေလးစံု။ အိမ္မွ ႀကိဳတင္ျပင္ဆင္ယူခဲ့ပါရန္။ ေရႊတိဂံုမွာဆိုတုန္းက ေအာင္တံခြန္ေအာင္ပန္းမ်ား လွဴပါသည္ဟု ဆိုခဲ့ၿပီး။ ယခု ေသာက္ေတာ္ေရခ်မ္း ဆက္ကပ္လွဴဒါန္းပါသည္ဟု ဆိုရပါမည္။ ေရႊတိဂံု ေစတီမွာကဲ႔သို႔ (ကကုသႏၶ)ၿပီးလွ်င္ (ေကာဏာဂ မဏ)၊ (ကႆပ) (ေဂါတမ)ဟု ေျပာင္းလဲထည့္ဆို သြားရပါမည္။

ဆူးေလေစတီ အစီအစဥ္ၿပီးပါက ပုဇြန္ေတာင္ ၿမိဳ႕နယ္ ေရေက်ာ္ရပ္ကြက္ထဲက ေရႊဘုန္းပြင့္ ေစတီ ေတာ္သို႔ သြားရပါမည္။

 

အစီအစဥ္(၃) ေရႊဘုန္းပြင့္ေစတီ

 

 

ေရႊဘုန္းပြင့္ေစတီ မုခ္ဦးေရွ႕မွာရပ္ၿပီး ေရႊတိဂံု ေစတီ၊ ဆူးေလေစတီေတာ္တို႔မွာကဲ႔သို႔ ပဏာမ ဂါရဝ ျပဳရပါမည္။ ေျမပံုအညႊန္းကို ၾကည့္ပါ။ တနလၤာ ၿဂိဳဟ္တိုင္ အေရွ႕အရပ္ကို ေတြ႕ရလွ်င္ (ကကုသႏၶ ဗုဒၶ) ကို ရည္စူးကန္ေတာ့ရပါမည္။ ဗုဒၶဟူးၿဂိဳဟ္တိုင္ က ေတာင္အရပ္၊ (ေကာဏဂမဏ)၊ ၾကာသပေတး ၿဂိဳဟ္တိုင္က အေနာက္အရပ္၊ (ကႆပဗုဒၶ)၊ ေသာ ၾကာၿဂိဳဟ္တိုင္က ေျမာက္အရပ္ (ေဂါတမ)။

ေရႊဘုန္းပြင့္ ေစတီေတာ္တြင္ နံ႔သာတိုင္ သံုးတိုင္စီ လွဴရပါမည္။ ဖီးၾကမ္းငွက္ေပ်ာသီး မမွည့္ တမွည့္ကို ဝယ္ပါ။ အကြင္းကေလး ေလးခုကြင္းလိုက္ ပါ။ အကြင္းတစ္ကြင္းစီေပၚတြင္ နံ႔သာတိုင္သံုးတိုင္ကို ထိုးစိုက္ၿပီး ဘုရားတစ္ဆူခ်င္းစီတြင္ လွဴသြားႏိုင္ ပါသည္။ ေရႊဘုန္းပြင့္ ေစတီေတာ္တြင္ ေအာင္နန္းစံ ေပ်ာ္ သူေတာ္စင္မ်ား သီတင္းသံုးေနပါေသာ နန္း ေဆာင္ႀကီးရွိပါသည္။ ပုဂၢိဳလ္တစ္ပါးစီတြင္ နံ႔သာတစ္ တိုင္၊ ငွက္ေပ်ာကြင္းကေလးတြင္ ထိုးစိုက္ လွဴဒါန္း ပါေလ။ လွဴၿပီးတိုင္း လိုရာအသံုးျပဳရန္ ဒါနျပဳပါသည္။ လိုရာအသံုးျပဳေတာ္မူပါဗ်ား။ (ဣဓံေမ ပုညံ၊ နိဗၺာန ႆ ပစၥေယာ ေဟာတု)၃ လို႔ စိတ္ပါလက္ပါ ဆိုပါ ေလ။

ျမတ္စြာဘုရာမ်ားကို လွဴေတာ့ ဘယ္လို ဆိုရမလဲ။ ေမ႔မသြားဖို႔ သတိေပးပါရေစ။ ေရႊတိဂံုမွာ လို ဆူးေလမွာ လိုဆိုေပါ့။ ဟုတ္ကဲ႔ …။ ၿပီးရင္ ဗိုလ္တေထာင္ေစတီေတာ္သို႔ သြားၾကပါစို႔။

 

အစီအစဥ္ (၄) ဗိုလ္တေထာင္ေစတီ

 

ဗိုလ္တေထာင္ေစတီေတာ္၏ မုခ္ဦးအဝမွာ ရပ္ၿပီး ေစတီေတာ္အတြင္းမွာ သီတင္းသံုးေနေတာ္ မူၾကေသာ ျမတ္စြာဘုရားမ်ားအား ဂါရဝျပဳရပါမည္။ ခြင့္ပန္ရပါမည္။ သစၥာအဓိ႒ာန္ ပါရမီဝတ္ ျဖည့္ ဆည္းျခင္းအတြက္ ေနရာထိုင္ခင္းမ်ား၊ ခြင့္ျပဳေတာ္ မူၾကပါရန္ အပ္ရာဆိုင္ရာ ပုဂၢိဳလ္အေပါင္းတို႔ကိုလည္း ခြင့္ပန္ရပါမည္။ သည္မွာလည္း ဘယ္လိုခြင့္ပန္ ရမွာလဲ။

ေရႊတိဂံုမွာ၊ ဆူးေလမွာ၊ ေရႊဘုန္းပြင့္မွာလို ေပါ့။ မုခ္ဦးမွဝင္လိုက္ၿပီး ဆံေတာ္တိုက္သို႔မဝင္ဘဲ မိမိ၏ဘယ္ဘက္သို႔ ေကြ႕ဝင္လိုက္ပါ။ တနလၤာၿဂိဳဟ္ တိုင္ကို ေတြ႕ပါမည္။ ထိုအခါ …

ေရႊဘုန္းပြင့္မွာကဲ႔သို႔ဟူ၍ သေဘာေပါက္ လိုက္ပါရန္။ ဗိုလ္တေထာင္တြင္ ဘာလွဴရမလဲ။ ေရႊ တိဂံုမွာတုန္းက ေျပာခဲ့ပါတယ္ေနာ္။ တံခြန္ကုကၠား တစ္စံုစီ လွဴရမယ္လို႔ …ဟုတ္။

အုန္းတစ္ညြန္႔၊ သေျပတစ္ညြန္႔၊ မိမိေမြး နံပန္းတစ္ညြန္႔ ပါရမယ္လို႔လည္း အမွာရွိခဲ႔ပါတယ္ ေနာ္ …။ သို႔ဆိုလွ်င္ ဗိုလ္တေထာင္ေစတီေတာ္ တြင္လည္း ယခင္ ေရႊတိဂံု၊ ဆူးေလ၊ ေရႊဘုန္းပြင့္ မွာကဲ့သို႔ သစၥာ၊ အဓိ႒ာန္ပါရမီ ဝတ္ကို ျဖည့္ဆည္း ႏိုင္ၿပီေပါ့။ ေအာင္ပါၿပီ။

ေရႊတိဂံုေစတီေတာ္သို႔ အျမန္ျပန္သြားစို႔။ ရွင္ေတာ္ေဂါတမ ျမတ္စြာဘုရားအား အဓိ႒ာန္ ေအာင္ခဲ့ပါေၾကာင္း ေလွ်ာက္ထားၾကပါစို႔။ “ဣဓံေမ ပုညံ နိဗၺာနႆ ပစၥေယာေဟာတု” လို႔ဆႏၵေဖာ္က်ဴး ေလွ်ာက္ထားၾကပါစို႔။ ဆုေတာင္းၾကပါစို႔။ ျဗဟၼာ သိၾကား၊ ဘိုးေတာ္ႀကီးမ်ားနဲ႔ ေရႊတိဂံုဘိုးဘိုးႀကီးတို႔ကို လည္း သက္ေသအရာ ရွိခဲ့ၾကျခင္းကို ေက်းဇူးတင္ စကားမ်ား ေျပာၾကပါစို႔။ ကုသိုလ္မ်ားကို မွ်ေဝေပးၾက ပါစို႔။ ေရႊတိဂံု ေစတီေတာ္သို႔ သဒၶါရႊင္လန္းဝမ္းပန္း တသာ သြားၾကပါစို႔။

ေရႊတိဂံု ေစတီေတာ္ အေရွ႕မုခ္ဓာတ္ေလွ ကားမွ တက္ခဲ့ၿပီး မနက္ကကဲ႔သို႔ တနလၤာၿဂိဳဟ္၊ တနဂၤေႏြၿဂိဳဟ္တိုင္မ်ားကို ျဖတ္ေက်ာ္ေလွ်ာက္ခဲ့ ၿပီးေနာက္ ေသာၾကာၿဂိဳဟ္တိုင္ႏွင့္ ကပ္လ်က္ရွိပါ ေသာ၊ ျမတ္စြာဗုဒၶ ေဂါတမ အာ႐ံုခံတန္ေဆာင္းေတာ္ ႀကီးအတြင္းသို႔ ဝင္ေရာက္ၿပီး ယခုလို ေလွ်ာက္ထား ရပါမည္။

(နေမာတႆ ဘဂဝေတာ အရဟေတာ သမၼာသမၺဳဒၶႆ)၃

– ဗုဒၶံသရဏံ ဂစၦာမိ၊ ဓမၼံသရဏံ ဂစၦာမိ၊ သံဃံ သရဏံ ဂစၦာမိ။

– ဒုတိယမိၸ ဗုဒၶံသရဏံ ဂစၦာမိ၊ ဒုတိယမိၸ ဓမၼံသရဏံ ဂစၦာမိ၊ ဒုတိယမိၸ သံဃံသရဏံ ဂစၦာမိ။

– တတိယမိၸ ဗုဒၶံသရဏံ ဂစၦာမိ၊ တတိယမိၸ ဓမၼံသရဏံ ဂစၦာမိ၊ တတိယမိၸ သံဃံသရဏံ ဂစၦာမိ။

– ဥေပမိ ဗုဒၶံသရဏံ၊ ဓမၼံသံဃၪၥ နတၲရံ၊ သမာဒိ ယာမိ သီလာနိ။

ဘေႏၱအရွင္ဘုရား၊ ႐ိုေသစြာျဖင့္ ေလွ်ာက္ ထားအပ္ပါသည္ဘုရား။

ဘုရားတပည့္ေတာ္သည္ အရွင္ျမတ္ထံ၌ သစၥာ အဓိ႒ာန္ျပဳခဲ႔သည့္အတိုင္း (ေရႊတိဂံုေစတီ) (ဆူးေလေစတီ) (ေရႊဘုန္းပြင့္ေစတီ) (ဗိုလ္တေထာင္ ေစတီေတာ္)တို႔တြင္ သီတင္းသံုးလ်က္ရွိေတာ္မူၾက ကုန္ေသာ ျမတ္စြာဘုရား ေလးဆူတို႔အား ယခုအခါ ပူေဇာ္ ရွိခိုးကန္ေတာ့ၿပီး ျဖစ္ပါသည္ဘုရား။

သရဏဂံုသံုးပါး ေဆာက္တည္ခဲ႔ေသာ ကု သိုလ္၊ ငါးပါးေသာ သီလေတာ္မ်ား ေဆာက္တည္ခဲ့ ေသာ ကုသိုလ္၊ ေအာင္တံခြန္မ်ား၊ ေအာင္ပန္းမ်ား၊ ေအာင္ ေသာက္ေတာ္ေရခ်မ္းမ်ား၊ ေအာင္ နံ႔သာတိုင္ မ်ား လွဴဒါန္းခဲ႔ေသာ ကုသိုလ္မ်ားႏွင့္ သစၥာအဓိ႒ာန္ ပါရမီဝတ္ကို သတ္မွတ္ခ်ိန္ကာလအတြင္း ေအာင္ ျမင္စြာ ျဖည့္ဆည္းႏိုင္ခဲ့ေသာ ေကာင္းမႈမ်ား၏ အက်ိဳး အားသည္ ဒုကၡခပ္သိမ္း၊ ေဒါသခပ္သိမ္းတို႔ ကင္းရာ ၿငိမ္းရာ ခ်ဳပ္ရာ သိမ္းရာ ျဖစ္ေတာ္မူပါေသာ၊ အသခၤတဓာတ္နိဗၺာန္ျမတ္သို႔ ေရာက္ပါေစေၾကာင္း၊ ေကာင္းေသာ အေထာက္အပံ့ (ျဖစ္ပါေစသတည္း)၃ အရွင္ျမတ္စြာဘုရား။ (နိဗၺာနႆ ပစၥေယာ ေဟာ တု)၃

ထို႔ေနာက္ သဒၶါရႊင္လန္းဝမ္းသာစြာႏွင့္ (၁) သက္ေသအရာ၌ တည္ရွိေပးခဲ့ေသာ ပုဂၢိဳလ္မ်ား၊ နတ္မင္းႀကီးမ်ားႏွင့္ အမိအဖမ်ား၊ (၂) ဝသုေႁႏၵ နတ္ မင္းႀကီးႏွင့္ ငရဲသနင္း ယမမင္းႀကီး၊ (၃) ၃၁ ဘံုသား အားလံုးတို႔ကို …မိမိ၏ရင္တြင္းျဖစ္ စကားႏွင့္ အမွ် ေပးေဝ ဒါနျပဳပါသည္။ ၿပီးေသာ္ …ေလးေလး နက္နက္ ယံုယံုၾကည္ၾကည္ ဝမ္းသာအားရ ဤသို႔ ရင့္က်ဴးဆႏၵျပဳလိုက္ပါ၏။

ဣဓံ ေမ ပုညံ။

(နိဗၺာ နႆ၊ ပစၥေယာ ေဟာတု)၃

သမၼာဆႏၵဟူသမွ်၊ ျပည့္ဝခ်မ္းသာ ေအာင္ ၾကပါေစ၊ ေအာင္ပါေစေသာ္ဝ္

 

ပါရမီရွင္ ဆရာပုဏၰက

 (ေရႊေက်ာင္းေတာ္-က်ိဳက္ေထာ္)

 

Unicode Version

 

ဘုရားလေးဆူ သစ္စာအဓိဌာန်ပါရမီကျင့်စဉ်
** ပါရမီရှင်ဆရာပုဏ္ဏက **

*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*

ရှစ်ဆယ့်ရှစ် အရေးတော်ပုံကြီး စဖြစ်က တည်းက အနုပညာလုပ်ငန်းတွေ အလုပ်မဖြစ်တော့ လို့ စားဝတ်နေရေးတွေ ကျပ်တည်းခဲ့တာ အရေး တော်ပုံတွေ ကိုယ်ရှိန်သတ်လို့ နိုင်ငံတော် ငြိမ်ဝပ်ပိ ပြားမှု တည်ဆောက်ရေးဆိုတဲ့ စကားလုံးသစ်ကြီး ထွန်းကားလာတဲ့ အချိန်အထိ အနုပညာ လုပ်ငန်း တွေက ယောင်လည်လည် ဖြစ်နေတုန်းပါပဲ။
အိမ်ရှင်မ “ညွန့်မေ”ရဲ့ အမြော်အမြင်ကြီးမှု တွေကြောင့်သာ အိမ်ဆိုင်ကလေး ဖွင့်ဖြစ်ခဲ့လို့ သီချင်း မရေးရလည်း ထမင်းနပ်မှန်တော့ စားဖြစ်ခဲ့ရပါရဲ့။ သီချင်းရေးရမှ ထမင်းလည်းစားရ၊ အိမ်ထောင်ရေး လည်း အဆင်ပြေ။ သီချင်းမရေးရတော့ ဝင်ငွေမရှိ။ လူမှုစရိတ်တွေကိုလည်း အပြေအလည် မရှင်းလင်း နိုင်တော့ ဘဝကလည်း ဂယောင်ချာချာ။ စိတ်က လည်း ဂယောင်ချောက်ချား။ ဟုတ်တိပတ်တိလည်း အဓိဋ္ဌာန်တွေမဝင်ဖြစ်။ တည်တည်တန့်တန့်လည်း ပုတီးမစိပ်ဖြစ်။ အိမ်မှာလည်း ငြိမ်ငြိမ် ထိုင်မနေ တတ်။ ရွှေတိဂုံ၊ ဆူးလေ၊ ရွှေဘုန်းပွင့်၊ ဗိုလ်တ ထောင် စေတီတွေ ဆီသွားလိုက် ဟိုနားထိုင် သည် နားထိုင် ပြန်လာ။ အဲသည်လို ဖြစ်နေချိန် … မေဃဝတီဆရာတော်ကြီးက အဓိဋ္ဌာန်တစ်ခု ဝင်ခိုင်း ခဲ့တာကို အမှတ်တရ ရှိမိနေတယ်။ သတိတရ ဖြစ်မိ နေပါတယ်။

ကျေးဇူးတော်ရှင် မေဃဝတီဆရာတော် ကြီး ဘဝနတ်ထံသို့ ကြွမြန်း စံမြန်းနေသည်မှာ ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်ဆိုလျှင် (၁၅)နှစ် ပြည့်ပါမည်။ သက်တော်အားဖြင့် ရှိနေမယ်ဆိုလျှင် သက်တော်(၁၀ဝ)၊ ရာပြည့်၊ ကျေးဇူးတော်ရှင် ဆရာသခင်ရဲ့ကျေးဇူး အလီလီ။ အထွေ ထွေအပြားပြား များလှစွာရှိခဲ့သည်ကို သားသမီး မြေးမြစ်အပေါင်း ဒကာ၊ ဒကာမအပေါင်းတို့က “ဂုဏ်ရည်ရည်စူး၊ အထူး ပူဇော်ပွဲကြီးကို မေဃဝတီ ကျောင်းတော်ကြီးတွင် ပေါင်းစုလို့ ကောင်းမှုပြုရန် စီစဉ်နေကြပြီဆိုတာ နေ့စဉ်နှင့်အမျှ ကြားသိနေရ သည်ကြောင့်လည်း၊ ဆရာတော်ကြီးရဲ့ ကျေးဇူးတွေ ကို ပိုမိုသတိရခြင်းတွေ ဖြစ်မိနေရပါတော့တယ်။
အမှတ်တရ များစွာတွေထဲက အမှတ်တရ တစ်ခုရဲ့ အဆန်းတကျယ် ဖြစ်မှုတစ်ခုကို ယနေ့တိုင် ခံစားနေရပြီး သတိတရ ဖြစ်မိတိုင်း၊ ခံစားရတိုင်း လည်း ဆရာတော်ကြီး စေခိုင်းတဲ့အတိုင်း အဓိဋ္ဌာန် တွေ ယနေ့ထက်တိုင် တစ်မျိုးမဟုတ်တစ်မျိုး ဝင် လျက်ရှိနေမိပါသည်။
ဆရာတော်ကြီး စေခိ်ုင်းတဲ့ အဓိဋ္ဌာန်ကို တစ်ပတ်တစ်ကြိမ်၊ သုံးကြိမ်မြောက် ဝင်လို့လည်း ပြီးရော ကျွန်တော့် ဘဝအပြောင်းအလဲတွေက မယုံ နိုင်လောက်အောင် ပြောင်းလဲသွားခဲ့တာ။ အခုပြန် တွေး အခုကြက်သီးတွေထ၊ အခုအံ့ဩ? အခု မယုံ နိုင်စရာ ဖြစ်နေရပြီး အဲသည်လို ဖြစ်ရတိုင်းလည်း ဆရာတော်ကြီးရဲ့ ကျေးဇူးဂုဏ်တွေကို ရည်မြော်မှန်း ဆ ဦးနှိမ်ချကာ ရှိခိုးမိလိုက်သည်ချည်း ဖြစ်နေရပါ သည်။
ဆရာတော်ကြီး စေခိုင်းတဲ့ အဓိဋ္ဌာန်က ရိုး ရိုးကလေးပါပဲ။ ကျွန်တော်သွားနေကျ ရွှေတိဂုံ၊ ဆူးလေ၊ ရွှေဘုန်းပွင့်၊ ဗိုလ်တထောင်စေတီတော် တွေကို အစီအစဉ်အတိုင်းသွား၍ အဓိဋ္ဌာန်ပြုပြီး နေ့ ချင်းပြီး ဖူးမြော်လှူဒါန်း ရတာပါ။ ကျွန်တော့်အဖို့ အမှတ်တရ အဆန်းတကျယ်လည်းဖြစ်၊ အံ့ဩခြင်း ဖြစ်ရတာလည်း နှစ်ခုရှိနေပါတယ်။ တစ်ခုက အဓိဋ္ဌာန် တွေဝင်ပြီးတိုင်း ဆုအမျိုးမျိုး ကျွန်တော်တောင်းတတ် လေ့ရှိတယ်ဆိုတာကို ဆရာတော်ကြီး ကြိုတင်သိနေ ခြင်းကို ပြန်တွေးမိတော့ ရယ်စရာကြီး ဖြစ်ရတာ လည်းရှိရဲ့။
“ကျွန်တော့်ကို ‘ညွန့်မေ’ သဝန်တိုခြင်း တွေ ကင်းပါစေ။ ရန်ဖြစ်ကြခြင်း ဘေးဆိုးများမှ ကင်းဝေးရပါစေ”
“စကားမပြော နားမကြားကြတဲ့ ကလေး လေးတွေရဲ့ ကျောင်းစရိတ်၊ စားစရိတ်တွေ ပြေလည် အောင် ငွေတွေရချင်ပါတယ်၊ သီချင်းတွေ အများကြီး ရေးခိုင်းသူတွေနဲ့ အမြန်တွေ့ရပါစေ”
“သီချင်းတွေရေးတဲ့ အလုပ်က စားရေး ဝတ် ရေးတွေ မပြည့်စုံပါဘုရား၊ သိဒ္ဓိရှင် မဟိဒ္ဓိရှင်တွေ လို ဥုံဖွ ဆိုတာနဲ့ အကုန်ရတဲ့ ပုဏ္ဏက ဖြစ်ချင် ပါတယ်ဘုရား”
အဲသည်လို ဆုတောင်းလေ့ရှိတာကို ဆရာ တော်ကြီး ဘယ်လိုသိသလဲ မပြောတတ်ပေါင်ဗျာ။
“လူကလေး ပုဏ္ဏက …အဓိဋ္ဌာန်ပါရမီ ဆောက်တည်တိုင်း ပေါက်တောက်ကရ ဆုတောင်း တာတွေ မလုပ်ရဘူး” “အသေအချာ နားထောင်ပါ၊ လိုက်နာပါ လူကလေး”
“ဣဓံမေပုညံ နိဗ္ဗာနဿ ပစ္စယောဟောတု”လို့သာ ဆိုပါ။ ဆုတောင်းပါ လူကလေး။ နိဗ္ဗာန် သို့ ရောက်ကြောင်း ကောင်းသော အထောက်အပံ့ ဖြစ်ပါစေလို့ ဆန္ဒပြုထားမှတော့ ကျန်တဲ့ ဖြစ်ချင်မှု ဆန္ဒအသီးသီးတွေဟာ စီကာစဉ်ကာ ဖြစ်လာတတ် အကျိုးပေးလာတတ်ပါတယ် ဆိုတာ အလေးအနက် ယုံကြည်ထားဖို့ လိုအပ်တယ်ကွယ့်”
“သစ္စာ အဓိဋ္ဌာန် ပါရမီဖြည့်ဆည်းရာမှာ ဆန္ဒလည်း ရှိရမယ်။ မပျက်မယွင်း မကျိုးမပေါက်တဲ့ သစ္စာလည်း တည်ရမယ်။ ဆုတောင်းလည်း မှန်ရ မယ်”
မှတ်ထားနော် လူကလေး။ “နိဗ္ဗာ နဿ ပစ္စယောဟောတု”။ ဆရာတော်ကြီးရဲ့ အမှာစကား များက အခုပင်ကဲ့သို့ နားထဲမှာကြားယောင်မိကြား မိနေသည်ဖြစ်နေပါသည်။ အမှတ်တရ နောက်တစ် ခုက ပုဏ္ဏက တစ်ယောက် ?မမျှော်လင့်ဘဲ ရင်းနှီး လုပ်ကိုင်စားဖို့ ငွေကြေးတွေ အကူအညီရရှိခဲ့ပြီး ဝင်ဒါမီယာ သံလွင်လမ်းမကြီးပေါ်မှာ အတော့်ကို ထင်ရှားခဲ့တဲ့ အောင်မြင်ခဲ့တဲ့ ပုဏ္ဏက “လဖေ့ရေ” ဆိုင်ဖွင့်နိုင်ပြီး ပြေလည်ခဲ့ရတဲ့အဖြစ်။ (နေ့ချင်းညချင်း တော့မဟုတ်) သုံးလလောက်မှ ဖြစ်ခဲ့ရတဲ့ အမှတ် တရ တစ်ခုပါဗျာ။
အဲသည့် အမှတ်တရကလေးနှစ်ခုအတွက် ကျွန်တော် အဓိဋ္ဌာန်ဝင်ခဲပုံကလေးကို ပြောပြချင် တာပါ။ အသေးစိပ်ကို ပြောပြချင်တာပါ။ ကျွန်တော့် လို အကျပ်အတည်း ကြုံတွေ့နေကြသူများ ရှိနေပါ က ကျွန်တော့်လိုပဲ ကြုံတွေ့နေတဲ့ အကျပ်အတည်း တွေထဲက လွတ်မြောက် အေးချမ်းစေချင်တဲ့ ဆန္ဒ တွေ ရင်ထဲမှာ ဖြစ်ပေါ်လာလို့ပါ။ နောက်တစ်ခုက ဆရာတော်ကြီးကို လွမ်းလို့။ အလွမ်းပြေကျေးဇူး ဂုဏ်ရည်တွေ ရည်စူးဖူးမြော်ကြည်ညို ကျေးဇူးဆပ် ချင်လို့?ဆရာတော်ကြီး ဝင်ခိုင်းတဲ့ အဓိဋ္ဌာန်ဝင်နည်း ကလေးတစ်ခုကို ရေးပြချင်တာပါ။ သူတော်ကောင်း ပရိသတ်တို့အတွက် တန်ဖိုးကြီးကြီး ရလိမ့်မယ်လို့ ယုံကြည်မိပါကြောင်း။ ခေါင်းစဉ်က …
“နိဗ္ဗာ နဿ ပစ္စယော ဟောတု”
သည်ကနေ့ အဓိဋ္ဌာန်ဝင်ရမည့်နေ့၊ ရွှေတိဂုံ စေတီတော် အရှေ့မုခ်ရှိ ဓာတ်လှေကား ရှေ့သို့ မနက် လေးနာရီကျော်ကျော်ထဲက ရောက်နေခဲ့ သည်။ ဓာတ်လှေကားသည် တစ်ခါတစ်ရံ လေးနာ ရီခွဲတွင် ဖွင့်သည်။ တစ်ခါတစ်ရံမှာတော့ ငါးနာရီမှ ဖွင့်တတ်သည်ဟု သတိထားမိပါသည်။ အများအား ဖြင့် စောင်းတန်းမှသာ သွားသွားလာလာ ရှိခဲ့ပါသော ကြောင့် ဓာတ်လှေကား အချိန်ကို မသိခဲ့။ မသိခဲ့ သောကြောင့်သာ ယခုကဲ့သို့ စောစောလာခဲ့ခြင်း ဖြစ်ပါသည်။
ကျွန်တော့်ထက် ဝီရိယကောင်းသော ဘုရားဖူး ပရိသတ်ကို တွေ့ရသည်။ ဆယ်ယောက်ခန့် ရှိမည် ထင်ပါသည်။ ကျွန်တော်က ဓာတ်လှေကား အနီးရှိ ညောင်ပင်ကြီး အောက်သို့ လျှောက်ခဲ့သည်။ အဓိဋ္ဌာန် ဝင်ရာတွင် အသုံးပြုမည့် ပစ္စည်းများ၊ လှူမည့် တံခွန် ကုက္ကားများပါသော ပလတ်စတစ် ခြင်းကလေးကို မြေသို့ချကာ ခြေအစုံကို ရပ်သည်။ လက်အစုံကို ဦးထိပ်မှာ မိုးသည်။ ရှေ့၌ရှိသော သိင်္ဂုတ္တရကုန်း တော်ပေါ်မှ ရွှေတိဂုံစေတီတော်ကြီးကို လှမ်းမြော် ကြည်ညိုပြီး မျက်လုံးကို ဖွဖွမှိတ်ကာ အာရုံကို စုစည်း လိုက်ပြီးနောက် ပဏာမ ဂါရဝပြုပါသည်။

ပဏာမ ဂါရဝ (၁)
ဩကာသ-ဩကာသ – ဩကာသ (နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗု ဒဿ)၃
ဗုဒ္ဓမြတ်စွာ ဘုရားရှင်တော်မြတ်တို့အား ဤ နေရာမှ ဤဌာနမှ နေပြီးသက်ရှိ ထင်ရှားအာရုံ ပွားကာ ရိုသေစွာဖြင့် ရှိခိုးပါ၏။ ကန်တော့ပါ၏။ ခွင့်ပန်ကြား အပ်ပါ၏ အရှင်ဘုရား။ ဘုရားတပည့် တော်သည် သံသရာဝဋ်ဆင်းရဲ အပေါင်းတို့မှ လွတ် မြောက်ပါရစေခြင်း အကျိုးငှာလည်းကောင်း၊ ဒုက္ခ ခပ်သိမ်း ဒေါသခပ်သိမ်းတို့မှ ကင်းရာငြိမ်းရာ ချုပ်ရာ သိမ်းရာ ဖြစ်တော်မူပါသော အသင်္ခတဓာတ် နိဗ္ဗာန် မြတ်သို့ရောက်ပါစေကြောင်းကောင်းသောအထောက် အပံ့ဖြစ်ပါစေခြင်း အကျိုးငှာလည်းကောင်း သစ္စာ အဓိဋ္ဌာန် ပါရမီများကို ဆောက်တည်လိုပါသော ကြောင့် အရှင်မြတ်စွာဘုရားများ ရှေ့တော်မှောက်သို့ ဦးနှိမ်မာန်ချ ရောက်လာခြင်း ဖြစ်ပါသည်ဘုရား။ ဩကာသ ဩကာသ ဩကာသ ခွင့်ပြုတော်မူပါ ဘုရား… ခွင့်ပြုတော်မူပါဘုရား ခွင့်ပြုတော်မူပါ ဘုရား။
(သမ္ဗုဒ္ဓေ ဂါထာတော်ကြီး ဆက်ဆိုက ပိုကောင်းပါသည်။ အဲသည့်တုန်းက မဆိုတတ်သေး ၍ မဆိုဖြစ်ခဲ့ပါကြောင်း)

ပဏာမ ဂါရဝ (၂)
ရွှေတိဂုံစေတီတော်ကြီးနှင့် အပ်ရာဆိုင်ရာ ပုဂ္ဂိုလ်အပေါင်းတို့အား ရည်စူးပြီး ရိုသေစွာဖြင့် ခွင့်ပန် ကြားအပ်ပါသည်ဗျား။
ဘုရား?တရား သံဃာ?ရတနာမြတ်သုံးပါးတို့ အား အမှန်တကယ် ယုံကြည်စွာ လေးစားစွာဖြင့် ကိုးကွယ်ဆည်းကပ်ပါသော (မိမိ၏ မွေးနံကိုထည့်ရန်) ဥပမာ – (တနင်္လာနေ့ဖွား) ကျွန်တော်သည် ရွှေတိဂုံ စေတီတော်ကြီးတွင် သစ္စာအဓိဋ္ဌာန် ပါရမီဝတ်တို့ကို ဖြည့်ဆည်းလိုပါသောကြောင့် (နေရာထိုင်ခင်းများ ခွင့်ပြုတော်မူပါရန်)၂ ရိုသေစွာဖြင့် ခွင့်ပန်ကြား လျှောက်ထားအပ်ပါ၏။
(တေသံ) = ဆိုခဲ့ပြီးသော ပုဂ္ဂိုလ်အပေါင်း တို့သည် (အံဟံ) = ပါရမီရှင် သားတပည့်၏ ရိုသေ သမှု ဂါရဝပြုမှုများတို့ကို စံမြန်းကြရာ?ဘုံဗိမာန်နန်း စခန်းအသီးသီးမှနေ၍ ကြားကြပါစေ၊?သိကြပါစေ၊ မြင်ကြပါစေ၊? တွေ့ကြပါစေ၊ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊?ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေသတည်း။
ဂါရဝ အစီအစဉ်များ ပြီးဆုံးလို့ မကြာမီမှာပဲ ဓာတ်လှေကားဖွင့်သည်ကြောင့် ရင်ပြင်တော်ပေါ်သို့ ရောက်ရန် ဓာတ်လှေကားနှင့် တက်ခဲ့သည်။ နတ် လမ်းအတိုင်း လျှောက်ခဲ့ပြီး ထွက်ပေါက်ရောက်တော့ ညာဘက်ကို ချိုးကွေ့ကာ အနည်းငယ် လျှောက် လိုက်သောအခါ အရှေ့မုခ်စောင်းတန်းမှ တက်လာ သည့် လှေကားများ အဆုံးရှိ ရင်ပြင်နှင့် ထိပ်တိုက် ဆုံသည်။ ဘယ်ဘက်ကို ချိုးကွေ့ပြီး ဆယ်လှမ်းမျှ လှမ်းပြီးနောက် ညာဘက်သို့ ထွက်လိုက်သော် ရွှေတိဂုံ ရင်ပြင်ကျယ်ကြီးပေါ်သို့ ရောက်ပါပြီ။

တနင်္လာဂြိုဟ်တိုင်နှင့် တနင်္ဂနွေဂြိုဟ်တိုင်များကို ကျော်ဖြတ်ပြီးနောက် သောကြာဂြိုဟ်တိုင်သို့ ရောက်သောအခါ ရှင်တော် ဂေါတမ မြတ်စွာဘုရား သီတင်းသုံးတော်မူရာ အာရုံခံ တန်ဆောင်းသို့ ဝင်ရန် လှေကား ငါးထစ်မျှကို လှမ်းနင်းပြီး တန်ဆောင်းတွင်း ရှိ ရှင်တော် ဂေါတမမုနိ ရုပ်ပွားတော်ရှေ့ တူရူတွင် နေရာယူ ထိုင်လိုက်ပါသည်။
သံဃာစင်ပေါ်တွင် သံဃာတော် နှစ်ပါးတို့ နေရာယူ ဘုရားဝတ်ပြုနေပါသည်။ မိသားစုတစ်စု တို့သည်လည်း ဆွမ်းတော်ကပ်နေ၏။ ကျွန်တော် လည်း အစီအစဉ် (၁)အရ သစ္စာအဓိဋ္ဌာန်ပြုရန် လက်အစုံ ဦးထိပ်မိုးပြီး အောက်ပါတို့ကို ဆိုပြီး ရှိခိုး ပါသည်။ ကန်တော့ပါသည်။ ပူဇော်ပါသည်။

အစီအစဉ် နံပါတ် (၁)
(သစ္စာ အဓိဋ္ဌာန် ပန္နက်တည်ခြင်းနှင့် သစ္စာ အဓိဋ္ဌာန် ပါရမီဝတ်ဖြည့်ဆည်းခြင်း)
(နမော တသ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ) သုံးကြိမ်ဆိုပြီးနောက် ဩကာသ အစချီ ကန်တော့ချိုးဖြင့် ဘုရားရှိခိုးပါသည်။ ငါးပါး သီလ ခံယူဆောက်တည်ပြီးသော် အောက်တွင် ဖော် ပြပါ ရှိသည်တို့ကို ဆိုပါသည်။)

 

ဘန္တေအရှင်ဘုရား
ဘုရားတပည့်တော် သစ္စာပြုပါသည် အဓိဋ္ဌာန်ပြုပါသည် ဘုရား။ ဘုရားတပည့်တော်သည် သံသရာဝဋ်ဆင်းရဲ အပေါင်းတို့မှ လွတ်မြောက်ပါ ရစေခြင်း အကျိုးငှာလည်းကောင်း၊? ဒုက္ခခပ်သိမ်း ဒေါသခပ်သိမ်းတို့မှ ကင်းရာငြိမ်းရာ ချုပ်ရာသိမ်းရာ ဖြစ်တော်မူပါသော အသင်္ခတ ဓာတ်နိဗ္ဗာန်မြတ်သို့ ရောက်ပါစေကြောင်း? ကောင်းသော အထောက်အပံ့ ဖြစ်ပါစေခြင်း အကျိုးငှာလည်းကောင်း မင်္ဂလာရှိ သော ယခု အချိန်မှ အစပြု၍ ရွှေတိဂုံစေတီ၊ ဆူး လေစေတီ၊ ရွှေဘုန်းပွင့်စေတီ၊ ဗိုလ်တထောင်စေတီ စုစုပေါင်း စေတီလေးဆူသို့ နေ့ချင်းပြီး သွားရောက် ကာ ထိုစေတီများတွင် သီတင်းသုံးလျက်ရှိနေတော်မူ ကြပါသော ကကုသန္ဓ ဗုဒ္ဓမြတ်စွာဘုရား၊ ကောဏာ ဂမဏ ဗုဒ္ဓမြတ်စွာဘုရား၊ ကဿပ ဗုဒ္ဓမြတ်စွာ ဘုရားနှင့် ဂေါတမမြတ်စွာဘုရားရှင်တို့အား ဖူးမြော် မာန်လျော့ ရှိခိုးပါမည်ဘုရား … ကန်တော့ပါမည် ဘုရား …ပူဇော်ပါမည်ဘုရား။
ဤမှန်သော သစ္စာစကားကို ဘိုးတော် ဗြဟ္မာ၊ ဘိုးတော် သိကြား၊ ဝိဇ္ဇာ ရှစ်သောင်း ဆရာ အပေါင်း၊ ရသေ့ရှစ်သောင်း ဆရာကောင်းများနှင့် ကိုယ်စောင့်နတ်မင်းများ၊ အထူးအစောင့်အရှောက် ပုဂ္ဂိုလ်များ၊ ဝသုန္ဒြေ နတ်မင်းကြီး၊ ငရဲသနင်း ယမ မင်းကြီးနှင့် ရွှေတိဂုံဘိုးဘိုးကြီးတို့အား (သက်သေပြု ပါ၏)၃ (သက်သေဖြစ်တော်မူကြပါစေ ကုန်သတည်း)၃

သစ္စာအဓိဋ္ဌာန်ပါရမီ ဝတ်ဖြည့်ဆည်းခြင်း
(အစီအစဉ် ၁- ရွှေတိဂုံ)

 

ယခုအခါ သစ္စာအဓိဋ္ဌာန် ပန္နက်တင်ပြီးပြီ ဖြစ်ပါသောကြောင့် အစီအစဉ်အတိုင်း သစ္စာ အဓိဋ္ဌာန် ပွဲဝင်ရတော့မည်ဖြစ်ပါသည်။ ထိုစဉ်အခါက ကျွန်တော်သည် သာသနာတော်၌ လိမ္မာယဉ်ပါးခြင်း မရှိသေးရာကား ကျွန်တော်၏ ဉာဏ်ရည်အလိုက် ချီးမြှင့်လိုက်သော သစ္စာအဓိဋ္ဌာန်ပွဲဝင်နိုင်ရန် စေတီ တော်များမှ ဘုရားလေးဆူတော်ကို ဖူးမြော်နည်း၊ ခွင့်ပန်နည်း၊ အကျဉ်းနည်းနှင့် သရဏဂုံတည်ခြင်း၊ သီလဆောက်တည်ခြင်း လှူဖွယ်ဝတ္ထု ကပ်လှူရာ တွင် ဆိုခြင်းစသည်တို့ကို ဆရာတော်ကြီးက အသေအချာ သင်ပေးပါသော်လည်း ဉာဏ်ရည်မမီ သော ကျွန်တော်သည် အလွယ်မှတ် အလွယ်ခံစားပြီး အဓိဋ္ဌာန်ဝင်ခဲ့ရပါ၏။ ကျွန်တော် ကံကောင်းခဲ့ပါ၏။ ချီးမွမ်းမခံခဲ့ရသော်လည်း အငေါက်အဆူတော့ မခံခဲ့ ရပါ။
“လူကလေး ပုဏ္ဏက …ဆိုခဲ့တာတွေက ဟန်တော့မကြီးဘူးကွယ့်။ ဘာသာသာသနာ အမှု ဆိုတာ ပကာသန ဟိတ်ဟန်တွေ မကြီးသင့်ဘူး။ မချဲ့သင့်ဘူး။ သတိချပ်ရမယ်။ ဘာသာ သာသနာ အမှုကိစ္စတိုင်းမှာ ဘုရား၊ တရား၊ သံဃာကို ဦးထိပ် ပန်ဆင်ရမယ် “သဒ္ဓါ”ဆိုတဲ့ ကံနှင့် ကံ၏အကျိုး တရားကို ယုံကြည်မှုဟာ ပဓာန အဓိကကျစေရမယ်။ ဟိတ်ဟန်တွေကြီးဖို့ အဓိကမကျပါဘူးကွယ်။ စိတ် သဏ္ဌာန်တွေက ဖြူစင်နေရမယ်။ ရိုးသားရမယ်။ သန့်ရှင်းရမယ်။ ခန့်ခန့် ထည်ထည် အိန္ဒြေတွေ ရှိရ မယ်”
“စည်းကမ်းနဲ့ အဓိပ္ပာယ်တွေ မပြည့်စုံပေမယ့် ရိုးသားမှုနဲ့ ယှဉ်တွဲနေတဲ့ အနီးကပ်ဆုံး မှန်ကန်မှု တွေပါနေလို့ ဂါထာတော်တွေအပေါ် လူကလေးရဲ့ ခံစားမှုဟာ မချီးမွမ်းထိုက်ပေမယ့် ခွင့်လွှတ်နိုင်တဲ့ သဒ္ဓါကြည်ညိုမှုလို့တော့ အသိအမှတ်ပြုနိုင်ပါတယ် ကွယ့်”

(သဒ္ဓါရွှင်တိုင်း ဆိုချင်ရာ မဆို။ ဆိုလိုရင်းကို လိုတို ရှင်းစွာ အဓိပ္ပာယ်ခံစားပြီး ဆိုခဲ့ ပွဲဝင်ခဲ့သော ဂါထာများ)

အကျဉ်းနည်းဖြင့် သရဏဂုံတည်ခြင်း သီလခံယူ ခြင်းဂါထာ။

ဥပေမိ ဗုဒ္ဓံ သရဏံ၊
ဓမ္မံ သံဃဉ္စ နူတ္တရံ၊
သမာဒိ ယာမိ သီလာနိ။

(ဘန္တေအရှင်ဘုရား ဘုရား တပည့်တော် သည် သရဏဂုံ သုံးပါးနှင့်တကွ (အင်္ဂါငါးပါး)နှင့် ပြည့်စုံတော်မူပါသော သီလတော်မြတ်ကို မြတ်နိုးစွာ လေးစားစွာဖြင့် ဆောက်တည်ပါ၏။ ကိုးကွယ်ဆည်း ကပ်ပါ၏။ မကျိုးမပေါက်စေရန်လည်း သတိဖြင့် စောင့်ရှောက်ထိန်းသိမ်းပါ၏ အရှင်မြတ်စွာဘုရား။
စေတီတိုင်းမှာ ဖူးမြော်ရာ ဗုဒ္ဓလကျာ် မှတ် သားကာ လကျာ်ရစ်ခွေ ဖူးကြပါ။

(၁) ဦးစွာပထမ (အရှေ့အရပ်) ကကုသန္ဓ ဘုရားဖူးကြပါ။
(၂) ဒုတိယမှာ (တောင်အရပ်) ကောဏာ ဂမဏဘုရား ဖူးကြပါ။
(၃) တတိယမှာ (အနောက်အရပ်) ကဿပ ဘုရား ဖူးကြပါ။
(၄) စတုတ္ထမှာ (မြောက်အရပ်) ဂေါတမ ဘုရား ဖူးကြပါ။

သိထား မှတ်ထားရန် ခံစားရန်အဓိပ္ပာယ် အကျဉ်း
ရှိခိုးသည် = လေးစားရိုသေပါသည် ဘုရား။
ပူဇော်သည် = ဝတ္ထုပစ္စည်းများ ကပ်လှူ ပါသည်ဘုရား။
ဖူးမြော်သည် = သက်ရှိထင်ရှား အာရုံပွား ကာ တွေ့ဆုံဆည်းကပ်သည်။
ကန်တော့သည်= မသိအမှား သိ၍အမှား များကို ခွင့်လွတ်ပါစေခြင်း အကျိုးငှာ ဝန်ချတောင်း ပန်ပါသည်။
ယခုဆိုလျှင် စနစ်တကျ အစီအစဉ်အတိုင်း ဘုရားဖူးနိုင်ရန် မြတ်စွာဘုရားရှင်တို့၏ တည်နေရာပြ မြေပုံအညွှန်းနှင့် သရဏဂုံတည်ခြင်း အကျဉ်းအားဖြင့် သီလတည်ဆောက်ခြင်းများနှင့် ခံစားရန် အဓိပ္ပာယ် အကျဉ်းများကို သိရပြီဖြစ်သောကြောင့် ပွဲဝင်ရန် အဆင်သင့် ဖြစ်ပါပြီ။ မြေပုံအညွှန်းအတိုင်း ရှင်တော် ဂေါတမ အာရုံခံတန်ဆောင်းမှ ထွက်ခွာခဲ့ပြီး အရှေ့ အရပ်ရှိ ကကုသန္ဓဗုဒ္ဓမြတ်စွာ ဘုရား၏ နိမ္မိတ ရုပ်ပွားတော် အာရုံခံတန်ဆောင်းသို့ ဝင်ရောက်ကာ ရုပ်ပွားတော်မြတ်ကြီး ရှေ့တူရှုတွင် နေရာယူ ထိုင် လိုက်ပါသည်။
အသင့်ယူဆောင်လာသော တံခွန်ကုက္ကား များထဲမှ တစ်စုံကို ထုတ်ယူလိုက်ပြီး (တံခွန် ကုက္ကား ဆိုသည်မှာ အနေကဇာ တင်သောအခါ ဘုန်းတော် ကြီးများ ကိုင်၍ပူဇော်သော တံခွန်ကုက္ကား အသေး တစ်စုံဖြစ်ပါသည်။ ရွှေထီးကြီး ငွေထီးကြီး တံခွန်လုံး ကြီးများ မပါဝင်ပါ။ ထိုတံခွန်ကုက္ကားတွင် အုန်းတစ် ညွှန့်၊ သပြေတစ်ညွှန့်၊ မိမိမွေးနံ ပန်းတစ်ညွှန့်ကို အသေအချာ ပူးတွဲချည်ရပါမည်။ ကြိုတင်ဝယ်ပြီး ကြိုတင်စီစဉ်ယူလာရပါမည်။ ရွှေတိဂုံတွင် လေးစုံ၊ ?ဗိုလ်တထောင်တွင် လေးစုံ၊ ပေါင်း ရှစ်စုံ ဝယ်ရ ပါမည်)
လက်အုပ်ချီမိုးကာ ယခုလို ရှိခိုးကန်တော့ ပါသည်။
(နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ)၃
– ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ။ (ဒု/တ) ထည့်ဆိုပါ)
– ဥပေမိ ဗုဒ္ဓံသရဏံ၊ ဓမ္မံသံဃဉ္စ နတ္တရံ၊ သမာ ဒိယာမိ သီလာနိ။
– ဘန္တေအရှင်ဘုရား၊ ရိုသေစွာဖြင့်လျှောက် ထားအပ်ပါသည် ဘုရား။
– ဘုရားတပည့်တော်သည် ဤနေရာ ဤ ဋ္ဌာနမှ နေ၍ ကကုသန္ဓ ဗုဒ္ဓမြတ်စွာဘုရားအား
သက်ရှိထင်ရှား အာရုံပွားကာ သဒ္ဓါကြည်ညို မြတ်နိုးယုံကြည်စွာဖြင့် ရှိခိုးပါ၏၊ ကန်တော့ပါ၏၊ ပူဇော်ပါ၏၊ အောင်တံခွန်များ၊အောင်ပန်းများ (ကပ် လှူပါ၏)၃ (အလှူခံယူတော်မူပါ အရှင်ဘုရား)၃။
(ဣဓံမေပုညံ၊ နဗ္ဗာ နိဿ ပစ္စယော ဟောတု)၃
ယခုအခါက ကုသန္ဓ ဗုဒ္ဓထံမှောက်၌ သစ္စာ အဓိဋ္ဌာန်ပါရမီဝတ်ကို ဖြည့်ဆည်းပြီးဖြစ်ပါသည်။ မြေပုံအညွှန်းအတိုင်း ကောဏာဂမဏ အာရုံခံ တန် ဆောင်းသို့ သွားရပါမည်။ ဆိုရမည့် နေရာများတွင်၊ ကကုသန္ဓ ဘွဲ့တော်နေရာ၌ ကောဏာဂမဏ ဘွဲ့ တော် ပြောင်းလဲ ဆိုသွားရပါမည်။ ယခုသဘော အတိုင်း (ကဿပဗုဒ္ဓ) (ဂေါတမဗုဒ္ဓ) ဘွဲ့တော်များကို လည်း ပြောင်းလဲရွတ်ဆိုရမည်ဟု နားလည်စေချင်ပါ သည်။

အစီအစဉ် (၂)- ဆူးလေစေတီ

ယခုအခါ ဆူးလေစေတီတော်သို့ သွားရပါ မည်။ မြေပုံအညွှန်းအတိုင်း အရှေ့အရပ်ရှိ စေတီ တော် ခြေရင်းမှာရပ်ပြီး ရွှေတိဂုံဓာတ်လှေကားအနီး ညောင်ပင်အောက်မှ သိင်္ဂုတ္တရကုန်းတော်ပေါ်ရှိ မြတ် စွာဘုရားများကို ဂါရဝပြုသကဲ့သို့ ဆူးလေစေတီ တော်တွင် သီတင်းသုံးနေတော်မူသော မြတ်စွာ ဘုရားများကို ဂါရဝပြုရပါမည်။ ခွင့်ပန်ကြားရပါမည်။ အပ်ရာဆိုင်ရာ ပုဂ္ဂိုလ် အပေါင်းတို့ကိုလည်း ခွင့်ပန် ကြားရပါမည်။ ဂါရဝပြုရပါမည်။
(ဆူးလေစေတီတော်တွင် မြတ်ဘုရား လေးဆူ ကို ရေလှူရပါမည်။ တစ်ဆူလျှင် တစ်ခါသုံး ရေခွက် နှင့် အောက်ခံပန်းကန်ပြား (ဘုရားတစ်ဆူ တစ်စုံ) အားလုံး လေးစုံ။ အိမ်မှ ကြိုတင်ပြင်ဆင်ယူခဲ့ပါရန်။ ရွှေတိဂုံမှာဆိုတုန်းက အောင်တံခွန်အောင်ပန်းများ လှူပါသည်ဟု ဆိုခဲ့ပြီး။ ယခု သောက်တော်ရေချမ်း ဆက်ကပ်လှူဒါန်းပါသည်ဟု ဆိုရပါမည်။ ရွှေတိဂုံ စေတီမှာကဲ့သို့ (ကကုသန္ဓ)ပြီးလျှင် (ကောဏာဂ မဏ)၊ (ကဿပ) (ဂေါတမ)ဟု ပြောင်းလဲထည့်ဆို သွားရပါမည်။
ဆူးလေစေတီ အစီအစဉ်ပြီးပါက ပုဇွန်တောင် မြို့နယ် ရေကျော်ရပ်ကွက်ထဲက ရွှေဘုန်းပွင့် စေတီ တော်သို့ သွားရပါမည်။

 

အစီအစဉ်(၃) ရွှေဘုန်းပွင့်စေတီ

ရွှေဘုန်းပွင့်စေတီ မုခ်ဦးရှေ့မှာရပ်ပြီး ရွှေတိဂုံ စေတီ၊ ဆူးလေစေတီတော်တို့မှာကဲ့သို့ ပဏာမ ဂါရဝ ပြုရပါမည်။ မြေပုံအညွှန်းကို ကြည့်ပါ။ တနင်္လာ ဂြိုဟ်တိုင် အရှေ့အရပ်ကို တွေ့ရလျှင် (ကကုသန္ဓ ဗုဒ္ဓ) ကို ရည်စူးကန်တော့ရပါမည်။ ဗုဒ္ဓဟူးဂြိုဟ်တိုင် က တောင်အရပ်၊ (ကောဏဂမဏ)၊ ကြာသပတေး ဂြိုဟ်တိုင်က အနောက်အရပ်၊ (ကဿပဗုဒ္ဓ)၊ သော ကြာဂြိုဟ်တိုင်က မြောက်အရပ် (ဂေါတမ)။
ရွှေဘုန်းပွင့် စေတီတော်တွင် နံ့သာတိုင် သုံးတိုင်စီ လှူရပါမည်။ ဖီးကြမ်းငှက်ပျောသီး မမှည့် တမှည့်ကို ဝယ်ပါ။ အကွင်းကလေး လေးခုကွင်းလိုက် ပါ။ အကွင်းတစ်ကွင်းစီပေါ်တွင် နံ့သာတိုင်သုံးတိုင်ကို ထိုးစိုက်ပြီး ဘုရားတစ်ဆူချင်းစီတွင် လှူသွားနိုင် ပါသည်။ ရွှေဘုန်းပွင့် စေတီတော်တွင် အောင်နန်းစံ ပျော် သူတော်စင်များ သီတင်းသုံးနေပါသော နန်း ဆောင်ကြီးရှိပါသည်။ ပုဂ္ဂိုလ်တစ်ပါးစီတွင် နံ့သာတစ် တိုင်၊ ငှက်ပျောကွင်းကလေးတွင် ထိုးစိုက် လှူဒါန်း ပါလေ။ လှူပြီးတိုင်း လိုရာအသုံးပြုရန် ဒါနပြုပါသည်။ လိုရာအသုံးပြုတော်မူပါဗျား။ (ဣဓံမေ ပုညံ၊ နိဗ္ဗာန ဿ ပစ္စယော ဟောတု)၃ လို့ စိတ်ပါလက်ပါ ဆိုပါ လေ။
မြတ်စွာဘုရာများကို လှူတော့ ဘယ်လို ဆိုရမလဲ။ မေ့မသွားဖို့ သတိပေးပါရစေ။ ရွှေတိဂုံမှာ လို ဆူးလေမှာ လိုဆိုပေါ့။ ဟုတ်ကဲ့ …။ ပြီးရင် ဗိုလ်တထောင်စေတီတော်သို့ သွားကြပါစို့။

 

အစီအစဉ် (၄) ဗိုလ်တထောင်စေတီ

ဗိုလ်တထောင်စေတီတော်၏ မုခ်ဦးအဝမှာ ရပ်ပြီး စေတီတော်အတွင်းမှာ သီတင်းသုံးနေတော် မူကြသော မြတ်စွာဘုရားများအား ဂါရဝပြုရပါမည်။ ခွင့်ပန်ရပါမည်။ သစ္စာအဓိဋ္ဌာန် ပါရမီဝတ် ဖြည့် ဆည်းခြင်းအတွက် နေရာထိုင်ခင်းများ၊ ခွင့်ပြုတော် မူကြပါရန် အပ်ရာဆိုင်ရာ ပုဂ္ဂိုလ်အပေါင်းတို့ကိုလည်း ခွင့်ပန်ရပါမည်။ သည်မှာလည်း ဘယ်လိုခွင့်ပန် ရမှာလဲ။
ရွှေတိဂုံမှာ၊ ဆူးလေမှာ၊ ရွှေဘုန်းပွင့်မှာလို ပေါ့။ မုခ်ဦးမှဝင်လိုက်ပြီး ဆံတော်တိုက်သို့မဝင်ဘဲ မိမိ၏ဘယ်ဘက်သို့ ကွေ့ဝင်လိုက်ပါ။ တနင်္လာဂြိုဟ် တိုင်ကို တွေ့ပါမည်။ ထိုအခါ …
ရွှေဘုန်းပွင့်မှာကဲ့သို့ဟူ၍ သဘောပေါက် လိုက်ပါရန်။ ဗိုလ်တထောင်တွင် ဘာလှူရမလဲ။ ရွှေ တိဂုံမှာတုန်းက ပြောခဲ့ပါတယ်နော်။ တံခွန်ကုက္ကား တစ်စုံစီ လှူရမယ်လို့ …ဟုတ်။
အုန်းတစ်ညွန့်၊ သပြေတစ်ညွန့်၊ မိမိမွေး နံပန်းတစ်ညွန့် ပါရမယ်လို့လည်း အမှာရှိခဲ့ပါတယ် နော် …။ သို့ဆိုလျှင် ဗိုလ်တထောင်စေတီတော် တွင်လည်း ယခင် ရွှေတိဂုံ၊ ဆူးလေ၊ ရွှေဘုန်းပွင့် မှာကဲ့သို့ သစ္စာ၊ အဓိဋ္ဌာန်ပါရမီ ဝတ်ကို ဖြည့်ဆည်း နိုင်ပြီပေါ့။ အောင်ပါပြီ။
ရွှေတိဂုံစေတီတော်သို့ အမြန်ပြန်သွားစို့။ ရှင်တော်ဂေါတမ မြတ်စွာဘုရားအား အဓိဋ္ဌာန် အောင်ခဲ့ပါကြောင်း လျှောက်ထားကြပါစို့။ “ဣဓံမေ ပုညံ နိဗ္ဗာနဿ ပစ္စယောဟောတု” လို့ဆန္ဒဖော်ကျူး လျှောက်ထားကြပါစို့။ ဆုတောင်းကြပါစို့။ ဗြဟ္မာ သိကြား၊ ဘိုးတော်ကြီးများနဲ့ ရွှေတိဂုံဘိုးဘိုးကြီးတို့ကို လည်း သက်သေအရာ ရှိခဲ့ကြခြင်းကို ကျေးဇူးတင် စကားများ ပြောကြပါစို့။ ကုသိုလ်များကို မျှဝေပေးကြ ပါစို့။ ရွှေတိဂုံ စေတီတော်သို့ သဒ္ဓါရွှင်လန်းဝမ်းပန်း တသာ သွားကြပါစို့။
ရွှေတိဂုံ စေတီတော် အရှေ့မုခ်ဓာတ်လှေ ကားမှ တက်ခဲ့ပြီး မနက်ကကဲ့သို့ တနင်္လာဂြိုဟ်၊ တနင်္ဂနွေဂြိုဟ်တိုင်များကို ဖြတ်ကျော်လျှောက်ခဲ့ ပြီးနောက် သောကြာဂြိုဟ်တိုင်နှင့် ကပ်လျက်ရှိပါ သော၊ မြတ်စွာဗုဒ္ဓ ဂေါတမ အာရုံခံတန်ဆောင်းတော် ကြီးအတွင်းသို့ ဝင်ရောက်ပြီး ယခုလို လျှောက်ထား ရပါမည်။
(နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ)၃
– ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ။
– ဒုတိယမ္ပိ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဒုတိယမ္ပိ ဓမ္မံသရဏံ ဂစ္ဆာမိ၊ ဒုတိယမ္ပိ သံဃံသရဏံ ဂစ္ဆာမိ။
– တတိယမ္ပိ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ တတိယမ္ပိ ဓမ္မံသရဏံ ဂစ္ဆာမိ၊ တတိယမ္ပိ သံဃံသရဏံ ဂစ္ဆာမိ။
– ဥပေမိ ဗုဒ္ဓံသရဏံ၊ ဓမ္မံသံဃဉ္စ နတ္တရံ၊ သမာဒိ ယာမိ သီလာနိ။
ဘန္တေအရှင်ဘုရား၊ ရိုသေစွာဖြင့် လျှောက် ထားအပ်ပါသည်ဘုရား။
ဘုရားတပည့်တော်သည် အရှင်မြတ်ထံ၌ သစ္စာ အဓိဋ္ဌာန်ပြုခဲ့သည့်အတိုင်း (ရွှေတိဂုံစေတီ) (ဆူးလေစေတီ) (ရွှေဘုန်းပွင့်စေတီ) (ဗိုလ်တထောင် စေတီတော်)တို့တွင် သီတင်းသုံးလျက်ရှိတော်မူကြ ကုန်သော မြတ်စွာဘုရား လေးဆူတို့အား ယခုအခါ ပူဇော် ရှိခိုးကန်တော့ပြီး ဖြစ်ပါသည်ဘုရား။
သရဏဂုံသုံးပါး ဆောက်တည်ခဲ့သော ကု သိုလ်၊ ငါးပါးသော သီလတော်များ ဆောက်တည်ခဲ့ သော ကုသိုလ်၊ အောင်တံခွန်များ၊ အောင်ပန်းများ၊ အောင် သောက်တော်ရေချမ်းများ၊ အောင် နံ့သာတိုင် များ လှူဒါန်းခဲ့သော ကုသိုလ်များနှင့် သစ္စာအဓိဋ္ဌာန် ပါရမီဝတ်ကို သတ်မှတ်ချိန်ကာလအတွင်း အောင် မြင်စွာ ဖြည့်ဆည်းနိုင်ခဲ့သော ကောင်းမှုများ၏ အကျိုး အားသည် ဒုက္ခခပ်သိမ်း၊ ဒေါသခပ်သိမ်းတို့ ကင်းရာ ငြိမ်းရာ ချုပ်ရာ သိမ်းရာ ဖြစ်တော်မူပါသော၊ အသင်္ခတဓာတ်နိဗ္ဗာန်မြတ်သို့ ရောက်ပါစေကြောင်း၊ ကောင်းသော အထောက်အပံ့ (ဖြစ်ပါစေသတည်း)၃ အရှင်မြတ်စွာဘုရား။ (နိဗ္ဗာနဿ ပစ္စယော ဟော တု)၃
ထို့နောက် သဒ္ဓါရွှင်လန်းဝမ်းသာစွာနှင့် (၁) သက်သေအရာ၌ တည်ရှိပေးခဲ့သော ပုဂ္ဂိုလ်များ၊ နတ်မင်းကြီးများနှင့် အမိအဖများ၊ (၂) ဝသုန္ဒြေ နတ် မင်းကြီးနှင့် ငရဲသနင်း ယမမင်းကြီး၊ (၃) ၃၁ ဘုံသား အားလုံးတို့ကို …မိမိ၏ရင်တွင်းဖြစ် စကားနှင့် အမျှ ပေးဝေ ဒါနပြုပါသည်။ ပြီးသော် …လေးလေး နက်နက် ယုံယုံကြည်ကြည် ဝမ်းသာအားရ ဤသို့ ရင့်ကျူးဆန္ဒပြုလိုက်ပါ၏။
ဣဓံ မေ ပုညံ။
(နိဗ္ဗာ နဿ၊ ပစ္စယော ဟောတု)၃
သမ္မာဆန္ဒဟူသမျှ၊ ပြည့်ဝချမ်းသာ အောင် ကြပါစေ၊ အောင်ပါစေသော်ဝ်

ပါရမီရှင် ဆရာပုဏ္ဏက
(ရွှေကျောင်းတော်-ကျိုက်ထော်)

Comments

comments

Post Author: manawmaya