ဝဋ်ကြွေး၊ ကံကြွေး

ကျွန်ုပ် ကျုံပျော်မြို့နယ်မှာ ဘုရားသွား လှူ စဉ်က အသွားရောအပြန်ပါ တရားတစ်ပုဒ်ကို နာရင်း သွားဖြစ်ပါတယ်။ တရားမှာ နာလိုက်ရတာက ဆရာ တော်ကြီးရဲ့ ဘဝအကြောင်းဖြစ်ပြီး တရားဟောစဉ် ကာလမှာ ဝိပဿနာအလုပ်ကို လုပ်နေသော်လည်း ရဟန်းဘဝ မရောက်ခင်က ပယောဂကုဖူးကြောင်း။ နောက်လူသားတို့၏ ၀ဋ်ကြွေးကံကြွေးကို ပြေပျောက် အောင်(တစ်နည်း) လျော့ပါးအောင် ပြုလုပ်ခြင်းဖြင့် ခုနစ်ရက် သားသမီးကို ကယ်တင်ခဲ့ဖူးကြောင်းတို့ကို နားကြားမှတ်သားလိုက်ရပါတယ်။

အဲဒိတော့ ကျွန်ုပ်စိတ်ထဲမှာ ပယောဂကုသ ခံယူဖို့ ကျွန်ုပ်ဆီရောက်လာကြသူ တချို့မှာ ပယောဂ ပညာစက်များ ကုန်သွားအောင်ကုသလိုက်နိုင်သော် လည်း သူတို့ ခံစားနေရတာတွေက ကုန်စင်အောင် မပျောက်နိုင်ဘဲ အနည်းနဲ့အများ ကျန်နေတတ်သူ တွေလည်း ရှိနေဖူးပါတယ်။ သူတို့ကို ထပ်တလဲလဲ ကုပေးပေမယ့် မပျောက်သလို ခံစားနေရတာလည်း ရှိနေတတ်ပါတယ်။

ဒါ ဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့ အဖြေကို လိုချင်လို့ ရှာနေပေမယ့် ရှာမရဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ ဆရာတော်ကြီးရဲ့တရားကို နာယူလိုက်မိချိန် မှာ စိတ်ထဲရောက်လာတဲ့ အသိလေး တစ်ခုကတော့ အဲဒီ လူနာတွေမှာ ၀ဋ်ကြွေးကံကြွေးများ ကျန်နေလို့ ကုသမရတာလားဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။ အဲဒီ မှာ ရောဂါထလာတာက ၀ဋ်ကြွေးကံကြွေးကို ကုသ ချင်ခဲ့တာပါပဲ။

ဆရာတော်ကြီးရဲ့နည်းကို လိုက်လုပ်ကြည့် ချင်ပေမယ့် စိတ်ထဲက ကြောက်နေတာကြောင့် မလုပ်ဖြစ်ဘူး ဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် ၀ဋ်ကြွေးကံကြွေးကို ကုသနိုင်ရမယ်ဆိုတဲ့ စိတ်ကတော့ ပျောက်ပျက်မသွားဘဲ ရင်ထဲမှာ တည်ရှိနေပါတယ်။ ကုသချင်တဲ့ ပုံစံကို တစ်နေ့တွေ့ရမယ်လို့ ယုံကြည် နေပါတယ်။

ဖြစ်ချင်တဲ့စိတ်ဆန္ဒအရမ်းများနေတာကြောင့် အဓိဌာန် ကိုးရက် စဝင်လိုက်ပါတယ်။ အဓိဌာန်ပြည့် ပြီး နောက်နေ့မှာ ဆေးကုသမှုစတင်တော့ မိန်းကလေးတစ်ယောက်ရောက်လာပြီး သူမ ခံစားနေရ တာကို ပြောပြ ကုသမှုပြုလုပ်ပါတယ်။ သူမဘဝမှာ ငယ်စဉ်ကတည်းက အိပ်မက်လိုနဲ့အသိပေးခံနေရ တာကို ပြန်ပြောပြတော့ သူမမှာ ၀ဋ်ကြွေးကံကြွေး ရှိနေတာပါပဲ။ အဲဒါကို ဘာလုပ်ရမှန်းလည်း မသိဘူး ဖြစ်နေရှာပါတယ်။

“အင်း ဒါဆိုရင်တော့ ညည်းမှာတင်ရှိနေတဲ့ ၀ဋ်ကြွေးကံကြွေးတွေကို ပြန်ရှာ ဖော်ထုတ် ကြည့် ကြရအောင်”

ကျွန်ုပ်လည်း မိန်းကလေးရဲ့ ၀ဋ်ကြွေးကံကြွေး ရှိခဲ့တဲ့ဘဝကို ပြန်သွားကြည့်စေလိုက်ပါတယ်။

“မင်းညီမင်းသားတစ်ယောက် ဒေါသတကြီး နဲ့ အော်ဟစ်ပြောနေတယ် …သူက လူတွေကို သတ်ခိုင်းနေတယ် …သူကိုယ်တိုင်သတ်တာတော့ မဟုတ်ဘူး …အမိန့်ပေးနေတာ”

“အဲဒီအဖြစ်တွေက ခုဘဝကနေ နှစ် ဘယ် လောက်မှာ ရှိနေလဲ”

“၂၆၉ နှစ်မှာပါ …သူက မင်းသား တစ် ယောက်ပါ”

သူမပြာလိုက်တဲ့ ၂၆၉ နှစ်ဆိုတာ ခုကနေ ပြန်စစ်ကြည့်ရင် ကုန်းဘောင်ဆက် ဘိုးတော်ဘုရား လက်ထက် ဖြစ်နေပါတယ်။ ဘယ်မင်းသားလဲ၊ ဘယ် သူလဲ ဆိုတာကိုတော့ သေသေချာချာ မစိစစ်လိုက် တော့ပါဘူး။ မိန်းကလေးက ကြည့်အားလည်း နည်း နေတဲ့အပြင် သမာဓိအားလည်း နည်းနေသေးတာ ကြောင့်ပါ။ နောက် ကြည့်အားကောင်းလာလို့ သမာဓိ အားလည်းကောင်းလာချိန်မှာတော့ အသေးစိတ် ပို မြင်လာနိုင်မယ် ထင်ပါတယ်။

“အဲဒိတစ်ယောက်က ညည်း (တနင်္လာ သမီး)လား”

“ဟုတ်ပါတယ်”

“အဲဒီဘဝမှာပြုခဲ့တဲ့ ၀ဋ်ကြွေးကံကြွေးအတွက် ခုခံစားရမှာက ဘာတဲ့လဲ”

“ကြေသင့်သလောက်တော့ ကြေပေမယ့် ဒီဘဝမှာ ကျန်းမာရေးညံ့မယ် …စီးပွားရေး လွဲ ချော်မယ်”

ထို့နောက် ကျွန်ုပ်လည်း မိန်းကလေးကို ဘုရား၊ တရား၊ သံဃာ အမှူးထားပြီး ဘဝတစ်ခုမှာ ပြုခဲ့ဖူးတဲ့ အပြစ်တွေကြေဖို့ ရှိခိုးကန်တော့ တောင်း ပန်ခိုင်းလိုက်ပါတယ်။ ကိုယ့်အိမ်မှာလည်း နေ့စဉ်၊ ညစဉ် တောင်းပန်ဖို့ မှာလိုက်ပါသေးတယ်။

ဝဋ်ကြွေးကံကြွေးနဲ့ပတ်သက်လို့ အဲဒီလို ဖြစ် ပြီးတဲ့နောက် ဒီမိန်းကလေး(တနင်္လာသမီး)ဟာ သူ့ဝဋ်ြွေကးကံြွေကးကို သူမဘာသာ ပြန်ကြည့် ဖော်ထုတ် နိုင်သလို သူများကိုလည်း ဖော်ထုတ်ပေးနိုင်မလား ဆိုတာ စမ်းသပ်တဲ့အနေနဲ့ အခြားတစ်ယောက်ကို လည်း အသက်နဲ့ခန္ဓာ အပ်ခိုင်းပြီး စစ်ဆေးကြည့် လိုက်ပါတယ်။

နောက်တစ်ယောက်ကို ကြည့်စေတဲ့ အခါ မှာတော့ …

“မိန်းမကြီးတစ်ယောက်ကို တွေ့တယ် … တောရွာလို နေရာလေးမှာ”

“ဘာလုပ်နေတာလဲ”

“သူ့ရှေ့မှာလည်း လူတွေအများကြီးပဲ … လူတွေကိုအော်ငေါက်ပြီး ခိုင်းစေနေတယ် … လူ တွေကလည်း သူ့ကိုတော်တော် ကြောက်နေကြပုံရ တယ်၊ သူခိုင်းတဲ့အတိုင်း လုပ်နေကြရတယ် … မကျေနပ်ရင် သူက ရိုက်လိုက်သေးတယ် … ဒီ မိန်းမကြီးက အရမ်းဆိုးတာပဲ”

“အဲဒိမိန်းမကြီးက အင်္ဂါသမီးလား”

“ဟုတ်တယ် …ဒီအစ်မပဲ”

“တော်တော်ဆိုးတဲ့ မိန်းမကြီးက ခုဘဝမှာ ဘယ်လိုမျိုး ခံစားပြီး ပြန်ပေးဆပ်ရမှာလဲ”

“သူ့အောက်ပိုင်း မကောင်းဘူးဖြစ်နေပါ တယ်၊ ဒူးတွေ ခြေထောက်တွေ”

မိန်းကလေးပြောတဲ့အတိုင်းပါပဲ။ အင်္ဂါသမီး မှာ ခြေထောက်တွေ မကောင်းတဲ့ရောဂါမျိုး ရှိနေပါ တယ်။ ဒီအတွက် ဘာလုပ်ရမယ်ဆိုတာကို ပြော သွားခဲ့ပါတယ်။

တနင်္လာသမီးလေးဟာ သူ့ရဲ့ ၀ဋ်ကြွေးကံကြွေးကို ကြည့်နိုင်ရုံတင်မက သူများအတွက်လည်း ကြည့်ပေးနိုင်တာကြောင့် နောက်အပတ်တွေရဲ့ တနင်္လာနေ့တိုင်းမှာ သူ့ကိုလာစေခိုင်းထားပြီး တခြား သူများရဲ့ ၀ဋ်ကြွေးကံကြွေuးdk ကူညီနိုင်ဖို့ အကူ အညီ တောင်းထားတာပါ။

ခုလိုကူညီပေးတဲ့အတွက် တချို့ရောဂါရှာမရ လို့ ဆေးကုသမှု ခက်ခဲနေသူတွေအတွက် ပယောဂ ဟုတ်/ မဟုတ်စစ်ဆေးပြီး ပယောဂလည်းမဟုတ် ပါပဲ ခံစားနေရတာဆိုရင် ဝဋ်ကြွေးကြောင့် ဖြစ် နိုင်တာကြောင့် စစ်ဆေးဖော်ထုတ်ပြီး ကုသမှုခံယူ လိုက်ရင် သက်သာပျောက်ကင်းသွားနိုင်ပါတယ်။

ကိုယ့်ဘဝရဲ့ ၀ဋ်ကြွေးကံကြွေးတွေကို သိလို ကြရင် တနင်္လာနေ့တိုင်း စစ်ဆေးကြည့်ပေးနေပါ တယ်။

ခုနစ်ရက်သားသမီးတိုင်း ၀ဋ်ကြွေးကံကြွေးများ ပြေလျော့စေနိုင်ကြပါစေ။

 

စိန္တာမယဆရာပိုင်

အမှတ်(၃၆၂)၊ ၈-လမ်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့ နယ်၊ ဖုန်း- ဝ၉၄၂၀၇၄၄ ၁၁၂။ ဝ၉၂၅၄၈၁၁၀ဝ၇

Comments

comments

Post Author: manawmaya