ပယောဂကုကြရာတွင်

ကျွန်ုပ်ဆီရောက်လာကြသူတွေထဲမှာ အချို့ က သူများအတိုက်ကြောင့် ရောက်လာကြသူများရှိပြီး အချို့ကတော့ ကိုယ့်အတိုက်ကိုယ်မိနေကြသူတွေ နဲ့ သိုက်ဆက်တစ်ခုတည်းလောက်ပဲ ရှိတဲ့သူတွေ လည်း လာတတ်ကြပါတယ်။ နောက်တစ်မျိုးပါလာ တတ်တာက သူများ အတိုက်လည်းမဟုတ်၊ သိုက် ဆက်လည်းမဟုတ်၊ ကိုယ့်အတိုက် ကိုယ်မိနေတာ လည်းမဟုတ်ဘဲ သွေးရိုးသားရိုး ကျန်းမာရေးမ ကောင်း၊ လူမှုရေးညံ့နေသူတွေလည်း လာတတ်ကြ ပါတယ်။

ပညာစက်ဆိုရင်တော့ အဲဒီပညာစက်ပိုင်ရှင် ကိုခေါ် ဘာကြောင့်လုပ်တယ် ဘာတွေလုပ်ထား တယ်ဆိုတာ သိအောင်မေးမြန်းပြီး ထိုက်သင့်တဲ့ဒဏ် ခတ်တာ၊ တန်ပြန်လုပ်တာတွေလုပ်၊ နောက်ဆုံး ပညာစက်သိမ်းခိုင်း၊ သစ္စာဆိုပြီး ပြန်လွှတ်လိုက်တာ များပါတယ်။ ပညာစက်တွေရဲ့သဘောက တစ် ယောက်နဲ့တစ်ယောက်မတူကြ၊ အတိုက်လုပ်ပုံ မတူ ကြ၊ သုံးတဲ့ပစ္စည်းလည်းမတူကြတာကြောင့် ကုသပုံနဲ့ ပညာစက်ထွက်ကြပုံတွေလည်း မတူကြပါဘူး။

တချို့က ခုချက်ချင်းပညာစက်သိမ်းခိုင်းလိုက် တာနဲ့ ချက်ချင်းသက်သာသွားပေမယ့် တချို့ကြတော့  ပညာစက်သိမ်းပြီး သုံးရက် ငါးရက်စသဖြင့် အချိန်ယူ ပြီးမှ ပျောက်သွားကြတာလည်း ရှိတတ်ပါတယ်။ ဒါကိုတော့ကုသခံသူအနေနဲ့ စိတ်ရှည်ဖို့လိုပါတယ်။ နားလည်ထားဖို့လည်း လိုပါတယ်။ နောက်ပြီး ကုသ မှုခံယူပြီး တစ်ပတ်ဆယ်ရက်တွင် ပြန်လည်စစ်ဆေး ခံရန်လိုအပ်ပါသည်လို့ စာရေးထားပေမယ့် များသော အားဖြင့်က ပြန်လာစစ်တာမျိုး မရှိတတ်ပါဘူး။ နောက်မှသိရတာက သူတို့ကောင်းသွားလို့ ပြန်မလာ ကြတာဖြစ်ကြောင်း။

ဒါပေမဲ့ အချို့ကတော့ မကြာခဏဖုန်းဆက် လာတတ်ကြပါတယ်။ ဒီလိုလူမျိုးဆိုရင်တော့  မသက် သာကြသေးလို့ပါ။ လူတော်တော်များများက သက် သာသွားရင် ပြန်မဆက်သွယ်တတ်ကြပေမယ့် မသက်သာဘူးဆိုရင်တော့ ဖုန်းတဂွမ်ဂွမ်ဆက်နေ တတ်ပါတယ်။

သိုက်ကြောင့်ဖြစ်နေတဲ့ ကျန်းမာရေး၊ လူမှု ရေး၊ စီးပွားရေးဆိုရင် သိုက်ကိုခေါ်ပြီး ညှိနှိုင်းလိုက် ပါတယ်။ သူ့သိုက်အမျိုးအစား၊ တည်နေရာ ညီ အစ်ကိုမောင်နှမဘယ်နှယောက်၊ သတ်မှတ်အသက် ရှိလျှင်  ဘယ်လောက်ပေးထားတာလဲ စသဖြင့်မေး ပြီးလိုအပ်တာတွေ လုပ်ပေးရပါတယ်။ အသက်သတ် မှတ်ချက်ရှိသူတွေအတွက်တော့ လူ့ဘဝသက်တမ်း စေ့တစ်ခါတည်း အလှူခံထားလိုက်ပါတယ်။ သုံးနှစ်၊ ငါးနှစ်အလီလီတောင်းနေတာမျိုးလုံးဝမလုပ်ပါဘူး။

သိုက်ကြောင့်ဖြစ်နေတဲ့ ကျန်းမာရေး၊ စီးပွား ရေး၊ အိမ်ထောင်ရေးတွေကို သိုက်နန်းရှင်(သို့) သိုက် ချုပ်ဘိုးတော်နဲ့ ညှိနှိုင်းပြီးအဆင်ပြေအောင် လုပ် လိုက်ပါတယ်။ သိုက်နန်းရှင်ဆိုတာကလည်း သူတို့ သိုက်ကို ကာကွယ်နိုင်ဖို့ ပညာတတ်ရပါတယ်။ လူ့ ဘဝ ရောက်နေတဲ့ သိုက်နန်းရှင်အစ်မဖြစ်တဲ့(လူ)ကို သူတို့သဘောမကျရင် အဲဒီပညာနဲ့ပဲတိုက်ခိုက်လေ့ ရှိပါတယ်။ ဒါကြောင့် သိုက်နန်းရှင်တိုက်ခိုက်ထားတဲ့ ပညာစက်ကိုလည်း ရှင်းပေးရပါတယ်။

အဲဒီလိုလူမျိုးဆိုရင်တော့ အထူးတလည်ခေါ် သွင်းတာ၊ မေးမြန်းတာမျိုးတွေ မလုပ်တော့ပါဘူး။ ကိုယ့်အတိုက်ကိုယ်မိနေတဲ့ ကိုယ်ထဲကအစောင့်တွေ ထွက်သွားဆိုပြီး ထွက်ခိုင်းလိုက်တာပါပဲ။ ဒီလောက် နဲ့ လုံလောက်ပါတယ်။

ဒါကြောင့် မိမိတို့ကိုယ်ထဲမှာ အိမ်ခြံမြေမှာ ပုံမှန်မဟုတ်တဲ့ အကြောင်းတွေပြဿနာတွေရှိလာ တယ်။ ကိုယ့်အိမ်ကိုယ့်မိသားစုကို မထိန်းနိုင်တော့ သလို ဖြစ်လာတယ်။ တစ်ယောက်နဲ့တစ်ယောက် အကောင်းမမြင်ကြတော့ဘူး။ စိတ်လိုက်မာန်ပါတွေ ဖြစ်နေကြတယ်ဆိုရင်တော့ အထက်မှာရေးခဲ့တဲ့ အတိုက်တွေထဲက သူများတိုက်တာလား၊ ကိုယ့်အ တိုက် ကိုယ်ခံနေရတာလားဆိုတာသိဖို့လိုသွားပါပြီ။ စစ်ဆေးခံပြီး ရှင်းလင်းလိုက်မှသာ အိမ်မှာတည်ငြိမ် လာမှာ ဖြစ်ပါတယ်။

သိုက်ရဲ့သဘောကတော့ တစ်အိမ်လုံးကို မွှေ လေ့မရှိပါဘူး။ သူနဲ့ပတ်သက်သူ၊ နောက်ထပ်မွှေ ရင် ပတ်သက်သူရဲ့ ဇနီး၊ ခင်ပွန်း၊ စသည်တို့ကို သာမွှေလေ့ရှိပါတယ်။ အထူးသဖြင့် သိုက်မွှေတာက စီးပွားရေးနဲ့ ကျန်းမာရေးပါ။ မိသားစုအရေးမှာ မွှေလေ့မရှိတာကြောင့် မိသားစုအရေးတွေဖြစ်လာ ရင်တော့ အခြားအတိုက်တွေသာ ဖြစ်နိုင်ပါတယ်။ အတိုက်ရှိတဲ့သူကို ဘယ်လိုသိနိုင်မလဲဆိုတော့ သူ့ ရုပ်မှာကိုက အမှောင်လွှမ်းနေတတ်ပါတယ်။ မျက်နှာ မည်းညစ်နေတတ်ပါတယ်။ သူပြောတဲ့စကားသူများ လက်မခံ၊ သူလုပ်တဲ့အလုပ်သူများစိတ်တိုင်းမကျဖြစ် လာတတ်ပါတယ်။

တစ်နေ့ ကျွန်ုပ်ဆီရောက်လာသူ စနေသား တစ်ယောက်က သူ့အကြောင်းကို ဖွင့်ပြောလာပါ တယ်။

“ကျွန်တော် တော်တော်စိတ်ကုန်နေပြီဆရာ အလုပ်ထဲမှာလည်း ကျွန်တော်ဘာလုပ်လုပ်အ ကောင်း မမြင်ကြဘူး။ အိမ်ပြန်ရောက်တော့လည်း အိမ်မှာ သားသမီးကရော မိန်းမကပါ ကျွန်တော့်ကို အပြစ်တွေပဲ မြင်နေကြတာဆိုတော့ ဘာလုပ်လို့ဘာ ကိုင်ရမှန်းကို မသိတော့ပါဘူးဆရာရယ်။ တော်တော် ကို စိတ်ပျက်ဖို့ကောင်းပါတယ်”

သူ့ရုပ်မှာ အကြည်ဓာတ်မရှိပါဘူး။ မှောင် နေပါတယ်။ ဒါကိုက သူ့ကိုသူများလုပ်ထားတာသေ ချာနေပါပြီ။ ဒါပေမဲ့ ခင်ဗျားကို သူများက အတိုက် လုပ်ထားတယ်လို့ ပြောလိုက်ရင် လက်တွေ့မဆန် တာကြောင့် သူလည်း ယုံချင်မှယုံမှာပါ။ လက်တွေ့ ပြလိုက်မှသာလျှင် ယုံကြည်သွားမှာဖြစ်ပါတယ်။

“ဒါနဲ့ခင်ဗျားအလုပ်သွားချင်စိတ်ရောရှိရဲ့လား”

“ဟာ ဟုတ်တယ်ဆရာ ကျွန်တော်အလုပ်ကို မသွားချင်ဘူး။ မဖြစ်မနေမို့လို့သာ သွားနေတာ”

ဒါကိုကလည်း သူ့ကိုအလုပ်ထဲမှာ အတိုက် လုပ်ထားပြီဆိုတာ သေချာနေပါပြီ။ သူ့ကိုတိုက်တဲ့ အတိုက်ထဲမှာ သရဲပါပါလိမ့်မယ်။

“ကောင်းပြီလေ … ဒါဆိုခင်ဗျားကိုစစ် ကြည့်လိုက်မယ်။ ဒါမှခင်ဗျား ကိုယ်တိုင်သိသွားမှာ”

ထုံးစံအတိုင်း သူ့ကို စစ်ဆေးလိုက်ပါတယ်။ သူ့ခြေထောက်တွေလုံးဝြွကမရအောင်ကပ်နေပါတယ်။ ပညာစက်တွေရှိနေပါပြီ။ သေချာအောင် သူ့ကိုထပ် မေးရပါဦးမယ်။

“ခင်ဗျားအခုလိုဖြစ်နေတာ ဆရာတွေဆီ သွားတာတို့ ကုသမှုခံယူတာတို့ လုပ်ထားဖူးသလား”

“မလုပ်ပါဘူး ဆရာ”

အဓိက တွေ့ရတာတော့ အောက်လမ်းစက် ပါ။ အောက်လမ်းဆရာကို ခေါ်သွင်းလိုက်ပါတယ်။

“ကဲပြော …မင်းဘာလဲ”

“အောက်လမ်းပါ ဆရာ”

“ဘာတွေလုပ်ထားတာလဲ။ အလုပ်ထဲမှာ လုပ်ထားတာ မဟုတ်လား”

“ဟုတ်ပါတယ် သူ့ကိုမနာလိုလို့ပါ”

“ဘာတွေလုပ်ထားတာလဲ။ သူ့ကိုဘာတွေ ဖြစ်စေချင်တာလဲ”

“အလုပ်ထဲမှာ ဘယ်သူနဲ့မှ အဆင်မပြေ အောင်၊ အထက်လူကြီးတွေ မကြည်ဖြူအောင်၊ လုပ် သမျှ ကိုင်သမျှ အလွဲလွဲအချော်ချော်ဖြစ်အောင် လုပ်ထားတာပါ”

“ဒါဆိုရင် အိမ်မှာလည်း မင်းအဲဒီလိုပဲလုပ် ထားတာလား”

“မလုပ်ပါဘူး။ သူ့ကိုပဲလုပ်ထားတာပါ”

“ဘာသုံးထားတာလဲ။ သရဲလား”

“ဟုတ်ပါတယ် … သရဲတစ်ကောင်သူနဲ့ အတူတူ ထားပေးလိုက်တာပါ။ အိမ်မှာရုံးမှာတင်မက ဘယ်နေရာပဲဖြစ်ဖြစ် သူလုပ်သမျှအဆင်မပြေအောင် လုပ်ထားတာပါ”

သရဲတိုက်နဲ့ အဆင်မပြေအောင်လုပ်ထားတဲ့ ပညာစက်ပါ။ ဒီလိုပညာစက်မျိုးကို ရွာသူအဆင့်လုပ် လို့ မရနိုင်ပါဘူး။ အောက်လမ်းအဆင့်မှသာလျှင် လုပ်လို့ရတာပါ။

ကျွန်ုပ်လည်း လိုအပ်သမျှမေးပြီး သူ့ပညာ စက်တွေကို သိမ်းခိုင်းလိုက်ပါတယ်။ ပြီးတာနဲ့ သစ္စာ ဆိုပြီး ပြန်လွှတ်လိုက်ပါတယ်။

ဒီတစ်ယောက်က သူများပညာစက်အပြင် အမိရိုးရာ၊ အဖရိုးရာကိုပါ ပစ်ပယ်ထားတာမို့ အလွယ် ကူဆုံး ရိုးရာလုပ်ဖို့ပါ တိုက်တွန်းလိုက်ရပါတယ်။

ခုနစ်ရက်သားသမီးများ ပယောဂပညာစက်မှ  ဝေးနိုင်ပါစေ။

 

စိန္တာမယဆရာပိုင်

အမှတ်(၃၆၂)၊ ၈-လမ်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့ နယ်၊ ဖုန်း- ဝ၉၄၂၀၇၄၄ ၁၁၂။ ဝ၉၂၅၄၈၁၁၀ဝ၇

Comments

comments

Post Author: manawmaya