အမေကျော် ဒွေးတော်မလွမ်းကြစေဖို့

တစ်နေ့ ကျွန်ုပ်ဆီ ရောက်လာတဲ့ ဧည့်သည် တစ်ယောက်က တနင်္လာသမီး …

“ကျွန်မ သိုက်ကလာတာပါ ဆရာ … အစ်မတော်မြနန်းနွယ်တို့ဆီက လာတာပါ၊ ကျွန်မ ဖြစ်ချင်တာမှန်သမျှ အစ်မတော်တို့က အကုန်လုပ် ပေးပါတယ် …ကျွန်မလည်း အစ်မတော်ဆီမှာ မကြာခဏ ပွဲသွားပေးပါတယ်”

သူက အပိုင်ကြီးပြောချနေတော့ ပြန်ပြောပြ ဖို့ တော်တော်ခက်နေပါတယ်။ ဒီလောက်နဲ့ မရပ် သေးပါဘူး။ သူ ဆက်ပြောလိုက်တာက –

“အစ်မတော်ကလည်း ကျွန်မကို စောင့် ရှောက်ပါတယ် …ကျွန်မ ပြောလိုက်တာနဲ့ အင်း တစ်ခုခုတောင်းလိုက်တာနဲ့ အမြဲလုပ်ပေးပါတယ် …ဒါကြောင့် ကျွန်မကလည်း အစ်မတော် အတွက် ဆို ကတိအတိုင်း ပွဲဆိုပွဲ၊ နဂါးစာဆို နဂါးစာ အမြဲ လုပ်ပေးပါတယ်”

“အင်းပါ … ခင်ဗျား ပြောတာသဘာဝ ကျပါတယ်၊ ကိုယ်က သူ့အတွက် လုပ်ပေးနေတဲ့ အတွက် သူကလည်း ကိုယ့်အတွက် ပြန်ကူညီပေးနေ တာ။ နောက်ပြီး ခင်ဗျားက ကတိလည်း တည်တော့ သူတို့ဘက်က တောင်းတိုင်း၊ တတိုင်း လုပ်ပေးနေ တော့တာပေါ့ …ဒါပေမဲ့ ခင်ဗျား ပြောသလို အစ်မ တော် မြနန်းနွယ် ဟုတ်မဟုတ်ဆိုတာတော့ စစ်ဆေး ကြည့်ရသေးတာပေါ့”

ကျွန်ုပ်လည်း တနင်္လာသမီးကို စစ်ဆေး ကြည့်တဲ့အခါ သူမ သိုက်ဆက်ဆိုတာ သေသေချာ ချာ သိလိုက်ရပါတယ်။ ထူးခြားတာကတော့ တနင်္လာ သမီးထင်နေသလို အစ်မတော် မြနန်းနွယ်အဆက် မဟုတ်ဘဲ အစ်မတော် စောမွန်လှအဆက် ဖြစ်နေ ပါတယ်။

ဒါကြောင့် မတွေ့ရတာလည်းကြာပြီဖြစ်တဲ့ အစ်မတော် စောမွန်လှကို အားနာနာနဲ့ ခေါ်(ပင့်) လိုက်ပါတယ်။

ရောက်လာတယ်ဆိုရင်ပဲ အစ်မတော်တို့က သိုက်နန်းရှင် ဘုရားဒါယကာမပီပီ ယဉ်ကျေးသိမ် မွေ့စွာ ဘုရားဝတ်ပြုလိုက်ပြီး (ရှမ်းဘာသာလိုလို သကတ္တလိုလို ဘာသာနဲ့)ပြောလာပါတယ်။

“ဘာကြောင့်ခေါ်တာပါလဲ ဆရာ”

“ဪ…. ဒီမှာ အစ်မတော်နဲ့ပတ်သက် ဆက် နွှယ်နေတဲ့ သံယောဇဉ်တစ်ယောက် ရောက်လာလို့ သေချာချင်လို့ အစ်မတော်ကို ခေါ်လိုက်ရတာပါ”

အစ်မတော်က တနင်္လာသမီးဘက်ကို တစ် ချက် ငဲ့ကြည့်လိုက်ပြီး “အင်း တို့အနွယ်တော်တွေပဲ ဒါပေမဲ့ နန်းရင်းကတော့ မဟုတ်ပါဘူး၊ အောင် ပင်လယ်ဘက်ကပါ …ဒါပေမဲ့ တို့မိသားစုဝင်တွေ ပဲလေ”

လို့ပြောပါတယ်။ အောင်ပင်လယ်ဆိုတာက တော့ မန်းက အထွက်မှာ အစ်မတော်စောမွန်လှ ဘဝဆက်တွေတည်ထားတဲ့ နဂါးရုံနဲ့ဘုရားတွေရှိတဲ့ နေရာကဆိုတာ သိလိုက်ပါတယ်။ ကျွန်ုပ် မန်းကို ရောက်ပေမယ့် အောင်ပင်လယ်ကိုတော့ မရောက် ဖြစ်သေးပါဘူး။

“ဒါဆိုရင် ဒီတနင်္လာသမီးမှာ မောင်နှမ ဘယ်နှစ်ယောက်ရှိလဲ”

“သုံးယောက်ပါ ဆရာ … သူတို့က သာ သနာပြုဖို့ လွှတ်လိုက်တာမို့ အသက် သတ်မှတ်ချက် မရှိပါဘူး”

“ဪ… ခင်ဗျားအတွက် အသက်သတ်မှတ် ချက်မရှိဘူးတဲ့ … ဒါပေမဲ့ သာသနာပြုဖို့ လွှတ် တယ်ဆိုတာကြောင့် ဘာသာ၊ သာသနာ ကိစ္စတွေ တော့ မဖြစ်မနေ လုပ်ရလိမ့်မယ်နော်”

လူတွေလွယ်လွယ်ပြော၊ ပေါ့ပေါ့ပါးပါး သိ နေကြတာကတော့ သာသနာပြုတယ်ဆိုတာ ဘုရား တည်၊ ကျောင်းဆောက်လို့ထင်နေတတ်ကြပါတယ်။ အမှန်တော့ သာသနာပြုတယ်ဆိုတာ ဘုရားတည် ကျောင်းဆောက်မှ မဟုတ်ပါဘူး။ ဘာသာသာသနာ အကျိုး သယ်ပိုးဆောင်ရွက်နေကြသူတွေကို ကူညီ ပံ့ပိုး ဆောင်ရွက်မှုလုပ်တာလည်း သာသနာပြုတာ ပါပဲ။ အနည်းဆုံးတော့ မိမိဘာသာ ကိုယ့်အိမ်မှာကိုယ် ဘုရားဝတ်ပြု၊ ပရိတ်ပဋ္ဌာန်းရွတ်၊ ဝေနေယျသတ္တဝါ တွေကို မေတ္တာပို့၊ အမျှအတန်းပေးဝေနေတာလည်း သာသနာပြုနေတာပါပဲ။

“ဟုတ်ကဲ့ လုပ်ပါ့မယ် ဆရာ”

“ခု သူက အစ်မတော်နဲ့ ပတ်သက်နေတာ ကို မသိတော့ အစ်မတော် မြနန်းနွယ်ဆီမှာ လှူဒါန်း လိုချင်တာ တောင်းဆို လုပ်နေတယ် …သူ မသိလို့ လုပ်ခဲ့တာတွေအတွက် နားလည်ခွင့်လွှတ်ပေးပါ။ ခုကစလို့ အစ်မတော်အတွက်လည်း ပွဲလှူ၊ တခြား ဒါန အမှုတွေလည်း လုပ်ခိုင်းပေးပါ့မယ်။ အစ်မတော် ကလည်း သူ့ကို စောင့်ရှောက်ပေးပါ”

အစ်မတော်က “သူ့အတွက် အကျိုးမယုတ် စေရပါဘူး”လို့ပြောပြီး ခွင့်တောင်းကာ ပြန်သွားပါ တယ်။

“ဒါဆို ကျွန်မ အစ်မတော်မြနန်းနွယ်ကို ဘာမှ မလုပ်ရတော့ဘူးလား ဆရာ”

“လုပ်ပါ ရပါတယ်၊ ဒါပေမဲ့ အမေရင်းဖြစ်တဲ့ သူကိုလည်း ပေးကမ်းလှူဒါန်းပေါ့၊ အဓိကလုပ်ပေးရ မှာက အစ်မတော်စောမွန်လှ။ ဒါပေမဲ့ ကိုယ်လုပ် လက်စရှိတဲ့ အစ်မတော်မြနန်းနွယ်ကိုလည်း လုပ်ပေး ပါ။ ရပါတယ်။ ကိုယ်နဲ့ပတ်သက်သူကို မလုပ်ဘဲ တခြားသူကို လုပ်ပေးမိတဲ့အခါ အမေကျော်ပြီး ဒွေး တော်လွမ်းသလို ဖြစ်နေတတ်လို့ မလုပ်နဲ့လို့ ပြော ရတာပါ၊ ဥပမာ- ခင်ဗျားက စောမွန်လှအနွယ် ဖြစ် နေပြီး ကိုယ့်အနွယ် ကိုယ်မသိဘဲ တခြားသိုက် တစ် ခုခုကိုလုပ်ပေးမိနေရင် ကိုယ်နဲ့ပတ်သက်တဲ့သိုက်က မကျေမနပ်ဖြစ်ပြီး ကိုယ့်ကိုစိတ်ခုနေတတ်တယ်၊ ခု မှားလုပ်မိတာက စောမွန်လှနဲ့ မြနန်းနွယ်ဆိုတော့ မယ်တော်ကြီးတွေ အဆင့်မို့လို့ နှစ်ဦးလုံး လုပ်ဖို့ ပြောတာပါ”

“ဟုတ်ကဲ့ပါ ဆရာ …ကျွန်မလုပ်ပါ့မယ်”

သူတို့ပြောပုံအရ အိပ်မက်ထဲမှာ သိုက်နန်းရှင် နဲ့ တွေ့တယ်၊ သိုက်နန်းရှင်က သူတို့အတွက် ဘာမှ လုပ်မပေးဘူးပြောလို့ သိုက်ပွဲလှူဖို့ မေးတော့ ပြော တဲ့သူက ဗိုလ်တထောင်က မြနန်းနွယ်ဆီမှာ လှူဖို့ ပြောတာကြောင့် သူလှူခဲ့တယ်။ လှူသလိုပဲ တောင်း တာလည်း တော်တော် တောင်းခဲ့ဖူးတယ်လို့ ပြော ပြပါတယ်။

တနင်္လာသမီးယောကျာ်းက နိုင်ငံခြား သင်္ဘောသား ဖြစ်ပြီး ယောကျာ်းအတွက် အခက် အခဲရှိလို့ ပွဲလှူပြီးတောင်းရင်လည်း အဆင်ပြေတဲ့ အကြောင်း၊ ယောကျာ်းငွေပို့တာ နည်းရင်လည်း သိုက်ကို ပြောတာပဲ၊ ယောကျာ်း မိန်းမကိစ္စမရှုပ် အောင်လည်း သိုက်ကိုပြောတာပဲလို့ သူမလုပ်ခဲ့ သမျှကို ပြောပြပါတယ်။

လုပ်သမျှ၊ ပြောသမျှ အောင်နေတဲ့အတွက် အစ်မတော်မြနန်းနွယ်နဲ့ ပတ်သက်တယ်လို့ ထင်ထား ခဲ့ပေမယ့် ခု ကျွန်ုပ်ဆီရောက်လာမှ အစ်မတော် စောမွန်လှနဲ့ပတ်သက်တာဖြစ်ကြောင်း သိရခြင်းပါ။

“ခင်ဗျားတို့ သွားမေးခဲ့သူက ခုလို ခေါ်ပင့်ပြီး မေးပေးတာလား”

“မဟုတ်ပါဘူး ဆရာ …သူက သူ့အကြား အမြင်နဲ့ပဲ ပြောခဲ့တာပါ”

ဟော သူ ဘာသာ ကြားလို့၊ မြင်လို့ဆိုပြီး ပြောလိုက်တဲ့ စကားတစ်ခွန်းက အမှန်ဖြစ်ခဲ့ရင် အကြောင်း မဟုတ်ပေမယ့် မှားသွားခဲ့ရင် ကာယကံ ရှင်အတွက် ကောင်းကျိုးထက် ဆိုးကျိုးကို ပိုများ စေတာမို့ မှန်မှန်ကန်ကန် သိသင့်ပါတယ်။

“ခုလည်း အစ်မတော် စောမွန်လှဆီမှာ ခင်ဗျား လိုချင်တာ၊ ဖြစ်ချင်တာ တစ်ခုခုတောင်း လိုက်ပေါ့ …တစ်ပတ်၊ ဆယ်ရက်အတွင်း အဆင် ပြေခဲ့ရင် အစ်မတော်ကိုလည်း ပွဲတစ်ပွဲလောက် ပေး လိုက်ပါ”

“ဟုတ်ကဲ့ ပေးပါ့မယ် ဆရာ”

နောက်တစ်ပတ်လောက်အကြာမှာ အစ်မ တော် စောမွန်လှအတွက် ပွဲလာပေးသွားပါတယ်။

 

စိန္တာမယဆရာပိုင်

အမှတ်(၃၆၂)၊ ၈-လမ်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့ နယ်၊ ဖုန်း- ဝ၉၄၂၀၇၄၄ ၁၁၂။ ဝ၉၂၅၄၈၁၁၀ဝ၇

Comments

comments

Post Author: manawmaya