ေတြးမိတာေလးေတြ

ကုရင္းနဲ႔ေရး၊ ေရးရင္းနဲ႔ကုေနရတဲ့ ပေယာဂ တိုက္ဆန္းမ်ားမွာ တစ္ခါတေလ အေတြးေလးေတြ လည္း ေရးၾကည့္ခ်င္စိတ္ ေပါက္မိပါတယ္။ ဒါေၾကာင့္ အေတြးမ်ားမ်ား ေဆာင္းပါးတစ္ပုဒ္အျဖစ္ ေရး ၾကည့္လိုက္တာပါ။

ပေယာဂဆိုတဲ့ေနရာမွာ ေတြ႕ေနရ တာကေတာ့ စုန္းပညာနဲ႔ ျပဳစား တယ္။ ေအာက္လမ္းပညာနဲ႔ ကု စားတယ္။ ရြာသူအတတ္နဲ႔ ရြာ ေတာ္ရွင္ကို တိုက္ၿပီး တစ္ဖက္ သား နစ္နာေအာင္လုပ္တယ္။ အေျခခံသေဘာအရ ဒီေလာက္ပဲ ရွိပါတယ္။ ေမွာ္ ပညာနဲ႔ဆိုတာက ေတာ့ ေရးခဲ့တဲ့ စုန္းေအာက္လမ္း၊ ရြာသူတို႔ထက္ အနည္းငယ္ျမင့္သြားတဲ့  ပညာ မ်ိဳးျဖစ္ပါတယ္။ ဒီပညာအတြက္ကေတာ့ သပ္သပ္ ေရးပါမယ္။

ဒီေနရာမွာ စုန္း၊ ေအာက္လမ္း၊ ရြာသူရယ္လို႔  သူတို႔ကိုယ္သူတို႔ မသိဘဲ ေရာက္လာၾကတဲ့ ပညာ သည္ေတြလည္း ရွိေနတတ္ပါတယ္။ အခ်ိဳ႕ကေတာ့ စာအုပ္ၾကည့္လုပ္တာတို႔၊ သူတို႔ဆရာလုပ္တဲ့အတိုင္း သင္ေပးထားတဲ့အတိုင္း လိုက္လုပ္တာတို႔လည္း ေတြ႕ ရတတ္ၿပီး အဲဒါ ဘာပညာလဲလို႔ေမးရင္ မသိၾက သူေတြလည္း ရွိေနတတ္ပါတယ္။ သူတို႔ကိုေတာ့ ကြ်ႏု္ပ္ရဲ႕ သက္ဆိုင္ရာ ပုဂၢိဳလ္ေတြက ပညာရပ္ခြဲ ေပးရတတ္ပါတယ္။ အဲဒီေတာ့မွ သူတို႔ ဘာဆိုတာ သိသြားတတ္ၾကတာပါ။

 

စုန္းနဲ႔ ေအာက္လမ္းပညာေတြနဲ႔ တိုက္ ခိုက္ၾကေပမယ့္ သူတို႔မွာ တူတာေတြ မ်ားပါ တယ္။ (၁) ဓာတ္ပံုနဲ႔ တိုက္ခိုက္ျခင္း၊ (၂) နာမည္နဲ႔ တိုက္ခိုက္ျခင္း၊ (၃) အစာ(အပင္း) ေကြ်းတိုက္ခိုက္ျခင္း၊ (၄) အိမ္ၿခံေျမဆိုင္တို႔ ကို သရဲ၊ အစိမ္း၊ ဘီလူး စတာေတြနဲ႔ တိုက္ခိုက္ျခင္း၊ (၅) အိမ္ၿခံေျမ ဆိုင္တို႔ကို တိုက္ ႐ိုက္တိုက္လို႔မရရင္ အိမ္ေရွ႕၊ ၿခံေရွ႕ေတြမွာ သရဲ၊ ဘီလူး၊ အစိမ္းတို႔ထားၿပီး တိုက္ခိုက္ျခင္းမ်ိဳးေတြ လည္း ရွိတတ္ပါတယ္။

 

(၁) ဓာတ္ပံုနဲ႔ တိုက္ခိုက္ျခင္း

ခုေခတ္မွာ ဓာတ္ပံုတစ္ပံုရဖို႔ သိပ္လြယ္ပါ တယ္။ ဒီေတာ့ ဓာတ္ပံုနဲ႔ အတိုက္လုပ္ၾကတာ ေတာ္ေတာ္ေလး ေခတ္စားပါတယ္။ ကြ်ႏု္ပ္ဆီ ေရာက္လာသမွ် ေတာ္ေတာ္မ်ားမ်ားဟာ ဓာတ္ပံုနဲ႔ လုပ္တယ္။ နာမည္နဲ႔လုပ္တယ္ ဆိုတာမ်ိဳးေတြ ေတြ႕ ေနရလို႔ပါပဲ။ ဓာတ္ပံုနဲ႔လုပ္တဲ့ေနရာမွာ အနိမ့္ဆံုး (ရြာသူအဆင့္)ေလာက္ကဆိုရင္ ဓာတ္ပံုကို လူတစ္ ေယာက္ရဲ႕ အနိမ့္ဆံုးဆိုတဲ့ ေနရာမ်ိဳးမွာထားၿပီး ဘုန္းကံနိမ့္ေအာင္ လုပ္တတ္ၾကပါတယ္။ ေနာက္ ဒီ့ထက္ျမင့္တဲ့ ေအာက္လမ္း၊ စုန္းတို႔ကေတာ့ ဓာတ္ပံု မွာ အနိမ့္စား အင္း၊ အပ်က္အင္းေတြ သံုးၿပီး သူတို႔တိုက္ခိုက္လိုသူရဲ႕ နာမ္ကိုသြင္းကာ (ဘုန္းကံ နိမ့္ေအာင္)၊ မလိုလားအပ္ဘဲ ေငြကုန္ေၾကးက်မ်ား ေအာင္၊ မိသားစုတြင္း တစ္ေယာက္နဲ႔တစ္ေယာက္ (အလိုလို) ၾကည့္မရျဖစ္ကာ တစ္ေယာက္စကားတစ္ ေယာက္ နားမေထာင္ၾကေတာ့ဘဲ ထင္ရာစိုင္းၾကၿပီး မိသားစုအေရးမွာ ဖ႐ိုဖရဲျဖစ္ေအာင္ လုပ္ေလ့ရွိၾကပါ တယ္။

ဒီလိုအတိုက္လုပ္ၾကတဲ့အခါ သူတို႔တိုက္ခိုက္ ခ်င္တဲ့လူကို မထိရင္ေတာင္ သူတို႔သံုးတဲ့ ပစၥည္း၊ ယာဥ္၊ အသံုးအေဆာင္ေတြကို ထိခိုက္ၿပီး အပ်က္ အစီး မ်ားတာတို႔ ေငြကုန္တာတို႔ေတြ ျဖစ္ရတတ္ ပါတယ္။ ေငြအထြက္မ်ားရင္ ဘယ္သူမဆို စိတ္ညစ္ လာတတ္ၾကတာပါပဲ။

 

(၂) နာမည္နဲ႔ တိုက္ခိုက္ျခင္း

အခ်ိဳ႕ပညာသည္ေတြဆီ လာေရာက္လုပ္ခိုင္း သူေတြက သူတို႔လုပ္ေစခ်င္သူရဲ႕ နာမည္ေလာက္ပဲ သိတယ္ဆိုရင္လည္း လုပ္ေပးေလ့ရွိပါတယ္။ အဲဒါက ေတာ့ နာမည္နဲ႔ တိုက္ခိုက္ျခင္းပါပဲ။ သူတို႔တိုက္ခိုက္ လိုသူရဲ႕ နာမည္ကို ဘုန္းကံနိမ့္ေစတဲ့ နည္းမ်ိဳးစံုနဲ႔ လုပ္ၾကျခင္းပါ။ ဒီေနရာမွာ အနိမ့္ဆံုးကေန အျမင့္ ဆံုးထိ ရွိပါတယ္။ (မွတ္ခ်က္။ ။ နည္းေတြက သိပ္လြယ္ေနလို႔ ထည့္မေရးေတာ့ပါဘူး) လိုက္လုပ္ ၾကည့္ရင္ လုပ္တဲ့သူဟာ ေအာက္လမ္းရြာသူေတြနဲ႔ တစ္တန္းတည္းျဖစ္ၿပီး သံသရာမွာ အပါယ္ကိုသြား ရတတ္လို႔ မေရးျပတာပါ။

 

(၃) အစာ(အပင္း)ေကြ်းတိုက္ခိုက္ျခင္း

ဒါမ်ိဳးလုပ္တယ္ဆိုတာက တစ္ဦးနဲ႔တစ္ဦး အိမ္အဝင္အထြက္ရွိတာတို႔ ရင္းႏွီးကြ်မ္းဝင္ေနရာက ေန တစ္ေယာက္နဲ႔တစ္ေယာက္ အဆင္မေျပျဖစ္ၾက တဲ့အခါ၊ ေဆြမ်ိဳးနီးစပ္ေတြ မေက်မနပ္ျဖစ္ၾကတဲ့အ ခါ အေမြကိစၥ၊ ေျမကိစၥမ်ိဳး ျဖစ္ၾကတဲ့အခါမွာ အပင္း သြင္းတဲ့နည္းကို သံုးေလ့ရွိပါတယ္။

ေနာက္တစ္မ်ိဳးကေတာ့ အမ်ိဳးသမီးေတြ သူတို႔အမ်ိဳးသားေတြ အိမ္ေထာင္ေရး ေဖာက္ျပန္တဲ့ အခါမ်ိဳးမွာ အားကိုးရွာၾကရင္းက အခ်ိဳ႕ဆရာသမား ေတြက ေဆးမႈန္႔ေတြေပးၿပီး အမ်ိဳးသားရဲ႕ အစာထဲကို ထည့္ေကြ်းခိုင္းတာမ်ိဳး ကြ်ႏု္ပ္ဆီမွာ မၾကာခဏမိ တတ္ပါတယ္။ အမွန္ကေတာ့ မလုပ္သင့္တဲ့ အလုပ္ ပါ။ အဲဒီလို အစာမွာထည့္ေကြ်းတဲ့ အမႈန္႔နဲ႔အတူ သူတို႔(ေအာက္လမ္း၊ ရြာသူ)ေတြက ေအာက္က်တဲ့ နည္းေတြကိုပါ ေရာေပးတတ္ပါတယ္။

အဲဒါကေတာ့ အမ်ိဳးသမီးရဲ႕ ေသြးနဲ႔ေရာ ေကြ်းခိုင္းတတ္တာပါပဲ။ ဒါကို စားမိေသာက္မိသူ ဟာ ဘုန္းကံျပဳတ္က်သြားၿပီး တျဖည္းျဖည္းနဲ႔ ေျပာ သမွ် မေအာင္၊ လုပ္သမွ်ေတြ မျဖစ္ေတြ ျဖစ္လာ တတ္ပါတယ္။ အိမ္ေထာင္ေရး ေဖာက္ျပန္တတ္တဲ့ အမ်ိဳးသားေတြခမ်ာ ႏွစ္ဖက္ခံရတာမ်ိဳးေတြ မ်ားပါ တယ္။ ေနာက္မိန္းကေလးကလည္း ဒီလူႀကီးေတြ ဆီက ေငြရ ေအာင္၊ သူမဆီ လာခ်င္ေနေအာင္ ဆရာ၊ ဆရာမေတြနဲ႔ လုပ္ခိုင္းထားတတ္ ၾကပါတယ္။ သူတို႔လုပ္တဲ့နည္းက လည္း အပင္းသြင္းတာပါပဲ။ အဲဒီ့ အပင္း ေၾကာင့္ အမ်ိဳးသားဟာ ေနာက္မိန္းကေလး ဆီပဲ သြားခ်င္ေနစိတ္ျဖစ္၊ အိမ္မွာလည္း မေန ခ်င္ ျဖစ္ေနတာေၾကာင့္ လက္ရွိမိန္းမက ရိပ္မိသြား ၿပီး သူ႔ဆရာမဆီ အက်ိဳးအေၾကာင္း ေျပာတဲ့အခါ ဆရာမကလည္း အပင္းေကြ်းဖို႔ ေပးလိုက္တာေၾကာင့္ ေယာက်ာ္းကို ေကြ်းလိုက္ပါေလေရာ။

ေယာက်ာ္းခမ်ာ ႏွစ္ေယာက္လံုးရဲ႕ အပင္း ဗိုက္ထဲေရာက္ေနေလေတာ့ ဘာလုပ္လို႔ဘာကိုင္ရ မွန္းမသိျဖစ္ရာက စိတ္ေတြ ကေယာင္ေခ်ာက္ခ်ား ျဖစ္ စိတ္နဲ႔ကိုယ္နဲ႔ မကပ္ျဖစ္တတ္ပါတယ္။ အထူး သတိထားၾကဖို႔ေတာ့ လိုပါတယ္။

 

(၄) အိမ္ၿခံေျမဆိုင္တို႔ကို သရဲ၊ အစိမ္း၊ ဘီလူး စတာေတြနဲ႔ တိုက္ခိုက္ျခင္း

ဒီလိုနည္းမ်ိဳးသံုးတာကေတာ့ အထူးသျဖင့္ အေမြကိစၥ၊ ေျမကိစၥမ်ိဳး ျဖစ္ၾကတဲ့အခါမွာ ေအာက္ လမ္းဆရာကို အားကိုးမိၾကရင္ေတာ့ ဆရာလုပ္တဲ့ သူက သူေမြးထားတဲ့ သရဲ၊ အစိမ္းနဲ႔ ျဖစ္ျဖစ္ အဲဒီ အိမ္ရဲ႕ မလွမ္းမကမ္းမွာ ရွိေနတတ္တဲ့ သရဲ၊ အစိမ္းနဲ႔ ျဖစ္ျဖစ္ အတိုက္လုပ္ေလ့ရွိပါတယ္။

ေအာက္လမ္းစစ္စစ္ ျဖစ္သြားရင္ သူတို႔မွာ ႏွင္တန္လို ကိုင္တဲ့ ေတာင္ေဝွးငယ္ေလးရွိတတ္ပါ တယ္။ အရြယ္အစားက ေျခာက္လက္မ၊ ရွစ္လက္မ ေလာက္ပဲ ရွည္ေပမယ့္ ၃၇ မင္းနတ္ေတြကိုေတာင္ ခိုင္းလို႔ရတယ္လို႔ သိရပါတယ္။ ဒီႏွင္တန္နဲ႔ ေခၚရင္    မျဖစ္မေန သြားရပါတယ္။ သူတို႔ကိုေၾကာက္လို႔ မဟုတ္ေပမယ့္ အဲဒီေအာက္လမ္းႏွင္တန္ဟာ ေလာ ကမွာ အယုတ္ညံ့ဆံုးဆိုတာေတြနဲ႔ လုပ္ထားတာမို႔လို႔ နာမ္ေလာကသားေတြ ေၾကာက္ရတယ္လို႔ သိမွတ္ ဖူးပါတယ္။

သရဲတိုက္၊ အစိမ္းတိုက္ရွိေနၿပီဆိုရင္ အဲဒီ အိမ္မွာ သရဲေျခာက္သလိုလို၊ အိမ္ထဲၿခံထဲသြားလာ ေနရင္း ကိုယ့္နားမွာ တစ္ေယာက္ေယာက္ရွိေနသလို၊ ေခၚသံၾကားလိုက္သလိုလို တစ္ခုခု ခံစားရတတ္ပါ တယ္။ ေနာက္ၿပီး အိမ္မွာလည္း ဘာလုပ္လုပ္အဆင္ မေျပ၊ တစ္ေယာက္နဲ႔တစ္ေယာက္ မတည့္ၾက၊ ျဖစ္ လိုက္ရင္ ေဒါသတႀကီး ဒါမ်ိဳးေတြ ျဖစ္တတ္ပါတယ္။

ေအာက္လမ္းစစ္စစ္ မဟုတ္ေသးတဲ့ ဆရာ၊  ဆရာမ တခ်ိဳ႕ကေတာ့ သူတို႔ေမြးထားတဲ့ အေကာင္ ေတြကို လႊတ္ေပးၿပီး မိသားစုကို ဒုကၡေပးတတ္ ၾကပါတယ္။ ဘီလူးနဲ႔ တိုက္တယ္ဆိုတာကေတာ့ ေမြးထားတာမ်ိဳး မဟုတ္ပါဘူး။ သူတို႔ကိုင္တဲ့ အင္း ေတြရဲ႕ အေစာင့္ေတြဟာ မ်ားေသာအားျဖင့္ ဘီလူး ျဖစ္ပါတယ္။ ဒါေၾကာင့္ အင္းဘီလူးနဲ႔ တိုက္တာပါ။   ပုဏၰကတိုက္တယ္ဆိုတာ ၾကားဖူးၾကမယ္ ထင္ပါ တယ္။ အဲဒါသူတို႔ေျပာေနၾကသလို ပုဏၰကလည္း ဟုတ္ခ်င္မွ ဟုတ္မွာပါ။ ဘီလူးတိုက္နဲ႔ သရဲတိုက္ ေပါင္းမိသြားတဲ့အခါ အိမ္၊ ၿခံ၊ ေျမမွာ ျဖစ္တတ္ၾက တာပါ။

အရင္ကေတာ့ ေအာက္လမ္း၊ ရြာသူ၊ စုန္း စတဲ့ ပညာသည္ေတြေမြးထားတဲ့ သရဲ၊ ဘီလူးေတြ ကို ကုသရင္း ေတြ႕တဲ့အခါ သူတို႔ကို တရားေဟာၿပီး   ကြ်ႏု္ပ္ သိမ္းလိုက္ပါတယ္။ ေနာက္သူတို႔သြားခ်င္တဲ့ ဘုရား၊ ေစတီ၊ ေက်ာင္းတို႔ဆီ ပို႔ေပးခဲ့ပါတယ္။ ဒါက လည္း သူတို႔ေတြရဲ႕ သံသရာခရီးလမ္းအတြက္ပါ။ ေအာက္လမ္း၊ ရြာသူ၊ စုန္းတို႔ လက္ထဲမွာေနရင္ သူတို႔ေတြ အခိုင္းခံဘဝက လြတ္မယ္ မထင္ပါဘူး။ ဒါေၾကာင့္ ေၾကးစည္သံေခါင္းေလာင္းသံနဲ႔ တရားသံ အမွ်ေဝသံေတြ ရွိေနတတ္တဲ့ ဘုရားပရဝုဏ္ဆီ ပို႔ ေပးတာပါ။

အနီးဆံုးျဖစ္တဲ့ က်ိဳကၠစံဘုရားမွာ သရဲ ၄၅၀ ေက်ာ္နဲ႔ ဘီလူးသံုးေကာင္ ပို႔ထားပါတယ္။ ဘုရားမွာ အၾကမ္းေတြကို အုပ္ခ်ဳပ္တဲ့ ယကၡညီေနာင္နဲ႔ ညႇိႏိႈင္း ၿပီး ယကၡညီေနာင္ရဲ႕ အုပ္ခ်ဳပ္မႈကို ခံယူပါ့မယ္ဆိုတဲ့ ကတိကဝတ္နဲ႔ ပို႔ေပးတာပါ။ ေနာက္ တစ္ရာ့ရွစ္ ေတာင္ဘုရား၊ ပုသိမ္ေရႊမုေ႒ာနဲ႔ က်ိဳကၠလို႔ က်ိဳကၠ လဲ့ စတဲ့ဘုရားေတြမွာလည္း ပို႔ထားပါတယ္။

ခုေတာ့ ဧည့္သည္ေတြကမ်ား အခ်ိန္က နည္းေနတာေၾကာင့္ မပို႔ျဖစ္တာ သံုးေလးႏွစ္ေလာက္ ရွိပါၿပီ။

 

၅။ အိမ္၊ ၿခံ၊ ေျမတို႔ကို တိုက္ခိုက္လို႔မရ ရင္ အိမ္ေရွ႕၊ ၿခံေရွ႕ေတြမွာ သရဲ၊ ဘီလူး၊ အစိမ္းတို႔ ထားၿပီး တိုက္ခိုက္ျခင္း

အခ်ိဳ႕အတိုက္ေတြက အိမ္၊ ၿခံ၊ ေျမေတြကို တိုက္႐ိုက္တိုက္လို႔ မရတာလည္းရွိတတ္ပါတယ္။ သူတို႔တိုက္တဲ့အိမ္မွာ သီလနဲ႔ ျပည့္စံုသူ၊ ဘုန္းတန္ ခိုးရွိသူ ရွိေနတဲ့အခါမ်ိဳးမွာ သူတို႔တိုက္ခ်င္တိုင္း တိုက္လို႔မရတတ္ပါဘူး။ အဲဒီအခါမွာ သူတို႔က အိမ္ၿခံ ကို မတိုက္ေတာ့ဘဲ အိမ္ေရွ႕၊ ၿခံေရွ႕ေတြမွာ အပိတ္ အဆို႔ထားတိုက္တတ္ပါတယ္။

အထက္မွာေရးခဲ့တဲ့ အတိုက္မ်ိဳးေတြကို ရွင္း တဲ့အခါမွာ ကြ်ႏု္ပ္အေနနဲ႔ကေတာ့ အတိုက္လုပ္ထား တဲ့ ပညာသည္(ဆရာ/ဆရာမ)ကို ေခၚသြင္းၿပီး သူတို႔လုပ္ထားတဲ့ ပညာစက္ေတြ၊ အပင္းေတြ၊ အတိုက္ေတြကို ျပန္သိမ္းခိုင္းျခင္းပဲ ျဖစ္ပါတယ္။ ဒီလို ကာယကံရွင္ကိုေခၚၿပီး ပညာစက္သိမ္းခိုင္းတာ ေတာင္မွ (ေခါင္းေၾကာမာတဲ့သူဆိုရင္) ပညာစက္ အကုန္မသိမ္းတာတို႔၊ ေနာက္တစ္ႀကိမ္ထပ္လုပ္တာ တို႔ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ ပေယာဂတစ္ခုကို ကုသတဲ့အခါ ေခါင္းေပၚလက္တင္ၿပီး ရြတ္ေပး႐ံုနဲ႔ မရႏိုင္ပါဘူး။ စနစ္တက် ကုသမွသာလွ်င္ အဆင္ေျပ မွာျဖစ္ပါတယ္။ မေတာက္တေခါက္နဲ႔ သြားလုပ္ရင္ ရန္စသလိုျဖစ္ၿပီး လူနာနဲ႔ မိသားစုအတြက္ ပိုဆိုး သြားႏိုင္တာမို႔ ပေယာဂကုတဲ့အခါ အထူးဂ႐ုစိုက္ၾက ဖို႔လိုပါတယ္။

 

စိႏၱာမယဆရာပိုင္

အမွတ္(၃၆၂)၊ ၈-လမ္း၊ (၁၀)ရပ္ကြက္၊ ေတာင္ဥကၠလာပၿမိဳ႕ နယ္၊ ဖုန္း- ဝ၉၄၂၀၇၄၄ ၁၁၂။ ဝ၉၂၅၄၈၁၁၀ဝ၇

 

Unicode Version

 

ကုရင်းနဲ့ရေး၊ ရေးရင်းနဲ့ကုနေရတဲ့ ပယောဂ တိုက်ဆန်းများမှာ တစ်ခါတလေ အတွေးလေးတွေ လည်း ရေးကြည့်ချင်စိတ် ပေါက်မိပါတယ်။ ဒါကြောင့် အတွေးများများ ဆောင်းပါးတစ်ပုဒ်အဖြစ် ရေး ကြည့်လိုက်တာပါ။
ပယောဂဆိုတဲ့နေရာမှာ တွေ့နေရ တာကတော့ စုန်းပညာနဲ့ ပြုစား တယ်။ အောက်လမ်းပညာနဲ့ ကု စားတယ်။ ရွာသူအတတ်နဲ့ ရွာ တော်ရှင်ကို တိုက်ပြီး တစ်ဖက် သား နစ်နာအောင်လုပ်တယ်။ အခြေခံသဘောအရ ဒီလောက်ပဲ ရှိပါတယ်။ မှော် ပညာနဲ့ဆိုတာက တော့ ရေးခဲ့တဲ့ စုန်းအောက်လမ်း၊ ရွာသူတို့ထက် အနည်းငယ်မြင့်သွားတဲ့  ပညာ မျိုးဖြစ်ပါတယ်။ ဒီပညာအတွက်ကတော့ သပ်သပ် ရေးပါမယ်။

ဒီနေရာမှာ စုန်း၊ အောက်လမ်း၊ ရွာသူရယ်လို့  သူတို့ကိုယ်သူတို့ မသိဘဲ ရောက်လာကြတဲ့ ပညာ သည်တွေလည်း ရှိနေတတ်ပါတယ်။ အချို့ကတော့ စာအုပ်ကြည့်လုပ်တာတို့၊ သူတို့ဆရာလုပ်တဲ့အတိုင်း သင်ပေးထားတဲ့အတိုင်း လိုက်လုပ်တာတို့လည်း တွေ့ ရတတ်ပြီး အဲဒါ ဘာပညာလဲလို့မေးရင် မသိကြ သူတွေလည်း ရှိနေတတ်ပါတယ်။ သူတို့ကိုတော့ ကျွန်ုပ်ရဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေက ပညာရပ်ခွဲ ပေးရတတ်ပါတယ်။ အဲဒီတော့မှ သူတို့ ဘာဆိုတာ သိသွားတတ်ကြတာပါ။

စုန်းနဲ့ အောက်လမ်းပညာတွေနဲ့ တိုက် ခိုက်ကြပေမယ့် သူတို့မှာ တူတာတွေ များပါ တယ်။ (၁) ဓာတ်ပုံနဲ့ တိုက်ခိုက်ခြင်း၊ (၂) နာမည်နဲ့ တိုက်ခိုက်ခြင်း၊ (၃) အစာ(အပင်း) ကျွေးတိုက်ခိုက်ခြင်း၊ (၄) အိမ်ခြံမြေဆိုင်တို့ ကို သရဲ၊ အစိမ်း၊ ဘီလူး စတာတွေနဲ့ တိုက်ခိုက်ခြင်း၊ (၅) အိမ်ခြံမြေ ဆိုင်တို့ကို တိုက် ရိုက်တိုက်လို့မရရင် အိမ်ရှေ့၊ ခြံရှေ့တွေမှာ သရဲ၊ ဘီလူး၊ အစိမ်းတို့ထားပြီး တိုက်ခိုက်ခြင်းမျိုးတွေ လည်း ရှိတတ်ပါတယ်။

(၁) ဓာတ်ပုံနဲ့ တိုက်ခိုက်ခြင်း
ခုခေတ်မှာ ဓာတ်ပုံတစ်ပုံရဖို့ သိပ်လွယ်ပါ တယ်။ ဒီတော့ ဓာတ်ပုံနဲ့ အတိုက်လုပ်ကြတာ တော်တော်လေး ခေတ်စားပါတယ်။ ကျွန်ုပ်ဆီ ရောက်လာသမျှ တော်တော်များများဟာ ဓာတ်ပုံနဲ့ လုပ်တယ်။ နာမည်နဲ့လုပ်တယ် ဆိုတာမျိုးတွေ တွေ့ နေရလို့ပါပဲ။ ဓာတ်ပုံနဲ့လုပ်တဲ့နေရာမှာ အနိမ့်ဆုံး (ရွာသူအဆင့်)လောက်ကဆိုရင် ဓာတ်ပုံကို လူတစ် ယောက်ရဲ့ အနိမ့်ဆုံးဆိုတဲ့ နေရာမျိုးမှာထားပြီး ဘုန်းကံနိမ့်အောင် လုပ်တတ်ကြပါတယ်။ နောက် ဒီ့ထက်မြင့်တဲ့ အောက်လမ်း၊ စုန်းတို့ကတော့ ဓာတ်ပုံ မှာ အနိမ့်စား အင်း၊ အပျက်အင်းတွေ သုံးပြီး သူတို့တိုက်ခိုက်လိုသူရဲ့ နာမ်ကိုသွင်းကာ (ဘုန်းကံ နိမ့်အောင်)၊ မလိုလားအပ်ဘဲ ငွေကုန်ကြေးကျများ အောင်၊ မိသားစုတွင်း တစ်ယောက်နဲ့တစ်ယောက် (အလိုလို) ကြည့်မရဖြစ်ကာ တစ်ယောက်စကားတစ် ယောက် နားမထောင်ကြတော့ဘဲ ထင်ရာစိုင်းကြပြီး မိသားစုအရေးမှာ ဖရိုဖရဲဖြစ်အောင် လုပ်လေ့ရှိကြပါ တယ်။

ဒီလိုအတိုက်လုပ်ကြတဲ့အခါ သူတို့တိုက်ခိုက် ချင်တဲ့လူကို မထိရင်တောင် သူတို့သုံးတဲ့ ပစ္စည်း၊ ယာဉ်၊ အသုံးအဆောင်တွေကို ထိခိုက်ပြီး အပျက် အစီး များတာတို့ ငွေကုန်တာတို့တွေ ဖြစ်ရတတ် ပါတယ်။ ငွေအထွက်များရင် ဘယ်သူမဆို စိတ်ညစ် လာတတ်ကြတာပါပဲ။

(၂) နာမည်နဲ့ တိုက်ခိုက်ခြင်း
အချို့ပညာသည်တွေဆီ လာရောက်လုပ်ခိုင်း သူတွေက သူတို့လုပ်စေချင်သူရဲ့ နာမည်လောက်ပဲ သိတယ်ဆိုရင်လည်း လုပ်ပေးလေ့ရှိပါတယ်။ အဲဒါက တော့ နာမည်နဲ့ တိုက်ခိုက်ခြင်းပါပဲ။ သူတို့တိုက်ခိုက် လိုသူရဲ့ နာမည်ကို ဘုန်းကံနိမ့်စေတဲ့ နည်းမျိုးစုံနဲ့ လုပ်ကြခြင်းပါ။ ဒီနေရာမှာ အနိမ့်ဆုံးကနေ အမြင့် ဆုံးထိ ရှိပါတယ်။ (မှတ်ချက်။ ။ နည်းတွေက သိပ်လွယ်နေလို့ ထည့်မရေးတော့ပါဘူး) လိုက်လုပ် ကြည့်ရင် လုပ်တဲ့သူဟာ အောက်လမ်းရွာသူတွေနဲ့ တစ်တန်းတည်းဖြစ်ပြီး သံသရာမှာ အပါယ်ကိုသွား ရတတ်လို့ မရေးပြတာပါ။

(၃) အစာ(အပင်း)ကျွေးတိုက်ခိုက်ခြင်း
ဒါမျိုးလုပ်တယ်ဆိုတာက တစ်ဦးနဲ့တစ်ဦး အိမ်အဝင်အထွက်ရှိတာတို့ ရင်းနှီးကျွမ်းဝင်နေရာက နေ တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေဖြစ်ကြ တဲ့အခါ၊ ဆွေမျိုးနီးစပ်တွေ မကျေမနပ်ဖြစ်ကြတဲ့အ ခါ အမွေကိစ္စ၊ မြေကိစ္စမျိုး ဖြစ်ကြတဲ့အခါမှာ အပင်း သွင်းတဲ့နည်းကို သုံးလေ့ရှိပါတယ်။

နောက်တစ်မျိုးကတော့ အမျိုးသမီးတွေ သူတို့အမျိုးသားတွေ အိမ်ထောင်ရေး ဖောက်ပြန်တဲ့ အခါမျိုးမှာ အားကိုးရှာကြရင်းက အချို့ဆရာသမား တွေက ဆေးမှုန့်တွေပေးပြီး အမျိုးသားရဲ့ အစာထဲကို ထည့်ကျွေးခိုင်းတာမျိုး ကျွန်ုပ်ဆီမှာ မကြာခဏမိ တတ်ပါတယ်။ အမှန်ကတော့ မလုပ်သင့်တဲ့ အလုပ် ပါ။ အဲဒီလို အစာမှာထည့်ကျွေးတဲ့ အမှုန့်နဲ့အတူ သူတို့(အောက်လမ်း၊ ရွာသူ)တွေက အောက်ကျတဲ့ နည်းတွေကိုပါ ရောပေးတတ်ပါတယ်။

အဲဒါကတော့ အမျိုးသမီးရဲ့ သွေးနဲ့ရော ကျွေးခိုင်းတတ်တာပါပဲ။ ဒါကို စားမိသောက်မိသူ ဟာ ဘုန်းကံပြုတ်ကျသွားပြီး တဖြည်းဖြည်းနဲ့ ပြော သမျှ မအောင်၊ လုပ်သမျှတွေ မဖြစ်တွေ ဖြစ်လာ တတ်ပါတယ်။ အိမ်ထောင်ရေး ဖောက်ပြန်တတ်တဲ့ အမျိုးသားတွေခမျာ နှစ်ဖက်ခံရတာမျိုးတွေ များပါ တယ်။ နောက်မိန်းကလေးကလည်း ဒီလူကြီးတွေ ဆီက ငွေရ အောင်၊ သူမဆီ လာချင်နေအောင် ဆရာ၊ ဆရာမတွေနဲ့ လုပ်ခိုင်းထားတတ် ကြပါတယ်။ သူတို့လုပ်တဲ့နည်းက လည်း အပင်းသွင်းတာပါပဲ။ အဲဒီ့ အပင်း ကြောင့် အမျိုးသားဟာ နောက်မိန်းကလေး ဆီပဲ သွားချင်နေစိတ်ဖြစ်၊ အိမ်မှာလည်း မနေ ချင် ဖြစ်နေတာကြောင့် လက်ရှိမိန်းမက ရိပ်မိသွား ပြီး သူ့ဆရာမဆီ အကျိုးအကြောင်း ပြောတဲ့အခါ ဆရာမကလည်း အပင်းကျွေးဖို့ ပေးလိုက်တာကြောင့် ယောကျာ်းကို ကျွေးလိုက်ပါလေရော။

ယောကျာ်းခမျာ နှစ်ယောက်လုံးရဲ့ အပင်း ဗိုက်ထဲရောက်နေလေတော့ ဘာလုပ်လို့ဘာကိုင်ရ မှန်းမသိဖြစ်ရာက စိတ်တွေ ကယောင်ချောက်ချား ဖြစ် စိတ်နဲ့ကိုယ်နဲ့ မကပ်ဖြစ်တတ်ပါတယ်။ အထူး သတိထားကြဖို့တော့ လိုပါတယ်။

(၄) အိမ်ခြံမြေဆိုင်တို့ကို သရဲ၊ အစိမ်း၊ ဘီလူး စတာတွေနဲ့ တိုက်ခိုက်ခြင်း
ဒီလိုနည်းမျိုးသုံးတာကတော့ အထူးသဖြင့် အမွေကိစ္စ၊ မြေကိစ္စမျိုး ဖြစ်ကြတဲ့အခါမှာ အောက် လမ်းဆရာကို အားကိုးမိကြရင်တော့ ဆရာလုပ်တဲ့ သူက သူမွေးထားတဲ့ သရဲ၊ အစိမ်းနဲ့ ဖြစ်ဖြစ် အဲဒီ အိမ်ရဲ့ မလှမ်းမကမ်းမှာ ရှိနေတတ်တဲ့ သရဲ၊ အစိမ်းနဲ့ ဖြစ်ဖြစ် အတိုက်လုပ်လေ့ရှိပါတယ်။

အောက်လမ်းစစ်စစ် ဖြစ်သွားရင် သူတို့မှာ နှင်တန်လို ကိုင်တဲ့ တောင်ဝှေးငယ်လေးရှိတတ်ပါ တယ်။ အရွယ်အစားက ခြောက်လက်မ၊ ရှစ်လက်မ လောက်ပဲ ရှည်ပေမယ့် ၃၇ မင်းနတ်တွေကိုတောင် ခိုင်းလို့ရတယ်လို့ သိရပါတယ်။ ဒီနှင်တန်နဲ့ ခေါ်ရင်    မဖြစ်မနေ သွားရပါတယ်။ သူတို့ကိုကြောက်လို့ မဟုတ်ပေမယ့် အဲဒီအောက်လမ်းနှင်တန်ဟာ လော ကမှာ အယုတ်ညံ့ဆုံးဆိုတာတွေနဲ့ လုပ်ထားတာမို့လို့ နာမ်လောကသားတွေ ကြောက်ရတယ်လို့ သိမှတ် ဖူးပါတယ်။

သရဲတိုက်၊ အစိမ်းတိုက်ရှိနေပြီဆိုရင် အဲဒီ အိမ်မှာ သရဲခြောက်သလိုလို၊ အိမ်ထဲခြံထဲသွားလာ နေရင်း ကိုယ့်နားမှာ တစ်ယောက်ယောက်ရှိနေသလို၊ ခေါ်သံကြားလိုက်သလိုလို တစ်ခုခု ခံစားရတတ်ပါ တယ်။ နောက်ပြီး အိမ်မှာလည်း ဘာလုပ်လုပ်အဆင် မပြေ၊ တစ်ယောက်နဲ့တစ်ယောက် မတည့်ကြ၊ ဖြစ် လိုက်ရင် ဒေါသတကြီး ဒါမျိုးတွေ ဖြစ်တတ်ပါတယ်။

အောက်လမ်းစစ်စစ် မဟုတ်သေးတဲ့ ဆရာ၊  ဆရာမ တချို့ကတော့ သူတို့မွေးထားတဲ့ အကောင် တွေကို လွှတ်ပေးပြီး မိသားစုကို ဒုက္ခပေးတတ် ကြပါတယ်။ ဘီလူးနဲ့ တိုက်တယ်ဆိုတာကတော့ မွေးထားတာမျိုး မဟုတ်ပါဘူး။ သူတို့ကိုင်တဲ့ အင်း တွေရဲ့ အစောင့်တွေဟာ များသောအားဖြင့် ဘီလူး ဖြစ်ပါတယ်။ ဒါကြောင့် အင်းဘီလူးနဲ့ တိုက်တာပါ။   ပုဏ္ဏကတိုက်တယ်ဆိုတာ ကြားဖူးကြမယ် ထင်ပါ တယ်။ အဲဒါသူတို့ပြောနေကြသလို ပုဏ္ဏကလည်း ဟုတ်ချင်မှ ဟုတ်မှာပါ။ ဘီလူးတိုက်နဲ့ သရဲတိုက် ပေါင်းမိသွားတဲ့အခါ အိမ်၊ ခြံ၊ မြေမှာ ဖြစ်တတ်ကြ တာပါ။

အရင်ကတော့ အောက်လမ်း၊ ရွာသူ၊ စုန်း စတဲ့ ပညာသည်တွေမွေးထားတဲ့ သရဲ၊ ဘီလူးတွေ ကို ကုသရင်း တွေ့တဲ့အခါ သူတို့ကို တရားဟောပြီး   ကျွန်ုပ် သိမ်းလိုက်ပါတယ်။ နောက်သူတို့သွားချင်တဲ့ ဘုရား၊ စေတီ၊ ကျောင်းတို့ဆီ ပို့ပေးခဲ့ပါတယ်။ ဒါက လည်း သူတို့တွေရဲ့ သံသရာခရီးလမ်းအတွက်ပါ။ အောက်လမ်း၊ ရွာသူ၊ စုန်းတို့ လက်ထဲမှာနေရင် သူတို့တွေ အခိုင်းခံဘဝက လွတ်မယ် မထင်ပါဘူး။ ဒါကြောင့် ကြေးစည်သံခေါင်းလောင်းသံနဲ့ တရားသံ အမျှဝေသံတွေ ရှိနေတတ်တဲ့ ဘုရားပရဝုဏ်ဆီ ပို့ ပေးတာပါ။

အနီးဆုံးဖြစ်တဲ့ ကျိုက္ကစံဘုရားမှာ သရဲ ၄၅၀ ကျော်နဲ့ ဘီလူးသုံးကောင် ပို့ထားပါတယ်။ ဘုရားမှာ အကြမ်းတွေကို အုပ်ချုပ်တဲ့ ယက္ခညီနောင်နဲ့ ညှိနှိုင်း ပြီး ယက္ခညီနောင်ရဲ့ အုပ်ချုပ်မှုကို ခံယူပါ့မယ်ဆိုတဲ့ ကတိကဝတ်နဲ့ ပို့ပေးတာပါ။ နောက် တစ်ရာ့ရှစ် တောင်ဘုရား၊ ပုသိမ်ရွှေမုဋ္ဌောနဲ့ ကျိုက္ကလို့ ကျိုက္က လဲ့ စတဲ့ဘုရားတွေမှာလည်း ပို့ထားပါတယ်။

ခုတော့ ဧည့်သည်တွေကများ အချိန်က နည်းနေတာကြောင့် မပို့ဖြစ်တာ သုံးလေးနှစ်လောက် ရှိပါပြီ။

၅။ အိမ်၊ ခြံ၊ မြေတို့ကို တိုက်ခိုက်လို့မရ ရင် အိမ်ရှေ့၊ ခြံရှေ့တွေမှာ သရဲ၊ ဘီလူး၊ အစိမ်းတို့ ထားပြီး တိုက်ခိုက်ခြင်း
အချို့အတိုက်တွေက အိမ်၊ ခြံ၊ မြေတွေကို တိုက်ရိုက်တိုက်လို့ မရတာလည်းရှိတတ်ပါတယ်။ သူတို့တိုက်တဲ့အိမ်မှာ သီလနဲ့ ပြည့်စုံသူ၊ ဘုန်းတန် ခိုးရှိသူ ရှိနေတဲ့အခါမျိုးမှာ သူတို့တိုက်ချင်တိုင်း တိုက်လို့မရတတ်ပါဘူး။ အဲဒီအခါမှာ သူတို့က အိမ်ခြံ ကို မတိုက်တော့ဘဲ အိမ်ရှေ့၊ ခြံရှေ့တွေမှာ အပိတ် အဆို့ထားတိုက်တတ်ပါတယ်။

အထက်မှာရေးခဲ့တဲ့ အတိုက်မျိုးတွေကို ရှင်း တဲ့အခါမှာ ကျွန်ုပ်အနေနဲ့ကတော့ အတိုက်လုပ်ထား တဲ့ ပညာသည်(ဆရာ/ဆရာမ)ကို ခေါ်သွင်းပြီး သူတို့လုပ်ထားတဲ့ ပညာစက်တွေ၊ အပင်းတွေ၊ အတိုက်တွေကို ပြန်သိမ်းခိုင်းခြင်းပဲ ဖြစ်ပါတယ်။ ဒီလို ကာယကံရှင်ကိုခေါ်ပြီး ပညာစက်သိမ်းခိုင်းတာ တောင်မှ (ခေါင်းကြောမာတဲ့သူဆိုရင်) ပညာစက် အကုန်မသိမ်းတာတို့၊ နောက်တစ်ကြိမ်ထပ်လုပ်တာ တို့ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပယောဂတစ်ခုကို ကုသတဲ့အခါ ခေါင်းပေါ်လက်တင်ပြီး ရွတ်ပေးရုံနဲ့ မရနိုင်ပါဘူး။ စနစ်တကျ ကုသမှသာလျှင် အဆင်ပြေ မှာဖြစ်ပါတယ်။ မတောက်တခေါက်နဲ့ သွားလုပ်ရင် ရန်စသလိုဖြစ်ပြီး လူနာနဲ့ မိသားစုအတွက် ပိုဆိုး သွားနိုင်တာမို့ ပယောဂကုတဲ့အခါ အထူးဂရုစိုက်ကြ ဖို့လိုပါတယ်။

စိန္တာမယဆရာပိုင်

အမှတ်(၃၆၂)၊ ၈-လမ်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့ နယ်၊ ဖုန်း- ဝ၉၄၂၀၇၄၄ ၁၁၂။ ဝ၉၂၅၄၈၁၁၀ဝ၇

Comments

comments

Post Author: manawmaya