စည္းမဲ့ကမ္းမဲ့ ပညာစက္

တခ်ိဳ႕လူေတြက ေျပာၾကတယ္။ ဒီေလာက္ ေခတ္မီေနတဲ့ အိုင္တီေခတ္ႀကီးမွာ ပေယာဂဆိုတာ က ရွိေနေသးလို႔လားလို႔ ေမးၾကေျပာၾကပါတယ္။ ပေယာဂဆိုတဲ့ အတိုက္စက္ ပညာစက္ဆိုတာက ေတာ့ လူေတြရွိေနသမွ် ကာလပတ္လံုး ရွိေနမွာပဲ လို႔ ကြ်ႏု္ပ္ ေျဖလိုပါတယ္။ ဘာေၾကာင့္ဆို လူေတြ ဆိုတာ ေလာဘ၊ ေဒါသ၊ ေမာဟေတြနဲ႔ အသက္ ရွင္ေနၾကတာ မ်ားလာၾကလို႔ပါ။ ပေယာဂတိုက္စက္ နဲ႔တိုက္ရင္ တရားဥပေဒအရလည္း အေရးယူလို႔ မရတာေၾကာင့္ တစ္ေယာက္နဲ႔ တစ္ေယာက္ ေလာဘ၊ ေဒါသ၊ ေမာဟယွဥ္ၿပီး ျပႆနာျဖစ္ၾကတဲ့ အခါမ်ိဳးမွာ ဒီလို ပညာစက္ေတြနဲ႔ တိုက္ၾက၊ ခိုက္ ၾကတာပါ။ ဒါေၾကာင့္ ေပ်ာက္သြားဖို႔ မလြယ္လွပါ ဘူး။

ဒါေပမဲ့ ယေန႔ေခတ္မွာ ပညာသည္လို႔ေခၚ တဲ့ ေအာက္လမ္း ရြာသူေတြေရာ၊ သူတို႔ကို ခိုင္းေစ တဲ့သူေတြမွာေရာ စည္းမဲ့ကမ္းမဲ့ျဖစ္လာၾကတာေတြ႕ ေနရပါတယ္။ ေရွးအခါတုန္းက တစ္ေယာက္နဲ႔တစ္ ေယာက္ ပညာစက္သံုး တိုက္ခိုက္ဖို႔ဆိုရင္ ကိုယ့္ကို မ်က္ရည္ေပါက္ ႀကီးငယ္က်မွ ပညာစက္သံုးၿပီး တိုက္ ခိုက္ၾကတယ္လို႔ သိရပါတယ္။ ေနာက္ ပညာစက္ သံုးတိုက္ဖို႔ ခိုင္းေစသူကလည္း သူကိုယ္တိုင္ ခံရတဲ့ အခါမ်ိဳးမွာ ဘဝစည္းစိမ္တို႔ကို ထိခိုက္လာေအာင္ မ်က္ရည္ေပါက္ႀကီးငယ္က်ေအာင္ ခံစားခဲ့ရမွသာ လွ်င္ ျပန္လည္တိုက္ခိုက္ဖို႔ ခိုင္းေစၾကတာ ျဖစ္သင့္ ပါတယ္။

ခုေခတ္မွာေတာ့ အဲ့လိုမဟုတ္ၾကပါဘူး။ တစ္ ေယာက္နဲ႔တစ္ေယာက္ မ်က္ေစာင္းကေလးထိုးၾက႐ံု၊ တစ္ခြန္းစႏွစ္ခြန္းစ စကားေလးမ်ားၾက႐ံုနဲ႔လည္း ပညာသည္ဆီ သြားၿပီး အတိုက္လုပ္ခိုင္းတတ္ပါ တယ္။ ပညာသည္ဆီေရာက္ေတာ့ သူတို႔ခံစားရ တာထက္ အဆေပါင္းမ်ားစြာ ခ်ဲ႕ကားေျပာၿပီး လုပ္ ေပးပါ ေျပာတတ္ၾကပါတယ္။ ဒီေတာ့ကာ ပညာ သည္ကလည္း သူ႔ဆီလာခိုင္းတဲ့သူမွာ အမွန္တ ကယ္ ခံစားရတာပဲထင္ၿပီး သူ႔ပညာစက္နဲ႔ တစ္သက္ သားမိသားစု စီးပြားေရး၊ လူမႈေရး၊ က်န္းမာေရး တစ္ခုခုဒုကၡေရာက္ေအာင္ သူတို႔တတ္ထားနဲ႔   ပညာ ကုန္ လုပ္ေတာ့တာပါပဲ။

ဘာလို႔ ပညာကုန္ လုပ္တာလဲဆိုေတာ့ ထပ္ရွင္းပါမယ္။ ဒီေန႔ေတြ႕ေနရတဲ့ ပညာသည္တစ္ ခ်ိဳ႕ဟာ သူတို႔တတ္ထားတဲ့ ပညာရပ္ကို ဘာပညာ ရပ္ျဖစ္တယ္ဆိုတာေတာင္ မသိၾကတဲ့သူေတြမ်ား ပါတယ္။ သူတို႔တတ္ထားတာက ေအာက္လမ္း၊ ပညာလား၊ ရြာသူပညာလား၊ စုန္းလား၊ ေမွာ္လား ဆိုတာေတာင္ မသိၾကတဲ့သူ မ်ားေနပါတယ္။ ေနာက္သူတို႔တတ္တာ ဘယ္အဆင့္ရွိတယ္။ ဘယ္ ေလာက္ တတ္ထားလို႔ ဘယ္လိုလုပ္လိုက္ရင္ တစ္ ဖက္သားအတြက္ ဘယ္ေလာက္ခံစားရမယ္။ ဘာ ေတြျဖစ္မယ္ဆိုတာကိုလည္း မသိၾကပါဘူး။ ဒါ ေၾကာင့္ သူတို႔တတ္ထားတဲ့ ပညာကုန္လုပ္ေလ့ ရွိၾက ပါတယ္။ ဒီလိုလုပ္လိုက္မွလည္း သူတို႔လုပ္ေပးလိုက္ တာ ထိေရာက္ၿပီး လာခိုင္းသူ ေက်နပ္လို႔ ေနာက္ ထပ္ လာေစေအာင္၊ တျခားသူမ်ားပညာစက္ သံုး ခ်င္တဲ့အခါ သူ႕ဆီကိုေခၚလာေစေအာင္လို႔ ပညာကုန္ သံုးတတ္ၾကပါတယ္။

တစ္ေန႔ေရာက္လာတဲ့ ပညာသည္(ေအာက္ လမ္း)တစ္ေယာက္ဟာ သူ႕ကိုယ္သူ ဘာပညာမွန္း မသိဘဲ –

“ကြ်န္ေတာ္ပညာကုန္လုပ္ထားတာပါဆရာ။ သူတို႔မိသားစုေတြ စီးပြားေရး မေကာင္းျဖစ္ၿပီး ဒုကၡ ေရာက္ေအာင္လုပ္လိုက္တာပါ”

“ဒါဆို မင္းဘယ္လိုလုပ္လဲ။ မင္းသံုးတာ ဘာပညာလဲ ေျပာ”

“အဲဒါေတာ့ ကြ်န္ေတာ္ မသိပါဘူး ဆရာ …၊ ကြ်န္ ေတာ္တို႔လာခိုင္းသူေက် နပ္ေအာင္ လုပ္ေပး ရ တာပါ။စားဝတ္ေနေရး အတြက္ လုပ္ေနရတာမို႔ လုပ္လိုက္တာပဲရွိပါတယ္။ ဘာပညာသံုးၿပီး ဘာျဖစ္ မယ္ေတာ့ မသိပါဘူး။ ဒါ ေပမဲ့ သူတို႔ေတြ စိတ္ ေခ်ာက္ခ်ားမယ္။ ေငြ ကုန္ေၾကးက် မ်ားမယ္။ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္မၾကည့္ ခ်င္တာ ျဖစ္မယ္။ အဲဒါေတာ့ သိပါ တယ္ဆရာ”

အဲဒီလို အ ေျဖမ်ိဳးမၾကာခဏၾကား ေနရပါတယ္။ ဒါေၾကာင့္ သူတို႔ေရာက္လာရင္ ကြ်ႏု္ပ္နဲ႔ သက္ဆိုင္ရာေတြက သူတို႔ကို အ မ်ိဳးအစားခြဲေပးလိုက္ပါတယ္။ ဒီေတာ့မွပဲ သူတို႔ကိုယ္တိုင္ ဘာပညာလဲဆိုတာ သိ သြားတတ္ၾကပါတယ္။

စည္းကမ္းမဲ့ လာရ တာကေတာ့ ခိုင္းသူေတြက ခိုင္းသလို လုပ္ေပးသူေတြကလည္း အာမခံခ်က္ ေတြေပးၿပီး ေငြပိုေတာင္းကာ သူတို႔စားဝတ္ေနေရး ကို ေျဖရွင္းေနၾကပါတယ္။ အရင္တုန္းကလို မ်က္ ရည္ေပါက္ႀကီးငယ္တို႔ဘာတို႔ မသိၾကေတာ့သလို အဲဒီ စည္းလည္းက်ိဳးေပါက္ခဲ့ပါၿပီ။

အဓိကအားျဖင့္ ေငြမ်က္ႏွာတစ္ခုတည္းကို သာ ၾကည့္ၿပီး ေငြရဖို႔အတြက္သာ လုပ္ေနၾကပါ တယ္။ သူတို႔လုပ္တဲ့အတြက္ တစ္ဖက္သားမွာ ဘယ္ လိုခံစားရတယ္။ ေငြကုန္ေၾကးက်မ်ားသြားၿပီး မိဘ ညီအစ္ကိုေမာင္ႏွမ စိတ္ဆင္းရဲရတယ္ဆိုတာလည္း မစဥ္းစားၾကေတာ့ပါဘူး။ သူတို႔အတြက္ တစ္ဘို႔တည္း ၾကည့္တဲ့ သူေတြမ်ားလာပါတယ္။

ေရးေနရင္း သတိရလို႔ လြန္ခဲ့တဲ့ ၁၅ ႏွစ္ ေက်ာ္ေလာက္က ျဖစ္ရပ္ကေလးတစ္ခုကို ေရးျပ ခ်င္ပါတယ္။

တစ္ေန႔ ဦးေလးသားခ်င္းလိုျဖစ္ေနသူ တစ္ ေယာက္ဆီေရာက္သြားပါတယ္။ ကိုယ့္ထက္ အသက္ အမ်ားႀကီးႀကီးသူပါ။ သူ႔မွာ ေျမးသံုးေယာက္ရွိၿပီး သူသိပ္ခ်စ္တယ္ဆိုတဲ့ ေျမးမက ဆယ္တန္း ေရာက္ ေနပါၿပီ။ ကိုယ္ေရာက္သြားတဲ့အခ်ိန္မွာ ဆယ္တန္း ေက်ာင္းသူက ရွိေနပါတယ္။

“မင္း ေရာက္လာတာနဲ႔ အေတာ္ပဲကြာ။ ဒီ ႏွစ္ဆယ္တန္းေျဖမယ့္ ေျမးမက ဗိုက္ေတြ ေအာင့္ ေအာင့္ေနတာ ႏွစ္လသံုးလေလာက္ရွိၿပီကြာ။ ေဆး ခန္းေတြသြားလည္း မသက္သာဘူး။ အထူးသျဖင့္ ေတာ့ ညေနပိုင္းေတြဆို ထိုးထိုးေအာင့္တယ္”

“ေလထိုး တာလည္း ျဖစ္ႏိုင္တယ္ေလ … ေလခ်ဳပ္ဝမ္း ခ်ဳပ္ရင္ ျဖစ္တတ္တယ္”

“မဟုတ္ဘူးကြ၊ ေလလည္းမွန္၊ ဝမ္းလည္း မွန္တယ္ေျပာတာပဲ။ မင္းေရာက္လာတုန္း စစ္ေဆး ေပးသြားပါကြာ”

ကြ်ႏု္ပ္လည္း တတ္သည့္ပညာမေနသာဆို  သလို မိန္းကေလးကို ဘုရားေက်ာင္းေဆာင္ေရွ႕ေခၚ  ဘုရားကန္ေတာ့ခိုင္းလိုက္ၿပီး –

“ဘာေန႔ သမီးလဲ”

“ေသာၾကာသမီးပါ”

ေသာၾကာသမီးေလး အသက္နဲ႔ခႏၶာအပ္ခိုင္း ၿပီး စစ္ေဆးၾကည့္လိုက္တဲ့အခါ သူမကိုယ္ထဲမွာ အပင္းရွိေနတာ ေတြ႕လိုက္ရပါတယ္။ ရြာသူရဲ႕ အပင္း လို႔ သိလိုက္ရပါတယ္။ ဒါေၾကာင့္ အပင္းပိုင္ရွင္ရြာ သူကို ေခၚသြင္းလိုက္ပါတယ္။

“မင္းဘာလဲ ေျပာ”

“ရြာသူပါ ဆရာ”

ရြာသူေရာက္လာလို႔ ဘုရားကန္ေတာ့ၿပီး တာနဲ႔ ေမးလိုက္ျခင္းပါ။ သူ႔ခမ်ာ ေတာ္ေတာ္ေၾကာက္ ေနတာလား၊ ဘာျဖစ္ေနတာလဲေတာ့  ေသေသခ်ာ ခ်ာမသိပါ။

“နင္ဘာျဖစ္ေနတာလဲ ကတုန္ကယင္နဲ႔”

“ကြ်န္မ ဒီလိုတစ္ခါမွမျဖစ္ဖူးေတာ့ ေၾကာက္ ေနလို႔ပါ”

သူဆိုလိုခ်င္တာက ဆရာေရွ႕ကို မေရာက္ဖူး ဘူးလို႔ ေျပာခ်င္ပံုရပါတယ္။

“ဆရာနဲ႔ မေတြ႕ဖူးလို႔ေျပာတာလား”

“ဟုတ္ ဟုတ္ပါတယ္။ ကြ်န္မ ဘာလုပ္မိ လို႔လဲ။ ဘာအျပစ္ရွိလို႔ေခၚတာလဲ ဆရာ”

“အင္း ကိုယ္ဘာလုပ္မိမွန္းေတာင္ မသိ ေအာင္ ျဖစ္ေနတာေပါ့။ နင္ဒီကေလးမကို အပင္း သြင္းလိုက္တယ္ေလ။ အဲဒါဘာေၾကာင့္လဲ။ ေသာၾကာ သားသမီးက ဘာလုပ္လို႔လဲ။ နင့္ကို ခိုင္းတဲ့သူရွိတာ လား”

“ဟို သူမ်ားခိုင္းလို႔ အင္း ဘယ္လိုေျပာရ မလဲ။ ခိုင္းတာလည္း မဟုတ္ပါဘူး။ ဒီလိုပါ ဆရာ ရယ္။ ဒီေကာင္မေလး ျမင္ေတာ့မွ မွတ္မိသြားလို႔ လြန္ခဲ့တဲ့ သံုးေလးလေလာက္က သူတို႔သူငယ္ခ်င္း ေတြ ေရာက္လာၿပီး ကြ်န္မဆီမွာ ဟိုေမး ဒီေမး လုပ္ၾကတယ္။ အားလံုးျပန္ထြက္သြားေတာ့ ေကာင္ ေလးတစ္ေယာက္က ဒီအုပ္စုထဲမွာ သူႀကိဳက္ေနတဲ့ ေကာင္မေလးတစ္ေယာက္ပါလို႔ အဲဒီေကာင္မေလး သူ႔ကို ျပန္ႀကိဳက္ေအာင္လုပ္ေပးပါဆိုတာနဲ႔ ေဆးမႈန္႔ နည္းနည္းေလး ေပးလိုက္မိတာပါ”

အဲဒီေဆးပင္းက မိန္းကေလးကို ဗိုက္ေအာင့္ ေစၿပီး ေဆး႐ံု၊ ေဆးခန္းေတြ ျပတာေတာင္ မသက္ သာလို႔ ေဆးပညာအရ ေရာဂါရွာေဖြမႈေတြ ေတာင္ လုပ္ရေတာ့မွာပါ။ မိဘေတြမွာ ေငြကုန္ေၾကးက် မ်ား ၿပီး စိတ္ဆင္းရဲရပါတယ္။ ဆယ္တန္းေျဖရမွာမို႔ မေျဖ ႏိုင္မွာကိုလည္း စိတ္ပူၾကရျပန္ပါတယ္။

“အဲဒီအတြက္ နင္ဘယ္ေလာက္ရလဲ”

“ငါးေထာင္ရပါတယ္ ဆရာ”

ေငြငါးေထာင္အတြက္ မိဘေတြနဲ႔ မိန္းက ေလးပါ စိတ္ေရာ ကိုယ္ပါ ဆင္းရဲခဲ့ရပါတယ္။ ဒါ စည္းမေစာင့္လို႔ ျဖစ္ခဲ့ရတဲ့ အတိုက္တစ္ခုပါ။

ခုနစ္ရက္သားသမီးေတြ စုန္းကေဝေအာက္ လမ္းရြာသူေဘးမွ ကင္းေဝးၾကပါေစ။

 

စိႏၱာမယဆရာပိုင္

အမွတ္(၃၆၂)၊ ၈-လမ္း၊ (၁၀)ရပ္ကြက္၊ ေတာင္ဥကၠလာပၿမိဳ႕ နယ္၊ ဖုန္း- ဝ၉၄၂၀၇၄၄ ၁၁၂။ ဝ၉၂၅၄၈၁၁၀ဝ၇

 

Unicode Version

 

စည်းမဲ့ကမ်းမဲ့ ပညာစက်
** စိန္တာမယဆရာပိုင် **

**-*-*-***-*-*-*-*-*-*-*-*

တချို့လူတွေက ပြောကြတယ်။ ဒီလောက် ခေတ်မီနေတဲ့ အိုင်တီခေတ်ကြီးမှာ ပယောဂဆိုတာ က ရှိနေသေးလို့လားလို့ မေးကြပြောကြပါတယ်။ ပယောဂဆိုတဲ့ အတိုက်စက် ပညာစက်ဆိုတာက တော့ လူတွေရှိနေသမျှ ကာလပတ်လုံး ရှိနေမှာပဲ လို့ ကျွန်ုပ် ဖြေလိုပါတယ်။ ဘာကြောင့်ဆို လူတွေ ဆိုတာ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ အသက် ရှင်နေကြတာ များလာကြလို့ပါ။ ပယောဂတိုက်စက် နဲ့တိုက်ရင် တရားဥပဒေအရလည်း အရေးယူလို့ မရတာကြောင့် တစ်ယောက်နဲ့ တစ်ယောက် လောဘ၊ ဒေါသ၊ မောဟယှဉ်ပြီး ပြဿနာဖြစ်ကြတဲ့ အခါမျိုးမှာ ဒီလို ပညာစက်တွေနဲ့ တိုက်ကြ၊ ခိုက် ကြတာပါ။ ဒါကြောင့် ပျောက်သွားဖို့ မလွယ်လှပါ ဘူး။
ဒါပေမဲ့ ယနေ့ခေတ်မှာ ပညာသည်လို့ခေါ် တဲ့ အောက်လမ်း ရွာသူတွေရော၊ သူတို့ကို ခိုင်းစေ တဲ့သူတွေမှာရော စည်းမဲ့ကမ်းမဲ့ဖြစ်လာကြတာတွေ့ နေရပါတယ်။ ရှေးအခါတုန်းက တစ်ယောက်နဲ့တစ် ယောက် ပညာစက်သုံး တိုက်ခိုက်ဖို့ဆိုရင် ကိုယ့်ကို မျက်ရည်ပေါက် ကြီးငယ်ကျမှ ပညာစက်သုံးပြီး တိုက် ခိုက်ကြတယ်လို့ သိရပါတယ်။ နောက် ပညာစက် သုံးတိုက်ဖို့ ခိုင်းစေသူကလည်း သူကိုယ်တိုင် ခံရတဲ့ အခါမျိုးမှာ ဘဝစည်းစိမ်တို့ကို ထိခိုက်လာအောင် မျက်ရည်ပေါက်ကြီးငယ်ကျအောင် ခံစားခဲ့ရမှသာ လျှင် ပြန်လည်တိုက်ခိုက်ဖို့ ခိုင်းစေကြတာ ဖြစ်သင့် ပါတယ်။
ခုခေတ်မှာတော့ အဲ့လိုမဟုတ်ကြပါဘူး။ တစ် ယောက်နဲ့တစ်ယောက် မျက်စောင်းကလေးထိုးကြရုံ၊ တစ်ခွန်းစနှစ်ခွန်းစ စကားလေးများကြရုံနဲ့လည်း ပညာသည်ဆီ သွားပြီး အတိုက်လုပ်ခိုင်းတတ်ပါ တယ်။ ပညာသည်ဆီရောက်တော့ သူတို့ခံစားရ တာထက် အဆပေါင်းများစွာ ချဲ့ကားပြောပြီး လုပ် ပေးပါ ပြောတတ်ကြပါတယ်။ ဒီတော့ကာ ပညာ သည်ကလည်း သူ့ဆီလာခိုင်းတဲ့သူမှာ အမှန်တ ကယ် ခံစားရတာပဲထင်ပြီး သူ့ပညာစက်နဲ့ တစ်သက် သားမိသားစု စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး တစ်ခုခုဒုက္ခရောက်အောင် သူတို့တတ်ထားနဲ့ ပညာ ကုန် လုပ်တော့တာပါပဲ။
ဘာလို့ ပညာကုန် လုပ်တာလဲဆိုတော့ ထပ်ရှင်းပါမယ်။ ဒီနေ့တွေ့နေရတဲ့ ပညာသည်တစ် ချို့ဟာ သူတို့တတ်ထားတဲ့ ပညာရပ်ကို ဘာပညာ ရပ်ဖြစ်တယ်ဆိုတာတောင် မသိကြတဲ့သူတွေများ ပါတယ်။ သူတို့တတ်ထားတာက အောက်လမ်း၊ ပညာလား၊ ရွာသူပညာလား၊ စုန်းလား၊ မှော်လား ဆိုတာတောင် မသိကြတဲ့သူ များနေပါတယ်။ နောက်သူတို့တတ်တာ ဘယ်အဆင့်ရှိတယ်။ ဘယ် လောက် တတ်ထားလို့ ဘယ်လိုလုပ်လိုက်ရင် တစ် ဖက်သားအတွက် ဘယ်လောက်ခံစားရမယ်။ ဘာ တွေဖြစ်မယ်ဆိုတာကိုလည်း မသိကြပါဘူး။ ဒါ ကြောင့် သူတို့တတ်ထားတဲ့ ပညာကုန်လုပ်လေ့ ရှိကြ ပါတယ်။ ဒီလိုလုပ်လိုက်မှလည်း သူတို့လုပ်ပေးလိုက် တာ ထိရောက်ပြီး လာခိုင်းသူ ကျေနပ်လို့ နောက် ထပ် လာစေအောင်၊ တခြားသူများပညာစက် သုံး ချင်တဲ့အခါ သူ့ဆီကိုခေါ်လာစေအောင်လို့ ပညာကုန် သုံးတတ်ကြပါတယ်။
တစ်နေ့ရောက်လာတဲ့ ပညာသည်(အောက် လမ်း)တစ်ယောက်ဟာ သူ့ကိုယ်သူ ဘာပညာမှန်း မသိဘဲ –
“ကျွန်တော်ပညာကုန်လုပ်ထားတာပါဆရာ။ သူတို့မိသားစုတွေ စီးပွားရေး မကောင်းဖြစ်ပြီး ဒုက္ခ ရောက်အောင်လုပ်လိုက်တာပါ”
“ဒါဆို မင်းဘယ်လိုလုပ်လဲ။ မင်းသုံးတာ ဘာပညာလဲ ပြော”
“အဲဒါတော့ ကျွန်တော် မသိပါဘူး ဆရာ …၊ ကျွန် တော်တို့လာခိုင်းသူကျေ နပ်အောင် လုပ်ပေး ရ တာပါ။စားဝတ်နေရေး အတွက် လုပ်နေရတာမို့ လုပ်လိုက်တာပဲရှိပါတယ်။ ဘာပညာသုံးပြီး ဘာဖြစ် မယ်တော့ မသိပါဘူး။ ဒါ ပေမဲ့ သူတို့တွေ စိတ် ချောက်ချားမယ်။ ငွေ ကုန်ကြေးကျ များမယ်။ တစ်ယောက်မျက်နှာ တစ်ယောက်မကြည့် ချင်တာ ဖြစ်မယ်။ အဲဒါတော့ သိပါ တယ်ဆရာ”
အဲဒီလို အ ဖြေမျိုးမကြာခဏကြား နေရပါတယ်။ ဒါကြောင့် သူတို့ရောက်လာရင် ကျွန်ုပ်နဲ့ သက်ဆိုင်ရာတွေက သူတို့ကို အ မျိုးအစားခွဲပေးလိုက်ပါတယ်။ ဒီတော့မှပဲ သူတို့ကိုယ်တိုင် ဘာပညာလဲဆိုတာ သိ သွားတတ်ကြပါတယ်။
စည်းကမ်းမဲ့ လာရ တာကတော့ ခိုင်းသူတွေက ခိုင်းသလို လုပ်ပေးသူတွေကလည်း အာမခံချက် တွေပေးပြီး ငွေပိုတောင်းကာ သူတို့စားဝတ်နေရေး ကို ဖြေရှင်းနေကြပါတယ်။ အရင်တုန်းကလို မျက် ရည်ပေါက်ကြီးငယ်တို့ဘာတို့ မသိကြတော့သလို အဲဒီ စည်းလည်းကျိုးပေါက်ခဲ့ပါပြီ။
အဓိကအားဖြင့် ငွေမျက်နှာတစ်ခုတည်းကို သာ ကြည့်ပြီး ငွေရဖို့အတွက်သာ လုပ်နေကြပါ တယ်။ သူတို့လုပ်တဲ့အတွက် တစ်ဖက်သားမှာ ဘယ် လိုခံစားရတယ်။ ငွေကုန်ကြေးကျများသွားပြီး မိဘ ညီအစ်ကိုမောင်နှမ စိတ်ဆင်းရဲရတယ်ဆိုတာလည်း မစဉ်းစားကြတော့ပါဘူး။ သူတို့အတွက် တစ်ဘို့တည်း ကြည့်တဲ့ သူတွေများလာပါတယ်။
ရေးနေရင်း သတိရလို့ လွန်ခဲ့တဲ့ ၁၅ နှစ် ကျော်လောက်က ဖြစ်ရပ်ကလေးတစ်ခုကို ရေးပြ ချင်ပါတယ်။
တစ်နေ့ ဦးလေးသားချင်းလိုဖြစ်နေသူ တစ် ယောက်ဆီရောက်သွားပါတယ်။ ကိုယ့်ထက် အသက် အများကြီးကြီးသူပါ။ သူ့မှာ မြေးသုံးယောက်ရှိပြီး သူသိပ်ချစ်တယ်ဆိုတဲ့ မြေးမက ဆယ်တန်း ရောက် နေပါပြီ။ ကိုယ်ရောက်သွားတဲ့အချိန်မှာ ဆယ်တန်း ကျောင်းသူက ရှိနေပါတယ်။
“မင်း ရောက်လာတာနဲ့ အတော်ပဲကွာ။ ဒီ နှစ်ဆယ်တန်းဖြေမယ့် မြေးမက ဗိုက်တွေ အောင့် အောင့်နေတာ နှစ်လသုံးလလောက်ရှိပြီကွာ။ ဆေး ခန်းတွေသွားလည်း မသက်သာဘူး။ အထူးသဖြင့် တော့ ညနေပိုင်းတွေဆို ထိုးထိုးအောင့်တယ်”
“လေထိုး တာလည်း ဖြစ်နိုင်တယ်လေ … လေချုပ်ဝမ်း ချုပ်ရင် ဖြစ်တတ်တယ်”
“မဟုတ်ဘူးကွ၊ လေလည်းမှန်၊ ဝမ်းလည်း မှန်တယ်ပြောတာပဲ။ မင်းရောက်လာတုန်း စစ်ဆေး ပေးသွားပါကွာ”
ကျွန်ုပ်လည်း တတ်သည့်ပညာမနေသာဆို သလို မိန်းကလေးကို ဘုရားကျောင်းဆောင်ရှေ့ခေါ် ဘုရားကန်တော့ခိုင်းလိုက်ပြီး –
“ဘာနေ့ သမီးလဲ”
“သောကြာသမီးပါ”
သောကြာသမီးလေး အသက်နဲ့ခန္ဓာအပ်ခိုင်း ပြီး စစ်ဆေးကြည့်လိုက်တဲ့အခါ သူမကိုယ်ထဲမှာ အပင်းရှိနေတာ တွေ့လိုက်ရပါတယ်။ ရွာသူရဲ့ အပင်း လို့ သိလိုက်ရပါတယ်။ ဒါကြောင့် အပင်းပိုင်ရှင်ရွာ သူကို ခေါ်သွင်းလိုက်ပါတယ်။
“မင်းဘာလဲ ပြော”
“ရွာသူပါ ဆရာ”
ရွာသူရောက်လာလို့ ဘုရားကန်တော့ပြီး တာနဲ့ မေးလိုက်ခြင်းပါ။ သူ့ခမျာ တော်တော်ကြောက် နေတာလား၊ ဘာဖြစ်နေတာလဲတော့ သေသေချာ ချာမသိပါ။
“နင်ဘာဖြစ်နေတာလဲ ကတုန်ကယင်နဲ့”
“ကျွန်မ ဒီလိုတစ်ခါမှမဖြစ်ဖူးတော့ ကြောက် နေလို့ပါ”
သူဆိုလိုချင်တာက ဆရာရှေ့ကို မရောက်ဖူး ဘူးလို့ ပြောချင်ပုံရပါတယ်။
“ဆရာနဲ့ မတွေ့ဖူးလို့ပြောတာလား”
“ဟုတ် ဟုတ်ပါတယ်။ ကျွန်မ ဘာလုပ်မိ လို့လဲ။ ဘာအပြစ်ရှိလို့ခေါ်တာလဲ ဆရာ”
“အင်း ကိုယ်ဘာလုပ်မိမှန်းတောင် မသိ အောင် ဖြစ်နေတာပေါ့။ နင်ဒီကလေးမကို အပင်း သွင်းလိုက်တယ်လေ။ အဲဒါဘာကြောင့်လဲ။ သောကြာ သားသမီးက ဘာလုပ်လို့လဲ။ နင့်ကို ခိုင်းတဲ့သူရှိတာ လား”
“ဟို သူများခိုင်းလို့ အင်း ဘယ်လိုပြောရ မလဲ။ ခိုင်းတာလည်း မဟုတ်ပါဘူး။ ဒီလိုပါ ဆရာ ရယ်။ ဒီကောင်မလေး မြင်တော့မှ မှတ်မိသွားလို့ လွန်ခဲ့တဲ့ သုံးလေးလလောက်က သူတို့သူငယ်ချင်း တွေ ရောက်လာပြီး ကျွန်မဆီမှာ ဟိုမေး ဒီမေး လုပ်ကြတယ်။ အားလုံးပြန်ထွက်သွားတော့ ကောင် လေးတစ်ယောက်က ဒီအုပ်စုထဲမှာ သူကြိုက်နေတဲ့ ကောင်မလေးတစ်ယောက်ပါလို့ အဲဒီကောင်မလေး သူ့ကို ပြန်ကြိုက်အောင်လုပ်ပေးပါဆိုတာနဲ့ ဆေးမှုန့် နည်းနည်းလေး ပေးလိုက်မိတာပါ”
အဲဒီဆေးပင်းက မိန်းကလေးကို ဗိုက်အောင့် စေပြီး ဆေးရုံ၊ ဆေးခန်းတွေ ပြတာတောင် မသက် သာလို့ ဆေးပညာအရ ရောဂါရှာဖွေမှုတွေ တောင် လုပ်ရတော့မှာပါ။ မိဘတွေမှာ ငွေကုန်ကြေးကျ များ ပြီး စိတ်ဆင်းရဲရပါတယ်။ ဆယ်တန်းဖြေရမှာမို့ မဖြေ နိုင်မှာကိုလည်း စိတ်ပူကြရပြန်ပါတယ်။
“အဲဒီအတွက် နင်ဘယ်လောက်ရလဲ”
“ငါးထောင်ရပါတယ် ဆရာ”
ငွေငါးထောင်အတွက် မိဘတွေနဲ့ မိန်းက လေးပါ စိတ်ရော ကိုယ်ပါ ဆင်းရဲခဲ့ရပါတယ်။ ဒါ စည်းမစောင့်လို့ ဖြစ်ခဲ့ရတဲ့ အတိုက်တစ်ခုပါ။
ခုနစ်ရက်သားသမီးတွေ စုန်းကဝေအောက် လမ်းရွာသူဘေးမှ ကင်းဝေးကြပါစေ။

စိန္တာမယဆရာပိုင်
အမှတ်(၃၆၂)၊ ၈-လမ်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့ နယ်၊ ဖုန်း- ဝ၉၄၂၀၇၄၄ ၁၁၂။ ဝ၉၂၅၄၈၁၁၀ဝ၇

Comments

comments

Post Author: manawmaya