ျမနန္းႏြယ္ကုိ ကုိယ္ခ်င္းစာပါ

အားနာနာနဲ႔ဒီေဆာင္းပါးကိုေရးရမွာပါ။

ကြ်ႏု္ပ္ဆီေရာက္လာသမွ် သိုက္ဆက္ေတြ ထဲမွာ အၿမဲလိုလိုႀကံဳေနရတာေၾကာင့္ ေရးသင့္တယ္ ထင္လို႔ ခုလို ေရးလိုက္ရျခင္းျဖစ္ပါတယ္။

ျဖစ္စဥ္ကေတာ့ တစ္ေန႔ ကြ်ႏု္ပ္ဆီေရာက္ လာသူ အဂၤါသမီးတစ္ေယာက္က သူ႔ကိုယ္သူ သိုက္ ဆက္လို႔သိလိုက္ရတာေၾကာင့္ ျမနန္းႏြယ္ဆီမွာ ပြဲလွဴ ဖူးတယ္ဆိုတာက စၾကတာပါပဲ။

“ကြ်န္မကို သိုက္ဆက္လို႔ေျပာလို႔ ေသခ်ာ ေအာင္ လာစစ္တာပါ ဆရာ”

“ဘယ္သူကေျပာတာလဲ”

“——-က ေျပာတာပါ”

“ေသေသခ်ာခ်ာစစ္ေဆးၿပီးမွေျပာတာလား ဘယ္လိုပံုစံနဲ႔ ေျပာတာလဲ”

“အၾကားအျမင္ပံုစံနဲ႔ေျပာတာပါ ဆရာ”

“အင္း ခက္ေတာ့ေနပါၿပီ … ကြ်န္ေတာ္ တို႔က စစ္ေဆးကုသမႈကို လုပ္တဲ့အခါ သိသံုးသိနဲ႔ အလုပ္လုပ္ရပါတယ္။ အဲဒါေတြက ကုသေပးမယ့္ ဆရာ သိရမယ္၊ ကုသမႈခံယူမယ့္လူ သိရမယ္၊ ေနာက္ပတ္ဝန္းက်င္ သိရပါမယ္ …ဒါမွသာ လက္ခံ ႏိုင္မွာျဖစ္ပါတယ္။ ဒီလိုမဟုတ္ဘဲ ကိုယ္တစ္ေယာက္ တည္းသိၿပီး ကိုယ္တစ္ေယာက္တည္း ေျပာတာမ်ိဳး ကို ကြ်န္ေတာ္တို႔ပညာအရ လက္မခံပါဘူး၊ ဒါ ေၾကာင့္ စစ္ေဆးၿပီးမွ ေျပာပါမယ္”

ထံုးစံအတိုင္းစစ္ေဆးၾကည့္လိုက္ေတာ့ သိုက္ ဆက္မွန္ေနတာ ေတြ႕ရပါတယ္။

“အင္း သိုက္ဆက္ကေတာ့မွန္တယ္၊ ဘယ္ သိုက္ကလဲ၊ ဘာလဲ အက်ိဳးအေၾကာင္း သိတာ ရွိလား”

“ဟင္ ဘာမွမသိပါဘူး ဆရာ”

“သိုက္လို႔သိၿပီးဆိုရင္ ဘယ္သိုက္ကလဲ၊ ဘယ္မွာရွိတာလဲ၊ ညီအစ္ကိုေမာင္ႏွမ ဘယ္ေလာက္ ရွိလဲ၊ သက္တမ္း သတ္မွတ္ခ်က္ရွိလား …ရွိရင္ ဘယ္ေလာက္လဲ …မရွိရင္ ဘာလုပ္ဖို႔ လႊတ္လိုက္ တာလဲ …အိမ္ေထာင္က်န္ခဲ့လား၊ ကေလးက်န္ခဲ့ လား စသျဖင့္ေတာ့ သိဖို႔လိုတယ္ေလ …ေနာက္ သိုက္နန္းရွင္အတြက္ ဘာလုပ္ေပးေစခ်င္လဲ … သိုက္ကေရာ ဘာျပန္လုပ္ေပးမလဲ ဒါေတြသိရမယ္”

“တစ္ခုမွမသိပါဘူး ဆရာ … ကြ်န္မကို သိုက္ဆက္ရွိတယ္ …ျမနန္းႏြယ္မွာ ပြဲသြားေပး ပါဆိုလို႔ သြားေပးထားပါတယ္”

ကြ်ႏု္ပ္လည္း အဂၤါသမီးရဲ႕သိုက္ဆက္ကို ေခၚ သြင္းလိုက္ပါတယ္။ သိုက္နန္းရွင္ ငိုၿပီးေရာက္လာ ပါတယ္။ ဘုရားကန္ေတာ့ခိုင္းၿပီးမွ ေမးျမန္းခန္း စလိုက္ပါတယ္။

“ကဲေျပာပါဦး မင္းတို႔က ဘာေတြလဲ”

“ေျမြေတြပါ”

“ဘယ္မွာေနၾကတာလဲ”

“မန္းေတာင္ေပၚမွာေနတာပါ”

“ေမာင္ႏွမဘယ္ႏွစ္ေယာက္လဲ”

“ငါးေယာက္ပါ”

“ငါးေယာက္မွာ ဒီအဂၤါသမီးက နံပါတ္ ဘယ္ ေလာက္လဲ”

“အငယ္ဆံုးပါ”

“သက္တမ္းသတ္မွတ္ခ်က္ရွိလား”

“မရွိပါဘူး သာသနာျပဳဖို႔လႊတ္လိုက္တာပါ …သူထြက္သြားၿပီးကတည္းက ခုခ်ိန္ထိတို႔အတြက္ ဘာမွ လုပ္မေပးခဲ့ပါဘူး”

“ျမနန္းႏြယ္မွာ ပြဲေပးထားတယ္ေလ”

သူမစကားေၾကာင့္ ကြ်ႏု္ပ္ မျဖစ္မေန ဝင္ေျပာရပါတယ္။

“ျမနန္းႏြယ္မွာပြဲေပးတာကေတာ့ ဟုတ္ပါ တယ္။ ဒါေပမဲ့ သူတို႔ကေျြမေတြ ေလ … ေနတာက မန္းေတာင္ ေပၚမွာ။ ျမနန္းႏြယ္မွာပြဲေပးေတာ့ ျမနန္းႏြယ္က သူ႔ဆီ ဒါနလာျပဳတဲ့သူကို ေစာင့္ၾကည့္ရတာေပါ့၊ သူနဲ႔လည္း မပတ္သက္ေပမယ့္ သူ႕ကိုဒါနျပဳတဲ့ သူမို႔ သူ႔ဘက္က တတ္ႏိုင္သေလာက္ ကူညီေစာင့္ ေရွာက္ ရတာေပါ့။ တျခားအလုပ္ေတြၾကားမွာ ဒီအလုပ္ တစ္ခုပိုလာတာေလ … ျမနန္းႏြယ္ဘက္က ျပန္ ၾကည့္ေတာ့လည္း သူ႔မွာ သာသနာ အလုပ္ေတြ၊ ခုနစ္ရက္သားသမီးအလုပ္ေတြ သူ႔အဆက္ေတြကို ေစာင့္ေရွာက္ရတဲ့ တာဝန္ေတြမ်ားတဲ့ၾကားက သူ႔ အဆက္မဟုတ္ဘဲ သူ႔ဆီပြဲလာေပးတဲ့ သူေတြကို လည္း ေစာင့္ေရွာက္ရျပန္ေတာ့ အလုပ္ေႏွာင့္ေႏွး တာေပါ့”

“ကြ်န္မတို႔ ဘာဆက္လုပ္ရမလဲ ဆရာ”

“ခင္ဗ်ားတို႔လုပ္ရမွာက သိုက္နန္းရွင္အတြက္ နဂါးစာခ်မယ္၊ ေမတၱာပို႔အမွ်ေဝေပးမယ္၊ သိုက္ပြဲ ဒါနျပဳေပးမယ္”

“သိုက္ပြဲက ဘယ္မွာလွဴရမွာလဲ ဆရာ”

“သိုက္ပြဲလွဴတယ္ဆိုတာ ကိုယ္လွဴခ်င္သူ လက္ထဲေရာက္ဖို႔ အဓိကလိုအပ္တာပဲ၊ ဒီေတာ့ သိုက္ဆက္ေတြကို ဒီကေနလွမ္းေခၚၿပီး ပြဲဒါနျပဳတာ အေကာင္းဆံုးပဲလို႔ ထင္ပါတယ္၊ ဒါေၾကာင့္ ပြဲက ေတာ့ ကြ်န္ေတာ့္ဆီမွာ လွဴရပါမယ္ … နဂါးစာ ကေတာ့ ကိုယ့္အိမ္မွာကိုယ္ဒါနျပဳရပါမယ္။ ဒါန၊ သီလ၊ ဘာဝနာဘာပဲလုပ္လုပ္ သိုက္နန္းရွင္ကို ေမတၱာပို႔အမွ်ေဝေပးပါ။ ဒါကိုယ့္ဘက္က လုပ္ေပး ရမယ့္ အလုပ္ေတြပါ”

ျမနန္းႏြယ္နဲ႔လည္း မပတ္သက္ဘဲ သူ႔ကို ပြဲလွဴတာကေတာ့ သူ႔အတြက္ ဝန္ထုပ္ဝန္ပိုး ျဖစ္ မွာစိုးလို႔ ကိုယ့္အဆက္မဟုတ္ဘဲ မေပးသင့္ပါဘူး၊ ရန္ကုန္မွာ ျမနန္းႏြယ္၊ မန္းမွာေစာမြန္လွ၊ ျပည္ ဘက္မွာ မျမစိမ္း …… ေတြကေတာ့ နီးစပ္ရာ ပြဲေပးဖို႔ေျပာေနၾကေပမယ့္ ကိုယ့္သိုက္ကို မေပးမိဘဲ တျခားကို ေပးမိေတာ့ အေမေက်ာ္ေဒြးေတာ္လြမ္း သလို ျဖစ္ေနေတာ့တာေပါ့”

“ဟုတ္ကဲ့ပါ ဆရာ”

“တစ္ေန႔ ဝါတြင္းႀကီးမွာ ျမနန္းႏြယ္အဆက္ တစ္ေယာက္ေရာက္လာလို႔ အစ္မေတာ္ကို လွမ္း ေခၚလိုက္ရတယ္။ သူ႔အဆက္မို႔လို႔ သူ႔ကိုေခၚလိုက္ ရေပမယ့္ သူမ်ားေတြေရးၾက၊ ေျပာၾကသလို သီလရွင္မ်ား ဝတ္ေနမလားလို႔ အားနာနာနဲ႔ လွမ္း ေခၚလိုက္ရတာပါ။ ဒါေပမဲ့ ေရာက္လာလို႔ ဘုရား ဝတ္ျပဳၿပီး အက်ိဳးအေၾကာင္းေျပာၾကတဲ့အခါ …”

“အစ္မေတာ္ကို အားနာလိုက္တာ … အေၾကာင္း ရွိလို႔သာေခၚလိုက္ရတာ ဝါတြင္းႀကီးမို႔လို႔ သီလရွင္မ်ား ဝတ္ေနမလားလို႔”

“သီလရွင္လား မဝတ္ပါဘူးရွင္ … တျခား သာသနာ့တာဝန္ေတြနဲ႔ ကိုယ့္အဆက္ေတြအတြက္ တာဝန္ေတြက မ်ားေနေတာ့ ႏွစ္တိုင္းသီလရွင္ မဝတ္ ပါဘူး”

“ဟင္ လူေတြ ကအစ္မေတာ္ သီလရွင္ဝတ္ ေနတယ္ဆိုလို႔”

“အဲဒါကေတာ့ သူတို႔သေဘာသူတို႔ ေဆာင္ တာပါ …ကြ်န္မက ဒီႏွစ္မဝတ္ပါဘူး … လုပ္ စရာေတြမ်ားေနလို႔ ခြင့္ျပဳပါဦးရွင္”

ကြ်ႏု္ပ္ကိုႏႈတ္ဆက္ ဘုရားကန္ေတာ့ၿပီး ျပန္သြားပါေတာ့တယ္။

ျမနန္းႏြယ္ဆိုတာ အားေနတဲ့ သိုက္နန္းရွင္ တစ္ေယာက္မဟုတ္ပါဘူး၊ မယ္ေတာ္ႀကီးအဆင့္မွာ သိုက္အတြက္၊ သာသနာအတြက္၊ သူနဲ႔ပတ္သက္တဲ့ ဘဝဆက္ေတြအတြက္ အလုပ္ေတြ စဥ္ဆက္မျပတ္ လုပ္ေနရသူမို႔ အားလပ္ခ်ိန္ရယ္ သိပ္မရွိလွပါဘူး။ ဒါေၾကာင့္ ျမနန္းႏြယ္ကို ကိုယ္ခ်င္းစာဖို႔ လိုပါတယ္။

 

စိႏၱာမယဆရာပိုင္

အမွတ္(၃၆၂)၊ ၈-လမ္း၊ (၁၀)ရပ္ကြက္၊ ေတာင္ဥကၠလာပၿမိဳ႕ နယ္၊ ဖုန္း- ဝ၉၄၂၀၇၄၄ ၁၁၂။ ဝ၉၂၅၄၈၁၁၀ဝ၇

 

Unicode Version

မြနန်းနွယ်ကို ကိုယ်ချင်းစာပါ
** စိန္တာမယဆရာပိုင် **

*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*

အားနာနာနဲ့ဒီဆောင်းပါးကိုရေးရမှာပါ။
ကျွန်ုပ်ဆီရောက်လာသမျှ သိုက်ဆက်တွေ ထဲမှာ အမြဲလိုလိုကြုံနေရတာကြောင့် ရေးသင့်တယ် ထင်လို့ ခုလို ရေးလိုက်ရခြင်းဖြစ်ပါတယ်။
ဖြစ်စဉ်ကတော့ တစ်နေ့ ကျွန်ုပ်ဆီရောက် လာသူ အင်္ဂါသမီးတစ်ယောက်က သူ့ကိုယ်သူ သိုက် ဆက်လို့သိလိုက်ရတာကြောင့် မြနန်းနွယ်ဆီမှာ ပွဲလှူ ဖူးတယ်ဆိုတာက စကြတာပါပဲ။
“ကျွန်မကို သိုက်ဆက်လို့ပြောလို့ သေချာ အောင် လာစစ်တာပါ ဆရာ”
“ဘယ်သူကပြောတာလဲ”
“——-က ပြောတာပါ”
“သေသေချာချာစစ်ဆေးပြီးမှပြောတာလား ဘယ်လိုပုံစံနဲ့ ပြောတာလဲ”
“အကြားအမြင်ပုံစံနဲ့ပြောတာပါ ဆရာ”
“အင်း ခက်တော့နေပါပြီ … ကျွန်တော် တို့က စစ်ဆေးကုသမှုကို လုပ်တဲ့အခါ သိသုံးသိနဲ့ အလုပ်လုပ်ရပါတယ်။ အဲဒါတွေက ကုသပေးမယ့် ဆရာ သိရမယ်၊ ကုသမှုခံယူမယ့်လူ သိရမယ်၊ နောက်ပတ်ဝန်းကျင် သိရပါမယ် …ဒါမှသာ လက်ခံ နိုင်မှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ ကိုယ်တစ်ယောက် တည်းသိပြီး ကိုယ်တစ်ယောက်တည်း ပြောတာမျိုး ကို ကျွန်တော်တို့ပညာအရ လက်မခံပါဘူး၊ ဒါ ကြောင့် စစ်ဆေးပြီးမှ ပြောပါမယ်”
ထုံးစံအတိုင်းစစ်ဆေးကြည့်လိုက်တော့ သိုက် ဆက်မှန်နေတာ တွေ့ရပါတယ်။
“အင်း သိုက်ဆက်ကတော့မှန်တယ်၊ ဘယ် သိုက်ကလဲ၊ ဘာလဲ အကျိုးအကြောင်း သိတာ ရှိလား”
“ဟင် ဘာမှမသိပါဘူး ဆရာ”
“သိုက်လို့သိပြီးဆိုရင် ဘယ်သိုက်ကလဲ၊ ဘယ်မှာရှိတာလဲ၊ ညီအစ်ကိုမောင်နှမ ဘယ်လောက် ရှိလဲ၊ သက်တမ်း သတ်မှတ်ချက်ရှိလား …ရှိရင် ဘယ်လောက်လဲ …မရှိရင် ဘာလုပ်ဖို့ လွှတ်လိုက် တာလဲ …အိမ်ထောင်ကျန်ခဲ့လား၊ ကလေးကျန်ခဲ့ လား စသဖြင့်တော့ သိဖို့လိုတယ်လေ …နောက် သိုက်နန်းရှင်အတွက် ဘာလုပ်ပေးစေချင်လဲ … သိုက်ကရော ဘာပြန်လုပ်ပေးမလဲ ဒါတွေသိရမယ်”
“တစ်ခုမှမသိပါဘူး ဆရာ … ကျွန်မကို သိုက်ဆက်ရှိတယ် …မြနန်းနွယ်မှာ ပွဲသွားပေး ပါဆိုလို့ သွားပေးထားပါတယ်”
ကျွန်ုပ်လည်း အင်္ဂါသမီးရဲ့သိုက်ဆက်ကို ခေါ် သွင်းလိုက်ပါတယ်။ သိုက်နန်းရှင် ငိုပြီးရောက်လာ ပါတယ်။ ဘုရားကန်တော့ခိုင်းပြီးမှ မေးမြန်းခန်း စလိုက်ပါတယ်။
“ကဲပြောပါဦး မင်းတို့က ဘာတွေလဲ”
“မြွေတွေပါ”
“ဘယ်မှာနေကြတာလဲ”
“မန်းတောင်ပေါ်မှာနေတာပါ”
“မောင်နှမဘယ်နှစ်ယောက်လဲ”
“ငါးယောက်ပါ”
“ငါးယောက်မှာ ဒီအင်္ဂါသမီးက နံပါတ် ဘယ် လောက်လဲ”
“အငယ်ဆုံးပါ”
“သက်တမ်းသတ်မှတ်ချက်ရှိလား”
“မရှိပါဘူး သာသနာပြုဖို့လွှတ်လိုက်တာပါ …သူထွက်သွားပြီးကတည်းက ခုချိန်ထိတို့အတွက် ဘာမှ လုပ်မပေးခဲ့ပါဘူး”
“မြနန်းနွယ်မှာ ပွဲပေးထားတယ်လေ”
သူမစကားကြောင့် ကျွန်ုပ် မဖြစ်မနေ ဝင်ပြောရပါတယ်။
“မြနန်းနွယ်မှာပွဲပေးတာကတော့ ဟုတ်ပါ တယ်။ ဒါပေမဲ့ သူတို့ကြွေမတွေ လေ … နေတာက မန်းတောင် ပေါ်မှာ။ မြနန်းနွယ်မှာပွဲပေးတော့ မြနန်းနွယ်က သူ့ဆီ ဒါနလာပြုတဲ့သူကို စောင့်ကြည့်ရတာပေါ့၊ သူနဲ့လည်း မပတ်သက်ပေမယ့် သူ့ကိုဒါနပြုတဲ့ သူမို့ သူ့ဘက်က တတ်နိုင်သလောက် ကူညီစောင့် ရှောက် ရတာပေါ့။ တခြားအလုပ်တွေကြားမှာ ဒီအလုပ် တစ်ခုပိုလာတာလေ … မြနန်းနွယ်ဘက်က ပြန် ကြည့်တော့လည်း သူ့မှာ သာသနာ အလုပ်တွေ၊ ခုနစ်ရက်သားသမီးအလုပ်တွေ သူ့အဆက်တွေကို စောင့်ရှောက်ရတဲ့ တာဝန်တွေများတဲ့ကြားက သူ့ အဆက်မဟုတ်ဘဲ သူ့ဆီပွဲလာပေးတဲ့ သူတွေကို လည်း စောင့်ရှောက်ရပြန်တော့ အလုပ်နှောင့်နှေး တာပေါ့”
“ကျွန်မတို့ ဘာဆက်လုပ်ရမလဲ ဆရာ”
“ခင်ဗျားတို့လုပ်ရမှာက သိုက်နန်းရှင်အတွက် နဂါးစာချမယ်၊ မေတ္တာပို့အမျှဝေပေးမယ်၊ သိုက်ပွဲ ဒါနပြုပေးမယ်”
“သိုက်ပွဲက ဘယ်မှာလှူရမှာလဲ ဆရာ”
“သိုက်ပွဲလှူတယ်ဆိုတာ ကိုယ်လှူချင်သူ လက်ထဲရောက်ဖို့ အဓိကလိုအပ်တာပဲ၊ ဒီတော့ သိုက်ဆက်တွေကို ဒီကနေလှမ်းခေါ်ပြီး ပွဲဒါနပြုတာ အကောင်းဆုံးပဲလို့ ထင်ပါတယ်၊ ဒါကြောင့် ပွဲက တော့ ကျွန်တော့်ဆီမှာ လှူရပါမယ် … နဂါးစာ ကတော့ ကိုယ့်အိမ်မှာကိုယ်ဒါနပြုရပါမယ်။ ဒါန၊ သီလ၊ ဘာဝနာဘာပဲလုပ်လုပ် သိုက်နန်းရှင်ကို မေတ္တာပို့အမျှဝေပေးပါ။ ဒါကိုယ့်ဘက်က လုပ်ပေး ရမယ့် အလုပ်တွေပါ”
မြနန်းနွယ်နဲ့လည်း မပတ်သက်ဘဲ သူ့ကို ပွဲလှူတာကတော့ သူ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ် မှာစိုးလို့ ကိုယ့်အဆက်မဟုတ်ဘဲ မပေးသင့်ပါဘူး၊ ရန်ကုန်မှာ မြနန်းနွယ်၊ မန်းမှာစောမွန်လှ၊ ပြည် ဘက်မှာ မမြစိမ်း …… တွေကတော့ နီးစပ်ရာ ပွဲပေးဖို့ပြောနေကြပေမယ့် ကိုယ့်သိုက်ကို မပေးမိဘဲ တခြားကို ပေးမိတော့ အမေကျော်ဒွေးတော်လွမ်း သလို ဖြစ်နေတော့တာပေါ့”
“ဟုတ်ကဲ့ပါ ဆရာ”
“တစ်နေ့ ဝါတွင်းကြီးမှာ မြနန်းနွယ်အဆက် တစ်ယောက်ရောက်လာလို့ အစ်မတော်ကို လှမ်း ခေါ်လိုက်ရတယ်။ သူ့အဆက်မို့လို့ သူ့ကိုခေါ်လိုက် ရပေမယ့် သူများတွေရေးကြ၊ ပြောကြသလို သီလရှင်များ ဝတ်နေမလားလို့ အားနာနာနဲ့ လှမ်း ခေါ်လိုက်ရတာပါ။ ဒါပေမဲ့ ရောက်လာလို့ ဘုရား ဝတ်ပြုပြီး အကျိုးအကြောင်းပြောကြတဲ့အခါ …”
“အစ်မတော်ကို အားနာလိုက်တာ … အကြောင်း ရှိလို့သာခေါ်လိုက်ရတာ ဝါတွင်းကြီးမို့လို့ သီလရှင်များ ဝတ်နေမလားလို့”
“သီလရှင်လား မဝတ်ပါဘူးရှင် … တခြား သာသနာ့တာဝန်တွေနဲ့ ကိုယ့်အဆက်တွေအတွက် တာဝန်တွေက များနေတော့ နှစ်တိုင်းသီလရှင် မဝတ် ပါဘူး”
“ဟင် လူတွေ ကအစ်မတော် သီလရှင်ဝတ် နေတယ်ဆိုလို့”
“အဲဒါကတော့ သူတို့သဘောသူတို့ ဆောင် တာပါ …ကျွန်မက ဒီနှစ်မဝတ်ပါဘူး … လုပ် စရာတွေများနေလို့ ခွင့်ပြုပါဦးရှင်”
ကျွန်ုပ်ကိုနှုတ်ဆက် ဘုရားကန်တော့ပြီး ပြန်သွားပါတော့တယ်။
မြနန်းနွယ်ဆိုတာ အားနေတဲ့ သိုက်နန်းရှင် တစ်ယောက်မဟုတ်ပါဘူး၊ မယ်တော်ကြီးအဆင့်မှာ သိုက်အတွက်၊ သာသနာအတွက်၊ သူနဲ့ပတ်သက်တဲ့ ဘဝဆက်တွေအတွက် အလုပ်တွေ စဉ်ဆက်မပြတ် လုပ်နေရသူမို့ အားလပ်ချိန်ရယ် သိပ်မရှိလှပါဘူး။ ဒါကြောင့် မြနန်းနွယ်ကို ကိုယ်ချင်းစာဖို့ လိုပါတယ်။

စိန္တာမယဆရာပိုင်
အမှတ်(၃၆၂)၊ ၈-လမ်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့ နယ်၊ ဖုန်း- ဝ၉၄၂၀၇၄၄ ၁၁၂။ ဝ၉၂၅၄၈၁၁၀ဝ၇

Comments

comments

Post Author: manawmaya