အထင္ႀကီးေအာင္လုပ္ၿပီဆုိ သတိထား

သဒၶါမကြ်ံဖို႔ေရးၿပီးတဲ့ေနာက္မွာ သဒၶါကြ်ံသူနဲ႔ ျဖစ္စဥ္က ခပ္ဆင္ဆင္တူေပမယ့္ အထင္ႀကီးရာ ကေန ခံလိုက္ရတဲ့ ပေယာဂစက္တစ္ခုကို ေရးျပ ခ်င္ပါတယ္။

ေသာၾကာသမီးနဲ႔ မိသားစုဟာ ကြ်ႏု္ပ္ဆီကို လာေနတာ ႏွစ္ေပါက္ေနပါၿပီ။ သူတို႔မိသားစုရဲ႕ အေၾကာင္းႀကီးငယ္မွန္သမွ် တိုင္ပင္ရင္း ပညာစက္ ရွိရင္လည္း စစ္ေဆးကုသရင္းနဲ႔ ေရာက္လာေနၾကသူ ေတြပါ။ တစ္ေန႔ ညရွစ္နာရီေလာက္မွာ သူတို႔ဆီက ဖုန္းဝင္လာလို႔ ေကာက္ကိုင္လိုက္တဲ့အခါ –

“ဟဲလို ေျပာပါ အစ္မ”

“ဆရာရယ္ …အစ္မတို႔ဆီကေန အမ်ိဳး သမီး တစ္ေယာက္က ေငြေတြ လိမ္သြားတယ္၊ သူက မနက္ျဖန္ေပးမယ္ဆိုလို႔ သူ႔ဆီအေၾကြးသြား ေတာင္းဖို႔ ျပင္ဆင္ေနတုန္း အမ်ိဳးသားကလည္း ႏွလံုးေတြ အရမ္းခုန္လာတယ္၊ အစ္မကလည္း ေသြး ေတြ တိုးလာတယ္၊ အဲဒါ ႐ိုးမွ႐ိုးရဲ႕လားလို႔ စစ္ေဆး ေပးပါလား ဆရာ”

သူလွမ္းေျပာတဲ့အ်ိန္မွာ စစ္ေဆးဖို႔ အဆင္ ေျပတဲ့အတြက္ ကြ်ႏု္ပ္လည္း စစ္ေဆးလိုက္ပါတယ္။

“ဟာ အစ္မတို႔ဆီက ေငြလိမ္သြားတာ ေယာဂီနဲ႔လား”

“ဟုတ္တယ္ ဆရာ … ေယာဂီဝတ္ထား တယ္ … သူက သာသနာျပဳေနတဲ့သူ ဆိုၿပီးေရာက္ လာတာ အစ္မတို႔နဲ႔ ေတြ႕ဖူးတာ ႏွစ္ႀကိမ္ပဲရွိေသး တယ္ …အဲဒါ”

“ဟုတ္တယ္ …သူ အစ္မတို႔ကို ေမွာ္ပညာ နဲ႔လုပ္ထားတယ္ …ခုလည္း သူ႕ဆီမလာႏိုင္ေအာင္ လုပ္လိုက္တာေလ”

ကြ်ႏု္ပ္လည္း သူတို႔ကိုတိုက္ထားတဲ့ ပညာ စက္ေတြကို ခ်က္ခ်င္း ခ်ဳပ္ထားလိုက္ပါတယ္။

“ကြ်န္ေတာ္ ခု ခ်ဳပ္ထားလိုက္တယ္ … ေနာက္ ဆယ္မိနစ္ေလာက္ၾကာရင္ အေျခအေန ေလးေျပာေပးပါ”

“ဟုတ္ကဲ့ပါ ဆရာ …ဟုတ္ကဲ့”

သူတို႔ဆီကို ႏွစ္ေခါက္ပဲေရာက္ဖူးသူက သူ တို႔ကို ဘယ္လိုေတြမ်ားေျပာၿပီး စည္း႐ံုးသြားပါလိမ့္ လို႔ ေတြးလိုက္မိပါတယ္။ ဒီေလာက္ျမန္ျမန္ႀကီး အပိုင္ လုပ္သြားႏိုင္တာဟာ ေသြး႐ိုးသား႐ိုး မဟုတ္ပါဘူး။ ေမွာ္ပညာနဲ႔ အဟန္႔လုပ္သြားတာပါ။ ေနာက္ေန႔ သူတို႔ေရာက္လာရင္ေတာ့ ပညာသည္ကိုေခၚၿပီး ျပန္ သိမ္းခိုင္းရပါမယ္။

ခဏေနေတာ့ ကြ်ႏု္ပ္ဆီ ဖုန္းဝင္လာပါတယ္။

“ဆရာ ကြ်န္မတို႔ႏွစ္ေယာက္စလံုး ေတာ္ ေတာ္ ေကာင္းသြားတယ္ …၊ မူလအတိုင္း ျဖစ္ သြားၿပီဆရာ”

“အင္း ဒါဆိုေကာင္းတာေပါ့၊ မနက္ေတာ့ ခဏလာခဲ့လိုက္ေလ … ပညာစက္ ေတြ ေခၚသိမ္းခိုင္းလိုက္ရေအာင္”

“ဟုတ္ကဲ့ လာခဲ့ပါ့မယ္ ဆရာ”

ပညာစက္နဲ႔ လွမ္းတားတာျဖစ္ တဲ့အတြက္ ကြ်ႏု္ပ္ ခ်ဳပ္လိုက္တာနဲ႔ သက္သာသြားတာ ျဖစ္ပါတယ္။ ေနာက္ေန႔မနက္ သူတို႔ ေရာက္လာ ရင္ ေယာဂီနဲ႔ ပညာသည္ကို ေခၚေတြ႕ခ်င္တာေၾကာင့္ သူတို႔ကို လွမ္းေခၚလိုက္တာပါ။

ေနာက္ေန႔မနက္ၾကေတာ့ သူတို႔လင္မယား ခပ္ေစာေစာပဲ ေရာက္လာၾကပါတယ္။

သူတို႔ေရွ႕မွာပဲ ပညာသည္ ေခၚေတြ႕လိုက္ ပါတယ္။

“ကဲ ေသာၾကာသမီးနဲ႔ မိသားစုကို အတိုက္ လုပ္သြားတဲ့ ပညာသည္ ေခါင္သူႀကီးကိုယ္တိုင္ လူ စိတ္ေပ်ာက္ေအာင္ လာစီးလိုက္”

ေခၚလိုက္တာနဲ႔ မၾကာခင္မွာပဲ ေရာက္လာပါ ေတာ့တယ္။

“ေရာက္လာရင္ ဘုရားကန္ေတာ့”

ဝင္ေရာက္ပူးကပ္လာသူက ဘုရားကန္ေတာ့ လိုက္ပါတယ္။ ၿပီးေတာ့မွ –

“ေျပာ မင္း ဘာလဲ”

“သာသနာျပဳေနတဲ့ ေယာဂီပါ”

“ဟင္ သာသနာျပဳေနတဲ့ ေယာဂီက သူမ်ား ေငြကိုလိမ္ရသ လား …ဘာ သာသနာျပဳေန တာလဲေျပာ မင္းဘာလဲ … ႀကိမ္ပိုင္ ေက်ာဆယ္ခ်က္ ရင္ ဆယ္ခ်က္ ခပ္ျပင္းျပင္းေလး ႐ိုက္လိုက္”

ေက်ာေကာ့သြားၿပီးေတာ့ သူ စိတ္ေလွ်ာ့လိုက္ဟန္နဲ႔ –

“ဆရာမပါ”

“ေအာင္မယ္ ဒါေတာင္ ဆရာမ လုပ္ေနေသးတယ္ … ေျပာစမ္းပါ မင္း ဘာေကာင္လဲ ေအာက္လမ္းလား၊ ေမွာ္လား၊ စုန္းပညာလား”

ခ်က္ခ်င္းမေျပာေသးပါ။ ဒါေၾကာင့္ ကြ်ႏု္ပ္ မိုင္းကိုင္စကၠဴမွာ လထီးေဆာင္း တန္ျပန္စမတစ္ဆူ ေဆးေတာ္နဲ႔ ေရးလိုက္ပါတယ္။ ၿပီးေတာ့ ပညာသည္ ကို တိုက္လိုက္တယ္။ မေသာက္ဘူး အတန္တန္ ျငင္းေနတဲ့ၾကားက ရေအာင္ တိုက္လိုက္ပါတယ္။ စမဝမ္းထဲေရာက္သြားတာနဲ႔ မခံမရပ္ႏိုင္ေအာင္ျဖစ္ ၿပီး …

“ေမွာ္ပါ ေမွာ္ပညာနဲ႔သူတို႔ကို အဟန္႔လုပ္ၿပီး ကိုယ္ေျပာတိုင္း ၿပီးေအာင္ လုပ္ထားတာပါ …ဒါကို သူတို႔က ဘာေတြလုပ္မွန္းမသိဘူး ကြ်န္မကို ျပန္လုပ္ ပါတယ္ …ကြ်န္မလည္း ပူေလာင္ရပါတယ္”

“အင္း ငါ့ဆီက တန္ျပန္ ဖေယာင္းတိုင္ေတြ ထြန္းေနတာေလ …မင္းတို႔လို ပညာသည္ေတြ လုပ္ခ်င္တိုင္း မလုပ္ႏိုင္ေအာင္ တန္ျပန္ဂါထာ ရြတ္၊ တန္ျပန္ဖေယာင္းတိုင္ ထြန္းဆိုေတာ့ မင္းတို႔ေတြ ပူေလာင္တာေပါ့”

“ဒါတင္မကပါဘူး …မ်ားေသာအားျဖင့္ ကြ်န္မလုပ္ထားတဲ့သူေတြက ကြ်န္မကိုဘယ္ေတာ့မွ ဘာမွျပန္မေျပာပါဘူး၊ ခုေတာ့ သူတို႔က ေငြျပန္ ေတာင္းပါတယ္”

“ဟင္ ကိုယ့္ေငြကိုယ္ျပန္ေတာင္းတာေလ”

“ကြ်န္မပညာက ျပန္ကိုမေျပာႏိုင္ေအာင္ ျပန္ကို မေတာင္းေအာင္လုပ္ထားတာပါ …သူတို႔ က”

“အင္း သူတို႔က ဘာလဲဆိုတာသိခ်င္ရင္ ခုနမင္းေသာက္တဲ့စမမ်ိဳးေတြ ခပ္မ်ားမ်ား ေသာက္ သြားရလိမ့္မယ္”

“မေသာက္ဘူး …မေသာက္ေတာ့ပါဘူး”

“ေကာင္းၿပီေလ ခု မင္းလုပ္ထားတဲ့ ပညာ စက္ေတြ၊ အဟန္႔တြသိမ္းလိုက္ ေနာက္ထပ္လုပ္ရင္ ငါနဲ႔မေတြ႕ခင္ တန္ျပန္ဖေယာင္းတိုင္နဲ႔ ေတြ႕မယ္”

သူမလည္း ပညာစက္ေတြသိမ္းေနပါတယ္။ အတန္ၾကာေအာင္ သိမ္းၿပီးေတာ့ … “ကုန္ပါၿပီ” လို႔ေျပာပါတယ္။

“ေသေသခ်ာခ်ာျပန္စစ္ေနာ္ … စက္က်န္ ေနရင္ေဆာ္မွာ”

“ကုန္ပါၿပီ တကယ္ကုန္သြားတာပါ”

“ဟုတ္ၿပီ ကုန္တာမွန္ရင္ သစၥာဆိုရမယ္၊ မဆိုခင္ တစ္ခုေျပာခ်င္တာက သူတို႔ဆီက ယူသြား တဲ့ေငြေတြလည္း အျမန္ဆံုးျပန္ေပးရမယ္ေနာ္”

“ဟုတ္ကဲ့ ေပးပါ့မယ္”

“အသံက မေပးခ်င္တဲ့အသံ”

“ေပးပါ့မယ္ … ခုခ်က္ခ်င္းေတာ့ မေပး ႏိုင္ပါဘူး …တျဖည္းျဖည္းေပးသြားပါ့မယ္”

“ေအး ေကာင္းၿပီ။ ဒါဆို သစၥာဆိုလိုက္ ေတာ့”

ကြ်ႏု္ပ္တိုင္ေပးတဲ့ သစၥာကိုလိုက္ဆိုပါတယ္။ သစၥာေရေသာက္ၿပီး ျပန္လႊတ္လိုက္ပါတယ္။

ေသာၾကာသမီးေတြလည္း ျပန္သြားလိုက္တာ တစ္လေလာက္မွာေတာ့ ေငြေၾကးရဲ႕ သံုးပံုတစ္ပံု ျပန္ရေၾကာင္း လွမ္းေျပာပါတယ္။

ခုပညာစက္ကေတာ့ သူတို႔ကိုယ္သူတို႔ အ ထင္ႀကီးေအာင္ သာသနာျပဳတယ္၊ ဘာညာဆိုၿပီး လူေတြယံုေအာင္ ဟန္တစ္လံုးပန္တစ္လံုးနဲ႔ လုပ္ျပ တာေၾကာင့္ လူေတြ ယံုၾကည္သြားတဲ့အခါ ေရတိုက္ ျခင္း၊ သူတို႔ ပညာစက္နဲ႔လုပ္ထားတဲ့ (႐ုပ္ပြားေတာ္ အမ်ိဳးမ်ိဳးကို ေပးကမ္းျခင္း) စတာေတြနဲ႔ သူတို႔ဘက္ ပါေအာင္ လုပ္၊ သူတို႔ေျပာစကားကို လိုက္နာေအာင္ လုပ္ယူတတ္ၾကပါတယ္။

ဒါေၾကာင့္ ဟန္တစ္လံုးပန္တစ္လံုးကိုလည္း အရမ္းကာေရာ အထင္မႀကီးၾကဖို႔ သတိေပးလိုက္ပါ တယ္။

ခုနစ္ရက္သားသမီးေတြ အထင္ႀကီးေအာင္ လုပ္ျပသူေတြကို ေရွာင္ႏိုင္ၾကပါေစ

 

စိႏၱာမယဆရာပိုင္

အမွတ္(၃၆၂)၊ ၈-လမ္း၊ (၁၀)ရပ္ကြက္၊ ေတာင္ဥကၠလာပၿမိဳ႕ နယ္၊ ဖုန္း- ဝ၉၄၂၀၇၄၄ ၁၁၂။ ဝ၉၂၅၄၈၁၁၀ဝ၇

 

Unicode Version

 

အထင်ကြီးအောင်လုပ်ပြီဆို သတိထား
** စိန္တာမယဆရာပိုင် **

*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*

သဒ္ဓါမကျွံဖို့ရေးပြီးတဲ့နောက်မှာ သဒ္ဓါကျွံသူနဲ့ ဖြစ်စဉ်က ခပ်ဆင်ဆင်တူပေမယ့် အထင်ကြီးရာ ကနေ ခံလိုက်ရတဲ့ ပယောဂစက်တစ်ခုကို ရေးပြ ချင်ပါတယ်။
သောကြာသမီးနဲ့ မိသားစုဟာ ကျွန်ုပ်ဆီကို လာနေတာ နှစ်ပေါက်နေပါပြီ။ သူတို့မိသားစုရဲ့ အကြောင်းကြီးငယ်မှန်သမျှ တိုင်ပင်ရင်း ပညာစက် ရှိရင်လည်း စစ်ဆေးကုသရင်းနဲ့ ရောက်လာနေကြသူ တွေပါ။ တစ်နေ့ ညရှစ်နာရီလောက်မှာ သူတို့ဆီက ဖုန်းဝင်လာလို့ ကောက်ကိုင်လိုက်တဲ့အခါ –
“ဟဲလို ပြောပါ အစ်မ”
“ဆရာရယ် …အစ်မတို့ဆီကနေ အမျိုး သမီး တစ်ယောက်က ငွေတွေ လိမ်သွားတယ်၊ သူက မနက်ဖြန်ပေးမယ်ဆိုလို့ သူ့ဆီအကြွေးသွား တောင်းဖို့ ပြင်ဆင်နေတုန်း အမျိုးသားကလည်း နှလုံးတွေ အရမ်းခုန်လာတယ်၊ အစ်မကလည်း သွေး တွေ တိုးလာတယ်၊ အဲဒါ ရိုးမှရိုးရဲ့လားလို့ စစ်ဆေး ပေးပါလား ဆရာ”
သူလှမ်းပြောတဲ့အျိန်မှာ စစ်ဆေးဖို့ အဆင် ပြေတဲ့အတွက် ကျွန်ုပ်လည်း စစ်ဆေးလိုက်ပါတယ်။
“ဟာ အစ်မတို့ဆီက ငွေလိမ်သွားတာ ယောဂီနဲ့လား”
“ဟုတ်တယ် ဆရာ … ယောဂီဝတ်ထား တယ် … သူက သာသနာပြုနေတဲ့သူ ဆိုပြီးရောက် လာတာ အစ်မတို့နဲ့ တွေ့ဖူးတာ နှစ်ကြိမ်ပဲရှိသေး တယ် …အဲဒါ”
“ဟုတ်တယ် …သူ အစ်မတို့ကို မှော်ပညာ နဲ့လုပ်ထားတယ် …ခုလည်း သူ့ဆီမလာနိုင်အောင် လုပ်လိုက်တာလေ”
ကျွန်ုပ်လည်း သူတို့ကိုတိုက်ထားတဲ့ ပညာ စက်တွေကို ချက်ချင်း ချုပ်ထားလိုက်ပါတယ်။
“ကျွန်တော် ခု ချုပ်ထားလိုက်တယ် … နောက် ဆယ်မိနစ်လောက်ကြာရင် အခြေအနေ လေးပြောပေးပါ”
“ဟုတ်ကဲ့ပါ ဆရာ …ဟုတ်ကဲ့”
သူတို့ဆီကို နှစ်ခေါက်ပဲရောက်ဖူးသူက သူ တို့ကို ဘယ်လိုတွေများပြောပြီး စည်းရုံးသွားပါလိမ့် လို့ တွေးလိုက်မိပါတယ်။ ဒီလောက်မြန်မြန်ကြီး အပိုင် လုပ်သွားနိုင်တာဟာ သွေးရိုးသားရိုး မဟုတ်ပါဘူး။ မှော်ပညာနဲ့ အဟန့်လုပ်သွားတာပါ။ နောက်နေ့ သူတို့ရောက်လာရင်တော့ ပညာသည်ကိုခေါ်ပြီး ပြန် သိမ်းခိုင်းရပါမယ်။
ခဏနေတော့ ကျွန်ုပ်ဆီ ဖုန်းဝင်လာပါတယ်။
“ဆရာ ကျွန်မတို့နှစ်ယောက်စလုံး တော် တော် ကောင်းသွားတယ် …၊ မူလအတိုင်း ဖြစ် သွားပြီဆရာ”
“အင်း ဒါဆိုကောင်းတာပေါ့၊ မနက်တော့ ခဏလာခဲ့လိုက်လေ … ပညာစက် တွေ ခေါ်သိမ်းခိုင်းလိုက်ရအောင်”
“ဟုတ်ကဲ့ လာခဲ့ပါ့မယ် ဆရာ”
ပညာစက်နဲ့ လှမ်းတားတာဖြစ် တဲ့အတွက် ကျွန်ုပ် ချုပ်လိုက်တာနဲ့ သက်သာသွားတာ ဖြစ်ပါတယ်။ နောက်နေ့မနက် သူတို့ ရောက်လာ ရင် ယောဂီနဲ့ ပညာသည်ကို ခေါ်တွေ့ချင်တာကြောင့် သူတို့ကို လှမ်းခေါ်လိုက်တာပါ။
နောက်နေ့မနက်ကြတော့ သူတို့လင်မယား ခပ်စောစောပဲ ရောက်လာကြပါတယ်။
သူတို့ရှေ့မှာပဲ ပညာသည် ခေါ်တွေ့လိုက် ပါတယ်။
“ကဲ သောကြာသမီးနဲ့ မိသားစုကို အတိုက် လုပ်သွားတဲ့ ပညာသည် ခေါင်သူကြီးကိုယ်တိုင် လူ စိတ်ပျောက်အောင် လာစီးလိုက်”
ခေါ်လိုက်တာနဲ့ မကြာခင်မှာပဲ ရောက်လာပါ တော့တယ်။
“ရောက်လာရင် ဘုရားကန်တော့”
ဝင်ရောက်ပူးကပ်လာသူက ဘုရားကန်တော့ လိုက်ပါတယ်။ ပြီးတော့မှ –
“ပြော မင်း ဘာလဲ”
“သာသနာပြုနေတဲ့ ယောဂီပါ”
“ဟင် သာသနာပြုနေတဲ့ ယောဂီက သူများ ငွေကိုလိမ်ရသ လား …ဘာ သာသနာပြုနေ တာလဲပြော မင်းဘာလဲ … ကြိမ်ပိုင် ကျောဆယ်ချက် ရင် ဆယ်ချက် ခပ်ပြင်းပြင်းလေး ရိုက်လိုက်”
ကျောကော့သွားပြီးတော့ သူ စိတ်လျှော့လိုက်ဟန်နဲ့ –
“ဆရာမပါ”
“အောင်မယ် ဒါတောင် ဆရာမ လုပ်နေသေးတယ် … ပြောစမ်းပါ မင်း ဘာကောင်လဲ အောက်လမ်းလား၊ မှော်လား၊ စုန်းပညာလား”
ချက်ချင်းမပြောသေးပါ။ ဒါကြောင့် ကျွန်ုပ် မိုင်းကိုင်စက္ကူမှာ လထီးဆောင်း တန်ပြန်စမတစ်ဆူ ဆေးတော်နဲ့ ရေးလိုက်ပါတယ်။ ပြီးတော့ ပညာသည် ကို တိုက်လိုက်တယ်။ မသောက်ဘူး အတန်တန် ငြင်းနေတဲ့ကြားက ရအောင် တိုက်လိုက်ပါတယ်။ စမဝမ်းထဲရောက်သွားတာနဲ့ မခံမရပ်နိုင်အောင်ဖြစ် ပြီး …
“မှော်ပါ မှော်ပညာနဲ့သူတို့ကို အဟန့်လုပ်ပြီး ကိုယ်ပြောတိုင်း ပြီးအောင် လုပ်ထားတာပါ …ဒါကို သူတို့က ဘာတွေလုပ်မှန်းမသိဘူး ကျွန်မကို ပြန်လုပ် ပါတယ် …ကျွန်မလည်း ပူလောင်ရပါတယ်”
“အင်း ငါ့ဆီက တန်ပြန် ဖယောင်းတိုင်တွေ ထွန်းနေတာလေ …မင်းတို့လို ပညာသည်တွေ လုပ်ချင်တိုင်း မလုပ်နိုင်အောင် တန်ပြန်ဂါထာ ရွတ်၊ တန်ပြန်ဖယောင်းတိုင် ထွန်းဆိုတော့ မင်းတို့တွေ ပူလောင်တာပေါ့”
“ဒါတင်မကပါဘူး …များသောအားဖြင့် ကျွန်မလုပ်ထားတဲ့သူတွေက ကျွန်မကိုဘယ်တော့မှ ဘာမှပြန်မပြောပါဘူး၊ ခုတော့ သူတို့က ငွေပြန် တောင်းပါတယ်”
“ဟင် ကိုယ့်ငွေကိုယ်ပြန်တောင်းတာလေ”
“ကျွန်မပညာက ပြန်ကိုမပြောနိုင်အောင် ပြန်ကို မတောင်းအောင်လုပ်ထားတာပါ …သူတို့ က”
“အင်း သူတို့က ဘာလဲဆိုတာသိချင်ရင် ခုနမင်းသောက်တဲ့စမမျိုးတွေ ခပ်များများ သောက် သွားရလိမ့်မယ်”
“မသောက်ဘူး …မသောက်တော့ပါဘူး”
“ကောင်းပြီလေ ခု မင်းလုပ်ထားတဲ့ ပညာ စက်တွေ၊ အဟန့်တွသိမ်းလိုက် နောက်ထပ်လုပ်ရင် ငါနဲ့မတွေ့ခင် တန်ပြန်ဖယောင်းတိုင်နဲ့ တွေ့မယ်”
သူမလည်း ပညာစက်တွေသိမ်းနေပါတယ်။ အတန်ကြာအောင် သိမ်းပြီးတော့ … “ကုန်ပါပြီ” လို့ပြောပါတယ်။
“သေသေချာချာပြန်စစ်နော် … စက်ကျန် နေရင်ဆော်မှာ”
“ကုန်ပါပြီ တကယ်ကုန်သွားတာပါ”
“ဟုတ်ပြီ ကုန်တာမှန်ရင် သစ္စာဆိုရမယ်၊ မဆိုခင် တစ်ခုပြောချင်တာက သူတို့ဆီက ယူသွား တဲ့ငွေတွေလည်း အမြန်ဆုံးပြန်ပေးရမယ်နော်”
“ဟုတ်ကဲ့ ပေးပါ့မယ်”
“အသံက မပေးချင်တဲ့အသံ”
“ပေးပါ့မယ် … ခုချက်ချင်းတော့ မပေး နိုင်ပါဘူး …တဖြည်းဖြည်းပေးသွားပါ့မယ်”
“အေး ကောင်းပြီ။ ဒါဆို သစ္စာဆိုလိုက် တော့”
ကျွန်ုပ်တိုင်ပေးတဲ့ သစ္စာကိုလိုက်ဆိုပါတယ်။ သစ္စာရေသောက်ပြီး ပြန်လွှတ်လိုက်ပါတယ်။
သောကြာသမီးတွေလည်း ပြန်သွားလိုက်တာ တစ်လလောက်မှာတော့ ငွေကြေးရဲ့ သုံးပုံတစ်ပုံ ပြန်ရကြောင်း လှမ်းပြောပါတယ်။
ခုပညာစက်ကတော့ သူတို့ကိုယ်သူတို့ အ ထင်ကြီးအောင် သာသနာပြုတယ်၊ ဘာညာဆိုပြီး လူတွေယုံအောင် ဟန်တစ်လုံးပန်တစ်လုံးနဲ့ လုပ်ပြ တာကြောင့် လူတွေ ယုံကြည်သွားတဲ့အခါ ရေတိုက် ခြင်း၊ သူတို့ ပညာစက်နဲ့လုပ်ထားတဲ့ (ရုပ်ပွားတော် အမျိုးမျိုးကို ပေးကမ်းခြင်း) စတာတွေနဲ့ သူတို့ဘက် ပါအောင် လုပ်၊ သူတို့ပြောစကားကို လိုက်နာအောင် လုပ်ယူတတ်ကြပါတယ်။
ဒါကြောင့် ဟန်တစ်လုံးပန်တစ်လုံးကိုလည်း အရမ်းကာရော အထင်မကြီးကြဖို့ သတိပေးလိုက်ပါ တယ်။
ခုနစ်ရက်သားသမီးတွေ အထင်ကြီးအောင် လုပ်ပြသူတွေကို ရှောင်နိုင်ကြပါစေ

စိန္တာမယဆရာပိုင်
အမှတ်(၃၆၂)၊ ၈-လမ်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့ နယ်၊ ဖုန်း- ဝ၉၄၂၀၇၄၄ ၁၁၂။ ဝ၉၂၅၄၈၁၁၀ဝ၇

Comments

comments

Post Author: manawmaya