သဒၶါ မပုိမိၾကပါေစနဲ႔

ေလာကမွာ သဒၶါမကြ်ံဖို႔ လိုတဲ့အေၾကာင္း ေလးကို ပေယာဂကုသေနရင္း ေတြ႕ ႀကံဳခဲ့ရတာေလးေတြကို ေဖါက္ သည္ခ်ခ်င္လို႔ပါ။ ဒီေဆာင္းပါး ကို ေရးတဲ့အခါမွာ နာမည္ေတြ ေနရပ္ေတြကို လႊဲထားမွာျဖစ္ေပ မယ့္ တခ်ိဳ႕အေၾကာင္းေတြကေတာ့ ကာယကံရွင္ေတြ ဖတ္လိုက္မိတာနဲ႔ သိသြားႏိုင္ပါ တယ္။ သိခဲ့ရင္လည္း ကြ်ႏု္ပ္ ေစတနာနဲ႔ေရးခဲ့တာမို႔ လို႔ အျပစ္ျဖစ္ခဲ့ရင္လည္း သီးခံခြင့္လႊတ္ေပးဖို႔ ေမတၲာ ေရွ႕ထား ေတာင္းပန္စကား အရင္ဆိုပါတယ္။

တစ္ေန႔ ကြ်ႏု္ပ္ဘုရားခန္းကို ေရာက္လာၾက တာက ညီအစ္မႏွစ္ေယာက္နဲ႔ အေဖၚတစ္ေယာက္ပါ။

“ကဲ ေျပာပါဦး …ဘာလုပ္ၾကမလဲ”

“ဟို ကြ်န္မတို႔ေလ ဟို စစ္ေဆးၾကည့္ခ်င္ လို႔ပါ၊ ကြ်န္မတို႔ေတြမွာ ဆရာမတစ္ေယာက္ …”

“ေတာ္ၿပီ မေျပာနဲ႔ေတာ့ …၊ ခင္ဗ်ားတို႔ ေျပာလိုက္ရင္ ႀကိဳပြိဳင့္ေပးသလိုျဖစ္ေနမွာေပါ့ … ဒီဘက္က ေျပာေတာ့မွ ခင္ဗ်ားတို႔ျဖစ္ေနတာနဲ႔ တိုက္ ဆိုင္မႈရွိ/မရွိ ခင္ဗ်ားတို႔ဘာသာသံုးသပ္ၾကေပါ့”

ကြ်ႏု္ပ္ဆီမွာ လာေရာက္စစ္ေဆးကုသခံယူ သူမ်ားကို သူတို႔အျဖစ္၊ သူတို႔အေၾကာင္းေတြ ႀကိဳ ေျပာခြင့္မျပဳပါဘူး။ သူတို႔ေျပာလိုက္ၿပီးမွ ကြ်ႏု္ပ္တို႔ ဘက္က ပူးကပ္ေျပာဆိုတာနဲ႔ တိုက္ဆိုင္ေနတာဆို ရင္ သူတို႔စကားကို ေရလိုက္ငါးလိုက္ ေျပာတယ္လို႔ ယူဆသြားႏိုင္လို႔ပါ။

ကြ်ႏု္ပ္တို႔ဘက္က ပူးကပ္ၿပီးေျပာတဲ့စကား၊ အေၾကာင္းအရာေတြကို သူတို႔ျဖစ္စဥ္ေတြနဲ႔ တိုက္ ဆိုင္ေနဖို႔သာ အဓိကလိုရင္းပါ။ ဒါမွလည္း သူတို႔ အျဖစ္ကအမွန္လို႔ ကြ်ႏု္ပ္ဘက္က ယူဆႏိုင္မွာျဖစ္ၿပီး သူတို႔ဘက္ကလည္း တိုက္ဆိုင္မႈေၾကာင့္ ပိုမို လက္ခံ လာမွာျဖစ္ပါတယ္။

“အင္း ဘာပဲျဖစ္ျဖစ္ စစ္ၾကည့္လိုက္မယ္ ေလလာ …”

ကြ်ႏု္ပ္လည္း ထံုးစံအတိုင္း စစ္ေဆးမႈကို စတင္ လုပ္ပါတယ္။

စစ္ေဆးၾကည့္လိုက္ေတာ့ သူတို႔အားလံုးမွာ အတိုက္တစ္ခုေတြ႕ရပါတယ္။

“ခု ဗုဒၶဟူးသမီးနဲ႔ သူတို႔အားလံုးကို တိုက္ ထားတဲ့ ပညာသည္ေခါင္သူႀကီးကိုယ္တိုင္ လူစိတ္ ေပ်ာက္ေအာင္ ဝင္လာခဲ့လိုက္စမ္း …”

ခပ္မာမာေျပာလိုက္ၿပီးတာနဲ႔ မၾကာခင္မွာပဲ ဗုဒ–ဟူးသမီးနဲ႔သူတို႔ေတြကို တိုက္ခိုက္ထားတဲ့ ပညာ သည္ေခါင္သူႀကီးကိုယ္တိုင္ ခပ္ၾကမ္းၾကမ္း ပူးကပ္ ဝင္ေရာက္လာပါတယ္။

“ကဲ ေျပာ မင္းဘယ္သူလဲ …ဘာလဲ”

“ဆရာမပါ …”

ကြ်ႏု္ပ္က အဲဒီလိုအေျဖမ်ိဳးကို လံုးဝမႀကိဳက္ ပါ။ ဆရာမအမ်ိဳးအစား အမ်ားႀကီးရွိတာမို႔ ဘာဆရာ မလဲဆိုတာ ထည့္ေျပာေပးမွသာျပည့္စံုတဲ့ အေျဖအ ျဖစ္ လက္ခံတတ္ပါတယ္။

“ႀကိမ္ပိုင္ခပ္ၾကမ္းၾကမ္းေလးဆံုးမလိုက္ပါ”

ပူးကပ္ေနသူ ေၾကာေကာ့သြားတာပါတယ္။ ေတာ္ေတာ္ၾကာၾကာ ႐ိုက္ခ်က္ျပင္းထန္ပံုရပါတယ္။ ပူးကပ္ေနသူ မခံႏိုင္တဲ့အဆံုးမွာ သူဘာလဲဆိုတာ ေျပာလိုက္ရပါတယ္။

“ကြ်န္မ ေအာက္လမ္းဆရာမပါ ဆရာ”

“အင္း …ဟုတ္ၿပီ ဒီမိန္းကေလးေတြကို ဘာေတြလုပ္ထားတာလဲ ေျပာပါဦး”

“သူတို႔ကိုဘာမွလုပ္မထားပါဘူး … သူတို႔ လုပ္ခိုင္းလို႔လုပ္ေပးတာပဲရွိတာပါ …မယံုရင္သူတို႔ ကိုေမးၾကည့္ပါ”

အေျဖကေတာ့ ကာယကံရွင္ ဗုဒၶဟူးသမီးနဲ႔ အဖြဲ႕ဆီ ျပန္လည္ေနပါၿပီ။

“ဟဲ့ နင္တို႔ခိုင္းလို႔ သူလုပ္ေပးရတာဆို … ဘာေတြလဲ ဘာေတြလုပ္ေနၾကတာလဲ”

“ဒီလိုပါဆရာ …”

ဗုဒၶဟူးသမီးရဲ႕အစ္မျဖစ္သူက သူတို႔လုပ္ခဲ့ တာေတြကို ဖြင့္ေျပာျပပါတယ္။

“ကြ်န္မတို႔ ေခါင္းရင္းအိမ္မွာ ဒီဆရာမက လာၿပီးေတာ့ နတ္ဝင္လိုက္ၾက၊ နတ္ပူးလိုက္ၾကနဲ႔ ဆိုေတာ့ တစ္ေန႔ ကြ်န္မတို႔လည္းေရာက္သြားၿပီး သူ႕ဆီမွာ ေမးျမန္းလုပ္ၾကပါတယ္ …ေနာက္ေတာ့ ကြ်န္မတို႔အိမ္ေပၚေရာက္လာတဲ့အထိ ဆရာမ … ဆရာမနဲ႔ ျဖစ္ေတာ့တာပါပဲ …ကြ်န္မလည္း ကိုယ့္ တစ္ေယာက္ထဲတင္မကေတာ့ပါဘူး …၊ ဒီညီမေရာ ခင္မင္ရာခင္မင္ေၾကာင္းေတြကိုပါ အိမ္ေခၚၿပီး ဆရာမ လုပ္ေပးသမွ်ကိုခံယူေတာ့တာပါပဲ …၊

သူကပြဲတစ္ပြဲကို ငါးေသာင္းေတာင္းပါတယ္။ ေနာက္ပိုင္း ပြဲဖိုးေတြခဏခဏေတာင္းေတာ့ ကြ်န္မ က သေဘာမက်ေတာ့ပါဘူး။ ဒီအျပင္သူက ကြ်န္မ တို႔ ညီအစ္မကိုလည္း ရန္တိုက္ေပးပါတယ္။ ကြ်န္မ တို႔ႏွစ္ေယာက္ အဆင္မေျပမွ ညီမေလးဆီက သူ ေတာင္းခ်င္သလိုေတာင္းလို႔ရမွာေလ”

သူတို႔ေတြကို ႐ိုးသားစြာနဲ႔ကူညီခဲ့တာ မဟုတ္ ပါဘူး။

“မင္းက ကိုယ့္ကိုယ္ကို ေအာက္လမ္းလို႔ ေျပာေနတယ္ …သူတို႔ကို မင္းလုပ္ထားတာ ေအာက္လမ္းပညာမဟုတ္ေလာက္ဘူး …အမွန္ အတိုင္းဝန္ခံေပး”

ကြ်ႏု္ပ္လည္း ပညာသည္ကို မီးပိုင္နဲ႔ မီးတိုက္ ခိုင္းလိုက္ပါတယ္။ မခံမရပ္ႏိုင္ျဖစ္လာေတာ့မွ …

“ကြ်န္မ ကြ်န္မကေမွာ္ပညာသံုးထားတာပါ”

“အင္း ဒါလည္း ငါသိပါတယ္ …၊ မင္းတို႔ ေမွာ္ပညာနဲ႔ သူတို႔ကိုထိန္းခ်ဳပ္ၿပီး မင္းတို႔လိုခ်င္တာ ရေအာင္လုပ္မယ္ …ၿပီးေတာ့ မင္တို႔စကား တစ္ခြန္း ဆို တစ္ခန္းတင္ေအာင္လို႔ သူတို႔ကို ေမွာ္ပညာနဲ႔ ထိန္းခ်ဳပ္မယ္ ဒါပဲမဟုတ္လား”

ေမွာ္ဆရာမ ဘာမွမေျပာေတာ့ပါ။ သူတို႔လုပ္ ကြက္က ကြ်ႏု္ပ္ဆီမွာ မၾကာခဏ ေပၚလာေနတာ ေၾကာင့္ သူတို႔လုပ္ကြက္ကို ခန္႔မွန္းလို႔ရေနတာပါ။

“မင္းတို႔လိုလူမ်ိဳးေတြက သူမ်ား မသထာ ေရစာကို ေမွာ္နည္းသံုးၿပီးသူမ်ားစိတ္ကို ထိန္းခ်ဳပ္ ၿပီးလုပ္စားေနတဲ့ေကာင္ေတြပဲ …၊ သက္ဆိုင္ရာက ဒီမသမာတဲ့ပညာသည္ကို ထိုက္ထိုက္တန္တန္ ဆံုးမ ေပးလိုက္ပါ”

အမိန္႔ေပးၿပီး ကြ်ႏု္ပ္လည္း ခပ္ျပင္းျပင္း တန္ ျပန္စမတစ္ဆူ မိုင္းကိုင္စကၠဴေပၚမွာ ေဆးေတာ္နဲ႔ ေရးလိုက္ပါတယ္။ တန္ျပန္စမ အဆင့္ေပါင္းမ်ားစြာ ရွိတဲ့အထဲက အလယ္အလတ္အဆင့္ရွိတဲ့ လထီး ေဆာင္းတန္ျပန္စမကို ေရြးၿပီးေရးလိုက္တာပါ။ စမကို ေမွာ္ဆရာမလက္ထဲထည့္ၿပီး ေသာက္ခိုင္းလိုက္ပါ တယ္။

“ကဲ ေရာ့ ေသာက္လိုက္”

ပညာသည္က ကြ်ႏု္ပ္လက္ထဲက စမကို ၾကည့္လိုက္ၿပီး …

“မေသာက္ပါရေစနဲ႔ ဆရာရယ္ … ကြ်န္မ ေနာက္ကို သူတို႔နဲ႔ မပါတ္သက္ေတာ့ပါဘူး … မေသာက္ပါရေစနဲ႔”

သူဘယ္လိုပဲျငင္းျငင္း ဒီစမေလာက္ကိုတိုက္ လိုက္မွ ေၾကာက္သြားမွာမို႔ မျဖစ္မေနတိုက္ရပါမယ္။

“မင္းေျပာတာကိုလက္ခံတယ္ …ဒါေပ မယ့္ မင္း ဒီစမကိုေတာ့ ေသာက္သြားရမယ္”

အတင္းေပးလိုက္ေတာ့မွ မ်က္ရည္က်ၿပီး စမ ေသာက္သြားပါတယ္။

“သူတို႔အားလံုးမွာ မင္းလုပ္ထားတဲ့အဟန္႔ စက္ေတြ ပညာစက္ေတြ၊ သူတို႔ကို ထိန္းခ်ဳပ္ထား တာေတြအားလံုး ျမဴမွ်မက်န္ေအာင္သိမ္းလိုက္”

ပညာသည္လည္း သူလုပ္ထားသမွ်ပညာ စက္မ်ားကို ကုန္စင္ေအာင္သိမ္းသြားပါတယ္။ သူတို႔ ဘယ္ေလာက္ကုန္စင္ေအာင္ သိမ္းသြားတယ္ဆိုေပ မယ့္ ယံုၾကည္ၿပီး ျပန္လႊတ္လို႔မရပါဘူး။ သစၥာဆို ခိုင္းရပါတယ္။ ၿပီးမွ ပညာသည္ကို ျပန္လႊတ္လိုက္ ပါတယ္။

ဆရာဆိုတာ အစစအရာရာ ခ်ိန္ခ်ိန္ဆဆနဲ႔ ထိန္းခ်ဳပ္လာထားႏိုင္ဖို႔ေတာ့လိုပါတယ္။ ေနာက္တစ္ ခ်က္က ဆရာလို႔ေျပာတိုင္း တင္းျပည့္ က်ပ္ျပည့္ယံု ၾကည္လို႔မရႏိုင္ပါဘူး။ ကြ်ႏု္ပ္ကို ျဖစ္ပါေစ အျပည့္ မယံုၾကည္သင့္ပါ။ ကြ်ႏု္ပ္လုပ္သမွ် ကိုင္သမွ် ခုႏွစ္ ရက္သားသမီးအတြက္ ဟုတ္/မဟုတ္၊ ကိုယ္က်ိဳး အတြက္ ဘယ္ေလာက္လုပ္ေနလဲ …ခုႏွစ္ရက္သား မသမီးအတြက္ ဘယ္လိုေဆာင္ရြက္ေနလဲဆိုတာ ေသေသခ်ာခ်ာၾကည့္ၿပီးမွ လက္ခံေစခ်င္ပါတယ္။

ခုႏွစ္ရက္သားသမီးေတြ ဆရာဆိုၿပီး သဒၶါ မပို႔မိၾကပါေစနဲ႔ …

စိႏၱာမယဆရာပိုင္

အမွတ္(၃၆၂)၊ ၈-လမ္း၊ (၁၀)ရပ္ကြက္၊ ေတာင္ဥကၠလာပၿမိဳ႕ နယ္၊ ဖုန္း- ဝ၉၄၂၀၇၄၄ ၁၁၂။ ဝ၉၂၅၄၈၁၁၀ဝ၇

 

Unicode Version

သဒ္ဓါ မပိုမိကြပါစေနဲ့

** စိန္တာမယဆရာပိုင် **

 

လောကမှာ သဒ္ဓါမကျွံဖို့ လိုတဲ့အကြောင်း လေးကို ပယောဂကုသနေရင်း တွေ့ ကြုံခဲ့ရတာလေးတွေကို ဖေါက် သည်ချချင်လို့ပါ။ ဒီဆောင်းပါး ကို ရေးတဲ့အခါမှာ နာမည်တွေ နေရပ်တွေကို လွှဲထားမှာဖြစ်ပေ မယ့် တချို့အကြောင်းတွေကတော့ ကာယကံရှင်တွေ ဖတ်လိုက်မိတာနဲ့ သိသွားနိုင်ပါ တယ်။ သိခဲ့ရင်လည်း ကျွန်ုပ် စေတနာနဲ့ရေးခဲ့တာမို့ လို့ အပြစ်ဖြစ်ခဲ့ရင်လည်း သီးခံခွင့်လွှတ်ပေးဖို့ မေတ္တာ ရှေ့ထား တောင်းပန်စကား အရင်ဆိုပါတယ်။
တစ်နေ့ ကျွန်ုပ်ဘုရားခန်းကို ရောက်လာကြ တာက ညီအစ်မနှစ်ယောက်နဲ့ အဖေါ်တစ်ယောက်ပါ။
“ကဲ ပြောပါဦး …ဘာလုပ်ကြမလဲ”
“ဟို ကျွန်မတို့လေ ဟို စစ်ဆေးကြည့်ချင် လို့ပါ၊ ကျွန်မတို့တွေမှာ ဆရာမတစ်ယောက် …”
“တော်ပြီ မပြောနဲ့တော့ …၊ ခင်ဗျားတို့ ပြောလိုက်ရင် ကြိုပွိုင့်ပေးသလိုဖြစ်နေမှာပေါ့ … ဒီဘက်က ပြောတော့မှ ခင်ဗျားတို့ဖြစ်နေတာနဲ့ တိုက် ဆိုင်မှုရှိ/မရှိ ခင်ဗျားတို့ဘာသာသုံးသပ်ကြပေါ့”
ကျွန်ုပ်ဆီမှာ လာရောက်စစ်ဆေးကုသခံယူ သူများကို သူတို့အဖြစ်၊ သူတို့အကြောင်းတွေ ကြို ပြောခွင့်မပြုပါဘူး။ သူတို့ပြောလိုက်ပြီးမှ ကျွန်ုပ်တို့ ဘက်က ပူးကပ်ပြောဆိုတာနဲ့ တိုက်ဆိုင်နေတာဆို ရင် သူတို့စကားကို ရေလိုက်ငါးလိုက် ပြောတယ်လို့ ယူဆသွားနိုင်လို့ပါ။
ကျွန်ုပ်တို့ဘက်က ပူးကပ်ပြီးပြောတဲ့စကား၊ အကြောင်းအရာတွေကို သူတို့ဖြစ်စဉ်တွေနဲ့ တိုက် ဆိုင်နေဖို့သာ အဓိကလိုရင်းပါ။ ဒါမှလည်း သူတို့ အဖြစ်ကအမှန်လို့ ကျွန်ုပ်ဘက်က ယူဆနိုင်မှာဖြစ်ပြီး သူတို့ဘက်ကလည်း တိုက်ဆိုင်မှုကြောင့် ပိုမို လက်ခံ လာမှာဖြစ်ပါတယ်။
“အင်း ဘာပဲဖြစ်ဖြစ် စစ်ကြည့်လိုက်မယ် လေလာ …”
ကျွန်ုပ်လည်း ထုံးစံအတိုင်း စစ်ဆေးမှုကို စတင် လုပ်ပါတယ်။
စစ်ဆေးကြည့်လိုက်တော့ သူတို့အားလုံးမှာ အတိုက်တစ်ခုတွေ့ရပါတယ်။
“ခု ဗုဒ္ဓဟူးသမီးနဲ့ သူတို့အားလုံးကို တိုက် ထားတဲ့ ပညာသည်ခေါင်သူကြီးကိုယ်တိုင် လူစိတ် ပျောက်အောင် ဝင်လာခဲ့လိုက်စမ်း …”
ခပ်မာမာပြောလိုက်ပြီးတာနဲ့ မကြာခင်မှာပဲ ဗုဒ–ဟူးသမီးနဲ့သူတို့တွေကို တိုက်ခိုက်ထားတဲ့ ပညာ သည်ခေါင်သူကြီးကိုယ်တိုင် ခပ်ကြမ်းကြမ်း ပူးကပ် ဝင်ရောက်လာပါတယ်။
“ကဲ ပြော မင်းဘယ်သူလဲ …ဘာလဲ”
“ဆရာမပါ …”
ကျွန်ုပ်က အဲဒီလိုအဖြေမျိုးကို လုံးဝမကြိုက် ပါ။ ဆရာမအမျိုးအစား အများကြီးရှိတာမို့ ဘာဆရာ မလဲဆိုတာ ထည့်ပြောပေးမှသာပြည့်စုံတဲ့ အဖြေအ ဖြစ် လက်ခံတတ်ပါတယ်။
“ကြိမ်ပိုင်ခပ်ကြမ်းကြမ်းလေးဆုံးမလိုက်ပါ”
ပူးကပ်နေသူ ကြောကော့သွားတာပါတယ်။ တော်တော်ကြာကြာ ရိုက်ချက်ပြင်းထန်ပုံရပါတယ်။ ပူးကပ်နေသူ မခံနိုင်တဲ့အဆုံးမှာ သူဘာလဲဆိုတာ ပြောလိုက်ရပါတယ်။
“ကျွန်မ အောက်လမ်းဆရာမပါ ဆရာ”
“အင်း …ဟုတ်ပြီ ဒီမိန်းကလေးတွေကို ဘာတွေလုပ်ထားတာလဲ ပြောပါဦး”
“သူတို့ကိုဘာမှလုပ်မထားပါဘူး … သူတို့ လုပ်ခိုင်းလို့လုပ်ပေးတာပဲရှိတာပါ …မယုံရင်သူတို့ ကိုမေးကြည့်ပါ”
အဖြေကတော့ ကာယကံရှင် ဗုဒ္ဓဟူးသမီးနဲ့ အဖွဲ့ဆီ ပြန်လည်နေပါပြီ။
“ဟဲ့ နင်တို့ခိုင်းလို့ သူလုပ်ပေးရတာဆို … ဘာတွေလဲ ဘာတွေလုပ်နေကြတာလဲ”
“ဒီလိုပါဆရာ …”
ဗုဒ္ဓဟူးသမီးရဲ့အစ်မဖြစ်သူက သူတို့လုပ်ခဲ့ တာတွေကို ဖွင့်ပြောပြပါတယ်။
“ကျွန်မတို့ ခေါင်းရင်းအိမ်မှာ ဒီဆရာမက လာပြီးတော့ နတ်ဝင်လိုက်ကြ၊ နတ်ပူးလိုက်ကြနဲ့ ဆိုတော့ တစ်နေ့ ကျွန်မတို့လည်းရောက်သွားပြီး သူ့ဆီမှာ မေးမြန်းလုပ်ကြပါတယ် …နောက်တော့ ကျွန်မတို့အိမ်ပေါ်ရောက်လာတဲ့အထိ ဆရာမ … ဆရာမနဲ့ ဖြစ်တော့တာပါပဲ …ကျွန်မလည်း ကိုယ့် တစ်ယောက်ထဲတင်မကတော့ပါဘူး …၊ ဒီညီမရော ခင်မင်ရာခင်မင်ကြောင်းတွေကိုပါ အိမ်ခေါ်ပြီး ဆရာမ လုပ်ပေးသမျှကိုခံယူတော့တာပါပဲ …၊
သူကပွဲတစ်ပွဲကို ငါးသောင်းတောင်းပါတယ်။ နောက်ပိုင်း ပွဲဖိုးတွေခဏခဏတောင်းတော့ ကျွန်မ က သဘောမကျတော့ပါဘူး။ ဒီအပြင်သူက ကျွန်မ တို့ ညီအစ်မကိုလည်း ရန်တိုက်ပေးပါတယ်။ ကျွန်မ တို့နှစ်ယောက် အဆင်မပြေမှ ညီမလေးဆီက သူ တောင်းချင်သလိုတောင်းလို့ရမှာလေ”
သူတို့တွေကို ရိုးသားစွာနဲ့ကူညီခဲ့တာ မဟုတ် ပါဘူး။
“မင်းက ကိုယ့်ကိုယ်ကို အောက်လမ်းလို့ ပြောနေတယ် …သူတို့ကို မင်းလုပ်ထားတာ အောက်လမ်းပညာမဟုတ်လောက်ဘူး …အမှန် အတိုင်းဝန်ခံပေး”
ကျွန်ုပ်လည်း ပညာသည်ကို မီးပိုင်နဲ့ မီးတိုက် ခိုင်းလိုက်ပါတယ်။ မခံမရပ်နိုင်ဖြစ်လာတော့မှ …
“ကျွန်မ ကျွန်မကမှော်ပညာသုံးထားတာပါ”
“အင်း ဒါလည်း ငါသိပါတယ် …၊ မင်းတို့ မှော်ပညာနဲ့ သူတို့ကိုထိန်းချုပ်ပြီး မင်းတို့လိုချင်တာ ရအောင်လုပ်မယ် …ပြီးတော့ မင်တို့စကား တစ်ခွန်း ဆို တစ်ခန်းတင်အောင်လို့ သူတို့ကို မှော်ပညာနဲ့ ထိန်းချုပ်မယ် ဒါပဲမဟုတ်လား”
မှော်ဆရာမ ဘာမှမပြောတော့ပါ။ သူတို့လုပ် ကွက်က ကျွန်ုပ်ဆီမှာ မကြာခဏ ပေါ်လာနေတာ ကြောင့် သူတို့လုပ်ကွက်ကို ခန့်မှန်းလို့ရနေတာပါ။
“မင်းတို့လိုလူမျိုးတွေက သူများ မသထာ ရေစာကို မှော်နည်းသုံးပြီးသူများစိတ်ကို ထိန်းချုပ် ပြီးလုပ်စားနေတဲ့ကောင်တွေပဲ …၊ သက်ဆိုင်ရာက ဒီမသမာတဲ့ပညာသည်ကို ထိုက်ထိုက်တန်တန် ဆုံးမ ပေးလိုက်ပါ”
အမိန့်ပေးပြီး ကျွန်ုပ်လည်း ခပ်ပြင်းပြင်း တန် ပြန်စမတစ်ဆူ မိုင်းကိုင်စက္ကူပေါ်မှာ ဆေးတော်နဲ့ ရေးလိုက်ပါတယ်။ တန်ပြန်စမ အဆင့်ပေါင်းများစွာ ရှိတဲ့အထဲက အလယ်အလတ်အဆင့်ရှိတဲ့ လထီး ဆောင်းတန်ပြန်စမကို ရွေးပြီးရေးလိုက်တာပါ။ စမကို မှော်ဆရာမလက်ထဲထည့်ပြီး သောက်ခိုင်းလိုက်ပါ တယ်။
“ကဲ ရော့ သောက်လိုက်”
ပညာသည်က ကျွန်ုပ်လက်ထဲက စမကို ကြည့်လိုက်ပြီး …
“မသောက်ပါရစေနဲ့ ဆရာရယ် … ကျွန်မ နောက်ကို သူတို့နဲ့ မပါတ်သက်တော့ပါဘူး … မသောက်ပါရစေနဲ့”
သူဘယ်လိုပဲငြင်းငြင်း ဒီစမလောက်ကိုတိုက် လိုက်မှ ကြောက်သွားမှာမို့ မဖြစ်မနေတိုက်ရပါမယ်။
“မင်းပြောတာကိုလက်ခံတယ် …ဒါပေ မယ့် မင်း ဒီစမကိုတော့ သောက်သွားရမယ်”
အတင်းပေးလိုက်တော့မှ မျက်ရည်ကျပြီး စမ သောက်သွားပါတယ်။
“သူတို့အားလုံးမှာ မင်းလုပ်ထားတဲ့အဟန့် စက်တွေ ပညာစက်တွေ၊ သူတို့ကို ထိန်းချုပ်ထား တာတွေအားလုံး မြူမျှမကျန်အောင်သိမ်းလိုက်”
ပညာသည်လည်း သူလုပ်ထားသမျှပညာ စက်များကို ကုန်စင်အောင်သိမ်းသွားပါတယ်။ သူတို့ ဘယ်လောက်ကုန်စင်အောင် သိမ်းသွားတယ်ဆိုပေ မယ့် ယုံကြည်ပြီး ပြန်လွှတ်လို့မရပါဘူး။ သစ္စာဆို ခိုင်းရပါတယ်။ ပြီးမှ ပညာသည်ကို ပြန်လွှတ်လိုက် ပါတယ်။
ဆရာဆိုတာ အစစအရာရာ ချိန်ချိန်ဆဆနဲ့ ထိန်းချုပ်လာထားနိုင်ဖို့တော့လိုပါတယ်။ နောက်တစ် ချက်က ဆရာလို့ပြောတိုင်း တင်းပြည့် ကျပ်ပြည့်ယုံ ကြည်လို့မရနိုင်ပါဘူး။ ကျွန်ုပ်ကို ဖြစ်ပါစေ အပြည့် မယုံကြည်သင့်ပါ။ ကျွန်ုပ်လုပ်သမျှ ကိုင်သမျှ ခုနှစ် ရက်သားသမီးအတွက် ဟုတ်/မဟုတ်၊ ကိုယ်ကျိုး အတွက် ဘယ်လောက်လုပ်နေလဲ …ခုနှစ်ရက်သား မသမီးအတွက် ဘယ်လိုဆောင်ရွက်နေလဲဆိုတာ သေသေချာချာကြည့်ပြီးမှ လက်ခံစေချင်ပါတယ်။
ခုနှစ်ရက်သားသမီးတွေ ဆရာဆိုပြီး သဒ္ဓါ မပို့မိကြပါစေနဲ့ …
စိန္တာမယဆရာပိုင်
အမှတ်(၃၆၂)၊ ၈-လမ်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့ နယ်၊ ဖုန်း- ဝ၉၄၂၀၇၄၄ ၁၁၂။ ဝ၉၂၅၄၈၁၁၀ဝ၇

Comments

comments

Post Author: manawmaya