ပေယာဂရွိ မရွိ ဘယ္လုိသိႏုိင္မလဲ

ကြၽႏ္ုပ္ကို ဖုန္းေတြ အတန္တန္ ဆက္ၿပီး ေမးတဲ့ေမးခြန္းေတြထဲမွာ တစ္ခုအပါအ၀င္ျဖစ္တဲ့ ေမး ခြန္းတစ္ခုအေၾကာင္းကို ေရးျပခ်င္ပါတယ္။
လူတခ်ဳိ႕(အထူးသျဖင့္ေတာ့ နယ္သမား တခ်ဳိ႕) ေမးေလ့ရွိတဲ့ ေမးခြန္းျဖစ္ပါတယ္။ ရန္ကုန္က လူေတြေရာ မေမးၾကဘူးလားဆိုေတာ့ ေမးၾကပါ တယ္။ ဒါေပမဲ့ အေမးအမ်ားဆံုးကေတာ့ နယ္က လူတခ်ဳိ႕ပဲျဖစ္ပါတယ္။
သူတို႔ ဘာေတြေမးၾကသလဲဆိုေတာ့ ခု ေဆာင္းပါးရဲ႕ ေခါင္းစဥ္ “ပေယာဂရွိ မရွိ ဘယ္လိုသိ ႏိုင္မလဲ …”ပါပဲ။
ေမးတဲ့သူေတြကို အထူးေက်းဇူးတင္ပါတယ္။ အမွန္ေတာ့ ဒီေမးခြန္းက ေမးသင့္တဲ့ေမးခြန္းတစ္ခုပါပဲ။ ကြၽႏ္ုပ္အေနနဲ႔လည္း ေသေသခ်ာခ်ာ ေျဖၾကားေပး သင့္တဲ့ ေမးခြန္းပါ။ ဘာေၾကာင့္လဲဆိုေတာ့ နယ္မွာ ေနေန၊ ၿမိဳ႕မွာေနေန ဘယ္အရပ္မွာပဲေနေန မိမိနဲ႔ တကြ ကိုယ့္မိသားစုလံုၿခံဳေရးကေတာ့ အေရး အႀကီး ဆံုးပါပဲ။
လူတစ္ေယာက္က ကိုယ့္ကိုမေက်နပ္လို႔ ႐ံုးတိုင္၊ ဂတ္တိုင္လုပ္တာ ျပႆနာမဟုတ္ပါဘူး။ ႐ံုးနဲ႔ဂတ္မွာ လိုက္ရွင္းလို႔ရႏိုင္ပါတယ္။ ေနာက္ တစ္ခုက မေက်နပ္လို႔ လက္သီးနဲ႔ဆြဲထိုး၊ တုတ္နဲ႔ ေကာက္႐ိုက္ ေခါင္းေပါက္၊ ေခါင္းကြဲ ဘာပဲျဖစ္ျဖစ္ ေဆး႐ံုေဆးခန္းျပၿပီး ျပန္ေကာင္းလာေအာင္ လုပ္ဖို႔ သိပ္မခက္လွပါဘူး။
ဒါေပမဲ့ ကိုယ္ထိလက္ေရာက္ ႐ိုက္ႏွက္တာ၊ တရားစြဲ၊ ႐ံုးဂတ္ေရာက္တာေတြက ရွင္းလို႔ရႏိုင္ေပ မယ့္ သူမ်ားက ကိုယ့္ကို ပညာစက္ေတြသံုးၿပီး တိုက္ခိုက္တာဆိုရင္ေတာ့ ႐ံုးနဲ႔လည္းရွင္းမရ၊ ဂတ္က လည္း ဘာမွမလုပ္ႏိုင္ ဆရာ၀န္လည္း လက္ေလွ်ာ့ရ တတ္ပါတယ္။ မိမိကို သူတစ္ပါးက မေကာင္းတဲ့ ပညာစက္ေတြနဲ႔ (တစ္နည္း-ေအာက္လမ္း၊ ရြာသူ၊ စုန္း၊ ေမွာ္)စတဲ့ အတတ္ေတြနဲ႔ မတိုက္ခိုက္လာဖို႔ အေရးႀကီးပါတယ္။ တိုက္ခိုက္လာခဲ့ၿပီ ဆိုရင္လည္း ‘ငါ့ကို သူမ်ားပညာနဲ႔လုပ္ထားသလား’လို႔ ေတြးမိတဲ့ အေျခအေနမ်ဳိး၊ အေတြးမ်ဳိးေတြေရာက္လာရင္ေတာ့ အခ်ိန္မလြတ္ခင္ ကုသမႈ လုပ္လိုက္ရင္ ေကာင္းသြား ႏိုင္ပါတယ္။
တကယ္လို႔ အခ်ိန္မီ မကုသျဖစ္လိုက္ရင္ ေတာ့ ပေယာဂလား၊ ေသြး႐ိုးသား႐ိုးလားဆိုတာ မသိရွိႏိုင္ဘဲ အသက္ပါ ဆံုး႐ံႈးရတတ္ပါတယ္။
ဒါေၾကာင့္ မိမိဘ၀ေလွ်ာက္လွမ္းမႈမွာ ပံုမွန္ မဟုတ္တာေတြ ျဖစ္လာရင္၊ ေတြ႕ႀကံဳလာရရင္ စစ္ ေဆးဖို႔လုိပါၿပီ။ ပေယာဂကို ပိုင္ပိုင္ႏိုင္ႏိုင္ စစ္ေဆး ကုသေပးႏိုင္သူေတြ အမ်ားႀကီးရွိပါတယ္။ ဆရာ ရွာတဲ့ေနရာမွာ မွန္ကန္မႈရွိရင္ေတာ့ အတိုင္းထက္ အလြန္ပါပဲ။ ေဆးေၾကာင့္ ေလးရတဲ့အျဖစ္မ်ဳိး ျဖစ္ သြားမွာကိုပဲ စိုးရိမ္ရတာပါ။ အထူးသတိထားၿပီး ရွာ ရပါမယ္။
ပေယာဂဆိုတဲ့ေနရာမွာ ေအာက္လမ္း၊ ရြာ သူ၊ စုန္း၊ ကေ၀ဆိုတာေတြနဲ႔ သိုက္ဆက္ဆိုတာ မတူပါဘူး။ အဓိက ျဖစ္သင့္တာက ပေယာဂဆိုၿပီး ေရာမေခၚဘဲ ေအာက္လမ္း၊ ရြာသူ၊ စုန္း၊ ကေ၀လား၊ သိုက္လား ဆိုတာ ခြဲျခားႏိုင္ဖို႔ လိုပါတယ္။ ခုနစ္ ရက္သားသမီးေတြျဖစ္လာတဲ့ စိတ္ပိုင္း၊ ႐ုပ္ပိုင္း ေ၀ဒနာေတြမွာ သိုက္ကမေက်နပ္လို႔၊ ေခၚခ်င္လို႔၊ သက္တမ္းေစ့ေနလို႔ တိုက္ခိုက္ထားတာနဲ႔ ေအာက္ လမ္း၊ ရြာသူ၊ စုန္း၊ ကေ၀တို႔က ပညာစက္နဲ႔တိုက္ ထားေတြမွာ မ်ားေသာအားျဖင့္တူေနတတ္ပါတယ္။
ဥပမာ- လူတစ္ေယာက္ က်န္းမာေရး မေကာင္း ဘူး …ဗိုက္ထဲမွာအလံုးေျပးေနသလိုျဖစ္ေနတယ္။ ဗိုက္ေတြ ေအာင့္ေနတယ္ဆိုပါစို႔။
ေအာက္လမ္း၊ ရြာသူ၊ စုန္း၊ ကေ၀တို႔က အပင္း(ေသြးပင္း၊ ေလပင္း၊ ခပ္ေဆးပင္း)အစရွိတဲ့ အပင္းသြင္းထားရင္ ခုနေျပာတဲ့ ေ၀ဒနာေတြ ခံစားရ တတ္ပါတယ္။ ေနာက္ သိုက္နန္းရွင္က သက္တမ္း ေစ့လို႔ ျပန္ေခၚဖို႔လုပ္ေနၿပီဆိုရင္လည္း အထက္က ေ၀ဒနာမ်ဳိးခံစားရတတ္ပါတယ္။ အေပၚယံၾကည့္ၿပီး ရမ္းေျပာလို႔ မရပါဘူး။ ေသေသခ်ာခ်ာ ခြဲျခမ္း စိတ္ ျဖာၿပီးမွ ေအာက္လမ္း၊ ရြာသူ၊ စုန္း၊ ကေ၀ဆိုရင္ သူတို႔ကိုကုတဲ့ကုထံုးအတိုင္း ကုၾကရမွာျဖစ္ၿပီးေတာ့ သိုက္ဆိုရင္ သိုက္ကိုကုတဲ့ကုထံုးအတိုင္း ကုသေပး ရမွာျဖစ္ပါတယ္။
တစ္ခါက ေတာင္ငူၿမိဳ႕နယ္အတြင္း ေက်းရြာ တစ္ခုက မိသားတစ္စု ေရာက္လာပါတယ္။ သူတို႔ သမီးက ပထမအိမ္ေထာင္ဆံုးသြားၿပီး ကေလးတစ္ ေယာက္နဲ႔ က်န္ခဲ့သူပါ။ ကေလးမေလး ၁၅ ႏွစ္ ေလာက္ေရာက္မွ ေနာက္အိမ္ေထာင္ျပဳပါတယ္။ ေနာက္အိမ္ေထာင္နဲ႔ကေလးတစ္ေယာက္ ရၿပီးေတာ့ က်န္းမာေရး ဆိုးဆိုး၀ါး၀ါး ျဖစ္သြားပါတယ္။ သူမ်ား လုပ္ထားတာ(ပေယာဂစက္)ဆိုၿပီး သူတို႔ေဒသခံ ဆရာမ်ားနဲ႔ ကုသမႈခံယူခဲ့ေပမယ့္ ေနာက္ဆံုး ကိုယ့္ ထမင္းေတာင္ ကိုယ္ခ်က္မစားႏိုင္ေတာ့တဲ့ အေျခ အေနျဖစ္သြားမွ ကြၽႏ္ုပ္ဆီေရာက္လာပါတယ္။
သူတို႔အေျပာကေတာ့ သူတို႔ ဆရာ ေလး ေယာက္နဲ႔ကုခဲ့ပါတယ္။ အဲဒီထဲက တစ္ေယာက္ဆိုရင္ ကုသေနရင္း ကုပြဲ(ေဆးကုရန္ျပင္ထားေသာ ကန္ ေတာ့ပြဲ)မွ အုန္းသီးၾကြက္ၿမီးကြၽတ္ထြက္ၿပီး အုန္းရည္ မ်ား ပန္းထြက္သြားလို႔ ကုပြဲကို ဆက္မကုဘဲ ရပ္ လိုက္ရပါတယ္တဲ့။ ေနာက္ရက္ၾကေတာ့ ဆရာ လုပ္ တဲ့သူ အိပ္ရာဖ်ာကပ္ ေနမေကာင္းျဖစ္သြားတယ္။ ေတာ္ေတာ္ ပညာအဆင့္ျမင့္တဲ့ ေအာက္လမ္းက မိန္းကေလးကို တိုက္ထားတယ္လို႔ သူတို႔မိသားစု ေတြက ယူဆၾကပါတယ္။
ကြၽႏ္ုပ္စစ္ေဆးၾကည့္လိုက္ေတာ့ သူတို႔ ေျပာ တဲ့ ေအာက္လမ္းစက္ကို ရွာမေတြ႕ခဲ့ပါဘူး။ မိန္း ကေလးဟာ ‘သိုက္ဆက္’ျဖစ္ေနတာပဲ ေတြ႕လိုက္ ရပါတယ္။ ဒါေၾကာင့္ သိုက္နန္းရွင္ကို ေခၚေတြ႕လိုက္ ေတာ့ သိုက္နန္းရွင္က ေဒါသတႀကီးနဲ႔ သူတို႔ကို မီးနဲ႔တိုက္ထားလို႔ ဒီမိန္းကေလး မထႏိုင္ေအာင္ လုပ္ထားတာလို႔ ေျပာပါတယ္။ မိန္ကေလးကို သာ သနာျပဳဖို႔ လႊတ္လိုက္တာ ဘာသာသနာမွမျပဳဘဲ သူတို႔ကိုလည္း ေမ့ထားၿပီးေတာ့ သူမ လုပ္ခ်င္တာ လုပ္ေနလို႔ သတိရသြားေအာင္ လုပ္လိုက္တာလို႔ ေျပာပါတယ္။
မိန္းကေလးအိမ္ေထာင္ျပဳတာကိုလည္း မႀကိဳက္ဘူးတဲ့။
ကြၽႏ္ုပ္ သိုက္နန္းရွင္ကိုညိႇႏိႈင္းၿပီး မိန္းကေလး ဘက္က ျပဳသမွ်ေကာင္းမႈကုသိုလ္ရဲ႕ အဖို႔ဘာဂကို အမွ်ေပးေ၀ဖို႔၊ သိုက္နန္းရွင္ နဂါးစာခ်ဖို႔နဲ႔ က်န္းမာ ေရးေကာင္းသြားရင္ သိုက္ကိုပြဲပေပးမယ္လို႔ ကတိ က၀တိထားၿပီး သူတို႔လုပ္ထားတဲ့ သိုက္စက္ေတြကို ျပန္သိမ္းခိုင္းလိုက္တာေၾကာင့္ မိန္းကေလး ေခါင္း ေထာင္ႏိုင္သြားပါတယ္။ သူတို႔ဆရာေတြနဲ႔အပ္ထားတဲ့ အေစာင့္ေတြကိုလည္း ကြၽႏု္ပ္ ညိႇႏိႈင္းၿပီး ထုတ္ေပး လိုက္ပါတယ္။
မိန္းကေလးျပန္သြားၿပီး တစ္ပတ္ေလာက္ ၾကာေတာ့ ကြၽႏ္ုပ္ဆီကို ဖုန္းဆက္ပါတယ္။ မိန္း ကေလးက်န္းမာေရး ေတာ္ေတာ္ေကာင္းသြားၿပီလို႔ ဖုန္းဆက္ အေၾကာင္းၾကားပါတယ္။ တစ္လ ေလာက္ ၾကာေတာ့မွ သူတို႔သိုက္ပြဲလွဴမွာမို႔ လုပ္ရမွာေတြ ကိုေျပာျပေပးလိုက္ၿပီး သူတို႔ပြဲျပင္ၿပီးလို႔ အသင့္ ျဖစ္တဲ့အခါ ဖုန္းနဲ႔ပဲပြဲအပ္ေပးလိုက္ပါတယ္။
ဆိုလိုခ်င္တာကေတာ့ သိုက္ကို သိုက္မွန္း မသိဘဲ ကုသမိရာကေန လူနာေရာ ဆရာပါ ပိုဆိုး သြားရတာကိုေျပာခ်င္တာပါ။
မ်ားေသာအားျဖင့္ ဒီလိုအျဖစ္မ်ဳိးေတြဟာ ေအာက္လမ္း၊ ရြာသူတင္မကပါဘူး သိုက္ကလုပ္ ရင္လည္း ျဖစ္တတ္ေၾကာင္းသိထားဖို႔ပါ။

ပေယာဂမွန္း ဘယ္လို သိရမလဲဆိုတာက ေတာ့ (၁+၁=၂)ဆိုသလို ပံုေသနည္းေတာ့မရွိပါဘူး။ ဒါေပမဲ့ အနီးစပ္ဆံုး ခန္႔မွန္းၾကည့္ရတာပါ။ တခ်ဳိ႕ ေရာဂါရွာမရတဲ့အခါ ဗိုက္ထဲမွာ အလံုးရွိေနသလို ထင္ရၿပီး အဲဒိအလံုးကၿငိမ္မေနဘဲ လႈပ္ရွားေနတယ္ လို႔ ထင္ရတဲ့အခါ …ပင္ပင္ပန္းပန္း အလုပ္မလုပ္ ထားဘဲ စိတ္ေရာကိုယ္ပါ ပင္ပန္းသလို ခံစားေနရ တဲ့အခါ …အစုအဖြဲ႕ထဲမွာေနေပမယ့္ အားလံုးက ကိုယ့္စကားကို လက္မခံ၊ ၀ိုင္းပယ္ထား သလိုမ်ဳိး ျဖစ္ေနတဲ့အခါ …လုပ္သမွ် ႀကံစည္သမွ်ေတြ ဘာ လုပ္လုပ္ မေအာင္ျမင္တဲ့အခါ …ေနာက္ အိမ္၊ ၿခံ၊ ေျမတို႔ ေရာင္းေနစဥ္ ၀ယ္သူလာၾကည့္၊ ႀကိဳက္ သြားလို႔ေငြရွင္းမယ္ေျပာၿပီး ေရာက္မလာတဲ့အခါ … စသျဖင့္ အခါခါေတြမ်ားလာရင္ေတာ့ မိမိကိုယ္တြင္း ကိုယ္ပ၊ အိမ္တြင္းအိမ္ပ၊ ၿခံတြင္း ၿခံပေတြကို စစ္ ေဆးၾကည့္ဖို႔လိုေနပါၿပီ …။
စစ္ေဆးေတြ႕ရွိတဲ့အခါ ကုသမႈခံယူလိုက္ရင္ ခ်က္ခ်င္း(သို႔) သံုးရက္၊ ငါးရက္မွာ ေပ်ာက္ကင္း ခ်မ္းသာသြားမွာျဖစ္ပါတယ္။
ခုနစ္ရက္သားသမီးမ်ား ပေယာဂစက္ေဘးမွ ကင္းေ၀းႏိုင္ၾကပါေစ …

စိႏၲာမယဆရာပိုင္
အမွတ္(၃၆၂)၊ ၈-လမ္း၊ (၁၀)ရပ္ကြက္၊ ေတာင္ဥကၠလာပၿမိဳ႕ နယ္၊ ဖုန္း- ၀၉၄၂၀၇၄၄ ၁၁၂။ ၀၉၂၅၄၈၁၁၀၀၇

 

Unicode Version

ပယောဂရှိ မရှိ ဘယ်လိုသိနိုင်မလဲ
-စိန္တာမယဆရာပိုင်-
*********************

ကျွန်ုပ်ကို ဖုန်းတွေ အတန်တန် ဆက်ပြီး မေးတဲ့မေးခွန်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ မေး ခွန်းတစ်ခုအကြောင်းကို ရေးပြချင်ပါတယ်။
လူတချို့(အထူးသဖြင့်တော့ နယ်သမား တချို့) မေးလေ့ရှိတဲ့ မေးခွန်းဖြစ်ပါတယ်။ ရန်ကုန်က လူတွေရော မမေးကြဘူးလားဆိုတော့ မေးကြပါ တယ်။ ဒါပေမဲ့ အမေးအများဆုံးကတော့ နယ်က လူတချို့ပဲဖြစ်ပါတယ်။
သူတို့ ဘာတွေမေးကြသလဲဆိုတော့ ခု ဆောင်းပါးရဲ့ ခေါင်းစဉ် “ပယောဂရှိ မရှိ ဘယ်လိုသိ နိုင်မလဲ …”ပါပဲ။
မေးတဲ့သူတွေကို အထူးကျေးဇူးတင်ပါတယ်။ အမှန်တော့ ဒီမေးခွန်းက မေးသင့်တဲ့မေးခွန်းတစ်ခုပါပဲ။ ကျွန်ုပ်အနေနဲ့လည်း သေသေချာချာ ဖြေကြားပေး သင့်တဲ့ မေးခွန်းပါ။ ဘာကြောင့်လဲဆိုတော့ နယ်မှာ နေနေ၊ မြို့မှာနေနေ ဘယ်အရပ်မှာပဲနေနေ မိမိနဲ့ တကွ ကိုယ့်မိသားစုလုံခြုံရေးကတော့ အရေး အကြီး ဆုံးပါပဲ။
လူတစ်ယောက်က ကိုယ့်ကိုမကျေနပ်လို့ ရုံးတိုင်၊ ဂတ်တိုင်လုပ်တာ ပြဿနာမဟုတ်ပါဘူး။ ရုံးနဲ့ဂတ်မှာ လိုက်ရှင်းလို့ရနိုင်ပါတယ်။ နောက် တစ်ခုက မကျေနပ်လို့ လက်သီးနဲ့ဆွဲထိုး၊ တုတ်နဲ့ ကောက်ရိုက် ခေါင်းပေါက်၊ ခေါင်းကွဲ ဘာပဲဖြစ်ဖြစ် ဆေးရုံဆေးခန်းပြပြီး ပြန်ကောင်းလာအောင် လုပ်ဖို့ သိပ်မခက်လှပါဘူး။
ဒါပေမဲ့ ကိုယ်ထိလက်ရောက် ရိုက်နှက်တာ၊ တရားစွဲ၊ ရုံးဂတ်ရောက်တာတွေက ရှင်းလို့ရနိုင်ပေ မယ့် သူများက ကိုယ့်ကို ပညာစက်တွေသုံးပြီး တိုက်ခိုက်တာဆိုရင်တော့ ရုံးနဲ့လည်းရှင်းမရ၊ ဂတ်က လည်း ဘာမှမလုပ်နိုင် ဆရာဝန်လည်း လက်လျှော့ရ တတ်ပါတယ်။ မိမိကို သူတစ်ပါးက မကောင်းတဲ့ ပညာစက်တွေနဲ့ (တစ်နည်း-အောက်လမ်း၊ ရွာသူ၊ စုန်း၊ မှော်)စတဲ့ အတတ်တွေနဲ့ မတိုက်ခိုက်လာဖို့ အရေးကြီးပါတယ်။ တိုက်ခိုက်လာခဲ့ပြီ ဆိုရင်လည်း ‘ငါ့ကို သူများပညာနဲ့လုပ်ထားသလား’လို့ တွေးမိတဲ့ အခြေအနေမျိုး၊ အတွေးမျိုးတွေရောက်လာရင်တော့ အချိန်မလွတ်ခင် ကုသမှု လုပ်လိုက်ရင် ကောင်းသွား နိုင်ပါတယ်။
တကယ်လို့ အချိန်မီ မကုသဖြစ်လိုက်ရင် တော့ ပယောဂလား၊ သွေးရိုးသားရိုးလားဆိုတာ မသိရှိနိုင်ဘဲ အသက်ပါ ဆုံးရှုံးရတတ်ပါတယ်။
ဒါကြောင့် မိမိဘဝလျှောက်လှမ်းမှုမှာ ပုံမှန် မဟုတ်တာတွေ ဖြစ်လာရင်၊ တွေ့ကြုံလာရရင် စစ် ဆေးဖို့လိုပါပြီ။ ပယောဂကို ပိုင်ပိုင်နိုင်နိုင် စစ်ဆေး ကုသပေးနိုင်သူတွေ အများကြီးရှိပါတယ်။ ဆရာ ရှာတဲ့နေရာမှာ မှန်ကန်မှုရှိရင်တော့ အတိုင်းထက် အလွန်ပါပဲ။ ဆေးကြောင့် လေးရတဲ့အဖြစ်မျိုး ဖြစ် သွားမှာကိုပဲ စိုးရိမ်ရတာပါ။ အထူးသတိထားပြီး ရှာ ရပါမယ်။
ပယောဂဆိုတဲ့နေရာမှာ အောက်လမ်း၊ ရွာ သူ၊ စုန်း၊ ကဝေဆိုတာတွေနဲ့ သိုက်ဆက်ဆိုတာ မတူပါဘူး။ အဓိက ဖြစ်သင့်တာက ပယောဂဆိုပြီး ရောမခေါ်ဘဲ အောက်လမ်း၊ ရွာသူ၊ စုန်း၊ ကဝေလား၊ သိုက်လား ဆိုတာ ခွဲခြားနိုင်ဖို့ လိုပါတယ်။ ခုနစ် ရက်သားသမီးတွေဖြစ်လာတဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း ဝေဒနာတွေမှာ သိုက်ကမကျေနပ်လို့၊ ခေါ်ချင်လို့၊ သက်တမ်းစေ့နေလို့ တိုက်ခိုက်ထားတာနဲ့ အောက် လမ်း၊ ရွာသူ၊ စုန်း၊ ကဝေတို့က ပညာစက်နဲ့တိုက် ထားတွေမှာ များသောအားဖြင့်တူနေတတ်ပါတယ်။
ဥပမာ- လူတစ်ယောက် ကျန်းမာရေး မကောင်း ဘူး …ဗိုက်ထဲမှာအလုံးပြေးနေသလိုဖြစ်နေတယ်။ ဗိုက်တွေ အောင့်နေတယ်ဆိုပါစို့။
အောက်လမ်း၊ ရွာသူ၊ စုန်း၊ ကဝေတို့က အပင်း(သွေးပင်း၊ လေပင်း၊ ခပ်ဆေးပင်း)အစရှိတဲ့ အပင်းသွင်းထားရင် ခုနပြောတဲ့ ဝေဒနာတွေ ခံစားရ တတ်ပါတယ်။ နောက် သိုက်နန်းရှင်က သက်တမ်း စေ့လို့ ပြန်ခေါ်ဖို့လုပ်နေပြီဆိုရင်လည်း အထက်က ဝေဒနာမျိုးခံစားရတတ်ပါတယ်။ အပေါ်ယံကြည့်ပြီး ရမ်းပြောလို့ မရပါဘူး။ သေသေချာချာ ခွဲခြမ်း စိတ် ဖြာပြီးမှ အောက်လမ်း၊ ရွာသူ၊ စုန်း၊ ကဝေဆိုရင် သူတို့ကိုကုတဲ့ကုထုံးအတိုင်း ကုကြရမှာဖြစ်ပြီးတော့ သိုက်ဆိုရင် သိုက်ကိုကုတဲ့ကုထုံးအတိုင်း ကုသပေး ရမှာဖြစ်ပါတယ်။
တစ်ခါက တောင်ငူမြို့နယ်အတွင်း ကျေးရွာ တစ်ခုက မိသားတစ်စု ရောက်လာပါတယ်။ သူတို့ သမီးက ပထမအိမ်ထောင်ဆုံးသွားပြီး ကလေးတစ် ယောက်နဲ့ ကျန်ခဲ့သူပါ။ ကလေးမလေး ၁၅ နှစ် လောက်ရောက်မှ နောက်အိမ်ထောင်ပြုပါတယ်။ နောက်အိမ်ထောင်နဲ့ကလေးတစ်ယောက် ရပြီးတော့ ကျန်းမာရေး ဆိုးဆိုးဝါးဝါး ဖြစ်သွားပါတယ်။ သူများ လုပ်ထားတာ(ပယောဂစက်)ဆိုပြီး သူတို့ဒေသခံ ဆရာများနဲ့ ကုသမှုခံယူခဲ့ပေမယ့် နောက်ဆုံး ကိုယ့် ထမင်းတောင် ကိုယ်ချက်မစားနိုင်တော့တဲ့ အခြေ အနေဖြစ်သွားမှ ကျွန်ုပ်ဆီရောက်လာပါတယ်။
သူတို့အပြောကတော့ သူတို့ ဆရာ လေး ယောက်နဲ့ကုခဲ့ပါတယ်။ အဲဒီထဲက တစ်ယောက်ဆိုရင် ကုသနေရင်း ကုပွဲ(ဆေးကုရန်ပြင်ထားသော ကန် တော့ပွဲ)မှ အုန်းသီးကြွက်မြီးကျွတ်ထွက်ပြီး အုန်းရည် များ ပန်းထွက်သွားလို့ ကုပွဲကို ဆက်မကုဘဲ ရပ် လိုက်ရပါတယ်တဲ့။ နောက်ရက်ကြတော့ ဆရာ လုပ် တဲ့သူ အိပ်ရာဖျာကပ် နေမကောင်းဖြစ်သွားတယ်။ တော်တော် ပညာအဆင့်မြင့်တဲ့ အောက်လမ်းက မိန်းကလေးကို တိုက်ထားတယ်လို့ သူတို့မိသားစု တွေက ယူဆကြပါတယ်။
ကျွန်ုပ်စစ်ဆေးကြည့်လိုက်တော့ သူတို့ ပြော တဲ့ အောက်လမ်းစက်ကို ရှာမတွေ့ခဲ့ပါဘူး။ မိန်း ကလေးဟာ ‘သိုက်ဆက်’ဖြစ်နေတာပဲ တွေ့လိုက် ရပါတယ်။ ဒါကြောင့် သိုက်နန်းရှင်ကို ခေါ်တွေ့လိုက် တော့ သိုက်နန်းရှင်က ဒေါသတကြီးနဲ့ သူတို့ကို မီးနဲ့တိုက်ထားလို့ ဒီမိန်းကလေး မထနိုင်အောင် လုပ်ထားတာလို့ ပြောပါတယ်။ မိန်ကလေးကို သာ သနာပြုဖို့ လွှတ်လိုက်တာ ဘာသာသနာမှမပြုဘဲ သူတို့ကိုလည်း မေ့ထားပြီးတော့ သူမ လုပ်ချင်တာ လုပ်နေလို့ သတိရသွားအောင် လုပ်လိုက်တာလို့ ပြောပါတယ်။
မိန်းကလေးအိမ်ထောင်ပြုတာကိုလည်း မကြိုက်ဘူးတဲ့။
ကျွန်ုပ် သိုက်နန်းရှင်ကိုညှိနှိုင်းပြီး မိန်းကလေး ဘက်က ပြုသမျှကောင်းမှုကုသိုလ်ရဲ့ အဖို့ဘာဂကို အမျှပေးဝေဖို့၊ သိုက်နန်းရှင် နဂါးစာချဖို့နဲ့ ကျန်းမာ ရေးကောင်းသွားရင် သိုက်ကိုပွဲပပေးမယ်လို့ ကတိ ကဝတိထားပြီး သူတို့လုပ်ထားတဲ့ သိုက်စက်တွေကို ပြန်သိမ်းခိုင်းလိုက်တာကြောင့် မိန်းကလေး ခေါင်း ထောင်နိုင်သွားပါတယ်။ သူတို့ဆရာတွေနဲ့အပ်ထားတဲ့ အစောင့်တွေကိုလည်း ကျွန်ုပ် ညှိနှိုင်းပြီး ထုတ်ပေး လိုက်ပါတယ်။
မိန်းကလေးပြန်သွားပြီး တစ်ပတ်လောက် ကြာတော့ ကျွန်ုပ်ဆီကို ဖုန်းဆက်ပါတယ်။ မိန်း ကလေးကျန်းမာရေး တော်တော်ကောင်းသွားပြီလို့ ဖုန်းဆက် အကြောင်းကြားပါတယ်။ တစ်လ လောက် ကြာတော့မှ သူတို့သိုက်ပွဲလှူမှာမို့ လုပ်ရမှာတွေ ကိုပြောပြပေးလိုက်ပြီး သူတို့ပွဲပြင်ပြီးလို့ အသင့် ဖြစ်တဲ့အခါ ဖုန်းနဲ့ပဲပွဲအပ်ပေးလိုက်ပါတယ်။
ဆိုလိုချင်တာကတော့ သိုက်ကို သိုက်မှန်း မသိဘဲ ကုသမိရာကနေ လူနာရော ဆရာပါ ပိုဆိုး သွားရတာကိုပြောချင်တာပါ။
များသောအားဖြင့် ဒီလိုအဖြစ်မျိုးတွေဟာ အောက်လမ်း၊ ရွာသူတင်မကပါဘူး သိုက်ကလုပ် ရင်လည်း ဖြစ်တတ်ကြောင်းသိထားဖို့ပါ။

ပယောဂမှန်း ဘယ်လို သိရမလဲဆိုတာက တော့ (၁+၁=၂)ဆိုသလို ပုံသေနည်းတော့မရှိပါဘူး။ ဒါပေမဲ့ အနီးစပ်ဆုံး ခန့်မှန်းကြည့်ရတာပါ။ တချို့ ရောဂါရှာမရတဲ့အခါ ဗိုက်ထဲမှာ အလုံးရှိနေသလို ထင်ရပြီး အဲဒိအလုံးကငြိမ်မနေဘဲ လှုပ်ရှားနေတယ် လို့ ထင်ရတဲ့အခါ …ပင်ပင်ပန်းပန်း အလုပ်မလုပ် ထားဘဲ စိတ်ရောကိုယ်ပါ ပင်ပန်းသလို ခံစားနေရ တဲ့အခါ …အစုအဖွဲ့ထဲမှာနေပေမယ့် အားလုံးက ကိုယ့်စကားကို လက်မခံ၊ ဝိုင်းပယ်ထား သလိုမျိုး ဖြစ်နေတဲ့အခါ …လုပ်သမျှ ကြံစည်သမျှတွေ ဘာ လုပ်လုပ် မအောင်မြင်တဲ့အခါ …နောက် အိမ်၊ ခြံ၊ မြေတို့ ရောင်းနေစဉ် ဝယ်သူလာကြည့်၊ ကြိုက် သွားလို့ငွေရှင်းမယ်ပြောပြီး ရောက်မလာတဲ့အခါ … စသဖြင့် အခါခါတွေများလာရင်တော့ မိမိကိုယ်တွင်း ကိုယ်ပ၊ အိမ်တွင်းအိမ်ပ၊ ခြံတွင်း ခြံပတွေကို စစ် ဆေးကြည့်ဖို့လိုနေပါပြီ …။
စစ်ဆေးတွေ့ရှိတဲ့အခါ ကုသမှုခံယူလိုက်ရင် ချက်ချင်း(သို့) သုံးရက်၊ ငါးရက်မှာ ပျောက်ကင်း ချမ်းသာသွားမှာဖြစ်ပါတယ်။
ခုနစ်ရက်သားသမီးများ ပယောဂစက်ဘေးမှ ကင်းဝေးနိုင်ကြပါစေ …

စိန္တာမယဆရာပိုင်
အမှတ်(၃၆၂)၊ ၈-လမ်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့ နယ်၊ ဖုန်း- ဝ၉၄၂၀၇၄၄ ၁၁၂။ ဝ၉၂၅၄၈၁၁၀ဝ၇

Comments

comments

Post Author: manawmaya