ဂမ္ဘီရ ၀ိဇ္ဇာပညာဆိုတာ ကောက်ရိုးမီး လုပ်လို့ မရပါ။

တစ်နေ့မှာ လင်မယားနှစ်ယောက် ရောက် လာကြပါတယ်။ သူတို့အကြောင်းကို ဘာမှ မပြော သေးဘဲ အမျိုးသားကို စစ်ဆေးကြည့်ချင်လို့ပါ ဆို တာကြောင့် စစ်ဆေးပေးလိုက်ပါတယ်။ အမျိုးသားက တနင်္ဂနွေသားပါ။ အမှန်ကတော့ ဒီနှစ် (မြန်မာ သက္ကရာဇ် – ၁၃၇၉ ခု)မှာ တနင်္ဂနွေတွေ ညံ့လို့ဆိုပြီး အဖဝိဇ္ဇာတွေပေးတဲ့ တနင်္ဂနွေသားသမီးတွေအတွက် ယတြာကို နှစ်ဦးလောက်ကတည်းက ပေးလာခဲ့တာပါ။

တနင်္ဂနွေကလည်း အညံ့ဖြစ်နေတာရယ် … သူကိုယ်တိုင်ကလည်း အထင်မှတ်တဲ့ အမှားလေး တွေရှိနေတာရယ် …နောက်ပြီး သိုက်ဆက်က လည်း နှောင့်နေတာရယ်ကြောင့် သူ့မှာ ရောဂါ ဝေဒနာ ခံစားနေရတာပါ။

သူဖြစ်နေတာက မျက်နှာတစ် ခြမ်း လေဖြတ်သလို ဖြစ်သွား တာ …

ဦးဆုံးခေါ်မေးလိုက်ရတာကတော့ သိုက်နန်း ရှင်ပါ။

“ကဲ မင်းတို့ဘာတွေလဲ ပြောပါဦး”

“သိုက်နန်းရှင်ပါ …မြွေတွေပါ”

“အင်း မြွေသိုက်ပေါ့ …ဘယ်ကလဲ”

“ပြည်ဘက်ကပါ … ပထမံအောင်ရဲ့ လက် အောက်မှာပါ”

“ဘယ်လို အဘဘိုးဘိုးအောင်နဲ့ ပတ်သက် တယ်လို့ ဆိုလိုတာလား”

“မှန်ပါတယ် သိုက်နန်းရှင်မှန်ပေမယ့် ပထမံ အောင်ရဲ့အုပ်ချုပ်မှုအောက်မှာ ရပ်တည်နေရတာပါ”

“ဒါဆို မင်းတို့ကိစ္စအဝ၀ကို အဘနဲ့ပဲ ပြောရ မှာပေါ့”

“ဟုတ်ပါတယ်”

“ဒါနဲ့များ ဘာလာလုပ်နေတာလဲ။ အဘနဲ့ ပတ်သက်ပါတယ် ပြောလိုက် …ပြီးတဲ့ဥစ္စာ”

“ဟုတ်ပါတယ် … ဒါပေမဲ့ တွေ့ချင်လို့ လာခဲ့တာပါ …သူထွက်သွားတာ ကြာပါပြီ … တို့အတွက် ဘာမှမလုပ်ပေးပါဘူး”

“သူ မသိလို့နေမှာပေါ့ … သိအောင်လည်း ပြပေးလေ”

“သူ့ကိုအိပ်မက်တွေပေးပါတယ် … မြွေတွေလည်း ပြတယ် …နောက် တို့ဆီက လူတွေ အဖြစ်နဲ့ ပြတယ်”

အိပ်မက်ဆိုတာကလည်း သတိမထားမိသူက များပါတယ်။  ဒါပေမဲ့ တချို့ကြ တော့ သိသိသာသာကို သတိ ထားမိကြတာပါ။ ဒီလိုလူတွေ အတွက်ကတော့ မိမိ ကိုယ်ကို ထူးခြားမှုရှိ တယ်ဆိုပြီး ရောက် လာတတ်ကြပါ တယ်။

“အင်းလေ ကောင်းပါပြီ … မင်းတို့ သိုက်က သူ့ကို သက်တမ်းသတ်မှတ် ချက်ရှိလား”

“မရှိပါဘူး သာသနာပြုဖို့သွားတာပါ … ဒါပေမဲ့ သူ တို့အတွက် ဘာမှလုပ်မပေးပါဘူး”

ဒီနေရာမှာလည်း သိုက်နန်းရှင်အပေါ်မှာ စေ တနာထားပြီး သိုက်နန်းရှင်အတွက် အလှူ အတန်း လုပ်ပေး၊ အမျှပေးဝေသူတွေ ရှိသလို တချို့ကတော့ သိုက်ရှိမှန်းသိပေမယ့်လည်း မသိဟန်ဆောင် နေ တတ်ကြပါတယ်။

တနင်္ဂနွေသားကို ဆက်လက်ပြီး စစ်ဆေးတဲ့ အခါ သူဟာ ငယ်စဉ်က ဂမ္ဘီရဝိဇ္ဇာပညာကို လေ့လာ လိုက်စားခဲ့ပါတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုး ကြောင့် ဆက်မလုပ်ဖြစ်ခဲ့တဲ့အပြင် လောကကို ကျောခိုင်းလိုက်သလို ဖြစ်သွားသူပါ။ ဒီလမ်းကို လျှောက်ခဲ့စဉ်က လုပ်ကိုင်ခဲ့ဖူးတဲ့ အတိမ်အနက်ကို လိုက်ပြီး အကျိုးအပြစ် ဖြစ်တတ်ပါတယ်။

သူ့ကိုမေးကြည့်တဲ့အခါ သူငယ်စဉ်က ဂမ္ဘီရ ဝိဇ္ဇာပညာအပေါ်မှာ တော်တော်လေး ထဲထဲဝင်ဝင် လုပ်ကိုင်ခဲ့သူလို့ သိရပါတယ်။ နောက်ပိုင်းမှာတော့ ဆက်မလုပ်တဲ့အပြင် စိတ်ဝင်တစားလည်း မရှိတော့ ပါဘူး။ ဆေးကုသမှုတွေ အကြားအမြင်လိုတွေ ကုခဲ့၊ ပြောခဲ့တာတွေကိုလည်း အမှတ်မထားတဲ့အပြင် ဘာသာတရားနဲ့လည်း ဝေးသွားပါတယ်။

ဒီလိုမျိုးလူတွေအတွက် အသက် ၅၀ ဝန်း ကျင်မှာ အထူးသတိထားဖို့လိုပါတယ်။ ဘာကြောင့် လဲဆိုတော့ မိမိရဲ့ဘဝဆက်၊ ပါရမီဆက်ကြောင့် မဖြစ်မနေ လုပ်ရမယ့် (ဘာသာ သာသနာအလုပ် တွေ)ရှိနေရင် ငါးဆယ်ဝန်းကျင်မှာ အစပျိုးရပါလိမ့် မယ်။ အစပျိုးလုပ်ကိုင်ခဲ့ရင်တော့ အရာရာအဆင် ပြေနိုင်ပေမယ့် လုပ်သင့်ချိန်မှာ မလုပ်မိဘဲ ရှောင် ထွက်ခဲ့ရင် အဆင်မပြေနိုင်ပါဘူး။ စီးပွားရေး၊ လူမှု ရေးနဲ့ ကျန်းမာရေးတွေကို ထိခိုက်လာစေတတ်ပါ တယ်။ ဒါကြောင့် မိမိအစပျိုးမိခဲ့ရင် ဆုံးခန်းတိုင် အောင် ဆက်လျှောက်ပါ။

တနင်္ဂနွေသား ဆက်မလျှောက်တဲ့အတွက် ခု လေဖြန်းသလို စတင် ခံစားရပါ ပြီ။

တကယ်လို့ သူ ဆေးကုသမှု (ပယောဂ ကုသမှု)မျိုးတွေ လုပ်ခဲ့ဖူးတယ်ဆိုရင် သူကိုယ်တိုင် မိမိဘုန်းကံ မနိမ့်ကျသွားအောင် ထိန်းချုပ်ထားနိုင်ဖို့ အထူး လိုအပ်ပါတယ်။ မိမိရဲ့ သီလ၊ ကိုယ်ကျင့် တရားကို အမြဲပဲ မြှင့်တင်ထားနိုင်ရပါမယ်။ ဒါမှ သာလျှင် ငါးဆယ်ကျော်ပိုင်းမှာ ဘဝလမ်းကိုအဆင် ပြေအောင် လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် ခုနစ်ရက်သားသမီးတွေ ကိုယ်ပြု ခဲ့တဲ့ အကြောင်းတရားတွေကို ထိန်းထားနိုင်မှသာ လျှင် မိမိတို့ရဲ့ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးတွေ ပြေလည်မှု ရှိနိုင်မှာဖြစ်ပါတယ်။

ကျွန်ုပ်ဟာ ရုပ်ရှင်နဲ့ ဗီဒီယိုလောကကို ၁၉၉၀ ခုနှစ် လောက်ကတည်းက စတင်ဝင်ရောက်ခဲ့သူပါ။ စာရေးဆရာတစ်ယောက်အဖြစ် ရပ်တည်နေရာ ကနေ ဇာတ်ညွှန်းရေးဆရာအဖြစ် ကူးပြောင်းပြီး အဲဒီလောကမှာ ဇာတ်ညွှန်းရေး၊ ဒါရိုက်တာ ရရင် ဒါရိုက်တာလုပ်ရင်း ဝမ်းစာရှာခဲ့သူပါ။ ဒါပေမဲ့ ရုပ်ရှင် လောက အလုပ်လုပ်နေရင်းကနေ ပယောဂကုသဖို့ ကြုံလာရင်လည်း ကုသပေးရင်း လျှောက်လှမ်းခဲ့ တာပါ။ ဒီလိုနဲ့ လုပ်သက် ၂၀ လောက်ရောက်တဲ့ အချိန် ၂၀၁၀ လောက်မှာတော့ ဘဝရဲ့အပြောင်း အလဲ တစ်ခုကို မဖြစ်မနေ တွေ့လာခဲ့ရပါတယ်။

အဲဒါကတော့ ကျွန်ုပ်အလုပ်တွေ အဆင်မပြေ ဖြစ်လာတာပါပဲ။ ဘာကြောင့် ဖြစ်ရတာလဲဆိုတာကို တွေးမရခင်မှာဘဲ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေရဲ့ အသိ ပေးမှုကို သိလိုက်ရပါတယ်။

အဲဒါကတော့ လက်ရှိအလုပ်ကို စွန့်လွှတ်ပြီး တော့ ပယောဂကုသတဲ့အလုပ်ကို စွဲစွဲမြဲမြဲ လုပ်ဖို့ပဲ ဖြစ်ပါတယ်။

သိစမှာတော့ ကိုယ်ကျင်လည်နေတဲ့ လောက ကို မစွန့်လွှတ်ချင်ခဲ့ဘူး။ ဒါပေမဲ့ ဘဝဆက်၊ ပဋ္ဌာန်း ဆက်တွေရဲ့ အထာက်အပံ့က သိသာနေတော့ ကျွန်ုပ် လက်ရှိအလုပ်တွေကို လုံးဝစွန့်လွှတ်လိုက်ပြီး ခုနစ်ရက်သားသမီးတွေကို ကယ်တင်ဖို့ ခြေစုံပစ် လိုက်ပါတော့တယ်။

ဒီမနောမယစာစောင်ရဲ့ ကျေးဇူး၊ အဖ ဆရာ တော်များရဲ့ ကျေးဇူးတွေကြောင့် ကျွန်ုပ်လုပ်ငန်းတွေ အဆင်ပြေလာခဲ့ရပါတယ်။ ဒါကြောင့် ဘဝဆက်၊ ပဋ္ဌာန်းဆက်က ခိုင်းလာရင် မရှောင်သင့်ဘူးလို့ ဆိုလို ခြင်းပါ။ ဂမ္ဘီရ ဝိဇ္ဇာပညာဆိုတာ ကောက်ရိုးမီး လုပ် လို့မရပါ။ စိတ်ပါတုန်း ခဏလေး အဓိဌာန်တွေ ဝင်လိုက် …ပုတီးတွေစိပ် လုပ်ခဲ့ပြီးတော့ နောက်မှ အကြောင်းကြောင်းကြောင့် ရပ်လိုက်တယ်ဆိုရင် ကိုယ့်ပဋ္ဌာန်းဆက်များက သဘောမကျနိုင်ပါဘူး။ သဘောမကျပေမယ့် ကိုယ့်ဘက်က ကတိသစ္စာ တည်ကြည်စွာနဲ့နေမယ်ဆိုရင် ဒဏ်ခတ်တာတို့၊ ဘာတို့ မရှိနိုင်ပါဘူး။ ကတိမတည်၊ သစ္စာမရှိ ဆိုရင် တော့ ကိုယ့်အတွက်မကောင်းနိုင်ပါဘူး။

ကျွန်ုပ် သိထားသလောက် သူ့ကိုပြောပြလို့ သူလက်မခံမှာ စိုးတာကြောင့် –

“ခင်ဗျားကို အကောင်းဆုံး အကြံပေးချင် တာကတော့ ခင်ဗျားဘဝဆက်၊ ပဋ္ဌာန်းဆက်တွေ ဖြစ်စေချင်တာကို လုပ်ပေးလိုက်ရင် ဝေဒနာတစ်ဝက် မက သက်သာသွားမှာပါ …လုပ်ကြည့်လိုက်ပါ” လို့ပဲ ပြောလိုက်ပါတယ်။

ခုနစ်ရက်သားသမီးတွေ ဘဝဆက်၊ ပဋ္ဌာန်း ဆက်အလုပ် လုပ်နိုင်ကြပါစေ …

ခုနစ်ရက်သားသမီးအပေါင်းပယောဂအတိုက် ဘေးမှ ကင်းဝေးကြပါစေ …

 

စိန္တာမယဆရာပိုင်

အမှတ်(၃၆၂)၊ ၈-လမ်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့ နယ်၊ ဖုန်း- ဝ၉၄၂၀၇၄၄ ၁၁၂။ ဝ၉၂၅၄၈၁၁၀ဝ၇

Comments

comments

Post Author: manawmaya