လုပ်ငန်းများလေ သတိထားရလေ

တနင်္လာလိုနေ့တွေမှာ ဧည့်သည်နည်းတတ်ပါတယ်။ ဒါပေမဲ့ ဒီတစ်ရက်ကတော့ တနင်္လာ ဖြစ် ပေမယ့် လူတော်တော်လေး များတာကြောင့် ညနေ သုံးနာရီကျော်လောက်မှာ ဧည့်ပြတ်တုန်းလေး ထမင်းစားဖို့ ထလိုက်ပေမယ့် ကိုယ်ဘုရားခန်းက မထွက်ခင်မှာဘဲ ဧည့်သည်နှစ်ယောက် ထပ်ရောက် လာပါတယ်။

ဒါကြောင့် ပြန်ထိုင်ပြီး သူတို့ကို စစ်ဆေး ပေးရပြန်ပါတယ်။

“အင်း ဘာတွေဖြစ်နေလဲ ပြောပါဦး”

“ဖြစ်နေတာကတော့ အများကြီးပဲဆရာရယ် …ကျွန်မ ကျန်းမာရေးလည်း မကောင်းဘူး … အောင့်တာကလည်း ဘာလို့မှန်းကို သေသေချာချာ မသိရဘူး …အသည်းနေရာကလိုလို …”

ကျွန်ုပ်သူမကို လက်ကာပြလိုက်ပါတယ်။

“နေဦး မပြောနဲ့ဦး …စစ်ဆေးပြီးမှ ဆက် ပြောတာပေါ့။ ဘာနေ့သမီးလဲ”

“စနေသမီးပါ ဆရာ”

စနေသမီးလေးကို စစ်ဆေးကြည့်လိုက်တဲ့ အခါ သူမကိုယ်ထဲမှာ ပညာစက် တွေ့ပါတယ်။ နောက် လုပ်ငန်းမှာအတိုက်ရှိပါတယ်။ သူမကိုယ်တိုင်ကလည်း သိုက်ဆက်ဖြစ်နေပါတယ်။

“အတိုက်တွေရှိနေတာတော့ ဟုတ်ပါပြီဆရာ …ဘယ်အလုပ်မှာလဲ သိချင်ပါတယ်”

“အဲဒါဆို မင်းလုပ်ငန်းတွေ ငါ့ကိုအပ်လေ”

“ဟုတ်ကဲ့ ကျွန်မက — မြို့မှာ လုပ်ငန်း ရှိတယ်၊ အိမ်လည်းရှိတယ်၊ နောက်ပြီး ရန်ကုန်မှာ လည်း ရှိပါတယ်။ နောက် —မှာ ဟိုတယ်လည်း ရှိနေပါတယ်။ အဲဒါကို ခွဲပြီး သိချင်ပါတယ် ဆရာ”

“အင်း ကောင်းတယ်”

ထို့နောက် ကျွန်ုပ်လည်း သူမ ပိုင်ဆိုင်တဲ့ ဇာတိမြို့၊ ရန်ကုန်မြို့နဲ့ —မြို့မှ ဟိုတယ်တို့ကို စစ်ဆေးကြည့်တဲ့အခါ နေရာတိုင်းမှာ ပညာစက်တွေ တွေ့လိုက်ရပါတယ်။

“ဟား နေရာတိုင်းမှာမလွတ်ပါလား … အတိုက်တွေ တန်းကိုစီနေတာပဲ”

“အင်း ဟုတ်ပါရဲ့။ ကျွန်မဘာလုပ်ရမလဲ ဆရာ”

“ မင်း ဘာမှလုပ်စရာမလိုပါဘူး … ဒီ ပြဿနာတွေမှာ အဓိကခေါင်းဆောင်တဲ့သူတွေကို ခေါ်ပြီး ရှင်းလိုက်တာပေါ့”

ဦးစွာပထမ သူမ၏ဇာတိမြို့မှ အတိုက်ကို ခေါ်သွင်းလိုက်ပါတယ်။

“ကဲ ပြော …မင်း ဘာကောင်လဲ”

“အောက်လမ်းဆရာပါ … သူများခိုင်းလို့ လုပ်ရတာပါ …ကျွန်တော်ဘာမှမတတ်ပါဘူး”

“ဪ … လာနောက်နေပြန်ပြီ … မတတ် ဘဲနဲ့ သူများကို ဘာလို့ခုလိုလုပ်ထားရတာလဲ”

“ခိုင်းတဲ့သူရှိလို့ပါ …သူ့ကိုမကျေနပ်လို့တဲ့ သူ့စီးပွားပျက်အောင် လုပ်ခိုင်းတာပါ”

“အင်းပါ …သူများစီးပွား ပျက်မလား မင်းတို့ အခက်တွေ့မလားပေါ့ကွာ။ မင်းလုပ်ထားသမျှ ပညာစက်တွေအကုန် မင်းတို့ဒဏ် မင်းတို့ခံကြစေ …ကဲ ပညာစက်တွေသိမ်း”

ဇာတိမှာလုပ်ထားတဲ့ အောက်လမ်းဆရာက သူလုပ်ထားသမျှ ပညာစက်တွေကို သိမ်းသွားပါပြီ။ ပညာစက်ကုန်ပြီဆိုတာနဲ့ သူ့ကိုသစ္စာဆိုခိုင်းပြီး ပြန် လွှတ်လိုက်ပါတယ်။ နောက်တစ်ဦးကတော့ ရန်ကုန် မှာလုပ်ထားတဲ့ ပညာစက်ပါပဲ။ ဒါကိုလည်း ထုံးစံ အတိုင်း ပညာသည်ခေါ်ပြီး သိမ်းခိုင်းလိုက်ပါတယ်။ ဒီပညာသည်ကတော့ ရွာသူဖြစ်ပါတယ်။ ရွာသူလို့ ပြောပေမယ့် သူတို့က လုပ်ငန်းအနေနဲ့ တခြား အလုပ် လုပ်ကြတာပါ။ သူတို့ကိုယ်သူတို့ ရွာသူဖြစ်နေ တယ်ဆိုတာတောင် သိကြပုံမရပါဘူး။

ရွာတော်ရှင်နဲ့တိုင်တည်ပြီး အတိုက်ဖြစ်စေ တာမို့ ရွာတော်ရှင်ကို ပြန်ပြောရင်းနဲ့ သူတို့အတိုက်ကို ဖြေလျော့ပေးလေ့ရှိပါတယ်။

ရွာတော်ရှင်အတိုက်ပြီးတော့ သူတို့ဆောက် ထားတဲ့ ဟိုတယ်အတွက် ထပ်စစ်ဆေးလိုက်ပါတယ်။ သူတို့ဟိုတယ်မှာက အတိုက်ရယ်လို့ ပြင်းပြင်းထန် ထန် မရှိဘဲ …ဟိုတယ် တည်နေရာမှာ ရှိရင်းစွဲ ဖြစ်တဲ့ သိုက်တွေက သူတို့ကိုအသိအမှတ်မပြုဘဲ အဆောက်အအုံ ဆောက်ထားတဲ့အတွက် မကျေနပ် ကြောင်း ပြောပါတယ်။

“ဒါကတော့ မင်းတို့ ဒီနေရာမှာ ရှိနေ ကြောင်းကို ကြိုသိမထားလို့ပါ။ သိရင်တော့ ခုလို မလေးမစား ဘယ်လုပ်ပါ့မလဲ”

ကိုယ်က စကားလှအောင်ပြောလိုက်ပေမယ့် သူတို့သဘောကတော့ အဲဒီလို ဟုတ်ဟန်မတူပါဘူး။ အဆောက်အအုံ ပြီးဖို့ အဓိက ဆောက်လိုက်ကြခြင်း ဖြစ်မယ်ထင်ပါတယ်။

“ဒါဆို ဒီအဆောက်အအုံ မပြီးနိုင်ဖြစ်နေ တာက မင်းတို့လက်ချက်ပေါ့။ ဟုတ်လား”

“ကျုပ်တို့ချည်း မဟုတ်ပါဘူး … ဒေသ ဆိုင်ရာတွေလည်း ပါပါတယ်”

ဒေသဆိုင်ရာဆိုတာ ရွာတော်ရှင်ကို ဆိုလို တာ ဖြစ်ပါတယ်။

“ကောင်းပြီလေ …ကာယကံရှင်အနေနဲ့ သိုက်နန်းရှင်အတွက် ပွဲတစ်ပွဲပေးခိုင်းပါ့မယ် … သိုက်နန်းရှင်က သူတို့ခုလိုကြန့်ကြာနေတာကို မြန် မြန်ပြီးဖို့ အဆင်ပြေသွားအောင် ကူညီပေးလိုက်ပါ”

သိုက်က သူတို့ကိုမမေ့မလျော့ လုပ်ပေးရင် အားလုံး အဆင်ပြေစေရမယ်လို့ ကတိပေးသလို …ကာယကံရှင်ကလည်း သိုက်ပွဲပေးပါ့မယ်လို့ ကတိပေးလိုက်ပါတယ်။

နောက်ဆုံးတစ်ခုကျန်နေတာက ရွာတော် ရှင်ပါ။ ခေါ်မတွေ့တော့ဘဲ ရွာတော်ရှင်အတွက် ပွဲတစ်ပွဲ ဒါနပြုခိုင်းလိုက်ပါတယ်။

သူတို့လို လုပ်ငန်းတွေအများကြီးလုပ်ရင် မမျှော်လင့်ဘဲ ခုလို အတိုက်တွေ တွေ့ရတတ်ပါ တယ်။ ဒါကြောင့် မိမိလုပ်ငန်း အဆင်မပြေတာ၊ ကြန့်ကြာနေတာ၊ ဖြစ်သင့်ပါလျက်နဲ့ မဖြစ်တာတွေ ရှိခဲ့ရင် သွေးရိုးသားရိုးထက် မရိုးသားတဲ့အတိုက် အခိုက်တွေလည်း ဖြစ်တတ်တာမို့ အတိုက်တွေ ရှိ၊ မရှိကို စစ်ဆေးဖော်ထုတ်ပြီး တွေ့ခဲ့ရင်တော့ ကုသ လိုက်ရုံနဲ့ အခြေအနေ ကောင်းသွားနိုင်ပါတယ်။

စိန္တာမယဆရာပိုင်

အမှတ်(၃၆၂)၊ ၈-လမ်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့ နယ်၊ ဖုန်း- ဝ၉၄၂၀၇၄၄ ၁၁၂။ ဝ၉၂၅၄၈၁၁၀ဝ၇

Comments

comments

Post Author: manawmaya