ဆူးေလဓာတ္နဲ႔ အက်ိဳးအျမတ္ယူပါ

ဓာတ္တို႔၏ စြမ္းပကားမွာ ႀကီးမားလြန္းလွပါဘိ။

အစီအရင္ ေတာ္ေတာ္မ်ားမ်ား၌ ဓာတ္သေဘာေတြ ပါဝင္တတ္၏။ ဓာတ္တို႔ကို ေနသားတက် ခ်တတ္၊ စီရင္တတ္ပါမူ ဓာတ္တူနံတူတာေတြ မ်ားေလေလ အင္အားထက္ျမတ္တတ္ေလျဖစ္ေခ်၏။ ဤသို႔ဆူးေလ ေစတီေတာ္ျမတ္ကို ဓာတ္တူနံတူမ်ား ေပါင္းစုဝန္းရံလ်က္ ကိုးကြယ္ပူေဇာ္ျခင္းျဖင့္ အခက္အခဲမ်ား ေျပလည္ႏိုင္ျခင္း၊ စိတ္ညစ္ညဴးမႈမ်ား ကြယ္ေပ်ာက္ကာ စိတ္ခ်မ္းသာ၊ ကိုယ္ခ်မ္းသာျဖစ္ျခင္း စသည့္ အက်ိဳးအျမတ္မ်ား ရရွိခံစားႏိုင္ပါသည္။ လုပ္ေဆာင္ရမည္တို႔ကား။

 

(၁) ဆူးေလေစတီေတာ္ ႐ုပ္ပြားေတာ္ (သို႔မဟုတ္) ဓာတ္ပံုလိုပါမည္။

(၂) ဆူးေလပံုေတာ္၏ ေဘးတစ္ဖက္တစ္ခ်က္စီ၌ ေညာင္ရြက္တစ္ရြက္စီပါေသာ ဆည္းလည္းႏွစ္လံုးကို တစ္လံုးစီခ်ိတ္ဆြဲပါ။

(၃) ဆူးေလပံုေတာ္ေရွ႕၌ ဇလံုတစ္လံုးကို သန္႔ရွင္းစြာထားပါ။

(၄) ထိုဇလံုထဲသို႔ လက္စြပ္ေလးကြင္းထည့္ပါ။ (ေရႊ၊ ေငြ၊ ေၾကး တတ္ႏိုင္ရာထည့္ပါ)

(၅) ဇလံုထဲသို႔ စြန္ပလြန္(သို႔) ေစာင္းလ်ား (သို႔) ဆီးသီးတစ္မ်ိဳးမ်ိဳးကို ခုနစ္လံုးစီထည့္လွဴၿပီး ဆြမ္းကပ္ပါ။

(၆) ပန္းအိုးတြင္း ဇီဇဝါပန္းထည့္၍ ကပ္လွဴပါ။

ထိုအလွဴကို ေန႔တိုင္းလုပ္ပါက ေကာင္း၏။ ေန႔တိုင္းမဟုတ္ေသာ္မွ အဂၤါေန႔၊ ဗုဒၶဟူးေန႔မ်ားတြင္ လုပ္ရပါမည္။

ဆူးေလဓာတ္ဆိုသည္မွာ အဂၤါနံ၊ ဗုဒၶဟူးနံတို႔ ေပါင္းစပ္ထားျခင္းျဖစ္သည္။ ဤ၌ ေညာင္ရြက္၊ ေစာင္းလ်ား၊ ဆီးသီး၊ ဇီဇဝါ၊ ဆည္းလည္း၊ ဇလံု၊ လက္စြပ္၊ စြန္ပလြန္စသည့္ ဓာတ္မ်ားမွာ ဆူးေလဓာတ္ႏွင့္ ေလ်ာ္ညီစြာ အဂၤါနံ၊ ဗုဒၶဟူးနံမ်ား သက္ဝင္၍ မေနပါသေလာ။ မပ်က္မကြက္လုပ္သင့္သည့္ ေန႔မ်ားမွာလည္း အဂၤါႏွင့္ ဗုဒၶဟူး။ ထိုသို႔ဓာတ္ေပါင္း  စု၍ အလွဴဒါနျပဳလိုက္ေသာေၾကာင့္ ေလာကီအခက္အခဲမ်ား ေျပလည္သြားမည္က အေသအခ်ာ။

ဆူးေလဓာတ္ႏွင့္ အက်ိဳးျမတ္ၾကပါေစသတည္း။

သုေတသီဆရာၿငိမ္း

 

Unicode ျဖင့္ ဖတ္ရန္

ဆူးလေဓာတ်နဲ့ အကျိုးအမြတ်ယူပါ
#သုတေသီဆရာငြိမ်း

ဓာတ်တို့၏ စွမ်းပကားမှာ ကြီးမားလွန်းလှပါဘိ။
အစီအရင် တော်တော်များများ၌ ဓာတ်သဘောတွေ ပါဝင်တတ်၏။ ဓာတ်တို့ကို နေသားတကျ ချတတ်၊ စီရင်တတ်ပါမူ ဓာတ်တူနံတူတာတွေ များလေလေ အင်အားထက်မြတ်တတ်လေဖြစ်ချေ၏။ ဤသို့ဆူးလေ စေတီတော်မြတ်ကို ဓာတ်တူနံတူများ ပေါင်းစုဝန်းရံလျက် ကိုးကွယ်ပူဇော်ခြင်းဖြင့် အခက်အခဲများ ပြေလည်နိုင်ခြင်း၊ စိတ်ညစ်ညူးမှုများ ကွယ်ပျောက်ကာ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာဖြစ်ခြင်း စသည့် အကျိုးအမြတ်များ ရရှိခံစားနိုင်ပါသည်။ လုပ်ဆောင်ရမည်တို့ကား။

(၁) ဆူးလေစေတီတော် ရုပ်ပွားတော် (သို့မဟုတ်) ဓာတ်ပုံလိုပါမည်။
(၂) ဆူးလေပုံတော်၏ ဘေးတစ်ဖက်တစ်ချက်စီ၌ ညောင်ရွက်တစ်ရွက်စီပါသော ဆည်းလည်းနှစ်လုံးကို တစ်လုံးစီချိတ်ဆွဲပါ။
(၃) ဆူးလေပုံတော်ရှေ့၌ ဇလုံတစ်လုံးကို သန့်ရှင်းစွာထားပါ။
(၄) ထိုဇလုံထဲသို့ လက်စွပ်လေးကွင်းထည့်ပါ။ (ရွှေ၊ ငွေ၊ ကြေး တတ်နိုင်ရာထည့်ပါ)
(၅) ဇလုံထဲသို့ စွန်ပလွန်(သို့) စောင်းလျား (သို့) ဆီးသီးတစ်မျိုးမျိုးကို ခုနစ်လုံးစီထည့်လှူပြီး ဆွမ်းကပ်ပါ။
(၆) ပန်းအိုးတွင်း ဇီဇဝါပန်းထည့်၍ ကပ်လှူပါ။
ထိုအလှူကို နေ့တိုင်းလုပ်ပါက ကောင်း၏။ နေ့တိုင်းမဟုတ်သော်မှ အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့များတွင် လုပ်ရပါမည်။
ဆူးလေဓာတ်ဆိုသည်မှာ အင်္ဂါနံ၊ ဗုဒ္ဓဟူးနံတို့ ပေါင်းစပ်ထားခြင်းဖြစ်သည်။ ဤ၌ ညောင်ရွက်၊ စောင်းလျား၊ ဆီးသီး၊ ဇီဇဝါ၊ ဆည်းလည်း၊ ဇလုံ၊ လက်စွပ်၊ စွန်ပလွန်စသည့် ဓာတ်များမှာ ဆူးလေဓာတ်နှင့် လျော်ညီစွာ အင်္ဂါနံ၊ ဗုဒ္ဓဟူးနံများ သက်ဝင်၍ မနေပါသလော။ မပျက်မကွက်လုပ်သင့်သည့် နေ့များမှာလည်း အင်္ဂါနှင့် ဗုဒ္ဓဟူး။ ထိုသို့ဓာတ်ပေါင်း စု၍ အလှူဒါနပြုလိုက်သောကြောင့် လောကီအခက်အခဲများ ပြေလည်သွားမည်က အသေအချာ။
ဆူးလေဓာတ်နှင့် အကျိုးမြတ်ကြပါစေသတည်း။
သုတေသီဆရာငြိမ်း

Comments

comments

Post Author: manawmaya