ေမြးနံတူလို႔ စိတ္မပူနဲ႔

ကြ်ႏု္ပ္ မိတ္ေဆြသဂၤဟမ်ားစြာ ရွိၾကသည့္ အနက္ ထူးထူးျခားျခားဆိုသလို နာမည္တူ၊ ေမြးနံ တူ လင္မယားေတြႏွင့္ ႀကံဳရေသာအခါ အံ့ဩဖြယ္ ျဖစ္ရေလ၏။ ပမာအားျဖင့္ ဦးတင္ဝင္း-ေဒၚတင္ဝင္း၊   ဦးျမင့္ဦး-ေဒၚျမင့္ဦး၊ ဦးသန္းလိႈင္-မသန္းလိႈင္၊ ဦးစိန္ -ေဒၚစိန္၊ ဦးေခြးႀကီး-ေဒၚေခြးမ၊ ဦးႀကိဳင္-ေဒၚႀကိဳင္ အစရွိသည္တို႔ ျဖစ္ၾက၏။

ထိုသို႔ နာမည္တူ၊ ေမြးနံတူ လင္မယားအမ်ား စုမွာ ကေတာက္ကဆ မရွိၾက။ တစ္ဦးနဲ႔တစ္ဦး နားလည္မႈကိုယ္စီျဖင့္ အိမ္ေထာင္ေရးလမ္းေၾကာင္း ကို ေဖးကူတည့္မတ္ကာ ေလွ်ာက္လွမ္းၾကကုန္၏။  ေလးစားအားက်ဖြယ္ရာပါေပ။ သည္အထဲမွာမွကြ်ႏု္ပ္ ႏွင့္ ငယ္ေပါင္းသူငယ္ခ်င္းျဖစ္ခဲ့ေလေသာ ေမာင္ျမင့္ ဦး၊ မျမင့္ဦးတို႔ ဇနီးေမာင္ႏွံမွာမူ သိပ္တည့္သည္မရွိ ၾက။ လွ်ာႏွင့္သြားသဖြယ္ မၾကာခဏဆိုသလို ကိုက္မိ ၾကကုန္၏။ ေယာက်ာ္းက အေသာက္ အစားမကင္း၊ မိန္းမက အသံုးအစြဲလက္ဖြာ၊ အျြကားအဝါက ခပ္ သန္သန္၊ လင္က အေသာက္အစားကိစၥႏွင့္အတူ ေလာင္းကစားေလးမ်ားပါ ဖက္ေလေသာအခါ ႏိုင္ လာသည့္ အခါမ်ိဳး၌ ၿပံဳးေယာင္ေတြသမ္း၊ ၿပံဳးေယာင္ ေတြ လႊမ္းေနတတ္ေသာ္ျငား ႐ံႈးလာသည့္အခါမ်ိဳး တြင္ လင္မယားႏွစ္ေယာက္စလံုး ဖ႐ုႆဝါစာေတြ၊ လက္ေတြ၊ ေျခေတြပါလာေလေတာ့၏။

“ကြ်န္ေတာ့္ အထင္ေတာ့ ကြ်န္ေတာ္ႏွင့္ မျမင့္ဦးတို႔ဟာ ေမြးနံတူလို႔မ်ား မတည့္တာလား မသိ ဘူး။ ယူခဲ့တုန္းကေတာ့ ေန႔ခ်င္းထပ္ျမတ္တယ္ဆိုၿပီး မ်က္စိမွိတ္ၿပီး ယူခဲ့တာ ဆရာၿငိမ္းရဲ႕”

“အခုေကာ မျမတ္ဘူးလား”

“စိတ္ပ်က္စရာႀကီးပါ ဆရာၿငိမ္းရယ္။ ဒီလို သာတက်က္က်က္ျဖစ္ေနရင္ ၾကာတဲ့အခါ အပ်က္ ပ်က္နဲ႔ ႏွာေခါင္းေသြးထြက္လိမ့္မယ္ ထင္တယ္”

“မွန္တဲ့အတိုင္း ေျပာစမ္းပါ ျမင့္ဦးရယ္။ ေမာင္ရင္ မျမင့္ဦးကို ျပတ္ခ်င္ေနလို႔လား”

“ဟာ မဟုတ္တာဘဲ။ ငယ္လင္ငယ္မယား ေတြ ခင္ဗ်။ သမီးေတြခ်ည္း သံုးေယာက္ေတာင္ ေမြးထားတာ၊ ကြ်န္ေတာ့္ဘက္က ဘယ္လိုမွ မျပတ္ ႏိုင္ဘူး။ ေယာက်ာ္းသားေတာင္မွ ဒီေလာက္ျဖစ္ေန  ရင္ မိန္းမသားဆို ပိုကဲလိမ့္မေပါ့ ဆရာၿငိမ္းရယ္။ ဒီေတာ့ ကြ်န္ေတာ္တို႔လို ေမြးနံတူ လင္မယားေတြ   ကေတာက္ကဆ မျဖစ္ေအာင္ အဆင္ေျပေခ်ာေမာ ေအာင္ ဓာတ္႐ိုက္ဓာတ္ဆင္ေလးဘာေလး လုပ္ေပး ပါ ဆရာၿငိမ္းရယ္။ အားကိုးတႀကီးနဲ႔ အကူအညီ ေတာင္းတာပါ ခင္ဗ်ာ”

ေမာင္ျမင့္ဦးတို႔ လင္မယားမွာ ၾကာသပေတး ေန႔ သားသမီးမ်ားျဖစ္ၾက၏။ သည့္အတြက္ ဓာတ္ ႐ိုက္ဓာတ္ဆင္တစ္ခုကို စဥ္းစားလိုက္၏။

“မပူနဲ႔ ေမာင္ျမင့္ဦး၊ မင္းတို႔ လင္မယား ေန႔တိုင္းအိမ္က ဘုရားမွာ ဆီးညြန္႔ ၂၇ ညြန္႔တိတိ ဘုရားေညာင္ေရအိုးမွာ ထိုးေပးပါ”

“ဘယ္ႏွရက္လုပ္ရမွာလဲ ဆရာၿငိမ္း”

“၂၇ ရက္ျပည့္ေအာင္ လုပ္ရမယ္။ ရက္ ပ်က္ မရွိလုပ္ရမွာေနာ္”

“စိတ္ခ် ဆရာၿငိမ္းစိတ္ခ်”

သည္နည္းကေလးမွာ ခက္ခက္ခဲခဲ မဟုတ္ ပါ။ ေငြကုန္ေၾကးက်လည္းမမ်ားပါ။ အလြယ္တကူ လုပ္ႏိုင္ေသာ အက်ိဳးမ်ားသည့္ နည္းကေလးျဖစ္ပါ သည္။ ေမာင္ျမင့္ဦးလည္း ထိုနည္းကို ဇနီးသည္ႏွင့္ တိုင္ပင္လုပ္ေဆာင္ၾကည့္ရာ ေအာင္ျမင္ အဆင္ေျပ သြားသည္ဟု ၾကားသိရသည့္အေလ်ာက္ အျခား အျခားေသာ ေမြးနံတူ အိမ္ေထာင္ရွင္မ်ား စိတ္ေအး ခ်မ္းသာၾကေစရန္ ဓာတ္႐ိုက္ဓာတ္ဆင္နည္းကေလး ကို ေဖာ္ျပလိုက္ပါသည္။

(၁) တနဂၤေႏြေမြးနံတူ အိမ္ေထာင္ရွင္မ်ား သီးညြန္႔ ၂၇ ညြန္႔ ကပ္လွဴပါ။

(၂) တနလၤာေမြးနံတူ အိမ္ေထာင္ရွင္မ်ား ဝါးညြန္႔ ၂၇ ညြန္႔ ကပ္လွဴပါ။

(၃) အဂၤါေမြးနံတူ အိမ္ေထာင္ရွင္မ်ား ေပါက္ညြန္႔ ၂၇ ညြန္႔ ကပ္လွဴပါ။

(၄) ဗုဒၶဟူးေမြးနံတူ အိမ္ေထာင္ရွင္မ်ား ေဒါနပန္း ၂၇ ညြန္႔ ကပ္လွဴပါ။

(၅) ၾကာသပေတးေမြးနံတူ အိမ္ေထာင္ရွင္ မ်ား ဆီးညြန္႔ ၂၇ ညြန္႔ ကပ္လွဴပါ။

(၆) ေသာၾကာေမြးနံတူ အိမ္ေထာင္ရွင္မ်ား အုန္းညြန္႔ ၂၇ ညြန္႔ ကပ္လွဴပါ။

(၇) စေနေမြးနံတူ အိမ္ေထာင္ရွင္မ်ား ရြက္လွညြန္႔ ၂၇ ညြန္႔ ကပ္လွဴပါ။

သုေတသီဆရာၿငိမ္း

 

Unicode

 

မွေးနံတူလို့ စိတ်မပူနဲ့

** သုတေသီဆရာငြိမ်း **

*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*

ကျွန်ုပ် မိတ်ဆွေသင်္ဂဟများစွာ ရှိကြသည့် အနက် ထူးထူးခြားခြားဆိုသလို နာမည်တူ၊ မွေးနံ တူ လင်မယားတွေနှင့် ကြုံရသောအခါ အံ့ဩဖွယ် ဖြစ်ရလေ၏။ ပမာအားဖြင့် ဦးတင်ဝင်း-ဒေါ်တင်ဝင်း၊ ဦးမြင့်ဦး-ဒေါ်မြင့်ဦး၊ ဦးသန်းလှိုင်-မသန်းလှိုင်၊ ဦးစိန် -ဒေါ်စိန်၊ ဦးခွေးကြီး-ဒေါ်ခွေးမ၊ ဦးကြိုင်-ဒေါ်ကြိုင် အစရှိသည်တို့ ဖြစ်ကြ၏။
ထိုသို့ နာမည်တူ၊ မွေးနံတူ လင်မယားအများ စုမှာ ကတောက်ကဆ မရှိကြ။ တစ်ဦးနဲ့တစ်ဦး နားလည်မှုကိုယ်စီဖြင့် အိမ်ထောင်ရေးလမ်းကြောင်း ကို ဖေးကူတည့်မတ်ကာ လျှောက်လှမ်းကြကုန်၏။ လေးစားအားကျဖွယ်ရာပါပေ။ သည်အထဲမှာမှကျွန်ုပ် နှင့် ငယ်ပေါင်းသူငယ်ချင်းဖြစ်ခဲ့လေသော မောင်မြင့် ဦး၊ မမြင့်ဦးတို့ ဇနီးမောင်နှံမှာမူ သိပ်တည့်သည်မရှိ ကြ။ လျှာနှင့်သွားသဖွယ် မကြာခဏဆိုသလို ကိုက်မိ ကြကုန်၏။ ယောကျာ်းက အသောက် အစားမကင်း၊ မိန်းမက အသုံးအစွဲလက်ဖွာ၊ အြွကားအဝါက ခပ် သန်သန်၊ လင်က အသောက်အစားကိစ္စနှင့်အတူ လောင်းကစားလေးများပါ ဖက်လေသောအခါ နိုင် လာသည့် အခါမျိုး၌ ပြုံးယောင်တွေသမ်း၊ ပြုံးယောင် တွေ လွှမ်းနေတတ်သော်ငြား ရှုံးလာသည့်အခါမျိုး တွင် လင်မယားနှစ်ယောက်စလုံး ဖရုဿဝါစာတွေ၊ လက်တွေ၊ ခြေတွေပါလာလေတော့၏။
“ကျွန်တော့် အထင်တော့ ကျွန်တော်နှင့် မမြင့်ဦးတို့ဟာ မွေးနံတူလို့များ မတည့်တာလား မသိ ဘူး။ ယူခဲ့တုန်းကတော့ နေ့ချင်းထပ်မြတ်တယ်ဆိုပြီး မျက်စိမှိတ်ပြီး ယူခဲ့တာ ဆရာငြိမ်းရဲ့”
“အခုကော မမြတ်ဘူးလား”
“စိတ်ပျက်စရာကြီးပါ ဆရာငြိမ်းရယ်။ ဒီလို သာတကျက်ကျက်ဖြစ်နေရင် ကြာတဲ့အခါ အပျက် ပျက်နဲ့ နှာခေါင်းသွေးထွက်လိမ့်မယ် ထင်တယ်”
“မှန်တဲ့အတိုင်း ပြောစမ်းပါ မြင့်ဦးရယ်။ မောင်ရင် မမြင့်ဦးကို ပြတ်ချင်နေလို့လား”
“ဟာ မဟုတ်တာဘဲ။ ငယ်လင်ငယ်မယား တွေ ခင်ဗျ။ သမီးတွေချည်း သုံးယောက်တောင် မွေးထားတာ၊ ကျွန်တော့်ဘက်က ဘယ်လိုမှ မပြတ် နိုင်ဘူး။ ယောကျာ်းသားတောင်မှ ဒီလောက်ဖြစ်နေ ရင် မိန်းမသားဆို ပိုကဲလိမ့်မပေါ့ ဆရာငြိမ်းရယ်။ ဒီတော့ ကျွန်တော်တို့လို မွေးနံတူ လင်မယားတွေ ကတောက်ကဆ မဖြစ်အောင် အဆင်ပြေချောမော အောင် ဓာတ်ရိုက်ဓာတ်ဆင်လေးဘာလေး လုပ်ပေး ပါ ဆရာငြိမ်းရယ်။ အားကိုးတကြီးနဲ့ အကူအညီ တောင်းတာပါ ခင်ဗျာ”
မောင်မြင့်ဦးတို့ လင်မယားမှာ ကြာသပတေး နေ့ သားသမီးများဖြစ်ကြ၏။ သည့်အတွက် ဓာတ် ရိုက်ဓာတ်ဆင်တစ်ခုကို စဉ်းစားလိုက်၏။
“မပူနဲ့ မောင်မြင့်ဦး၊ မင်းတို့ လင်မယား နေ့တိုင်းအိမ်က ဘုရားမှာ ဆီးညွန့် ၂၇ ညွန့်တိတိ ဘုရားညောင်ရေအိုးမှာ ထိုးပေးပါ”
“ဘယ်နှရက်လုပ်ရမှာလဲ ဆရာငြိမ်း”
“၂၇ ရက်ပြည့်အောင် လုပ်ရမယ်။ ရက် ပျက် မရှိလုပ်ရမှာနော်”
“စိတ်ချ ဆရာငြိမ်းစိတ်ချ”
သည်နည်းကလေးမှာ ခက်ခက်ခဲခဲ မဟုတ် ပါ။ ငွေကုန်ကြေးကျလည်းမများပါ။ အလွယ်တကူ လုပ်နိုင်သော အကျိုးများသည့် နည်းကလေးဖြစ်ပါ သည်။ မောင်မြင့်ဦးလည်း ထိုနည်းကို ဇနီးသည်နှင့် တိုင်ပင်လုပ်ဆောင်ကြည့်ရာ အောင်မြင် အဆင်ပြေ သွားသည်ဟု ကြားသိရသည့်အလျောက် အခြား အခြားသော မွေးနံတူ အိမ်ထောင်ရှင်များ စိတ်အေး ချမ်းသာကြစေရန် ဓာတ်ရိုက်ဓာတ်ဆင်နည်းကလေး ကို ဖော်ပြလိုက်ပါသည်။
(၁) တနင်္ဂနွေမွေးနံတူ အိမ်ထောင်ရှင်များ သီးညွန့် ၂၇ ညွန့် ကပ်လှူပါ။
(၂) တနင်္လာမွေးနံတူ အိမ်ထောင်ရှင်များ ဝါးညွန့် ၂၇ ညွန့် ကပ်လှူပါ။
(၃) အင်္ဂါမွေးနံတူ အိမ်ထောင်ရှင်များ ပေါက်ညွန့် ၂၇ ညွန့် ကပ်လှူပါ။
(၄) ဗုဒ္ဓဟူးမွေးနံတူ အိမ်ထောင်ရှင်များ ဒေါနပန်း ၂၇ ညွန့် ကပ်လှူပါ။
(၅) ကြာသပတေးမွေးနံတူ အိမ်ထောင်ရှင် များ ဆီးညွန့် ၂၇ ညွန့် ကပ်လှူပါ။
(၆) သောကြာမွေးနံတူ အိမ်ထောင်ရှင်များ အုန်းညွန့် ၂၇ ညွန့် ကပ်လှူပါ။
(၇) စနေမွေးနံတူ အိမ်ထောင်ရှင်များ ရွက်လှညွန့် ၂၇ ညွန့် ကပ်လှူပါ။

သုတေသီဆရာငြိမ်း

Comments

comments

Post Author: manawmaya