သရဏဂုံ – သမ္ဗုဒ္ဓေအစွမ်းဖြင့် အသက်ဘေးမှ ကင်းဝေးသူ

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ သပြေကုန်းကျေးရွာအုပ်စု၊ ရွာကြီးကျေးရွာတွင်

အသက်(၆ဝ)ကျော် အဘွားဒေါ်ညိုဝိုင်းဟူ၍ရှိပါသည်။ မြေးဖြစ်သူ မောင်ထက်ပိုင်ဦးနှင့် အတူနေထိုင် ကာ ရောင်းဝယ်ဖောက်ကားခြင်းဖြင့် အသက်မွေး ခြင်း၊ အားလပ်ချိန်တိုင်းတွင် ဘုရားရိပ်တရားရိပ်ကို ခိုလှုံကာ အေးချမ်းစွာ နေထိုင်လျက်ရှိပါသည်။ အဘွားဒေါ်ညိုဝိုင်း၏ ကိုယ်တွေ့ပြောပြချက်လေးကို မှတ်တမ်းတင် ရေးသားအပ်ပါသည်။

“၂ဝဝ၉ ခု၊ ဇန်နဝါရီလတုန်းက အဘွားက ခရီးတစ်ခုသွားတယ် …၊ ခရီးသွားတိုင်းမှာ အဘွား ရဲ့ဘကြီး ငယ်ငယ်လေးကတည်းက သွန်သင်ထား တဲ့အတိုင်း သရဏဂုံသုံးပါးကို သုံးခေါက်တိတိရွတ်၊

ပြီးတော့ သံဗုဒ္ဓေဂါထာတော်ကြီးကို ရွတ်လေ့ရှိတယ်၊

ဥုမ် ဗုဒ္ဓစက္ခုံ ကိုယ်လုံးခြုံစေသော်ဝ် … ဥုမ် ဓမ္မစက္ခုံ ကိုယ်လုံးခြုံစေသော်ဝ် … ဥုမ် သံဃစက္ခုံ ကိုယ်လုံးခြုံစေသော်ဝ် … အဲသလိုရွတ်ပြီးရင် သမ္ဗုဒ္ဓေကို ရွတ်တယ်။

သမ္ဗုဒ္ဓေ အဌဝီသဉ္စ ဒွါဒသဉ္စ သဟဿကေ ပဉ္စသတ သဟဿနိ နမာမိ သိရဿမဟံ အပ္ပကာ ဝါဠုကာ ဂင်္ဂါ အနန္တာ နိဗ္ဗုတာ ဇိနာ တေသံ ဓမ္မဉ္စ သံဃဉ္စ အာဒရေန နာမာမဟံ နမက္ကာရာ နုဘာဝေန ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ အနေက အန္တရာယာပိ ဝိနဿန္တု အသေသတော။

အဲသလို သရဏဂုံသုံးပါးကိုရွတ်လိုက်၊ သမ္ဗုဒ္ဓေကို ရွတ်လိုက်နဲ့ ရွတ်လေ့ရှိပါတယ်။ အဲဒီ ၂ဝဝ၉ ခု၊ နှစ်ဆန်းပိုင်းကတော့ ပျဉ်း မနားကနေ ဈေးဝယ်ပြီး ကုန်ကားနဲ့ ပြန်လာတာ၊ ထုံးစံအတိုင်း သရဏဂုံ(၃)ခေါက်၊ သမ္ဗုဒ္ဓေ(၁)ခေါက် နှုန်းနဲ့ ရွတ်ပြီး လိုက်လာတာ တောင်ကျကျေးရွာနား ကျတော့ ကားမှောက်ပါလေရော။ အဲဒီတုန်းက လမ်းတွေကလည်း အခုလို မကောင်းသေးဘူးလေ။ ကံဆိုးချင်တော့ တစ်ကားလုံးကလူတွေရော၊ ပစ္စည်းတွေရော အားလုံးက အဘွားအပေါ်မှာ ပိနေ တယ်။ အဘွားက အားလုံးရဲ့အောက်ဆုံးမှာ ပိမိနေ တာ။ ဘယ်လိုမှလည်း ရုန်းမရ၊ ကန်မရနဲ့ပေါ့။

ကျွန်မ ကလည်း အော်မိအော်ရာ အော်ခေါ်နေမိပေမယ့် တစ်ကားလုံးကလည်း ဆူညံပွက်ကလောရိုက်နေကြတာဆိုတော့ ဘယ်မှာထိရောက်ပါ့မလဲ။ ပါးစပ်ထဲက လည်း သွေးတွေ အတောင့်လိုက် ထွက်လာတယ်။

နောက်တော့ သတိကပ်မိသွားပြီး သရဏဂုံ နဲ့သဗ္ဗုဒ္ဓေကိုပဲ ရွတ်နေမိတယ်။ သုံးခေါက်ရွတ်ပြီးတဲ့ အချိန်မှာ ဝိုင်းပြီး ကူညီကယ်ဆယ်တဲ့လူငယ်လေး တွေ ပေါ်လာပြီး

” ဟာ ..အမေညိုက အောက်ဆုံးမှာ ပိနေပါလား …၊ အသက်တော့ ရှိသေးတယ် ဟ …” ဆိုပြီး ပိနေတဲ့ပစ္စည်းတွေကို ဝိုင်းပြီး ဖယ် ကြတယ်။

အဘွားကို ဆွဲထုတ်ပေးကြတယ်။ အဘွား အထင် လူဆယ်ယောက်လောက် သေသွားတယ်။ အဘွားတောင် မသေရုံတမယ် ခံစားလိုက်ရတာ။ ဒါပေမဲ့ ဘုရားတန်ခိုးကြောင့် အခုထိ အသက်ရှင် နေခဲ့တာပေါ့ …။ ဒါတောင် ဟောဒီ ခြေထောက်တစ်ဖက်နဲ့ လက်တစ်ဖက်က ကောင်းကောင်း မလှုပ်ရှားနိုင်တော့ ဘူး …။ ဒါပေမဲ့ အံ့ဩဖို့ကောင်းတာက အဘွားရဲ့ အပေါ်ကလူတွေ သေကုန်ကြပြီး အာလုံးရဲ့အောက် ဆုံးမှာ ပိမိနေတဲ့အဘွားကတော့ သေကံမရောက်လို့ သက်မပျောက်ခဲ့ဘူးပေါ့ …။ ဒီအဖြစ်အပျက်လေးကို ဂျာနယ်မှာ ပြန်ရေး ပြီး ခေတ်လူတွေ ခရီးသွားကြတဲ့အခါ အဘွားလိုပဲ သရဏဂုံဆောက်တည်၊ သဗ္ဗုဒ္ဓေဂါထာတော်ကို ရွတ် ဆိုပြီးမှ သွားကြပါ။ ဘုရားတန်ခိုးဟာ အင်မတန်မှ အစွမ်းထက်မြက်လှပါတယ်။ ကိုယ်တွေ့ပါပဲလို့ …”

ဗေဒသုတေသီဆရာမျိုး

Comments

comments

Post Author: manawmaya