ဘေးမရှိအောင် နေကြမယ်

 

ပိဋကတ်တော် ပါဠိ၊ အဋ္ဌကထာများ၌ ဘေး ၂၅ မျိုး လာရှိ၏။ ဘေးကြီး ၂၅ ပါးဟူ၍လည်း ခေါ်ကြ၏။

ထိုဘေးများမှာ

၁။ ဆွေမျိုးပျက်စီးခြင်းဘေး

၂။ ရောဂါဝေဒနာနှိပ်စက်ခြင်းဘေး

၃။ ဥစ္စာပျက်စီးခြင်းဘေး

၎။ သီလပျက်စီးခြင်းဘေး

၅။ အယူပျက်စီးခြင်းဘေး

၆။ မင်းဘေး

၇။ ခိုးသူဘေး

၈။ ရန်သူဘေး

၉။ ငတ်မွတ်သောဘေး

၁၀။ မီးဘေး

၁၁။ ရေဘေး

၁၂။ လှိုင်းတံပိုးဘေး

၁၃။ ရေဝဲဘေး

၁၄။ မိကျောင်းဘေး

၁၅။ မကာရ်းငါးရဲဘေး

၁၆။ မိမိကိုယ်ကို နောင်တပူပန်ခြင်းဘေး

၁၇။ သူတစ်ပါး စွပ်စွဲခြင်းဘေး

၁၈။ နှုတ်ဒဏ်၊ လက်ဒဏ်၊ ကြေးဒဏ်သင့်သောဘေး

၁၉။ မကောင်းသောအဖြစ်သို့ လားသောဘေး

၂၀။ ပရိသတ်အလယ်၌ ရှက်ရွံ့သောဘေး

၂၁။ သူတစ်ပါးကို အမှီပြု၍ အသက်မွေးရသောဘေး

၂၂။ ပဋိသန္ဓေနေရခြင်းဘေး

၂၃။ အိုရခြင်းဘေး

၂၄။ နာရခြင်းဘေး

၂၅။ သေရခြင်းဘေး

ထိုဘေးများကို များသောအားဖြင့် ခင်ပွန်းကြီး ဆယ်ပါးဟုခေါ်သည့် ကျေးဇူးရှင် ဆယ်ပါးကို ပြစ်မှား သူတို့ ခံရတတ်၏။

 

ခင်ပွန်းကြီး (ကျေးဇူးရှင်) ဆယ်ပါး ဟူသည်။

၁။       ဗုဒ္ဓ – ဘုရား

၂။       ပစ္စေကဗုဒ္ဓါ – အသီးအခြားဖြစ်သော

ဘုရားငယ်

၃။       အရဟန္တ – ရဟန္တာ

၎။       အဂ္ဂသာဝက- မြတ်စွာဘုရား၏

မြတ်သော တပည့်ကြီး

၅။       မာတာ – အမိ

၆။       ပိတာ – အဖ

၇။       ဂုရု (ဝုဒ္ဓါပစာယန) အလေးအမြတ်

ပြုအပ်သော ပုဂ္ဂိုလ်

၈။       သတ္ထာ (အာစရိယ) ဆုံးမသောဆရာ

၉။       ဓမ္မဒေသက(ဓမ္မကထိက)-                           တရား ဟောပြသူ

၁၀။     ဒါယကာ (ဟိတကရ)-ထမင်း၊  အဖျော် အိပ်ရာနေရာ အဝတ်ပုဆိုး စသော အာမိသ နှင့်တကွ           တစ်စုံတစ်ခု ကျေးဇူးရှိဖူးသူ မှန်သမျှ။

 

ဆောင်ပုဒ်

ဘုရား ပစ္စေကာ ရဟန္တာ

အဂ္ဂသာဝက မိနှင့်ဖ

အလေး ပြုအပ်

အတတ်ကိုသင်

ဟောညွှန်တရား၊

ဝတ်စားနေရာ၊ ပေးသူမှာ

ဆယ်ဖြာခင်ပွန်းကြီး။

 

ဘုရားအစရှိသော ကျေးဇူးရှင်များကို ပြစ်မှား သော သူများသည် ဘေး ၂၅ မျိုးကို တွေ့ကြုံရတတ်၏။ ပြစ်မှားခြင်းဟူသည် စိတ်ဖြင့် အပြစ် တင် ပြီး ကိုယ်နှုတ်တို့ဖြင့် အကျိုးမဲ့ ဖြစ်အောင် ဆင်းရဲဒုက္ခ ရောက်အောင် ပြုခြင်းပင်ဖြစ်၏။

ပြစ်မှားသူတို့သည် ဘုရား ပစ္စေကဗုဒ္ဓ ရဟန္တာ အဂ္ဂသာဝက ပုဂ္ဂိုလ်တို့အတွက်မူ ကိုယ် ဆင်းရဲအောင်သာ ပြုနိုင်ပြီး စိတ်ဆင်းရဲအောင် မပြု နိုင်ကြချေ။ အနာဂါမ် ရဟန္တာ မဟုတ်ရှာသော မိဘ စသော ပုဂ္ဂိုလ်တို့ကိုမူ ကိုယ်ရောစိတ်ပါ ပင်ပန်းဆင်း ရဲအောင် ပြုနိုင်ကြ၏။

ပြစ်မှားတတ်သူတို့ တွေ့ကြုံရတတ်သည့် ဘေးများတွင် ဆွေမျိုး ပျက်စီးခြင်းဘေး ပါရှိလေရာ သူ့ အတွက်ကြောင့် သူသာမက သူ့ဆွေမျိုးများပါ ပျက်စီးတတ်သဖြင့် ကြောက်မက်ဖွယ်ကောင်းလှ၏။ ဆွေးမျိုးများ ပျက်စီးရခြင်းကို Óာတိ ဗျသနဟုလည်း ခေါ်၏။

ဘုရားရှင်ကို ခြေမတော် သွေး စိမ်းတည် အောင်ပြုခြင်း၊ နာဠာဂီရိဆင်ကို လွှတ်၍ နင်းစေခြင်း၊ သံဃာသင်း ခွဲခြင်း စသည်ဖြင့် ပြစ်မှားခဲ့သော ရှင်ဒေ ဝဒတ်၊ ဘုရားရှင် ဆွမ်းခြွံကတော်မူရာကို တားဆီး ပိတ်ပင်ကာ  အနှောက်အယှက်ပေးခဲ့သော ဒေဝ ဒဟ ပြည့်ရှင် သုပ္ပဗုဒ္ဓဘုရင်၊ ဘုရားရှင်နှင့် ကိုယ်ဝန်ရ လေဟန်ဆောင်ကာ ပရိသတ်အလယ်၌ စွပ်စွဲကာ ဘုရား ရှင်ကို အရှက်ခွဲခဲ့သော စိဉ္စမာဏ ဝိကာတို့ အရှင်လတ်လတ် မြေမျိုကာ အဝိစိငရဲသို့ ရောက်ခဲ့ ကြရ၏။

သူမ၏ ဆရာဖြစ်သောတိတ္ထိတို့၏ အစီအစဉ် ဖြင့် ဘုရားရှင်ကို အရှက်ခွဲခဲ့သော သုန္ဒရီပရိဗိုဇ်မကား တိတ္ထိတို့ နှုတ်ပိတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။

အတိတ်တစ်ခုသော ဘဝက မင်းဖြစ်စဉ်  မြင်ရသော ဆွမ်းခြွံကလာသည့် ပစ္စေကဗုဒ္ဓါကို ဆင် ပေါ်မှ မြင်၍ လူနူဟုနှုတ်ဖြင့် ပြစ်မှားမိသဖြင့် ဗုဒ္ဓ လက်ထက်တော်၌ သောတာ ပန်အရိယာဖြစ်ရမည့် သုပ္ပဗုဒ္ဓသည် မွေးစကပင် ကုဋ္ဌ နူနာရောဂါ ရခဲ့၏။

ပထမအဂ္ဂသာဝက အရှင်သာရိ ပုတ္တရာ၏ ရိပ်ပြီးစ ဦးခေါင်းကို တင်းပုတ်ဖြင့်ထုရိုက်ခဲ့သော နန္ဒဘီလူးသည် ချက်ချင်း မြေမျိုကာ အဝိစိငရဲသို့ ရောက်ခဲ့၏။

ဒုတိယအဂ္ဂသာဝက အရှင်မဟာမောဂ္ဂလာန် အား အခပေး၍ သတ်ခိုင်းသော တိတ္ထိများနှင့် ရိုက် သတ်ခဲ့သော ခိုးသားငါးရာတို့သည် ရာဇဝတ်ဘေး သင့်ကာ မီးလောင်တိုက် အသွင်းခံ ရပြီး အားလုံး သေကြရ၏။

သောရေယျသူဌေးသားသည် ရွှေအဆင်းနှင့် တူသော လှပသည့် အဆင်းရှိသည့် အရှင်မဟာ ကစ္စည်း မထေရ်အား ]]ဤမထေရ်မူလည်း ငါ့ မယား ဖြစ်ပါမူကား ဪသာ် ကောင်းလေစွ၊ ငါ့မယား၏ ကိုယ်အဆင်းသည်မူလည်း ဤမထေရ်၏ ကိုယ်အ ဆင်းကဲ့သို့ ဖြစ်ပါမူကား ဪသ်ာကောင်းလေစွ}}ဟု ကြံမိ၏။ စိတ်ဖြင့်ပြစ်မှားသော ထိုခဏ၌ သောရေယျ သည် ယောကျာ်းအသွင်ကွယ်၍ မိန်းမအသွင် ထင် ရှားစွာဖြစ်လာလေ၏။

သီရိလင်္ကာရာဇဝင် မဟာဝံသ၌ ဒုဋ္ဌဂါမဏိ မင်း၏သား သာလိကုမာရ မင်းသား၏ ကြင်ရာတော် အသောက မာလာဒေဝီမိဖုရားသည် ယခင်ဘဝက ဗောဓိပင်ကို သုတ်သင်ရှင်းလင်း ညောင်ရေသွန်းခဲ့၍ အဆင်းအလွန်လှ၏။ သို့သော် ထိုဘဝ၌ပင် သူမ ယာဂုသောက်စဉ် ထမင်းလုံးများ ပြန့်ကျဲနေ၍ မိခင်က ]]ဟဲ့ စဏ္ဍာလ အယုတ်မ}} ဟု ဆုံးမသည်ကို ]]အမေ သာလျှင် စဏ္ဍာလ အယုတ်မ ဖြစ်လိမ့်မည်}} ဟု ပြန်ဆဲရေးခဲ့သဖြင့် သာလိကုမာရမင်းသား၏ ကြင်ယာတော်ဖြစ်ရသည့် ဘဝ၌ အလုပ်ကြမ်းလုပ် သူ စဏ္ဍာလအကြီးအကဲ၏ သမီး ဖြစ်ခဲ့၏။ သူ၏ ခင်ပွန်းလည်း စဏ္ဍာလသမီးကို ယူခဲ့၍ ထီးနန်းကို စွန့်ခဲ့ရ၏။

ဘုရားလက်ထက်တော်က အဇာတသတ် မင်းသားသည် ရာဇဂြိုဟ်ပြည့်ရှင် ခမည်းတော်ဘုရား ကျောင်းဒါယကာ ဗိမ္ဗိသာရမင်းကြီးအား ခြေဖဝါး ဓားဖြင့်ခွဲကာ သေစေခဲ့သဖြင့် ဘဝတစ်လျှောက်လုံး စိတ်ရောဂါ ခံစားခဲ့ရပြီး သေလွန်သောအခါ လောဟ ကုမ္ဘီငရဲသို့ ကျရောက်ခဲ့၏။

ရှေးအခါက အမျိုးသား တစ်ယောက်သည် ဘုရားလောင်း ဒွန်းစဏ္ဍားထံမှ အခါမဲ့ သရက်သီး သီးစေ၊ မှည့်စေတတ်သော မန္တရားကို သင်ယူ တတ် မြောက်ထား၏။ ဘုရင့်ထံ ခစားကာ ထိုမန္တာန်အစွမ်း ဖြင့်ပင် လစာရိက္ခာယူ၍အသက်မွေးနေ၏။ ထိုမန္တရား ရွတ်လိုက်သည်နှင့် တပြိုင်နက် အချိန်အခါမဟုတ်ဘဲ သရက်ပင်မှ သရက်သီးကင်း၏။ ကင်းရာမှ ရင့်၏။ ရင့်ရာမှ မှည့်၏။ ဘုရင်က အလွန် သဘောကျ၍ ထိုပညာ သင်ပေးသော ဆရာကို မေးရာ ဒိသာပါ မောက္ခဆရာကြီးထံမှ သင်ယူခဲ့သည်ဟု ပြော၏။ထိုပြောသောအခိုက်၌ပင် သူသင်ယူထားသောမန္တာန် များ မေ့ပျောက်သွားခဲ့၏။ ဤမန္တန်အတတ်သည် သိပ္ပံနည်းပညာတို့ဖြင့် လိုက်၍မမီလောက်အောင် နက်နဲလှသောကြောင့် ဂမ္ဘီရပညာဟု ခေါ်၏။              ဘုရင်က အခါမဲ့သရက်သီးကို လိုချင်၍ စေခိုင်း သောအခါ မစွမ်းဆောင်နိုင်တော့ချေ။ မစွမ်းဆောင် နိုင်ရခြင်းအကြောင်းကို ဘုရင်ကမေးရာ ဂုဏ်ငယ် မည်စိုး၍ ဒွန်းစဏ္ဍားထံမှ မန္တာန် သင်ယူခဲ့သည်ဟု မပြောဘဲ ဒိသာပါမောက္ခဆရာကြီးထံမှ သင်ယူခဲ့ သည်ဟုပြောမိသောကြောင့်သင်ယူထားသော မန္တာန် ကွယ်ပျောက်၍ မစွမ်းနိုင်တော့ပါဟု လျှောက်၏။            ဘုရင်က ဤ သူငယ်ကား ယုတ်မာ၏။ မြတ် သောမန္တရားကို မကြည့်၊ မည်သူ့ဆီက ရသည်ဖြစ် စေ အမျိုးကား အဓိကမကျဟု ဆိုကာ ဆရာကို တောင်းပန်စေပြီး မန္တရားကို ပြန်၍ သင်ယူခိုင်း၏။ ဆရာက သူ့အား မန္တရားကို သင်မပေးတော့ချေ။ သူလည်း မင်းထံ မပြန်ရဲသဖြင့် ဘဝပျက်တော့၏။

တရားဟောပြသူနှင့် ပိဋကတ်ဆိုင်ရာ စာပေ များ ပို့ချပေးသူများကို ပြစ်မှားခဲ့၍ ဘဝပျက်ခဲ့ရသူ၊ အသက် တိုခဲ့ရသူများကား အများအပြားပင် ဖြစ်၏။ အဝတ်အစား နေရာ ရာထူးပေးသူများကို ပြစ်မှား သူများလည်း ဘဝတစ်လျှောက်လုံး အရောင် မတောက်၊ မပြောင်မြောက်ဘဲ သူများကို မှီခိုရခြင်း ဘေးသင့်ကာ တစ်ဘဝ နိဂုံးချုပ်ခဲ့ရလေ၏။

ဘေးအမျိုးမျိုးတို့ မတွေ့မကြုံ ကြစေရန် ခင်ပွန်းကြီးဆယ်ပါးကို မပြစ်မှားမိအောင် သတိပြု သင့်ကြပါသတည်း။

 

စိရံတိဋ္ဌတုသဒ္ဓမ္မော

သဒ္ဓမ္မမဏ္ဍိုင်ဆရာတော်

Comments

comments

Post Author: manawmaya