စံျပျဖစ္ဖုိ႔ မာန္ခ်ပစ္စုိ႔

မာနမထားရွိသင့္ေၾကာင့္ႏွင့္ မာနထားရွိျခင္း ေၾကာင့္ အက်ိဳးဆုတ္ယုတ္တတ္ပံုတို႔ကို မကာရ ေလာပ မဃေဒဝလကၤာသစ္က်မ္းျပဳ အေက်ာ္ မန္လည္ဆရာေတာ္ဘုရားႀကီးက မဃေဒဝလကၤာ သစ္၌ မ်ားစြာ ေရးစပ္ဆံုးမေတာ္မူထား၏။ မည္ သည့္ပုဂၢိဳလ္ျဖစ္ေစ ပညာဗဟုသုတရွိသူပင္ ျဖစ္ ေသာ္လည္း သတိတရား ကင္းမဲ့စြာ မာန္မာနျဖင့္ ေျပာလြယ္ဆိုလြယ္ျဖစ္ခဲ့မူ ထိုပညာရွိ၏ အတတ္ ပညာသည္ ထိုပညာရွိကို သတ္သည္မည္၏။ ထို ပညာရွိအား မည္သည့္ အခမ္းအနား၊ လႊတ္ေတာ္၊ ရံုးမ်ားမွာမွ် အသံုးျပဳလိမ့္မည္ မဟုတ္ေၾကာင္းကို လကၤာပိုဒ္ ၁၉၉ ၌ ဤသို႔ေရးစပ္ ဆံုးမေတာ္မူထား၏။

“ပညာျမင္ၾကား၊ ယွိပါျငားလည္း၊ တရား အလြတ္၊ စကားတတ္လ်က္၊ ယုတ္ျမတ္ပုဂၢိဳလ္၊ လူထို ထိုအား၊ အလိုမိုက္ဆိုး၊ မာနကိုး၍၊ လႊမ္းမိုးႏႈတ္လွ်ာ၊ ေျပာတတ္စြာမူ၊ ထိုပညာရွိ၊ မိမိအတတ္၊ ကိုယ့္ကို သတ္၏၊ ပရိသတ္ခြင္၊ ပြဲမဝင္ရာ၊သဘင္လႊတ္႐ံုး၊ မသံုးႏိုင္ၾက၊ ဝိုင္းပယ္ရလိမ့္”။

ထို႔ျပင္ လကၤာအပိုဒ္ (၂၀၃)၌ “ေလာကလူ တြင္၊ ငါသာလ်င္သိ၊ ငါ့ျပင္မယွိ၊ ထင္ဘိမွတ္ ေယာင္၊ ေမာဟေဆာင္၍၊ အန္ေထာင္မာန၊ မမူရ တည့္၊ သုတတရား၊ ျမင္ၾကားအသိ၊ မ်ားစြာယွိ လည္း၊ သတိမယွဥ္၊ သမၸဇဥ္မမွီ၊ မာနႀကီးက၊ ေခြးၿမီးပမာ၊ မည္စပါခဲ့၊ ေထာင္ကာမတၲ၊ သံုးမက် ရွင့္ဓဟု ေရးစပ္ ဆံုးမေတာ္မူထား၏။

ဤဘဝ၌ ခက္ထန္ေသာမာနေၾကာင့္ ေနာင္လာမည့္ဘဝ၌ ျခေသၤ့ကဲ့သို႔ေသာ ၾကမ္းတမ္းသည့္ တိရစၦာန္မ်ိဳး၌ ျဖစ္တတ္ပံု၊ လြန္ကဲေသာမာန္ (အတိ မာန)ေၾကာင့္ ေခြး၊ ျမည္း စေသာ တိရစၦာန္မ်ိဳး မ်ား၌ ျဖစ္တတ္ပံု၊ ဣႆာ မစၦရိယေၾကာင့္ ေမ်ာက္မ်ိဳး၊ ဖ႐ုသဝါစာဟုေခၚသည့္ ဆဲ ဆိုၾကမ္းတမ္းေသာ စကား ေျပာျခင္းေၾကာင့္ ေနာင္ဘဝ ၌ က်ီးကန္းမ်ိဳး၌ ျဖစ္တတ္ ေၾကာင္းကို လကၤာအပိုဒ္ (၄၅၀) ၌ –

မာနခက္ထန္၊ သမု ႒ာန္မူ၊ အလြန္ၾကမ္းေလ့၊ ဆိုး မာန္ေငြ႕ႏွင့္၊ ျခေသၤ့ေယာနိ၊ ျဖစ္တံုဘိ၏၊ အတိမာန၊ သုခနႏွင့္၊ ဂျဒဘဇာတ္၊ မျမတ္ညစ္ေတ၊ မေစၦဣ ႆာ၊ ယုတ္မာျငဴစူ၊ ကံမူ ေမ်ာက္မ်ိဳး၊ ႏႈတ္ဆိုးဖ႐ုသ္၊ ကံၾကမ္း ၾကဳတ္ကား၊ ငွက္ယုတ္ကာက၊ ဘဝ႐ုန္႔ရင္း၊ ျဖစ္သိမ္ဖ်င္း၏။

ဥစၥာမရွိေသာသူ ဥစၥာရွိလာပါက(ဆင္းရဲသူ ခ်မ္းသာလာပါက) ထိုရရွိလာေသာ ဥစၥာေၾကာင့္ မာန္ တက္တတ္ပံုကို မေဟာသဓဇာတ္၌ ဝိေဒဟရာဇ္မင္း သည္ နန္းၿမိဳ႕ေတာ္မုခ္ဦးမွထြက္စဥ္ သူ႔အား ဦးေခါင္း ညြတ္ အ႐ိုအေသေပးေသာ မုခ္ဦးတံခါးေပၚရွိ ပုတ္ သင္ညိဳအား ခ်ီးေျမွာက္ေသာအားျဖင့္ အသျပာပဲဝက္ ကို လယ္တြင္ဆြဲေပးခဲ့၏။ ဥစၥာမရွိခဲ့ဘူးေသာ ပုတ္ သင္ညိဳသည္ ဥစၥာရွိလာသည့္အခါ ဥစၥာမာန္တတ္ၿပီး ေနာက္တစ္ႀကိမ္ ထပ္ေတြ႕ေသာအခါ အ႐ိုအေသ မေပးေတာ့ေၾကာင္းကို လကၤာအပိုဒ္(၂၁၈)၌ –

ယေခါင္ေရွးက၊ ဝိေဒဟႏိႈက္၊ ဒြါရအထြက္၊ တံခါးထက္ဝယ္၊ ပဲဝက္ေရြ႕သာ၊ အသျပာကို၊ လည္မွာ ဆြဲရ၊ ပုတ္သင္မွ်လည္း၊ မာနတက္ေစာင္၊ မင္းကို ေထာင္၏ ဟု ေရးစပ္ဆံုးမေတာ္မူခဲ့၏။

ပညာနည္းေသာ ဒကာ ဒကာမတို႔က တဏွာ၊ မာနေရာရွက္ကာ ကိုယ့္ဘုန္းႀကီးက သာတယ္၊ သူ႔ ဘုန္းႀကီးက ခ်ာတယ္ စသည္ျဖင့္ ၾကက္တိုက္၊ ႏြားတိုက္သကဲ့သို႔ ၿပိဳင္ဆိုင္ၾကရာဝယ္ ပညာနည္း သည့္ ရဟန္းရွင္တို႔က အခ်င္းခ်င္းယွဥ္ၿပိဳင္မိၾကလွ်င္ ႏြားျခင္းၿပိဳင္က ႐ံႈးသည့္ႏြား အမဲသားျဖစ္ၿပီး အစား ခံရ၊ ႐ံႈးသည့္ၾကက္က ဟင္းအိုးထဲ ေရာက္သကဲ့သို႔ ကြယ္လြန္ခါနီး သိကၡာစြန္႔၊ ဝါစြန္႔ေသာ္လည္း မိုးႀကိဳး ပစ္သည္ကို လက္ဝါးႏွင့္ကာသလို ခံရမည့္အျပစ္ဒဏ္ ကို ေရွာင္၍မရၾက၊ ေရာ႐ုဝႏွင့္ အဝိစိငရဲ၌ ငရဲသား မ်ား ဂိဇၩဂုတ္ေတာင္၌ ၿပိတၲာမ်ား ျဖစ္တတ္ပံုကို  လကၤာပိုဒ္ေရ (၄၂၇)၌ ဤသို႔ေရးစပ္ ဆံုးမေတာ္မူ ထား၏။

ဒကာ ဒကာမ၊ ဒုပၸညတို႔၊ ေျမႇာက္ျြကအံု လွည့္၊ ကူညီျဖည့္လ်က္၊ သူ၏ဆရာ၊ ငါ့ဆရာဟု၊ တဏွာေရာယွက္၊ မာနတက္၍၊ သူ႕ ဘက္ငါ့ဘက္၊ တီးလက္ေဆာ္ ႐ိုက္၊ ႏြားကို တိုက္သို႔၊ အမိုက္ ပြဲခံ၊ ပါပကံျဖင့္၊ အုန္းညံဝိုင္းညာ၊ ျပဳၾကခါဝယ္၊ ဆရာ ၾကက္ဖ်င္း၊ ပညာကင္းတို႔၊ အတင္းေစာင္၍၊ ႏြားႏွယ္ေဝွ႕၏၊ ေဝွ႕သည့္အလိုက္၊ အျပင္းတိုက္ ေသာ္၊ ႏြားမိုက္ကံဆိုး၊ ဦးခ်ိဳက်ိဳးက၊ ထမ္းပိုးမႈတ္ကာ၊ ၾကမၼာ ခြ်တ္လြဲ၊ ဥေကၡာင္းကြဲက၊ အမဲစားကာ၊ ဘယ္သူ နာလိမ့္၊ လြန္စြာမိုက္လွ၊ ႏြားဗာလသာ၊ ေသရ႐ံုတိ၊ က်ိဳးမရွိဘူး၊ စုတိပ်က္စီး၊ ေသခါနီး၌၊ တြတ္တီးတြတ္တာ၊ ထိတ္လန္႔စြာျဖင့္၊ သိကၡာစြန္႔ ေယာင္၊ ဝါစြန္႔ေယာင္ႏွင့္၊ ကေတာင္ကေခ်ာက္၊ ပေတာက္ပရစ္၊ မိုဃ္းႀကိဳးပစ္ခါ၊ လက္ဆီးကာသို႔၊ ေထြရာစြဲလမ္း၊ ဆိုေယာင္ယမ္း၍၊ ျမည္တမ္းဟိန္းဟဲ၊ တညဲညဲႏွင့္၊ ငရဲမီးပူ၊ အေမြယူလ်က္၊  ေရာ႐ူဝီစိ၊ ေအာက္သို႔ထိေအာင္၊ က်ဘိျခဳတ္ျခဳတ္၊ ခံၾကမ္း ၾကဳတ္ၿပီး။ ဂုဇၩကုဋ္ေတာင္၊ မိႈင္းေမွာင္ညိဳ႕ညိဳ႕၊ ၿပိတၲာ ၿမိဳ႕ဝယ္၊ ရွင္တို႔စခန္း၊ ႀကိဳးခပန္းက၊ သကၤန္းေျပာင္ ေျပာင္၊ မီးအေရာင္ႏွင့္၊ က်ီးေကာင္လင္းတ၊ သိန္းစြန္ စသည့္၊ ဆိတ္ဆြဲဆြဲငင္၊ ေကာင္းကင္ထက္ဝန္း၊ ေျပးပ်ံ သန္း၍၊ ရဟန္းၿပိတၲာ၊ တဝါဝါလွ်င္၊ မဟာ ဒုကၡ၊ တြင္းဆံုးက်လ်က္၊ ျပင္းျပကၽြက္ဆူ၊ ဟစ္ေၾကြး ဦ၍၊ ကယ္သူမျမင္၊ ပူပင္ႏႊမ္းညိဳး၊ ထိုရွင္ဆိုးတို႔၊ ကိုး႐ိုးကားယား၊ အပယ္လားသည္၊ မမွားမွတ္နာ …အိမ္း အိမ္း တည္း”ဟု ေရးစပ္ဆံုးမေတာ္မူခဲ့၏။

သူ၏ဦးေခါင္းကိုစားလွ်င္ မင္းျဖစ္မည္ကို သိေသာ ၾကက္မိုက္တစ္ေကာင္သည္ မာနေထာင္ လႊားၿပီး ကိုယ့္ဂုဏ္ကိုေဖာ္ကာ ‘ငါ့ေခါင္းကိုစားသူ မင္းျဖစ္လိမ့္မည္’ဟု ေအာ္ဟစ္မိေသာေၾကာင့္ ၾကား သိသူက လည္လိမ္ခ်ိဳးကာ သတ္ျဖတ္ၿပီး ခ်က္စား ျခင္းကို ခံခဲ့ရဖူးေၾကာင္း လကၤာစာပိုဒ္(၂၄၁)၌ ဤသို႔ ေရးစပ္ဆံုးမေတာ္မူထား၏။

မာနေထာင္လႊား၊ တတ္ေသာ အားျဖင့္၊ ေခါင္း စားမင္း ျဖစ္၊ ကိုယ့္ဂုဏ္ လွစ္ ၍၊ မဟစ္တန္ရာ၊ ဟစ္မိစြာေၾကာင့္၊ ကိုယ္သာ စင္စစ္၊ ဟင္းလွ်င္ျဖစ္လ်က္၊ လည္ဆစ္က်ိဳးကာ၊ မ႐ႈသာေအာင္၊ ခႏၶာယြင္းပ်က္၊ အသက္ေသဆိုး၊ ၾကက္ မိုက္မ်ိဳးသို႔၊ သူခိုးေရႊရ၊ တျပျပတည္း။

လကၤာစာပိုဒ္(၂၃၄)၌မူ ယုတ္မာႀကီးမား၊ ဂတိ အားျဖင့္၊ တိမ္းပါးခြ်တ္ယြင္း၊ မက်င့္လွ်င္းႏွင့္၊ ငါ့ျမင္းငါစီး၊ ငါ့ထီးငါေဆာင္း၊ ငါ့ေက်ာင္းငါထိုင္၊ ဘယ္ သူဆိုင္ဟု၊ ကိုယ္ပိုင္လို႔စိုး (မာနမိုး၍) ေၾကာင္းက်ိဳး မသိ၊ ျပဳမိျပဳရာ၊ မအပ္စြာတည့္-ဟု အဂတိ လိုက္ စား မာနထားၿပီး မတရားမႈကို ထင္တိုင္းမျပဳမိၾကေစ ဖို႔ ဆံုးမေတာ္မူထား၏။

မာနတရားကား လက္ခံထားသူကို အလြန္ ဒုကၡေပးတတ္၏။ မာနႀကီးသူသည္ ဘုရား၊ ပေစၥက ဗုဒၶါ၊ အဂၢသာဝက၊ ရဟႏၱာ၊ မိဘ၊ ဆရာသမား တို႔ကိုလည္း အံတုဘက္ၿပိဳင္တတ္၏။ ျပစ္မွားတတ္ ၏။ အံတုဘက္ၿပိဳင္သမွ် ျပစ္မွားလြန္က်ဴးသမွ်သည္ မာနေၾကာင့္သာ အျဖစ္မ်ား၏။

 

ဘုရားရွင္အေပၚ မာနထားၾကသည့္ ရဟန္းငါးရာ

ဘုရားရွင္သည္ ဥကၠ႒တိုင္းအနီး ေမြ႕ေလ်ာ္ ဖြယ္ေကာင္းေသာ ေတာအုပ္၌ သီတင္းသံုးစဥ္ ဘုရားရွင္ အထံေတာ္၌ ေဗဒင္သံုးပံုတို႔၏ တစ္ဖက္ ကမ္းေရာက္ တတ္ေျမာက္ၾကသည့္ ေဝဒပါရဂူပုဏၰား ၅၀ဝ တို႔ ရဟန္းျပဳၾက၏။ ထိုရဟန္းငါးရာသည္ ပိဋကတ္သံုးပံုကို သင္ယူၾကရာ ဥာဏ္ထက္သည္ အေလ်ာက္ မၾကာမီ တတ္ေျမာက္ၾက၏။

ထိုရဟန္းငါးရာတို႔သည္ မာနဝင္ကာ ျမတ္စြာ ဘုရားလည္း ပိဋကတ္သံုးပံုကို တတ္သည္။ ငါတို႔ လည္း ပိဋကတ္သံုးပံုကိုတတ္သည္။ ဤသို႔ျဖစ္သည္ ရွိေသာ္ ျမတ္စြာဘုရားႏွင့္ ငါတို႔အဘယ္မွာထူးျခားျခင္း ရွိအံ့နည္း ဟု ဘုရားအား မဆည္းကပ္ဘဲ၊ ဆန္႔က်င္ ဘက္ ျပဳ၍ေနၾက၏။

ထိုအေျခအေနအတြင္း တစ္ေန႔ဘုရားရွင္ထံ ေတာ္သို႔ ရဟန္းငါးရာ လာေရာက္ဆည္းကပ္ေသာ အခါ ဘုရားရွင္က ဘူမိတို႔ျဖင့္ တန္ဆာဆင္၍ မူလ ပရိယာယ သုတၲန္ကို ေဟာ္ေတာ္မူ၏။ထိုရ ဟန္းတို႔သည္ အနည္းငယ္မွ် မမွတ္ႏိုင္ၾကေခ်။ ထိုအခါမွ ရဟန္းတို႔သည္ “ငါတို႔ကိုယ္ငါတို႔ ႏွစ္ေယာက္မရွိတဲ့ ပညာရွိေတြ မွတ္ေနတာ၊ အခုဘာမွ်မသိပါလား၊ ဘုရားနဲ႔တူတဲ့ ပညာရွိ ဆိုတာ မရွိပါလား၊ ဘုရားရွင္ရဲ႕ ေက်းဇူးေတာ္ ေတြဟာ အံ့ဖြယ္ေကာင္းလွေခ်ရဲ႕”ဟု အႀကံ ျဖစ္ၾက၏။ ထိုအခ်ိန္က်မွ ထိုရဟန္းတို႔သည္ အစြယ္ႏႈတ္ထားေသာ ေျြမကဲ့သို႔ မာနက်ဆင္း သြား၏။ ဘုရားရွင္သည္ ဥကၠ႒တိုင္း၌ ေမြ႕ ေလ်ာ္သ၍ သီတင္းသံုးၿပီး ေဝသာလီ ျပည္၊ ေဂါတမ နတ္၏ေနရာ၌ ေဆာက္အပ္ေသာ ေဂါတမ ေက်ာင္း၌ ေဂါတမက သုတၲန္ကိုေဟာၾကားေတာ္ မူရာ တစ္ေသာင္းေသာ ေလာကဓာတ္ တုန္လႈပ္၏။ မူလ ပရိယာယသုတၲန္ကို ေဟာၾကားရာ နာၾကားရေသာ မာန္တက္ဖူးသည့္ ရဟန္း ၅၀ဝ တို႔ ရဟႏၱာျဖစ္ၾက၏။

ထိုမူလပရိယာယသုတၲန္အဆံုး၌ ရဟန္းမ်ားသည္ ဘုရားရွင္အား “ျမတ္စြာဘုရား ၏ အာႏုေဘာ္သည္ အံ့ဖြယ္သရဲရွိစြ၊ မာန္ တက္ေနေသာ ရဟန္းတို႔အား မူလ ပရိယာ ယသုတၲန္ျဖင့္ မာန္ကို ပယ္ေတာ္မူခဲ့တယ္” ဟု ေျပာဆိုခ်ီးမြမ္းစကားကို ဘုရားရွင္ ၾကားေတာ္မူကာ ထိုရဟန္း ငါးရာသည္ ယခုမွသာမာန္တက္သည္မဟုတ္ေသး၊ ေရွးကလည္း ဤသို႔ မာန္တက္ဖူးသ ျဖင့္ မာနကို ပယ္ခဲ့ဖူးတယ္ဟု မိန္႔ ေတာ္မူကာ အတိတ္ကို ေဆာင္ေတာ္ မူခဲ့၏။

လြန္ေလၿပီးေသာအခါ ဗာရာဏသီ ျပည္ ျဗဟၼဒတ္မင္း မင္းျပဳစဥ္ ဘုရားအေလာင္း ေတာ္သည္ ပုဏၰားမ်ိဳး၌ျဖစ္ၿပီး အရြယ္ေရာက္ေသာ အခါ ေဗဒင္တို႔၏ကမ္းတစ္ဖက္ေရာက္တတ္ေျမာက္ သျဖင့္ ဒိသာပါေမာကၡဆရာျဖစ္၍ လုလင္ငါးရာတို႔ အား ေဗဒင္သင္ေပး၏။ တပည့္မ်ားသည္ ေဗဒင္ ပညာဆံုးခန္းတိုင္ တတ္ေျမာက္ေသာအခါ ဆရာႏွင့္ တပည့္မ်ား တတ္ေျမာက္သည့္ ပညာတူၾကၿပီဆိုကာ မာနဝင္ၾကလ်က္ ဆရာအား မဆည္းကပ္၊ မ႐ိုေသ၊ မျပဳစုၾကေတာ့ေခ်။ မဆည္းကပ္၊ မ႐ိုေသၾက႐ံုသာ မက တစ္ေန႔၌ ဆရာသည္ ဆီးပင္ရင္း၌ ရွိေနစဥ္ ပုဏၰား တစ္ေယာက္သည္ ဆီးပင္ကိုလက္သည္းျဖင့္ ေခါက္ကာ “ဒီသစ္ပင္ဟာ အႏွစ္မရွိေပဘူး” ဤသို႔ ဆိုၾက၏။ ဘုရားအေလာင္းေတာ္ဆရာသည္ တပည့္ တို႔က သူ႔အား ကဲ့ရဲ႕သည္ကို သိခဲ့၏။

ဆရာျဖစ္သူက သူတို႔၏ မိမိအေပၚမာနထား ရွိပံုကိုသိကာ မာန္က်ေစရန္ ျပႆနာတစ္ခုေမးမည္ ဆိုလိုက္ရာ တပည့္ငါးရာက ေမးခ်င္ရာေမးဟု စိန္ ေခၚလိုက္၏။

ဆရာဘုရားအေလာင္းက တပည့္တို႔အား-

ကာေလာ ဃသတိ ဘူတာနိ၊သဗၺာေနဝ သဟတၳနာ

ေယာ စ ကာလဃေသာ ဘူေတာ၊ သဘူတ ပစနႎပစိ။

တပည့္တို႔ ကာလသည္ မိမိႏွင့္တကြ အလံုးစံု သာလွ်င္ ျဖစ္ကုန္ေသာ သတၲဝါတို႔ကိုစား၏။ အၾကင္ သတၲာဝါသည္ကား သတၲဝါတို႔ကို က်က္ေစတတ္ ေသာ တဏွာတည္းဟူေသာ မီးကိုÓာဏ္တည္းဟူ ေသာ မီးျဖင့္ ေလာင္ၿမိဳက္ေစ၏။ အဘယ္သတၲဝါ နည္း ဟူေသာ ဂါထာျဖင့္ ေမး၏။

ထိုျပႆနာ၏အေျဖကို တပည့္ငါးရာတို႔ မေပးႏိုင္ၾကေခ်၊ ထိုအခါ ဘုရားအေလာင္းဆရာက မင္းတို႔ ေဗဒင္သံုးပံုတတ္႐ံုနဲ႔ မာန္မတတ္နဲ႔၊ ဆရာ တတ္သေလာက္ တို႔လည္းတတ္တာပဲ ထင္ၿပီး ငါ့ကို ဆီးပင္နဲ႔ ႏိႈင္းခဲ့ၾကတယ္။ မင္းတို႔ငါးရာ မသိေသးတဲ့ အနက္အဓိပၸာယ္ကို အမ်ားႀကီး ငါတစ္ေယာက္ တည္းက သိတယ္ဆိုတာ မွတ္ထားၾက။ အခ်ိန္တစ္ ပတ္ေပးမယ္၊ အေျဖရွာခဲ့ၾက”ဟု မွာၿပီး တပည့္မ်ား အား လႊတ္လိုက္၏။ တစ္ပတ္ၾကာေသာ္လည္း ျပႆနာ၏ အဆံုးအစကိုျမင္ၾက၍ ဆရာ့ထံ ဆည္း ကပ္ၿပီး ရွိခိုးကာေနၾက၏။ ဆရာက –

ဗဟူနိ နရသီသာနိ၊ ေလာမသာနိျဗဟာနိစ၊

ဂီဝါသု ပဋိမုကၠာနိ၊ ေကာစိေဒေဝတၳ ကဏၰဝါ။

(လည္တို႔၌ စြပ္အပ္ကုန္ေသာ ပြားကုန္ေသာ မ်ားစြာကုန္ေသာ လူတို႔၏ ဦးေခါင္းတို႔သည္ ထင္ကုန္ ၏။ ဦးေခါင္းအမ်ားတို႔တြင္ တစ္ခုေသာဦးေခါင္း သည္သာလွ်င္ သိတတ္ေသာ နားရွိ၏)

လူတိုင္းမွာ လည္ပင္းမွာ ဆံပင္မ်ားစြာေပါက္ ေနတဲ့ ဦးေခါင္းရွိေပမယ့္ ပညာနားကေတာ့ တစ္ ေယာက္တေလဆီမွာပဲ ရွိတယ္ ဟု ျပႆနာအေျဖ ေပး ဆံုးမလိုက္၏။

ထိုအခါ ပုဏၰားလုလင္ငါးရာသည္ ဆရာဆို တာ အံ့ဖြယ္လည္းရွိ၊ ျမတ္လည္း ျမင့္ျမတ္ပါလားဟု အသိဝင္ၿပီး မာန္က်ကာ ဆရာ့အား လုပ္ေကြ်းခဲ့ ၾက၏။

ဆရာသည္ ေဂါတမဘုရားရွင္ျဖစ္ေတာ္မူ၏။ ထိုတပည့္ငါးရာသည္ မာန္ဝင္ခဲ့ေသာ ရဟန္းငါးရာ ျဖစ္လာခဲ့၏။    ။

စိရံ တိ႒တု သဒၶေမၼာ

သဒၶမၼမ႑ိဳင္ဆရာေတာ္

 

Unicode Version

စံပြဖြစ်ဖို့ မာန်ချပစ်စို့
** သဒ္ဓမ္မမဏ္ဍိုင်ဆရာတော် **
*********———*********———–**********

မာနမထားရှိသင့်ကြောင့်နှင့် မာနထားရှိခြင်း ကြောင့် အကျိုးဆုတ်ယုတ်တတ်ပုံတို့ကို မကာရ လောပ မဃဒေဝလင်္ကာသစ်ကျမ်းပြု အကျော် မန်လည်ဆရာတော်ဘုရားကြီးက မဃဒေဝလင်္ကာ သစ်၌ များစွာ ရေးစပ်ဆုံးမတော်မူထား၏။ မည် သည့်ပုဂ္ဂိုလ်ဖြစ်စေ ပညာဗဟုသုတရှိသူပင် ဖြစ် သော်လည်း သတိတရား ကင်းမဲ့စွာ မာန်မာနဖြင့် ပြောလွယ်ဆိုလွယ်ဖြစ်ခဲ့မူ ထိုပညာရှိ၏ အတတ် ပညာသည် ထိုပညာရှိကို သတ်သည်မည်၏။ ထို ပညာရှိအား မည်သည့် အခမ်းအနား၊ လွှတ်တော်၊ ရုံးများမှာမျှ အသုံးပြုလိမ့်မည် မဟုတ်ကြောင်းကို လင်္ကာပိုဒ် ၁၉၉ ၌ ဤသို့ရေးစပ် ဆုံးမတော်မူထား၏။
“ပညာမြင်ကြား၊ ယှိပါငြားလည်း၊ တရား အလွတ်၊ စကားတတ်လျက်၊ ယုတ်မြတ်ပုဂ္ဂိုလ်၊ လူထို ထိုအား၊ အလိုမိုက်ဆိုး၊ မာနကိုး၍၊ လွှမ်းမိုးနှုတ်လျှာ၊ ပြောတတ်စွာမူ၊ ထိုပညာရှိ၊ မိမိအတတ်၊ ကိုယ့်ကို သတ်၏၊ ပရိသတ်ခွင်၊ ပွဲမဝင်ရာ၊သဘင်လွှတ်ရုံး၊ မသုံးနိုင်ကြ၊ ဝိုင်းပယ်ရလိမ့်”။
ထို့ပြင် လင်္ကာအပိုဒ် (၂၀၃)၌ “လောကလူ တွင်၊ ငါသာလျင်သိ၊ ငါ့ပြင်မယှိ၊ ထင်ဘိမှတ် ယောင်၊ မောဟဆောင်၍၊ အန်ထောင်မာန၊ မမူရ တည့်၊ သုတတရား၊ မြင်ကြားအသိ၊ များစွာယှိ လည်း၊ သတိမယှဉ်၊ သမ္ပဇဉ်မမှီ၊ မာနကြီးက၊ ခွေးမြီးပမာ၊ မည်စပါခဲ့၊ ထောင်ကာမတ္တ၊ သုံးမကျ ရှင့်ဓဟု ရေးစပ် ဆုံးမတော်မူထား၏။
ဤဘဝ၌ ခက်ထန်သောမာနကြောင့် နောင်လာမည့်ဘဝ၌ ခြင်္သေ့ကဲ့သို့သော ကြမ်းတမ်းသည့် တိရစ္ဆာန်မျိုး၌ ဖြစ်တတ်ပုံ၊ လွန်ကဲသောမာန် (အတိ မာန)ကြောင့် ခွေး၊ မြည်း စသော တိရစ္ဆာန်မျိုး များ၌ ဖြစ်တတ်ပုံ၊ ဣဿာ မစ္ဆရိယကြောင့် မျောက်မျိုး၊ ဖရုသဝါစာဟုခေါ်သည့် ဆဲ ဆိုကြမ်းတမ်းသော စကား ပြောခြင်းကြောင့် နောင်ဘဝ ၌ ကျီးကန်းမျိုး၌ ဖြစ်တတ် ကြောင်းကို လင်္ကာအပိုဒ် (၄၅၀) ၌ –
မာနခက်ထန်၊ သမု ဋ္ဌာန်မူ၊ အလွန်ကြမ်းလေ့၊ ဆိုး မာန်ငွေ့နှင့်၊ ခြင်္သေ့ယောနိ၊ ဖြစ်တုံဘိ၏၊ အတိမာန၊ သုခနနှင့်၊ ဂဒြဘဇာတ်၊ မမြတ်ညစ်တေ၊ မစ္ဆေဣ ဿာ၊ ယုတ်မာငြူစူ၊ ကံမူ မျောက်မျိုး၊ နှုတ်ဆိုးဖရုသ်၊ ကံကြမ်း ကြုတ်ကား၊ ငှက်ယုတ်ကာက၊ ဘဝရုန့်ရင်း၊ ဖြစ်သိမ်ဖျင်း၏။
ဥစ္စာမရှိသောသူ ဥစ္စာရှိလာပါက(ဆင်းရဲသူ ချမ်းသာလာပါက) ထိုရရှိလာသော ဥစ္စာကြောင့် မာန် တက်တတ်ပုံကို မဟောသဓဇာတ်၌ ဝိဒေဟရာဇ်မင်း သည် နန်းမြို့တော်မုခ်ဦးမှထွက်စဉ် သူ့အား ဦးခေါင်း ညွတ် အရိုအသေပေးသော မုခ်ဦးတံခါးပေါ်ရှိ ပုတ် သင်ညိုအား ချီးမြှောက်သောအားဖြင့် အသပြာပဲဝက် ကို လယ်တွင်ဆွဲပေးခဲ့၏။ ဥစ္စာမရှိခဲ့ဘူးသော ပုတ် သင်ညိုသည် ဥစ္စာရှိလာသည့်အခါ ဥစ္စာမာန်တတ်ပြီး နောက်တစ်ကြိမ် ထပ်တွေ့သောအခါ အရိုအသေ မပေးတော့ကြောင်းကို လင်္ကာအပိုဒ်(၂၁၈)၌ –
ယခေါင်ရှေးက၊ ဝိဒေဟနှိုက်၊ ဒွါရအထွက်၊ တံခါးထက်ဝယ်၊ ပဲဝက်ရွေ့သာ၊ အသပြာကို၊ လည်မှာ ဆွဲရ၊ ပုတ်သင်မျှလည်း၊ မာနတက်စောင်၊ မင်းကို ထောင်၏ ဟု ရေးစပ်ဆုံးမတော်မူခဲ့၏။
ပညာနည်းသော ဒကာ ဒကာမတို့က တဏှာ၊ မာနရောရှက်ကာ ကိုယ့်ဘုန်းကြီးက သာတယ်၊ သူ့ ဘုန်းကြီးက ချာတယ် စသည်ဖြင့် ကြက်တိုက်၊ နွားတိုက်သကဲ့သို့ ပြိုင်ဆိုင်ကြရာဝယ် ပညာနည်း သည့် ရဟန်းရှင်တို့က အချင်းချင်းယှဉ်ပြိုင်မိကြလျှင် နွားခြင်းပြိုင်က ရှုံးသည့်နွား အမဲသားဖြစ်ပြီး အစား ခံရ၊ ရှုံးသည့်ကြက်က ဟင်းအိုးထဲ ရောက်သကဲ့သို့ ကွယ်လွန်ခါနီး သိက္ခာစွန့်၊ ဝါစွန့်သော်လည်း မိုးကြိုး ပစ်သည်ကို လက်ဝါးနှင့်ကာသလို ခံရမည့်အပြစ်ဒဏ် ကို ရှောင်၍မရကြ၊ ရောရုဝနှင့် အဝိစိငရဲ၌ ငရဲသား များ ဂိဇ္ဈဂုတ်တောင်၌ ပြိတ္တာများ ဖြစ်တတ်ပုံကို လင်္ကာပိုဒ်ရေ (၄၂၇)၌ ဤသို့ရေးစပ် ဆုံးမတော်မူ ထား၏။
ဒကာ ဒကာမ၊ ဒုပ္ပညတို့၊ မြှောကြွ်ကအုံ လှည့်၊ ကူညီဖြည့်လျက်၊ သူ၏ဆရာ၊ ငါ့ဆရာဟု၊ တဏှာရောယှက်၊ မာနတက်၍၊ သူ့ ဘက်ငါ့ဘက်၊ တီးလက်ဆော် ရိုက်၊ နွားကို တိုက်သို့၊ အမိုက် ပွဲခံ၊ ပါပကံဖြင့်၊ အုန်းညံဝိုင်းညာ၊ ပြုကြခါဝယ်၊ ဆရာ ကြက်ဖျင်း၊ ပညာကင်းတို့၊ အတင်းစောင်၍၊ နွားနှယ်ဝှေ့၏၊ ဝှေ့သည့်အလိုက်၊ အပြင်းတိုက် သော်၊ နွားမိုက်ကံဆိုး၊ ဦးချိုကျိုးက၊ ထမ်းပိုးမှုတ်ကာ၊ ကြမ္မာ ချွတ်လွဲ၊ ဥက္ခောင်းကွဲက၊ အမဲစားကာ၊ ဘယ်သူ နာလိမ့်၊ လွန်စွာမိုက်လှ၊ နွားဗာလသာ၊ သေရရုံတိ၊ ကျိုးမရှိဘူး၊ စုတိပျက်စီး၊ သေခါနီး၌၊ တွတ်တီးတွတ်တာ၊ ထိတ်လန့်စွာဖြင့်၊ သိက္ခာစွန့် ယောင်၊ ဝါစွန့်ယောင်နှင့်၊ ကတောင်ကချောက်၊ ပတောက်ပရစ်၊ မိုဃ်းကြိုးပစ်ခါ၊ လက်ဆီးကာသို့၊ ထွေရာစွဲလမ်း၊ ဆိုယောင်ယမ်း၍၊ မြည်တမ်းဟိန်းဟဲ၊ တညဲညဲနှင့်၊ ငရဲမီးပူ၊ အမွေယူလျက်၊ ရောရူဝီစိ၊ အောက်သို့ထိအောင်၊ ကျဘိခြုတ်ခြုတ်၊ ခံကြမ်း ကြုတ်ပြီး။ ဂုဇ္ဈကုဋ်တောင်၊ မှိုင်းမှောင်ညို့ညို့၊ ပြိတ္တာ မြို့ဝယ်၊ ရှင်တို့စခန်း၊ ကြိုးခပန်းက၊ သင်္ကန်းပြောင် ပြောင်၊ မီးအရောင်နှင့်၊ ကျီးကောင်လင်းတ၊ သိန်းစွန် စသည့်၊ ဆိတ်ဆွဲဆွဲငင်၊ ကောင်းကင်ထက်ဝန်း၊ ပြေးပျံ သန်း၍၊ ရဟန်းပြိတ္တာ၊ တဝါဝါလျှင်၊ မဟာ ဒုက္ခ၊ တွင်းဆုံးကျလျက်၊ ပြင်းပြကျွက်ဆူ၊ ဟစ်ကြွေး ဦ၍၊ ကယ်သူမမြင်၊ ပူပင်နွှမ်းညိုး၊ ထိုရှင်ဆိုးတို့၊ ကိုးရိုးကားယား၊ အပယ်လားသည်၊ မမှားမှတ်နာ …အိမ်း အိမ်း တည်း”ဟု ရေးစပ်ဆုံးမတော်မူခဲ့၏။
သူ၏ဦးခေါင်းကိုစားလျှင် မင်းဖြစ်မည်ကို သိသော ကြက်မိုက်တစ်ကောင်သည် မာနထောင် လွှားပြီး ကိုယ့်ဂုဏ်ကိုဖော်ကာ ‘ငါ့ခေါင်းကိုစားသူ မင်းဖြစ်လိမ့်မည်’ဟု အော်ဟစ်မိသောကြောင့် ကြား သိသူက လည်လိမ်ချိုးကာ သတ်ဖြတ်ပြီး ချက်စား ခြင်းကို ခံခဲ့ရဖူးကြောင်း လင်္ကာစာပိုဒ်(၂၄၁)၌ ဤသို့ ရေးစပ်ဆုံးမတော်မူထား၏။
မာနထောင်လွှား၊ တတ်သော အားဖြင့်၊ ခေါင်း စားမင်း ဖြစ်၊ ကိုယ့်ဂုဏ် လှစ် ၍၊ မဟစ်တန်ရာ၊ ဟစ်မိစွာကြောင့်၊ ကိုယ်သာ စင်စစ်၊ ဟင်းလျှင်ဖြစ်လျက်၊ လည်ဆစ်ကျိုးကာ၊ မရှုသာအောင်၊ ခန္ဓာယွင်းပျက်၊ အသက်သေဆိုး၊ ကြက် မိုက်မျိုးသို့၊ သူခိုးရွှေရ၊ တပြပြတည်း။
လင်္ကာစာပိုဒ်(၂၃၄)၌မူ ယုတ်မာကြီးမား၊ ဂတိ အားဖြင့်၊ တိမ်းပါးချွတ်ယွင်း၊ မကျင့်လျှင်းနှင့်၊ ငါ့မြင်းငါစီး၊ ငါ့ထီးငါဆောင်း၊ ငါ့ကျောင်းငါထိုင်၊ ဘယ် သူဆိုင်ဟု၊ ကိုယ်ပိုင်လို့စိုး (မာနမိုး၍) ကြောင်းကျိုး မသိ၊ ပြုမိပြုရာ၊ မအပ်စွာတည့်-ဟု အဂတိ လိုက် စား မာနထားပြီး မတရားမှုကို ထင်တိုင်းမပြုမိကြစေ ဖို့ ဆုံးမတော်မူထား၏။
မာနတရားကား လက်ခံထားသူကို အလွန် ဒုက္ခပေးတတ်၏။ မာနကြီးသူသည် ဘုရား၊ ပစ္စေက ဗုဒ္ဓါ၊ အဂ္ဂသာဝက၊ ရဟန္တာ၊ မိဘ၊ ဆရာသမား တို့ကိုလည်း အံတုဘက်ပြိုင်တတ်၏။ ပြစ်မှားတတ် ၏။ အံတုဘက်ပြိုင်သမျှ ပြစ်မှားလွန်ကျူးသမျှသည် မာနကြောင့်သာ အဖြစ်များ၏။

ဘုရားရှင်အပေါ် မာနထားကြသည့် ရဟန်းငါးရာ
ဘုရားရှင်သည် ဥက္ကဋ္ဌတိုင်းအနီး မွေ့လျော် ဖွယ်ကောင်းသော တောအုပ်၌ သီတင်းသုံးစဉ် ဘုရားရှင် အထံတော်၌ ဗေဒင်သုံးပုံတို့၏ တစ်ဖက် ကမ်းရောက် တတ်မြောက်ကြသည့် ဝေဒပါရဂူပုဏ္ဏား ၅၀ဝ တို့ ရဟန်းပြုကြ၏။ ထိုရဟန်းငါးရာသည် ပိဋကတ်သုံးပုံကို သင်ယူကြရာ ဉာဏ်ထက်သည် အလျောက် မကြာမီ တတ်မြောက်ကြ၏။
ထိုရဟန်းငါးရာတို့သည် မာနဝင်ကာ မြတ်စွာ ဘုရားလည်း ပိဋကတ်သုံးပုံကို တတ်သည်။ ငါတို့ လည်း ပိဋကတ်သုံးပုံကိုတတ်သည်။ ဤသို့ဖြစ်သည် ရှိသော် မြတ်စွာဘုရားနှင့် ငါတို့အဘယ်မှာထူးခြားခြင်း ရှိအံ့နည်း ဟု ဘုရားအား မဆည်းကပ်ဘဲ၊ ဆန့်ကျင် ဘက် ပြု၍နေကြ၏။
ထိုအခြေအနေအတွင်း တစ်နေ့ဘုရားရှင်ထံ တော်သို့ ရဟန်းငါးရာ လာရောက်ဆည်းကပ်သော အခါ ဘုရားရှင်က ဘူမိတို့ဖြင့် တန်ဆာဆင်၍ မူလ ပရိယာယ သုတ္တန်ကို ဟော်တော်မူ၏။ထိုရ ဟန်းတို့သည် အနည်းငယ်မျှ မမှတ်နိုင်ကြချေ။ ထိုအခါမှ ရဟန်းတို့သည် “ငါတို့ကိုယ်ငါတို့ နှစ်ယောက်မရှိတဲ့ ပညာရှိတွေ မှတ်နေတာ၊ အခုဘာမျှမသိပါလား၊ ဘုရားနဲ့တူတဲ့ ပညာရှိ ဆိုတာ မရှိပါလား၊ ဘုရားရှင်ရဲ့ ကျေးဇူးတော် တွေဟာ အံ့ဖွယ်ကောင်းလှချေရဲ့”ဟု အကြံ ဖြစ်ကြ၏။ ထိုအချိန်ကျမှ ထိုရဟန်းတို့သည် အစွယ်နှုတ်ထားသော ြွေမကဲ့သို့ မာနကျဆင်း သွား၏။ ဘုရားရှင်သည် ဥက္ကဋ္ဌတိုင်း၌ မွေ့ လျော်သ၍ သီတင်းသုံးပြီး ဝေသာလီ ပြည်၊ ဂေါတမ နတ်၏နေရာ၌ ဆောက်အပ်သော ဂေါတမ ကျောင်း၌ ဂေါတမက သုတ္တန်ကိုဟောကြားတော် မူရာ တစ်သောင်းသော လောကဓာတ် တုန်လှုပ်၏။ မူလ ပရိယာယသုတ္တန်ကို ဟောကြားရာ နာကြားရသော မာန်တက်ဖူးသည့် ရဟန်း ၅၀ဝ တို့ ရဟန္တာဖြစ်ကြ၏။
ထိုမူလပရိယာယသုတ္တန်အဆုံး၌ ရဟန်းများသည် ဘုရားရှင်အား “မြတ်စွာဘုရား ၏ အာနုဘော်သည် အံ့ဖွယ်သရဲရှိစွ၊ မာန် တက်နေသော ရဟန်းတို့အား မူလ ပရိယာ ယသုတ္တန်ဖြင့် မာန်ကို ပယ်တော်မူခဲ့တယ်” ဟု ပြောဆိုချီးမွမ်းစကားကို ဘုရားရှင် ကြားတော်မူကာ ထိုရဟန်း ငါးရာသည် ယခုမှသာမာန်တက်သည်မဟုတ်သေး၊ ရှေးကလည်း ဤသို့ မာန်တက်ဖူးသ ဖြင့် မာနကို ပယ်ခဲ့ဖူးတယ်ဟု မိန့် တော်မူကာ အတိတ်ကို ဆောင်တော် မူခဲ့၏။
လွန်လေပြီးသောအခါ ဗာရာဏသီ ပြည် ဗြဟ္မဒတ်မင်း မင်းပြုစဉ် ဘုရားအလောင်း တော်သည် ပုဏ္ဏားမျိုး၌ဖြစ်ပြီး အရွယ်ရောက်သော အခါ ဗေဒင်တို့၏ကမ်းတစ်ဖက်ရောက်တတ်မြောက် သဖြင့် ဒိသာပါမောက္ခဆရာဖြစ်၍ လုလင်ငါးရာတို့ အား ဗေဒင်သင်ပေး၏။ တပည့်များသည် ဗေဒင် ပညာဆုံးခန်းတိုင် တတ်မြောက်သောအခါ ဆရာနှင့် တပည့်များ တတ်မြောက်သည့် ပညာတူကြပြီဆိုကာ မာနဝင်ကြလျက် ဆရာအား မဆည်းကပ်၊ မရိုသေ၊ မပြုစုကြတော့ချေ။ မဆည်းကပ်၊ မရိုသေကြရုံသာ မက တစ်နေ့၌ ဆရာသည် ဆီးပင်ရင်း၌ ရှိနေစဉ် ပုဏ္ဏား တစ်ယောက်သည် ဆီးပင်ကိုလက်သည်းဖြင့် ခေါက်ကာ “ဒီသစ်ပင်ဟာ အနှစ်မရှိပေဘူး” ဤသို့ ဆိုကြ၏။ ဘုရားအလောင်းတော်ဆရာသည် တပည့် တို့က သူ့အား ကဲ့ရဲ့သည်ကို သိခဲ့၏။
ဆရာဖြစ်သူက သူတို့၏ မိမိအပေါ်မာနထား ရှိပုံကိုသိကာ မာန်ကျစေရန် ပြဿနာတစ်ခုမေးမည် ဆိုလိုက်ရာ တပည့်ငါးရာက မေးချင်ရာမေးဟု စိန် ခေါ်လိုက်၏။
ဆရာဘုရားအလောင်းက တပည့်တို့အား-
ကာလော ဃသတိ ဘူတာနိ၊သဗ္ဗာနေဝ သဟတ္ထနာ
ယော စ ကာလဃသော ဘူတော၊ သဘူတ ပစနိံပစိ။
တပည့်တို့ ကာလသည် မိမိနှင့်တကွ အလုံးစုံ သာလျှင် ဖြစ်ကုန်သော သတ္တဝါတို့ကိုစား၏။ အကြင် သတ္တာဝါသည်ကား သတ္တဝါတို့ကို ကျက်စေတတ် သော တဏှာတည်းဟူသော မီးကိုÓာဏ်တည်းဟူ သော မီးဖြင့် လောင်မြိုက်စေ၏။ အဘယ်သတ္တဝါ နည်း ဟူသော ဂါထာဖြင့် မေး၏။
ထိုပြဿနာ၏အဖြေကို တပည့်ငါးရာတို့ မပေးနိုင်ကြချေ၊ ထိုအခါ ဘုရားအလောင်းဆရာက မင်းတို့ ဗေဒင်သုံးပုံတတ်ရုံနဲ့ မာန်မတတ်နဲ့၊ ဆရာ တတ်သလောက် တို့လည်းတတ်တာပဲ ထင်ပြီး ငါ့ကို ဆီးပင်နဲ့ နှိုင်းခဲ့ကြတယ်။ မင်းတို့ငါးရာ မသိသေးတဲ့ အနက်အဓိပ္ပာယ်ကို အများကြီး ငါတစ်ယောက် တည်းက သိတယ်ဆိုတာ မှတ်ထားကြ။ အချိန်တစ် ပတ်ပေးမယ်၊ အဖြေရှာခဲ့ကြ”ဟု မှာပြီး တပည့်များ အား လွှတ်လိုက်၏။ တစ်ပတ်ကြာသော်လည်း ပြဿနာ၏ အဆုံးအစကိုမြင်ကြ၍ ဆရာ့ထံ ဆည်း ကပ်ပြီး ရှိခိုးကာနေကြ၏။ ဆရာက –
ဗဟူနိ နရသီသာနိ၊ လောမသာနိဗြဟာနိစ၊
ဂီဝါသု ပဋိမုက္ကာနိ၊ ကောစိဒေဝေတ္ထ ကဏ္ဏဝါ။
(လည်တို့၌ စွပ်အပ်ကုန်သော ပွားကုန်သော များစွာကုန်သော လူတို့၏ ဦးခေါင်းတို့သည် ထင်ကုန် ၏။ ဦးခေါင်းအများတို့တွင် တစ်ခုသောဦးခေါင်း သည်သာလျှင် သိတတ်သော နားရှိ၏)
လူတိုင်းမှာ လည်ပင်းမှာ ဆံပင်များစွာပေါက် နေတဲ့ ဦးခေါင်းရှိပေမယ့် ပညာနားကတော့ တစ် ယောက်တလေဆီမှာပဲ ရှိတယ် ဟု ပြဿနာအဖြေ ပေး ဆုံးမလိုက်၏။
ထိုအခါ ပုဏ္ဏားလုလင်ငါးရာသည် ဆရာဆို တာ အံ့ဖွယ်လည်းရှိ၊ မြတ်လည်း မြင့်မြတ်ပါလားဟု အသိဝင်ပြီး မာန်ကျကာ ဆရာ့အား လုပ်ကျွေးခဲ့ ကြ၏။
ဆရာသည် ဂေါတမဘုရားရှင်ဖြစ်တော်မူ၏။ ထိုတပည့်ငါးရာသည် မာန်ဝင်ခဲ့သော ရဟန်းငါးရာ ဖြစ်လာခဲ့၏။ ။
စိရံ တိဋ္ဌတု သဒ္ဓမ္မော
သဒ္ဓမ္မမဏ္ဍိုင်ဆရာတော်

Comments

comments

Post Author: manawmaya