သဒ္ဓမ္မမဏ္ဍိုင်ဆရာတော်

လူနာသည် ဆရာ/ဆရာဝန် စကားကို တိတိ ကျကျ လေးစားလိုက်နာသင့်၏။ မိမိကို ကုသပေး သော ဆရာ/ဆရာဝန်၏ စကားကိုမျှ မလေးစား မလိုက်နာသော လူနာအတွက် ရောဂါပျောက်ကင်း ရန် မျှော်လင့်ချက် မရှိချေ။

TB ရောဂါစွဲကပ်နေသူများအတွက် ဆေးဝါး ကောင်းများ ပေါ်ထွန်းလာခဲ့သော်လည်း ဆရာဝန် ညွှန်ကြားချက်အတိုင်း သတ်မှတ်ထားသည့် ဆေး ပတ်လည်အောင် မသောက်သုံးသော လူနာများ သည် ဆေးမတိုးဘဲ အသက်ဆုံးရှုံးခဲ့ကြရ၏။

ဆေးပတ်လည်အောင် သောက်မှ ဆေးဝါးက ရောဂါပိုးများကို လုံးဝကင်းပျောက်အောင် နှိမ်နှင်း နိုင်မည် ဖြစ်၏။ သောက်လိုက သောက်လိုက်၊ မသောက်လိုက မသောက်လိုက် လုပ်နေခြင်းဖြင့် ရောဂါပိုးများက ဆေးကို ယဉ်ပါးကာ ဆေးမစွမ်း တော့ချေ။

ဤဆေးမစွမ်းက နောက်ဆေး တစ်မျိုးထပ်မံ ဖော်ခြင်းဖြင့် ဆေးများ များလာသည်နှင့်အမျှ ရောဂါ ပိုးများလည်း  ဆေးဝါးဒဏ်ကိုခံနိုင်စွမ်းပို၍ ရှိလာ ကြ၏။ မကြာမီ ရက်များက သတင်းစာတွင် ဖတ် လိုက်ရ၏။ TB ဆေးဝါးများဒဏ်ကို ခံနိုင်သည့် ဆေး မတိုးသော TB  ရောဂါပိုးများရှိနေပြီ ဟု ဆို၏။ ဤသည်မှာ ဆရာဝန်ညွှန် ကြားချက်အတိုင်း ဆေးဝါးကို မသောက်သုံးသော၊ သောက်ချင် သော အခါ သောက်၊ မသောက်ချင် သောအခါ ဆေးဝါးကို မသောက်သုံး သော ဗဟုသုတနည်းသည့် လူနာများ ကြောင့် ဤသို့ အစွမ်းထက်သော ရောဂါပိုးများ ဖြစ်ပေါ်လာရခြင်းဖြစ်၏။

ဤသူမှ တဆင် ဤမျှအစွမ်း ထက်နေသော ရောဂါပိုးအကူးခံရသော သူကား အလွန်နစ်နာလှလေ သည်။ ဆေးဝါးမကြောက်သော ရောဂါပိုးများ ပေါ် ပေါက်လာခြင်းမှာ မသိနားမလည်သော လူနာများ ကြောင့် ဖြစ်သည်ဟု ဆိုရမည်ဖြစ်၏။

အချို့ ကိုယ်အသက်ကို ရောင်းစားနေသော လူနာကိုလည်း တွေ့ဖူး၏။ တခေတ်တစ်ခါက ဆေးရုံ ကြီး တစ်ခုမှ ဆေးဝါးများကို လူနာအတွက် အခမဲ့ ထုတ်ပေးနေ၏။ ထိုအချိန်က ထိုဆေးဝါးမှာ အပြင် တွင် ဝယ်ယူရ ခက်ခဲသဖြင့် ဈေးကြီးလှ၏။ လူနာ သည် ထိုဆေးရုံမှ ဆေးဝါးများကို မသောက်ဘဲ ရောင်းစားနေ၏။ ဤသို့သောလူနာများ များလာ သောအခါ ဆေးရုံက ‘လူနာကိုယ်တိုင် ရေတစ် ခွက်ယူပြီး ဆေးလာသောက်ပါ’ ဟု ညွှန်ကြားကာ ဆေးကို ပါးစပ်ထဲ ထည့်စေပြီး ရေသောက်ခိုင်းသည် ကို တွေ့ရဖူး၏။ မိမိရောဂါပျောက်ကင်းရန် အတွက် သောက်ရမည့်ဆေးကို ရောင်းစားခြင်းသည် မိမိအ သက်ကို ရောင်းစားခြင်းဖြစ်၏။

ဆေးဝါးသုံးစွဲရာ၌ ဆရာ/ဆရာဝန်၏ ညွှန်ကြား ချက်အတိုင်း တိတိကျကျ လိုက်နာရန် အရေးကြီး၏။ ဘုရားရှင်လက်ထက်တော်ကပါလ အမည်ရှိသော အမျိုးကောင်းသားတစ်ယောက်သည် ဘုရားသာသ နာတော်သို့ ဝင်ရောက်လာပြီး ဓုတင်များ ဆောက် တည်ကာ ဝိပဿနာတရားကို ရှုမှတ်ပွားများအား ထုတ်၏။

တချိန်၌ သူသည် မျက်စိ အကြီးအကျယ်နာ လေ၏။ မျက်စိကုသမားတော်က မျက်စဉ်းဆေးကို ပေး၏။ မျက်စဉ်းခပ်သောအခါ အိပ်၍ ခပ်ရန်လည်း ညွှန်ကြား၏။ ပါလမထေရ်သည် နိသဇ္ဇိကဟု ခေါ် သည့် နေ့နေ့ညည ကျောချအိပ်လေ့မရှိဘဲ ထိုင်၍ သာ နေလေ့ရှိသော ဓုတင်ကို အမြဲ ဆောက်တည် ထားရာ ထိုင်၍သာ မျက်စဉ်းခပ်သဖြင့် ဆရာပေး သော မျက်စဉ်းဆေး မျက်စိအတွင်း ဝင်သင့် သ လောက်မဝင်သဖြင့် ဆေးဝါးသတ္တိ မရရှိဖြစ်ကာ မျက်စေ့ကွယ်ခဲ့ရလေသည်။

ယခင်ဘဝက သူတစ်ပါးမျက်စေ့ကွယ်အောင် လုပ်ခဲ့ဘူးသော အကုသိုလ်၊ ယခုဘဝ ဆရာ၏ ညွှန် ကြားချက်တို့ကို မလိုက်နာခြင်းဟူသည့် အကြောင်း များပြည့်စုံသော ပါလမထေရ်သည် မျက်စေ့ကွယ်ခဲ့ရ လေသည်။ စက္ခုပါလမထေရ်ဟု ဘုရား သာသနာ တော်၌ ထင်ရှားသော ရဟန္တာတစ်ပါးဖြစ်ခဲ့၏။

ဆရာ/ဆရာဝန်နှင့် လူနာကြား နားလည်မှုလွဲ နေသော အရာများလည်း ရှိတတ်၏။

လူနာရှင်က သူ့လူနာကို အသည်းအသန်ဟု မှတ်ထင်နေချိန်တွင် ဆရာ/ ဆရာဝန်က မည်သို့မျှ အရေးမကြီးဟု သိသည့်အလျောက် ခပ်အေးအေး နေတတ်၏။ ထိုအခါ လူနာရှင်က သူ့လူနာကို ဆရာဝန်က ဂရုမစိုက်ဟု သဘောပေါက်ပြန်၏။ ဆရာ/ဆရာဝန်နှင့် လူနာတို့အကြား နားလည်သ ဘောပေါက်မှု အံချော်၍နေကာ ဇာတ်လမ်းမှာ မရှည် သင့်ဘဲ ရှည်၍ နေတော့၏။

စာရေးသူ ပဲခူးမြို့၊ သာသနာ့ မဏ္ဍိုင်ကျောင်း တိုက်၌ နေထိုင်စဉ် ၁၉၈၈ ခုနှစ်၊ နှစ်ကုန်ပိုင်းခန့် ကဖြစ်၏။ ကျောင်းတိုက်၌ ပညာသင်ယူနေသော အသက် ၁၈ နှစ်ခန့်ရှိ ကိုရင်ကြီးတစ်ပါး အကြီးအ ကျယ်မောပန်းနေသဖြင့် ဆေးရုံတင်လိုက်ရ၏။ ဆေး ရုံမှ အရေးမကြီး အသက်အန္တရာယ်မရှိဟု သိသည် အလျောက် ခပ်အေးအေးနေ၏။ လူနာရှင် လူနာ စောင့် ရဟန်း သာမဏေများက ဆေးရုံကို သဘော မကျ မကျေနပ်၊ အလွဲမြင်နေ၏။ ဆေးရုံမှာသာ ထားလျှင် ပျံလွန်တော်မူလိမ့်မည်ဟု ယူဆကာ ဆေး ရုံမှ ကျောင်းတိုက်သို့ ဂီလာန (လူနာ) သာမဏေကို ပြန်ပင့်လာ၏။

ပဓာနနာယကဆရာတော်ကြီး ကိုယ်တိုင် စာချ ဘုန်းကြီးများကို ခေါ်ဆောင်ကာ လာကြည့်၏။ ဤ ဂီလာန ကိုရင် ကျန်းမာရေးအတွက် သင့်လျော်သလို ဆက်လက်ဆောင်ရွက်ပေးရန် စာရေးသူအား တာ ဝန်ပေးတော်မူ၏။ လူနာကား လမ်းပင် မလျှောက် နိုင်တော့ ချိသကဲ့သို့ ဖြစ်နေ၏။

လူနာရှင်များ၏ ဆန္ဒက ရန်ကုန်ဆေးရုံကြီးသို့ သွားရောက်ပြသလိုသည်ဟု ဆိုသဖြင့် လူနာရှင်များ ဆန္ဒအရ ရန်ကုန်သွားရန် စီစဉ်ရတော့၏။ သံဃာ (၄၀ဝ) ကျော်က ဂီလာနကိုရင်အတွက် ဆေးဝါးဝယ် နိုင်ရန် စုပေါင်း လှူဒါန်းလိုက်သဖြင့် ကုန်ကျငွေ အတွက် ပူပင်ဖွယ်မရှိ ကျန်းမာရေးအတွက် အရေး ပေါ်လိုအပ်လျှင် သံဃာတော်များက ဤသို့ ဝိုင်းဝန်း ပံ့ပိုးလေ့ရှိကြ၏။

ညမထွက်ရအမိန့် ထုတ်ပြန်ထားသော ကာလ ဖြစ်လေရာ ဆေးရုံကြီးမှ သူနာပြုကားကို ငှားရမ်းပြီး သက်ဆိုင်ရာ အာဏာပိုင်များကို အသိပေးကာ သူတို့ ပေးသော လမ်းကြောင်းအတိုင်း ကားကိုမောင်းခဲ့ရ၏။ သက်ဆိုင်ရာ စစ်ဆေးရေးဂိတ်များမှ ဆက်သွယ် ညွှန်ကြားချက်ရယူကာ ကားကို လွှတ်၍ ပေး၏။

ပဲခူးက ထွက်စကပင် ည ၉ နာရီ ခန့်ရှိပြီဖြစ်ရာ ည ၁၁ နာရီ ခန့် ရန်ကုန်သို့ရောက်၏။ စာရေးသူတို့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ သွားခဲ့ကြ၏။ အရေးပေါ်ဌာနသို့ရောက်သောအခါ တာဝန်ကျဆရာ ဝန်က ဆေးမှတ်တမ်းကို ကြည့်ပြီး ‘ဘာလို့ ပဲခူးက နေ ဒီကိုလာရတာလဲ’ဟု ဆို၏။

ဆေးရုံအတွင်း၌ လူနာများ ရှင်းနေသည်။ လူနာ သည် အိပ်စင်ပေါ်တွင် နိုးနေသည်။ မီးချောင်း အောက် တည့်တည့်ရောက်နေသော လူနာ၏ မျက် နှာကို ကြည့်မိသောအခါ မျက်လုံးလေးများကြည်ပြီး မျက်နှာကလေးက ဝင်းနေသည်ကို တွေ့ရ၏။ ညည်း ညူ မောဟိုက်နေစဉ်က မျက်နှာနှင့် မတူတော့ချေ။ စာရေးသူကိုယ်တိုင်ပင် ဒီဂီလာန မသေနိုင်ပါဘူးဟု စိတ်ထဲက ဆုံးဖြတ်မိ၏။ သို့သော် မိမိကိုယ်တိုင်က ဆေးပညာမတတ်၍ ဘာမျှမသိ။ သူသေမှာစိုးတာ တစ်ခုသာသိ၏။

ဆရာဝန်က သူ၏ သူနာပြုများအား ‘ဟစ်စ်တီးရီးယား’ဟု ဆို၏။ ထိုရောဂါကို စာရေးသူ ထို အချိန်က မသိပါ။ စမ်းသတ်ပေးပြီး ‘မနက်ဖြန် ဇီဝိတ ဒါနသံဃဆေးရုံသို့ သွားပါ’ဟု ညွှန်ကြားကာ ပြန် လွှတ်လိုက်၏။ ထိုည စာရေးသူတို့ ဖိုးစိန်လမ်းထဲရှိ ဆုထူးပန်ကျောင်းတွင် တစ်ညအိပ်လိုက်ကြရ၏။ ထို နေ့ညလည်း ပဲခူး၌ ဖြစ်သကဲ့သို့ ကိုရင်က ဖြစ် သေး၏။

နောက်နေ့ ဇီဝိတဒါနသို့ သွားပြ၏။ ထိုအခါ စာရေးသူ သဘောပေါက် လာခဲ့ပြီဖြစ်၏။ ကိုရင်ကား စိတ်ကျန်းမာရေး မကောင်းခြင်းဖြစ်၏။ အခြား ဘာမျှ မဟုတ်။ ဘာမျှမဟုတ်သည်ကို ဘာမျှမဟုတ်ဟု ဆရာဝန်က ပြောလျှင် လူနာကိုရင်နှင့် လူနာရှင်တို့ က လက်ခံလိမ့်မည်မဟုတ်။ စာရေးသူသည် ဆေး ကုပေးမည့် တာဝန်ကျ ဒေါက်တာအား အရင်သွား တွေ့ကာ –

‘ဒေါက်တာ ဘာမျှ မဖြစ်ဘူးလို့တော့ မပြောပါ နဲ့၊ ဒီလိုပြောရင် လူနာက လုံးဝလက်ခံလိမ့်မည် မဟုတ်ပါ၊ ဖြစ်နေတဲ့ရောဂါကို ပျောက်အောင် ကု ပေးမယ် လို့သာ ပြောပါ’ဟု သွားပြောထားရ၏။ ဆရာဝန်နှင့် လူနာတို့ တွေ့သောအခါ ဆရာဝန်က ‘ကိုရင် တပည့်တော် ကိုရင့်ရောဂါ ပျောက်အောင်ကု ပေးမယ် စိတ်ချ၊ ကိုရင် ဘာမျှမပူနဲ့ ဆွမ်းသာ များများစား’ဟု ပြောပြီး ပြန်လွှတ်လိုက်၏။

ကိုရင်ကား အောက်ပိုင်းချိသကဲ့ သို့ဖြစ်နေသ ဖြင့် ဝဲယာနှစ်ပါးက တွဲပြီး လမ်းလျှောက်သွားရ၏။ သူတစ်ပါးတည်း လမ်းမလျှောက်နိုင် ဆရာဝန် စမ်း သပ်သော ထိုနေ့၌ပင် ဆေးရုံမှ ကိုရင်အတွက် ဆွမ်း ပြုတ် ဇောက်ပန်းကန်ကြီးတစ်လုံး လာပေး၏။ ‘ကိုရင် ကုန်အောင်သောက်ရမယ်’ဟု သူနာ ပြုလျှောက်ရာ မသောက်နိုင်၊ မသောက်ချင်ဟု ကိုရင်က ဆို၏။ သူနာပြုက ကိုရင်မသောက်နိုင်ရင် နှာခေါင်းက ပိုက် နဲ့ထည့်မယ်ဟု ဆို၏။ ထိုအခါကျမှ ကိုရင်သည် ဆွမ်းပြုတ်ကို သောက်တော့၏။ ကုန်အောင် သောက် ရမယ်ဟု အတင်းတိုက်သဖြင့် သောက်လိုက်ရာ ကုန် သွား၏။

နောက်နေ့များ၌ ဆွမ်းကို ဆေးရုံက အတင်း ကျွေး၏။ လမ်းကိုလည်း  မတွဲဘဲ အတင်းလျှောက် ခိုင်း၏။ လေကို ပါးစပ်ဖြင့် ရှုခွင့်မပေး၊ နှာခေါင်း ဖြင့်သာ ရှုစေ၏။ ယခင်က ကိုရင် မောခြင်းသည် လေကို နှာခေါင်းဖြင့် မရှုဘဲ ပါးစပ်ဖြင့် ရှုနေသော ကြောင့် ဖြစ်၏။ ဤသို့ ဆေးရုံ၌နေ၍ ရက်သတ္တ တစ်ပတ်ကျော်မျှ ကြာသောအခါ အများက သေများ သေတော့မလားဟု မှတ်ထင်နေရသော ကိုရင်သည် လုံးဝပျောက်ကင်း သွားတော့၏။

အမှန်မှာ ဤရောဂါသည် စိတ်ကျန်းမာရေး မကောင်းခြင်းသာဖြစ်၏။ ဆရာဝန်ကလည်း လူနာ ရှင်ကို ပွင့်ပွင့်လင်းလင်း မပြော၊ လူနာရှင်ကလည်း ဆရာဝန်အပေါ် အထင်လွဲနှင့် ဇာတ်လမ်းမရှည်သင့် ဘဲ ရှည်သွားခဲ့ရ၏။

ဆရာဝန်နှင့် လူနာရှင်တို့ ပွင့်ပွင့်လင်းလင်း ရှိသင့်ကြောင်းနှင့် လူနာနှင့် လူနာရှင်များကလည်း ဆရာဝန်စကားကို လိုက်နာသင့်ကြောင်း တင်ပြ အပ်ပါသတည်း။  ။

 

စိရံတိဋ္ဌတုသဒ္ဓမ္မော

သဒ္ဓမ္မမဏ္ဍိုင်ဆရာတော်

Comments

comments

Post Author: manawmaya