ထီေပါက္ဖုိ႔ရာ

ဗုဒၶဘာသာကို သက္ဝင္ယံုၾကည္သူမ်ားအဖို႔ ဘုရား႐ုပ္ပြားေတာ္မ်ားကို ထုလုပ္ပူေဇာ္ကိုးကြယ္ၾကသည္မွာ သဘာဝက်ပါသည္။ ဝမ္းသာပီတိျဖစ္စရာလည္း ေကာင္းပါသည္။

စာေရးသူတို႔အဖို႔ မိမိ၏ရရွိၿပီးေသာ ေငြေၾကး ဥစၥာတို႔ ၿမဲလိုၾကသည္။ လုပ္ငန္းကိုင္ငန္း အဆင္ေျပၿပီး စီးပြားတိုးတက္ခ်င္ၾကသည္။ ကံဇာတာတက္ၿပီး ထီဆုႀကီးမ်ား ေပါက္လိုၾကသည္။ ေလာကီလူသားမ်ား ျဖစ္ၾက၍လည္း ထိုအေနအထားအေပၚ အျပစ္မျမင္ေကာင္းပါေခ်။

“ကံမရွိ ဥာဏ္ရွိတိုင္းမြဲ”ဆိုေသာ စကားရပ္ကို ၾကားဖူးသည္။

ဤတြင္ ကိုယ့္ရွိသည့္ကံကို ေကာင္းေအာင္ ျပဳလုပ္ဖို႔လိုပါသည္။ ကံဆိုသည္မွာ အလုပ္ပဲျဖစ္သည္။ မိမိတို႔ လုပ္ေဆာင္ေနၾကေသာ အလုပ္မွန္သမွ်သည္ ဘာသာေရးႏွင့္ မဆန္႔က်င္ဘဲ သမာအာဇီဝက်ဖို႔ အေရးႀကီးပါသည္။ သူတစ္ပါး မ်က္ရည္ႀကီးငယ္က်ပါမွ ကိုယ့္ဝမ္းဝေလေသာ အလုပ္သည္ ကံကိုနိမ့္ပါးေစသည့္ လမ္းပဲျဖစ္ေခ်သည္။ သည့္အတြက္ ကံကို အၿမဲတေစ မိမိတို႔ျပဳျပင္ေနရပါမည္။ ဤ၌ ကံလည္းေကာင္းေစ၊ ထီဆုႀကီးမ်ားလည္း ေပါက္ေစရန္ စိတ္ကို ျဖဴစင္ေအာင္ထား၍ ေအာက္ေဖာ္ျပပါအတိုင္း မိမိတို႔ေန႔နံႏွင့္ ကိုက္ညီမည့္ အသားတို႔အား ဘုရား႐ုပ္ပြားေတာ္မ်ား ထုလုပ္ၿပီး ႐ိုေသစြာ ကိုးကြယ္ပူေဇာ္ၾကပါရန္ တိုက္တြန္း အပ္ပါသည္။ ထူးျခားေသာ အက်ိဳးအာနိသင္မ်ား ရရွိခံစားရပါလိမ့္မည္။

 

၁။ တနဂၤေႏြသားသမီးမ်ား- စေန+တနလၤာ နံသားျဖစ္သည့္ ဒါန္းႀကီးသား။

၂။ တနလၤာသားသမီးမ်ား-တနဂၤေႏြ+အဂၤါ နံသားျဖစ္သည့္ ဩဇာသား

၃။ အဂၤါသားသမီး-တနလၤာ+ဗုဒၶဟူးနံသား ျဖစ္သည့္ ကလိန္သား။

၄။ ဗုဒၶဟူးသားသမီးမ်ား-အဂၤါ+ၾကာသပ ေတးနံသားျဖစ္သည့္ စိန္ပန္းသား။

၅။ ၾကာသပေတးသားသမီးမ်ား-ဗုဒၶဟူး+ ေသာၾကာနံသားျဖစ္သည့္ ဝံသဲသား။

၆။ ေသာၾကာသားသမီးမ်ား-ၾကာသပ ေတး+ စေနနံသားျဖစ္သည့္ ပိေတာက္သား။

၇။ စေနသားသမီးမ်ား-ေသာၾကာ+တနဂၤ ေႏြ နံသားျဖစ္သည့္ သစ္အယ္သား။

 

စသည့္ မိမိတို႔ ေန႔နံဆိုင္ရာ လိုက္ဖက္ကိုက္ညီမည့္ အသားတို႔အား ဗုဒၶ႐ုပ္ပြားေတာ္မ်ား ထုလုပ္ၿပီး ႐ိုေသစြာ ကိုးကြယ္သင့္ပါေၾကာင္း တင္ျပေရးသားလိုက္ရပါသည္။

အဂၤဝိဇၨာဆရာေအာင္

 

ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူများအဖို့ ဘုရားရုပ်ပွားတော်များကို ထုလုပ်ပူဇော်ကိုးကွယ်ကြသည်မှာ သဘာဝကျပါသည်။ ဝမ်းသာပီတိဖြစ်စရာလည်း ကောင်းပါသည်။

စာရေးသူတို့အဖို့ မိမိ၏ရရှိပြီးသော ငွေကြေး ဥစ္စာတို့ မြဲလိုကြသည်။ လုပ်ငန်းကိုင်ငန်း အဆင်ပြေပြီး စီးပွားတိုးတက်ချင်ကြသည်။ ကံဇာတာတက်ပြီး ထီဆုကြီးများ ပေါက်လိုကြသည်။ လောကီလူသားများ ဖြစ်ကြ၍လည်း ထိုအနေအထားအပေါ် အပြစ်မမြင်ကောင်းပါချေ။

“ကံမရှိ ဉာဏ်ရှိတိုင်းမွဲ”ဆိုသော စကားရပ်ကို ကြားဖူးသည်။

ဤတွင် ကိုယ့်ရှိသည့်ကံကို ကောင်းအောင် ပြုလုပ်ဖို့လိုပါသည်။ ကံဆိုသည်မှာ အလုပ်ပဲဖြစ်သည်။ မိမိတို့ လုပ်ဆောင်နေကြသော အလုပ်မှန်သမျှသည် ဘာသာရေးနှင့် မဆန့်ကျင်ဘဲ သမာအာဇီဝကျဖို့ အရေးကြီးပါသည်။ သူတစ်ပါး မျက်ရည်ကြီးငယ်ကျပါမှ ကိုယ့်ဝမ်းဝလေသော အလုပ်သည် ကံကိုနိမ့်ပါးစေသည့် လမ်းပဲဖြစ်ချေသည်။ သည့်အတွက် ကံကို အမြဲတစေ မိမိတို့ပြုပြင်နေရပါမည်။ ဤ၌ ကံလည်းကောင်းစေ၊ ထီဆုကြီးများလည်း ပေါက်စေရန် စိတ်ကို ဖြူစင်အောင်ထား၍ အောက်ဖော်ပြပါအတိုင်း မိမိတို့နေ့နံနှင့် ကိုက်ညီမည့် အသားတို့အား ဘုရားရုပ်ပွားတော်များ ထုလုပ်ပြီး ရိုသေစွာ ကိုးကွယ်ပူဇော်ကြပါရန် တိုက်တွန်း အပ်ပါသည်။ ထူးခြားသော အကျိုးအာနိသင်များ ရရှိခံစားရပါလိမ့်မည်။

၁။ တနင်္ဂနွေသားသမီးများ- စနေ+တနင်္လာ နံသားဖြစ်သည့် ဒါန်းကြီးသား။

၂။ တနင်္လာသားသမီးများ-တနင်္ဂနွေ+အင်္ဂါ နံသားဖြစ်သည့် ဩဇာသား

၃။ အင်္ဂါသားသမီး-တနင်္လာ+ဗုဒ္ဓဟူးနံသား ဖြစ်သည့် ကလိန်သား။

၄။ ဗုဒ္ဓဟူးသားသမီးများ-အင်္ဂါ+ကြာသပ တေးနံသားဖြစ်သည့် စိန်ပန်းသား။

၅။ ကြာသပတေးသားသမီးများ-ဗုဒ္ဓဟူး+ သောကြာနံသားဖြစ်သည့် ဝံသဲသား။

၆။ သောကြာသားသမီးများ-ကြာသပ တေး+ စနေနံသားဖြစ်သည့် ပိတောက်သား။

၇။ စနေသားသမီးများ-သောကြာ+တနင်္ဂ နွေ နံသားဖြစ်သည့် သစ်အယ်သား။

စသည့် မိမိတို့ နေ့နံဆိုင်ရာ လိုက်ဖက်ကိုက်ညီမည့် အသားတို့အား ဗုဒ္ဓရုပ်ပွားတော်များ ထုလုပ်ပြီး ရိုသေစွာ ကိုးကွယ်သင့်ပါကြောင်း တင်ပြရေးသားလိုက်ရပါသည်။

အင်္ဂဝိဇ္ဇာဆရာအောင်

Comments

comments

Post Author: manawmaya