အချစ်လက္ခဏာ

လက်ကောက်ဝတ်နေရာကနေပြီး တက်လာ တဲ့ ကံလမ်းကြောင်းကို တနင်္လာဂြိုဟ်ခုံမှ တက်လာ တဲ့

လမ်းသွယ်က အခုလိုမျိုးများ ပူးပေါင်းမိပြီး ဖြတ်သွားခဲ့ရင်

ကိုယ်မမှားခဲ့ဘူးအချစ်ရယ်

 

ပါးစပ်က ဘုရားဘုရား၊ လက်က ကားယား ကားယားဆိုတဲ့ စိတ်အပြောင်းအလဲ မြန်ပြီး ကလေး ဆန်လွန်းတဲ့ချစ်သူမျိုးနဲ့ တွေ့ရမယ်။ အဲဒီချစ်သူမျိုး ဟာ ကာမဆန္ဒပြင်းထန်လွန်းတတ်ပြီး ကိုယ့်အပေါ်  သစ္စာမဲ့တတ်တဲ့သူမျိုးဖြစ်မယ်။ ကိုယ့်ဘက်က မမှား ယွင်းမိခဲ့ရင်တောင်မှ သူ့ဘက်က စတင်ပြီး မှား ယွင်းဖို့အတွက် လမ်းကြောင်းအမျိုးမျိုးရှာနေတတ် မယ်။ သူ့ဘက်က အဲဒီလိုမျိုး မကြာမကြာဆိုသလို အလိုရမ္မက်ပြင်းထန် တတ်လွန်းလို့ နှစ်ကိုယ်ကြား  မှာ စကားများရတတ်တယ်။

 

ကံလမ်းကြောင်းက နှလုံးလမ်းကြောင်းအထိတိုင် ရောက်ပြီးခါမှ ပြတ်သွားမယ်ဆိုရင် –

 

ချစ်တာတစ်ခုပဲသိတယ်

ချစ်သူရဲ့ မျက်နှာကွက်ကွက်ကလေးကိုပဲ မှန်လို အရိပ်တကြည့်ကြည့် ကြည့်နေတတ်မယ်။ ချစ်သူအတွက်ဆို စွန့်ဝံ့တယ်။ ဘာမဆို ရင်ဆိုင်ရဲ တယ်။ ကိုယ့်ချစ်သူရဲ့ မျက်နှာတစ်ချက် မညှိုးနွမ်း စေရအောင် အလိုလိုက်အကြိုက်ဆောင်ပြီး ချစ် တတ်သူလည်း ဖြစ်တယ်။ အချစ်ရေးမှာ ခံနိုင်ရည် မရှိဘူး။ ဝမ်းနည်းစိတ်ညစ်စရာ တစ်ခုကြုံခဲ့ရင်  အတောမသတ်နိုင်အောင်ပါပဲ။ ချစ်တာတစ်ခုတည်း ဦးစားပေးလွန်းတဲ့အတွက် တာဝန်နဲ့ လုပ်ငန်းပိုင်း ဆိုင်ရာ ကိစ္စတွေမှာ ထိခိုက်နစ်နာပြီး စီးပွားရေး ပျက်စီး၊ ဒုက္ခနဲ့ကြုံဆုံရတတ်တယ်။

 

တနင်္လာဂြိုဟ်ခုံက တက်လာတဲ့ အရံလမ်းကြောင်းဆိုတာက ဦးခေါင်းလမ်းမကြီးကို လုံးဝမထိ ဘဲ ရပ်ဆိုင်းနေခဲ့ရင် –

 

ချစ်တိုင်းလည်း မညားခဲ့ရ ဒီဘဝမှာ

 

ကိုယ့်ဘက်က မျှော်လင့်မထားတဲ့ ချစ်သူ မျိုးကိုရမယ်။ ချစ်တိုင်းလည်း မညားတတ်ပေမယ့် ချစ်မိခဲ့ပြီဆိုရင် အသည်းပေါက်မတတ် နင့်နင့်သီး သီး ချစ်တတ်တယ်။ လက်လွှတ်ဆုံးရှုံးရမှာကို ကြောက်သလို ချစ်သူရဲ့ အငြိုအငြင်မျှ မခံနိုင်တဲ့ သူမျိုးဖြစ်တယ်။ ဒါပေမဲ့ ကိုယ်က ချစ်ရသူနဲ့ မပေါင်း ဖက်ရတတ်ဘူး။ သူကတော့ ကိုယ့်ကို ချစ်ရှာမှာ သေချာပါတယ်။ တကယ်လို့ ကိုယ့် လက်ဖဝါးမှာ အိမ်ထောင်ရေးလမ်းကြောင်းသာ ပါမလာခဲ့ဘူး ဆိုရင်တော့ အသေအချာဆုံးပါပဲ။

 

စံ-ဇာဏီဘို

Comments

comments

Post Author: manawmaya