အချစ်လက္ခဏာ

နှလုံးလမ်း ကြောင်းကနေပြီး အခုလိုမျိုး အခက် အလက်ကလေးတွေ ဖြာဆင်းနေကြမယ်ဆိုရင်

ကိုယ့်ဇာတ်ကိုယ်မှ မနိုင်
ကိုယ်ဖြစ်ချင် တာတွေကသိပ်များ နေတယ်။ ဘယ်သူ့မှ မငဲ့ဘူး။ ကိုယ်လုပ်ချင်တာပဲ ကိုယ်သိတယ်။ တစ်ကိုယ်ကောင်းဆန်တယ်။ ဒေါသ ကြီးပြီး အမြဲတမ်း အနိုင်ယူချင်စိတ်ပဲရှိတယ်။ သည်း သည်းခံစိတ် ခေါင်းပါးလွန်းတယ်။ သစ္စာယွင်းပျက်ဖို့ လည်း ဝန်မလေးတတ်ဘူး။ အဆွယ်အမြှောင်ထား ချင်စိတ်ရှိတယ်။ အသစ်စက်စက် တွေ့လို့ကတော့ ငါးစိမ်းမြင်ရင် ငါးကင်ကို ပစ်တော့မှာ သေချာလွန်း တယ်။ ဒါပေမဲ့ ကိုယ်မွှေးတဲ့မီး ကိုယ်မငြှိမ်းနိုင်ဖြစ်ပြီး ကိုယ့်ကို ပြန်လောင်တတ်တယ်။

အခုလိုမျိုး နှလုံးလမ်းကြောင်းမှာ ဆက်စပ်မှုမရှိဘဲ ပြတ်တောက်နေခဲ့မယ်ဆိုရင်

အကောက်ဥာဏ်လေးနဲ့ ဖောက်ပြန်ပြေး သွားတဲ့ချစ်သူ
ကိုယ့် ကြောင့် ကိုယ့်ကို အချစ်ကြီးချစ်တဲ့သူ တွေသောက၊ ဒုက္ခရောက်ရတတ်တယ်။ ရမ္မက် ကြီးတတ်တယ်။

အချစ်ကိစ္စနဲ့ ပတ်သက်ရင် အလျှော့ မပေးတတ်သလို ကိုယ်ကိုယ်တိုင်ကလည်း ဆန့်ကျင်ဘက်လိင်အပေါ်မှာ သာယာကြည်နူးမွေ့လျော်တတ်တယ်။

နောက် တစ်ယောက်လောက် ထားချင်တယ်။ အခုဆီချက်၊ အခုဟန်ဘာဂါ ဆိုသလိုမျိုးကလေး ဆန်ဆန် ဆိုးနွဲ့ပြီး ဖောက်ပြန်တတ်တယ်။

အဲဒီလိုနေရမှ ပျော်နေ တတ်တယ်။ အလိုလိုနေရင်း အလိုမကျဖြစ်ပြီး ဒေါ သဖြစ်လွယ်တယ်။
ရှိတယ် သိပ်ရှားတယ်။

 

တကယ်လို့များ အဲဒီလိုမျိုး နှလုံးလမ်းကြောင်းက နှစ်ထပ်ကြီးဖြစ်နေ ခဲ့ရင်

သူနော် အားကြီးလွန်တာပဲ
ဘယ် လောက်ပဲ စိတ်အနှောင့်အယှက် တွေ့တွေ့ အသည်း မာတယ်။ ခံနိုင်ရည်ရှိတယ်။ အချစ်ကြီးလို့ အမျက် ကြီးပေမယ့် တစ်လင်မယားစနစ်ကို လိုလား သဘော ကျတယ်။ အမြော်အမြင်ကြီးပြီး သည်းခံနိုင်စွမ်းရှိ တယ်။
အချစ်နဲ့ရင်းတဲ့ ဘဝတစ် ခုကို ခိုင်ခိုင်မာမာ တည်ဆောက်လိုစိတ်ရှိတယ်။ အပြင်းစားအချစ်လို့ လည်း ပြောလို့ရတယ်။ ကိုယ်ထင်ရင် ခုတင်ရွှေနန်း ဆိုသလို ကိုယ်ရည်မှန်းတဲ့ပန်းကို ရလို့ကတော့ ဘယ် သူ့မှ ဂရုမစိုက်ဘူး။ သူများတကာ အမြင်ကပ်လောက် အောင် အချစ်နဲ့ပတ်သက်ရင် ရင်ဆိုင် ဖြေရှင်းရဲတယ်။

စံ-ဇာဏီဘို

Comments

comments

Post Author: manawmaya