အချစ်တို့ ဆုံဆည်းခြင်း

 

နှစ်ဦးပေါင်း ကံအနေအထား သိချင်မှာပေါ့။ ရောက်ရှိနေတဲ့အသက်မှာ ချစ်သူနဲ့ လက်ထပ်ဆုံ စည်းခြင်းရှိ၊ မရှိ။ ဘယ်တော့ နှစ်ကိုယ်တူနီးရပါ့ မလဲဆိုတာတွေ သိချင်မှာပေါ့။

တွက်နည်းလေးက ရိုးရိုးရှင်းရှင်းလေးပါ။ လက်ထပ်ဖို့ရည်စူးထားတဲ့ အသက်ရယ်၊ လက်ထပ် ကြမယ့် ချစ်သူနှစ်ဦးက ဘာနေ့သားသမီးတွေဖြစ် တာကိုသာ သိ၊ ထင်ရှားတဲ့အဖြေရှိပါတယ်။

ဆိုကြပါစို့။ အသက် ၃၄ နှစ်ရှိတဲ့ ကြာသပ တေးသမီး အပျိုကြီးဆီမှာ တနင်္လာသားချစ်သူရှိ တယ်။ ဒီအသက်ထဲမှာ တနင်္လာသားနဲ့ အိမ်ထောင် ကျကိန်း ရှိ မရှိ မေးလာတယ်။

သိလိုတဲ့ အသက်ကိုတည်၊ အမျိုးသမီးရဲ့ မွေးနံသင်္ချာဂဏန်းနဲ့ပေါင်း၊ အမျိုးသားနဲ့ မွေးနံသင်္ချာ ဂဏန်းနဲ့ထပ်ပေါင်း အားလုံးပေါင်းထားတဲ့ ရလဒ်ကို ၈ နဲ့ စားပါ။

အသက် = ၃၄

အမျိုးသမီး ကြာသပတေး = ၅

အမျိုးသား တနင်္လာသား = ၂

အားလုံးပေါင်းလဒ် = ၃၄+ ၅+ ၂

= ၄၁

ရလာသော ၄၁ ဂဏန်းကို ၈ နဲ့စားပါ။ ရရှိ လာတဲ့အြွကင်းကို ကြည့်လိုက်ပါ။ အကြွင်း ၁ ဖြစ်ပါ တယ်။

 

အကြွင်း ၁၊ ၃၊ ၅၊ ဝ ကြွင်းရင်

မရသေးပါဘူး။ အစီအစဉ်လေးတွေ နောက် ရွှေ့ရမယ်။ နှစ်ဦးချစ်သူဘဝမှာပဲ တင်းတိမ်ကြပါဦး။ နှစ်ယောက်ကြားမှာရှိနေတဲ့ အဖုအထစ်လေးတွေ ပြေလည်သွားမှ လက်ထပ်ဖို့စီစဉ်ပါ။ တစ်ယောက်နဲ့ တစ်ယောက်ကြား ဘေးစကား အနှောင့်အယှက်လေး တွေ ဝင်နေပါရဲ့လို့ ဟောလိုက်ပါ။ စီစဉ်ပါက ပျက် ယွင်းတတ်ပါတယ်။

 

အကြွင်း ၂၊ ၄၊ ၆ ရရင်တော့ –

ဟန်ကျပြီဗျ။ ဘယ်သို့သော အနှောင့်အယှက် မှ နှစ်ယောက်ကြား မဝင်နိုင်တော့ဘူးနော်။ ရက် ကောင်းရက်မြတ်ရွေးပြီး ရှေ့တိုး စီစဉ်ပေတော့။ အ တူတွဲပြီး ဘဝလေးတစ်ခုခိုင်ခိုင်မာမာ တည်ဆောက် ရမှာ။ နဂိုက စီစဉ်ထားရင် လက်ထပ်မယ့်နေရာ၊ အချိန်ကိုသာ သတ်မှတ်ပေါ့။ စီစဉ်ထားတာ မရှိရင် လည်း သူနဲ့ကိုယ်နဲ့ ဒီကာလ ဒီအသက်ထဲမှာ အိမ် ထောင်ပြုရမယ်။ ညားရမယ်လို့သာရဲရဲဟောလိုက်ပါ။

တွက်ပြထားတဲ့ ကြာသပတေးသမီး အပျို ကြီး တနင်္လာသားနဲ့ ဒီ ၃၄ နှစ်ထဲမှာ လက်မထပ်ဖြစ် သေးဘူးလို့ ခေါင်းတယမ်းယမ်းနဲ့ ဟောလိုက်ပါ။ တွက်ကိန်း ဆင်လိုက်တဲ့အခါ အကြွင်း ၁ ရလို့ပေါ့။

လက်တွေ့ဟောတဲ့အခါ ပြဿနာလေးတွေ ရှိလာတယ်။ သီအိုရီတွက်ကိန်းကတော့ နားလည် ပြီ။ ဘယ်သူ့အသက်ကို ယူရမှာလဲဆိုတဲ့ ပြဿနာ ကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဟော ကိန်းမှာ လူသားနှစ်ဦးပါနေတယ်။ အသက်တူ၊ ရွယ်တူဆိုရင်တော့ ပြဿနာမရှိဘူး။ အသက်အရွယ် ချင်းခြားနားနေရင် သိလိုတဲ့ အသက်ဆိုတာ နှစ်ဦးထဲ က ဘယ်သူ့အသက်ကို တည်ရမလဲ။ နှစ်ဦးလုံးကို တွက်ရမှာလား စသည်ဖြင့် ပြဿနာ စတွေ့ရမှာ။

ဒီနေရာမှာ ဖြေရှင်းပုံ အယူအဆနည်း သုံး မျိုးရှိပါတယ်။

၁။ တစ်ယောက်တည်း လာမေးရင် အမျိုး သားက လာမေးရင် သူ့အသက်ကို ယူပါ။ အမျိုး သမီးက လာမေးရင် သူမ အသက်ကိုယူပါ။ ဆိုလို တာက နှစ်ဦးတွဲပြီး လာမေးတာ မဟုတ်ဘူး။ သိချင် တဲ့လူက လာမေးတာ။ မေးတဲ့လူရဲ့အသက်ကိုယူပြီး တွက်ရပါတယ်။

၂။ နှစ်ယောက်အတူတွဲပြီး ကျွန်တော်၊ ကျွန်မဆိုပြီး လာမေးရင် အမျိုးသမီးရဲ့ အသက်ကို ယူရပါတယ်။ အမျိုးသားရဲ့ အသက်ကိုမယူပါ။ အခု ရောက်နေတဲ့ သူမရဲ့ အသက်ကိုတည်ပြီး တွက်ရပါ တယ်။

၃။ ကဲ အမျိုးသမီးက သူ့အသက် ဘယ် လောက်လဲမသိဘူး ပြောလာတယ်။ အဲဒီတော့မှ အမျိုးသားအသက်ကို ယူပြီးတွက်ရပါတယ်။

 

အထူးဖြစ်ရပ်

 

အထူးဖြစ်ရပ်က အမျိုးသားရော အမျိုးသမီး ရော သူတို့ကိုယ်တိုင် သူတို့ အသက်ဘယ်လောက် ရောက်နေမှန်းမသိ၊ ဝါးတားတား ဖြစ်နေကြရင် ယခုရောက်နေတဲ့ မြန်မာကောဇာသက္ကရာဇ်ကို အ သက်နေရာမှာ အစားထိုးတည်ထားပြီးတွက်ရပါမယ်။

အခုပြောနေတာ မြန်မာ့ရိုးရာနည်းဖြစ်ပြန် တော့ အသက်တွက်တဲ့အခါ မြန်မာနည်းစနစ်နဲ့ ယူရ မှာဖြစ်ပါတယ်။

– အသက် ၂၀ ပြည့်ပြီးရင် ၂၁ ဟု လည်း ကောင်း၊

– အသက် ၂၅ ပြည့်ပြီးရင် ၂၆ ဟု လည်း ကောင်း၊

– အသက် ၃၀ ပြည့်ပြီးရင် ၃၁ ဟု လည်း ကောင်း အသက်ကိုယူရမှာ ဖြစ်ပါတယ်။

မွေးနေ့ရက်ကို သင်္ချာဂဏန်းပြောင်းတာ ကတော့ –

တနင်္ဂနွေနေ့ မွေးသူဆို ၁၊ တနင်္လာဆို ၂၊ စနေဆို ၇ သတ်မှတ်ဂဏန်းစဉ်အတိုင်းယူရပါတယ်။

ဒီဟောနည်းလေးကို ဥာဏ်ချဲ့ဆင့်ပွားကြည့် ကြစို့လား။ အခုနက ကြာသပတေးသမီး အပျိုကြီး က မေးပါတယ်။ ဒါဆို တနင်္လာသားနဲ့ ဘယ်အသက် မှာ ရမှာလဲလို့ပေါ့။

အဖြေရှာကြပါဦး။

ဗေဒင်ကိန်းအရ တည်ကိန်းကို ၈ နဲ့စားလို့ ၂၊ ၄၊ ၆ တစ်ခုခြွုကင်းရင် အဲဒီအသက်မှာ လက်ထပ် ရမယ်လို့ ဆိုထားပါတယ်။

ကဲ ၂ အကြွင်း၊ ၄ အကြွင်း၊ ၆ အကြွင်း ဘယ်လောက်တွေမှာ ရမှာလဲ။ ထပ်တွက်နေရင် အက္ခရာ သင်္ချာတွေ မသိကိန်းတွေ တွက်ရလိမ့်မယ်လို့ ခက် ခက်ခဲခဲ တွေးမနေနဲ့လေ။

တွက်ထားပြီးသားလေး ပြန်ကောက်ရုံပေါ့။ စိတ်တွက်နဲ့တောင် ရသေးတယ်။

အခု အသက် ၃၄၊ ကြာသပတေး ၅၊ တနင်္လာ ၂၊ အားလုံးပေါင်း ၄၁၊ ၈ နဲ့စား ၁ြွကင်း။

အသက် ၃၄ နှစ် – ၁ ကြွင်း

အသက် ၃၅ နှစ် – ၂ ကြွင်း

အသက် ၃၆ နှစ် – ၃ ကြွင်း

အသက် ၃၈ နှစ် – ၅ ကြွင်း

အသက် ၃၉ နှစ် – ၆ ကြွင်း စသည်ဖြင့် အသက် ၁ နှစ်စီ တိုးသွားရင် အကြွင်း ၁ စီတိုးသွားပြီ ပေါ့။

ဒီတော့ ဖြေရမှာက လွယ်ပါတယ်။ ဒါပေမဲ့ ကောက်ယူရမယ့် လက်တွေ့ အယူအဆ လိုပါတယ်။

အကြွင်း ၂ ရတာက အသက် ၃၅ နှစ်

အကြွင်း ၄ ရတာက အသက် ၃၇ နှစ်

အကြွင်း ၆ ရတာက အသက် ၃၉ နှစ်

တွက်ကိန်းကတော့ ဟုတ်နေတာပဲ။ (၂၊ ၄၊ ၆) ကြွင်းက လက်ထပ်ရမယ်။ ညားမယ်ဆို၏။

ကြာသပတေးသမီးပဲ တနင်္လာသားနဲ့ အသက် (၃၅၊ ၃၇၊ ၃၉)မှာ လက်ထပ်ရမယ်။ ညား မယ်ပေါ့။ ဒီပုံအတိုင်းဆို တစ်နှစ်ခြား တစ်ခါ လက် ထပ်ပွဲကျင်းပပြီး သုံးခါလုပ်ရမလို၊ ဆုံစည်းမယ့် အသက်ကို ဘယ်လောက် ပြောရမလဲဆိုတာ လက် တွေ့ ဟောပြောမှုပိုင်းဆိုင်ရာ ပြဿနာလေးတွေ တွေ့ရမှာ သေချာပါတယ်။

မခက်ပါဘူး။ ယခုအသက်နဲ့ အနီးဆုံး အသက်ကို ရဲရဲ ဟောကိန်းထုတ်လိုက်ပါ။ အခု ပြောထားတဲ့ အသက် သုံးမျိုးထဲက အသက် ၃၅ ကို ဆုံးဖြတ်ပေးလိုက်ပါ။ အသက် ၃၇၊ ၃၉ တွေ သွား ဟောမနေနဲ့ဦးနော်၊ ဗေဒင်မေး တစ်ခါတည်း မျက်ရည်ကျပြီး ငိုသွားဦးမယ်။

ဒီဟောကိန်းတွက်နည်းလေးနဲ့ နောက်ဖြစ် တတ်တဲ့ ပြဿနာတစ်ခု ရှင်းကြစို့လား။

ဗေဒင်မေးက အသက် ၂၄ နှစ် စနေသားပေါ့။ သူက ပြောတယ်။ သူ့ဆီမှာ ရည်ရွယ်ထားတဲ့သူက  နှစ်ယောက်။ မိဘစီစဉ်သူက တစ်ယောက်၊ ပေါင်း သုံးယောက် ရှိနေတယ်။ ဒီနှစ်ထဲမှာ သူလက်ထပ်ဖို့ စီစဉ်ထားတယ်။ ဘယ်သူ့ကို ရွေးရမလဲ။ ဘယ်သူနဲ့ ဆုံမလဲ။ ရည်ရွယ်ထားတဲ့သူတွေက –

 

၁။ ဗုဒ္ဓဟူးသမီး

၂။ သောကြာသမီး

ဒီနှစ်ယောက်စလုံးက သူ့ရည်းစား။

၃။ အင်္ဂါသမီး အိမ်က စီစဉ်ထားသူပေါ့။ တွက်ကြစို့လား။ တစ်ယောက်ပြီး တစ်ယောက်နဲ့ တွက်။

မေးသူ+ မေးသူ+ သိလိုသူမွေးနံ

အသက်မွေးနံဂဏန်း

၁။ ၂၄+ ၇+ ၄ = ၃၅ (ဗုဒ္ဓဟူးသမီး)

၂။ ၂၄+ ၇+ ၆ = ၃၇ (သောကြာသမီး)

၃။ ၂၄+ ၇+ ၃ = ၃၄ (အင်္ဂါသမီး)

ပေါင်းကိန်းရလဒ်ကို ၈ နဲ့စားရမှာ

ဗုဒ္ဓဟူးသမီး အကြွင်း (၃) (မညား)

သောကြာသမီး အကြွင်း (၅) (မညား)

အင်္ဂါသမီး အကြွင်း (၂) (ညား)

 

အဖြေရပါပြီ။ စနေသားရေ …၊ ဒီနှစ် လက် ထပ်မယ်ဆိုရင် ခင်ဗျားကံက ချစ်သူနှစ်ဦးစလုံးနဲ့ ဆုံရမယ့်ကံမရှိပါဘူး။ အိမ်ကပေးစားတဲ့ အင်္ဂါသမီးနဲ့ လက်ထပ်ရမှာပါလို့ ရဲရဲသာ ဟောလိုက်ပါ။

ဒီနေရာမှာ နောက် ပြဿနာတစ်ခုလက်တွေ့ ဟောရင်း ထပ်တွေ့ဦးမယ်။ အများထဲက တစ် ယောက် တွက်ကြည့်တဲ့အခါ လက်ထပ်ရမယ့်ကိန်း ညားတဲ့ကိန်းက အခုအသက်မှာ နှစ်ယောက် ဖြစ်နေ တယ်။ ဥပမာ –

အသက် ၂၄ နှစ် တနင်္လာသမီးမှာ ရည်မှန်း ထားတဲ့လူ နှစ်ယောက်ရှိပါတယ်။ တနင်္လာသားနဲ့ ဗုဒ္ဓဟူးသား ဘယ်သူနဲ့ ဒီကာလမှာ ညားမလဲပေါ့။ တွက်ကြစို့။

 

တနင်္လာသား

၂၄+ ၂+ ၂ = ၂၈ရလာ၏။

၎င်းကို ၈ နဲ့စားပါက အြွကင်း ၄ (ညား)

 

ဗုဒ္ဓဟူးသား

၂၄+ ၂+ ၄ = ၃၀

ဒီပေါင်းလဒ်ကို ၈ နဲ့စားပါက အကြွင်း ၆ (ညား)

 

ကဲ နှစ်ယောက်လုံးနဲ့ ညားမတဲ့။ အဖြေက ဘယ်လိုပြောမလဲ။ နှစ်ယောက်ထဲက တစ်ယောက် တည်းပဲ လက်ထပ်ရမှာပေါ့။ ဒီပြဿနာမျိုးမှာ အမျိုးသားရဲ့ အသက်တွေကို မေးပြီး အမျိုးသားရဲ့ ဘက်က ပြန်တွက်ရမယ်။

 

တနင်္လာသားက အသက်ဘယ်လောက်ရှိပြီ လဲ။

ဗုဒ္ဓဟူးသားက အသက်ဘယ်ရောက်နေလဲ။ သူတို့ဘက်က ပြန်တွက်ရပါမယ်။

တနင်္လာသားက အသက် ၃၁

တနင်္လာသား အသက် + တနင်္လာနံ = တနင်္လာသမီး

၃၁+ ၂+ ၂ = ၃၅

ပေါင်း၍ရသော ရလဒ်ကို ၈ နဲ့စား။

အကြွင်း ၁ (မညား)

ဗုဒ္ဓဟူးသား အသက် ၂၈ နှစ်

၂၈+ ၄+ ၂ = ၃၄

ပေါင်းရလဒ်ကို ၈ နဲ့စား။

အကြွင်း ၂ (ညား)

အဖြေပေါ်ပါပြီ။ တနင်္လာသမီးရေ …ဒီ အသက် ၂၄ နှစ်ထဲမှာ ရွေးရခက်လောက်အောင် နှစ်ယောက် ကိန်းကြုံရတာ သေချာပါတယ်။ အဲဒီ ကြားက ကံထူးသူကတော့ ဗုဒ္ဓဟူးပေါ့ဗျာ။ ဗုဒ္ဓဟူး သားနဲ့ ညားဆိုတဲ့ ကိန်းအရ ဗုဒ္ဓဟူးနဲ့ လက်ထပ်ရမှာ သေချာပြီလို့သာ ဟောကိန်းထုတ်လိုက်ပါတော့။

ကဲ ဒီနည်းလေးနဲ့ ကိုယ်နဲ့ ကိုယ့်ချစ်သူပေါင်း ဖို့ ကြုံတဲ့ အသက်တွေတွက် ရှေ့ရေးစီမံကြပေါ့။ မိတ်ဆွေ သူငယ်ချင်းတွေရဲ့ အချစ်ရေး၊ အခက်အခဲ လေးတွေကိုလည်း ဖြေရှင်းပေးလိုက်ပါဦး။

 

စံ-ဇာဏီဘို

Comments

comments

Post Author: manawmaya