႐ုိစီမေျပာျပတဲ့ လူမမာမ်ား ၀မ္းသာစရာ အတည္ ႐ုိစီမ လာပါၿပီ

မိုးဖြဲဖြဲရြာေနေသာ ညေနေစာင္းတစ္ခု၌ ကြ်ႏု္ပ္သည္ ေခြးေျခခံုေလးတစ္လံုးေပၚတြင္ ထိုင္၍ လမ္းမဘက္ဆီသို႔ အဓိပၸာယ္မဲ့ ေငးေမာေနမိေလ၏။  ထိုအခ်ိန္၌မွာပင္ ကြ်ႏု္ပ္၏ အခန္းဝသို႔ ႐ိုစီမဟူေသာ အူေၾကာင္ေၾကာင္ က်ပ္မျပည့္သည့္ မိန္းကေလးတစ္ဦး ေရာက္လာေလေတာ့၏။

“မိုးထဲေရထဲ ဘယ္လိုျဖစ္လာတာလဲ မႏွင္းဆီ” ဟု ကြ်ႏု္ပ္က ဆီးႀကိဳႏႈတ္ဆက္လိုက္လွ်င္ ႐ိုစီမေလးသည္ ႏႈတ္ခမ္းကိုစူ၍ ေျခကိုေဆာင့္ေလ၏။ ႐ိုစီမေလး၏ အမည္ရင္းမွာ မႏွင္းဆီဟူ၍ ျဖစ္၏။ သို႔ရာတြင္ လူမွန္းသိတတ္စအရြယ္မွစ၍ ၄င္းအား မႏွင္းဆီဟု လွမ္းေခၚလွ်င္ မထူးေပ။ ႐ိုစီမဟုေခၚမွသာ ထူးေလ၏။ ဤသို႔ျဖင့္ ဤသူငယ္မေလး၏မည္တြင္သညာ ေခၚစရာကား ႐ိုစီမဟူ၍ ျဖစ္ခဲ့ရေလေတာ့၏။

၄င္းသည္ သူ႔ကိုယ္သူ မ်က္ႏွာျဖဴမဝင္စားသူဟု အထင္ေရာက္ေန၏။ ထို႔ေၾကာင့္ စကားေျပာလွ်င္ အဂၤလိပ္လို အေျပာမ်ား၏။ ျမန္မာလို ေျပာခဲ၏။ ထိုအမူအက်င့္သည္ သူငယ္ႏွပ္စားဘဝက ခ်စ္ဖြယ္ ရာျဖစ္ခဲ့ေသာ္လည္း ေက်ာင္းေနခ်ိန္သို႔ ေရာက္ေသာအခါ၌မူ အမ်ား၏ အျမင္ကပ္ဖြယ္၊ နားၾကားျပင္းကပ္ဖြယ္ ျဖစ္ခဲ့ရေလေတာ့၏။ ေက်ာင္းတြင္ ျမန္မာ့ပညာေရးကို အထင္မႀကီးဟူ၍ မၾကာခဏ စကားႀကီး စကားက်ယ္ေျပာရာမွ ဆရာမႏွင့္ ျပႆနာျဖစ္ေလေတာ့၏။ ေနာက္ဆံုးတြင္ က်န္းမာေရး မျပည့္စံု ဟုဆိုကာ ေက်ာင္းမွ ထြက္လိုက္ရေလေတာ့၏။ ဤသို႔ျဖင့္ ျမန္မာပညာေရးကို အထင္မႀကီးေသာ ႐ိုစီမေလးသည္ ျမန္မာစာလည္း ေကာင္းေကာင္းမတတ္၊  အတြက္အခ်က္လည္း မကြ်မ္းက်င္၊ ရာဇဝင္ကို လည္း မတီးတတ္မေခါက္မိ၊ ပထဝီဆိုသည္ကိုလည္း မသိ၊ သိပၸံႏွင့္လည္း ေဝလာေဝးကာ ဒုတိယတန္း ႏွစ္မွာပင္ ေလလြင့္ရြက္ဝါ ျဖစ္ခဲ့ရရွာေလေတာ့၏။

သို႔ရာတြင္ မည္သို႔ျဖစ္သည္မသိ၊ အႏွီ ႐ိုစီမေလးသည္ တစ္ခါတစ္ရံမ်ား၌ အဂၤလိပ္မႀကီးတစ္ဦးအလား အဂၤလိပ္စကားကို ဒိုးဒိုးေဒါက္ေဒါက္ေျပာေလ့ရွိ၏။ မ်ားေသာအားျဖင့္ ၄င္းပါးစပ္မွ ေပါက္ တတ္ကရ ေျပာေနသည္မ်ားကို မည္သူကမွ် အေရးတယူလုပ္၍ နားေထာင္ျခင္းမရွိဘဲ ေမာင္းထုတ္ လိုက္ၾကသည္ခ်ည္းသာ ျဖစ္ေလေတာ့၏။

ဤသို႔ျဖင့္ ႐ိုစီမဟူေသာ တက္မရွိသည့္ ေလွငယ္ကေလးသည္ ကြ်ႏု္ပ္တည္းဟူေသာ သာလာယံ ဆိပ္ကမ္းဆီသို႔ မၾကာခဏဆိုက္ေရာက္လာျခင္း ျဖစ္ေလေတာ့၏။ ကြ်ႏု္ပ္ကလည္း ၄င္းအား အစဥ္သနားသည္ကို အေၾကာင္းျပဳ၍ လက္ဖက္ရည္တိုက္ျခင္း၊ လမ္းစရိတ္ မုန္႔ဖိုးပဲဖိုးေပးျခင္းမ်ား ျပဳလုပ္မိေလ၏။

႐ိုစီမကလည္း အာဂ ႐ိုစီမျဖစ္၏။ ကြ်ႏု္ပ္ထံသို႔ လက္ခ်ည္းဗလာ မလာတတ္ေပ။ စားစရာ တစ္စံုတစ္ခု လက္ေဆာင္ယူလာစၿမဲျဖစ္၏။ ေနာက္ပိုင္းတြင္ ကြ်ႏု္ပ္ ရိပ္စားမိသည္မွာ ကြ်ႏု္ပ္က ေပးလိုက္ေသာ မုန္႔ဖိုးပဲဖိုးျဖင့္ စားစရာတစ္ခုဝယ္၏။ ထိုတစ္ခုျဖင့္ အျခားတစ္ေယာက္ထံသြား၏။ ထိုတစ္ေယာက္က ငွက္ေပ်ာတစ္ဖီး ျပန္ေပးလိုက္သည္ ဆိုပါစို႔။ ေနာက္တစ္ဦးထံသို႔ ထိုငွက္ေပ်ာဖီးကို ယူသြား၏။ ထိုေနာက္ တစ္ဦးက ကိတ္မုန္႔တစ္ဘူးေပးလိုက္ေသာအခါ ထိုမုန္႔ဘူးကို ေနာက္ထပ္ ေနာက္တစ္ဦးထံသို႔ ယူသြားျပန္၏။ ဤသို႔ျဖင့္ပင္ ႐ိုစီမသည္ ဘာဒါစစၥတန္ျဖင့္ အဟုတ္ႀကီး ဟုတ္ေနေလေတာ့၏။

မ်က္ႏွာျဖဴစိတ္ေပါက္ေနေသာ ႐ိုစီမသည္ ၄င္းအား မႏွင္းဆီဟုေခၚလွ်င္ လြန္စြာ စိတ္ဆိုး၏။ ယခုလည္း ကြ်ႏု္ပ္က အပ်င္းေျပ စလိုက္ရာ ႐ိုစီမ သည္ ႏႈတ္ခမ္းကိုစူ၍ ေျခကိုေဆာင့္ျခင္းျဖစ္ေလေတာ့၏။ ခ်က္ခ်င္းျပန္၍ လွည့္ထြက္သြား၏။ ကြ်ႏု္ပ္လည္း ေနာက္မွေန၍ အတင္းလိုက္ၿပီး ဆြဲထားရေလ၏။

“ေနစမ္းပါဦး ႐ိုစီမရယ္ …ပ်င္းလြန္းလို႔ တမင္ စလိုက္တာပါ။ အလကား စတာကို နင္က တကယ္ စိတ္ဆိုးရသလား ေခြးေကာင္မရဲ႕”ဟု ကြ်ႏု္ပ္က ေျပာလိုက္လွ်င္ ႐ိုစီမက ခါးကိုေထာက္၍-

“စိတ္ဆိုးပါတယ္ဆိုမွ တကယ္ဆိုးတာေပါ့။ စိတ္ဆိုးတယ္ဆိုတာ ေဒါသထြက္တာေလ။ ေဒါသဆိုတာ မီးလိုပဲတဲ့။ မီးဆိုတာ တကယ္ မပူတဲ့မီး၊ တကယ္ပူတဲ့မီးရယ္လို႔ ကြဲျပားသလား၊ ဘယ္မီးျဖစ္ျဖစ္ တကယ္ပူတာခ်ည္းပဲ။ အဲဒီေတာ့ ေဒါသထြက္ စိတ္ဆိုးတာလည္း တကယ္ပဲေပါ့”ဟု ျပန္၍ တံု႔ျပန္လိုက္ေလ၏။ ထိုအခါ ကြ်ႏု္ပ္က အနီးရွိ ေခြးေျခတစ္လံုးကို ဆြဲယူ၍ ႐ိုစီမအား လွမ္းေပးလိုက္ရင္း –

“ကဲပါ ႐ိုစီမရယ္ …က်ဳပ္ ေတာင္းပန္ပါတယ္။ ေနမေကာင္းလို႔ ေငါင္ေငါင္ႀကီးျဖစ္ၿပီး ဘာအလုပ္မွမလုပ္ဘဲ ဒီေရွ႕ကို ထြက္ၿပီးထိုင္ေနတာ။ လူဆိုတာ ေနမေကာင္းၿပီဆိုတာနဲ႔ အားငယ္ေတာ့တာပဲ။ အဲဒီထဲမွာ ငါကေတာ့ အဆိုးဆံုးျဖစ္မယ္ ထင္တယ္။

လက္ကို အပ္ကေလးစူးမိတာနဲ႔ ေမးခိုင္ပိုးဝင္ၿပီး ေသသြားႏိုင္တယ္ဆိုၿပီး ေတြးေတာ့တာပဲ။ သြားတစ္ေခ်ာင္း နာေနတာ အစာေကာင္းေကာင္း မစားႏိုင္တာနဲ႔ပဲ ငါေတာ့ အားျပတ္ၿပီး ေသေတာ့မွာပဲလို႔ ေတြးေတာ့တာပဲ။ အခုလည္း သိပ္ၿပီး ေနမေကာင္းလို႔ အရမ္းအားငယ္တယ္ ႐ိုစီမရယ္၊

အဲဒီေတာ့ ငါ့ကိုအားေပးစမ္းဟာ … အားေပးတာလည္း ဒီ့ျပင္ဟာေတြ သိပ္ၿပီးမေျပာနဲ႔။ ငါ ဘယ္ေလာက္ေတာ္ေၾကာင္း၊ ငါဘယ္ေလာက္ေကာင္းေၾကာင္း အဲဒါေတြေလွ်ာက္ၿပီး ေျပာစမ္းဟာ။ ဟုတ္ တာထက္ပိုၿပီး သာသာထိုးထိုးေလး ေျပာစမ္းဟာ” ဟု ကြ်ႏု္ပ္က ေျပာလိုက္လွ်င္ ႐ိုစီမလည္း သေဘာက်စြာျဖင့္ တခစ္ခစ္ရယ္ေလ၏။ ထို႔ေနာက္ –

“ေျပာမယ္ ေျပာမယ္ အဲဒီစကားမ်ိဳးက အႏၱရာယ္ကင္းတာေပါ့။ ဆရာေတာ္ေၾကာင္း၊ ေကာင္းေၾကာင္းအျပင္ ဆရာ့ကို မနာလိုလို႔ သားပုပ္ေလလြင့္ေျပာတဲ့ မိန္းမႀကီးတစ္ေယာက္ ေလျဖတ္သြားၿပီး ပါးတစ္ျခမ္းရႊဲ႕သြားတဲ့ အေၾကာင္းကိုလည္း အားရပါးရ ၿမိန္ေရရွက္ေရေျပာမယ္။ ၿပီးေတာ့ အရက္ လံုးဝမေသာက္တတ္တဲ့ ဆရာ့ကို ငမူးငေၾကာင္လို႔ေျပာတဲ့ ဟိုေဗဒင္ဆရာတစ္ေယာက္   ကားလမ္းျဖတ္ကူးရင္း ကားတိုက္ခံရလို႔ ေျခေထာက္ႏွစ္ေခ်ာင္း ျဖတ္လိုက္ရတဲ့ အေၾကာင္းကိုလည္း မစားရဝခမန္း ေျပာျပမယ္” ဟု ေျပာျပန္ရာ ကြ်ႏု္ပ္လည္း သေဘာက်စြာျဖင့္ တခစ္ခစ္ ရယ္ရေသးေတာ့၏။ ထို႔ေနာက္တြင္မွ ႐ိုစီမက –

“ဆရာကလည္း ဂမၻီရဆရာႀကီးတစ္ေယာက္လုပ္ေနၿပီး ေရာဂါေဝဒနာသက္သာေစတဲ့ အစီအရင္ေလးေတြေလာက္ေတာ့ သိထားသင့္တာေပါ့။ သိထားတဲ့အျပင္ ကိုယ္တိုင္လည္း လက္ေတြ႕ အသံုးခ်သင့္တာေပါ့” ဟု ေျပာလွ်င္ ကြ်ႏု္ပ္က –

“ဘယ္လို ဘယ္လို ႐ိုစီမရဲ႕ ေရာဂါေဝဒနာ သက္သာေစတဲ့ အစီအရင္ဟုတ္လား။ ၾကားဖူးသ ေယာင္ေယာင္ရွိေပမယ့္ မသိတာေတာ့ အမွန္ပါပဲ ဆရာမႀကီးရယ္၊ ကြ်န္ေတာ္မ်ိဳးႀကီးကို အစဥ္သနား သည္ကို အေၾကာင္းျပဳၿပီး ေျပာျပစမ္းပါဦး”ဟု ျပန္၍ ေျပာလိုက္ရေလ၏။ ထိုအခ်ိန္၌မွာပင္ ႐ိုစီမ၏ မ်က္ႏွာသည္ သိသိသာသာ တည္ၿငိမ္သြား၏။ မခ်ိဳမခ်ဥ္ ကေလးမကေလးတစ္ဦး၏ မ်က္ႏွာပံုစံမ်ိဳးမွသည္ မူလတန္းေက်ာင္းအုပ္ ဆရာမႀကီး တစ္ဦး အလား ခ်က္ခ်င္းပင္ ေျပာင္းသြားေလ၏။ ထို႔ေနာက္ ၄င္း၏ပါးစပ္မွ အဂၤလိပ္စကားမ်ား တတြတ္တြတ္ ထြက္အံက်လာပါေလေတာ့၏။ ဆယ္မိနစ္ခန္႔ အၾကာတြင္မွ ရပ္သြား၏။ ထိုအခါ ကြ်ႏု္ပ္က –

“နင္ ဘာေတြေလွ်ာက္ေျပာေနတာလဲ။ ငါ့ကို အဂၤလိပ္လို လာမေျပာနဲ႔။ ေအဆိုတာ လွည္းေဒါက္ခြ၊ ဘီဆိုတာ အႏွိပ္သည္ဘု၊ အိပ္ခ်္ဆိုတာက ေလွကား၊ ဝိုင္ဆိုတာ ေလာက္ေလးခြ ဆိုတာေလာက္ကလြဲၿပီး ငါက သိတာမဟုတ္ဘူး”ဟု ေျပာလိုက္လွ်င္ ႐ိုစီမလည္း တခစ္ခစ္ ရယ္ေလ၏။ ထို႔ေနာက္တြင္မွ ေအာက္ပါအတိုင္း ကြ်ႏု္ပ္နားလည္ေသာ ျမန္မာစကားျဖင့္ ျပန္ေျပာျပေလ၏။

“ကမၻာ႔ဂမၻီရပညာရွင္ႀကီးေတြက ဟိုးရာစုႏွစ္ေပါင္းမ်ားစြာကတည္းက ၿဂိဳဟ္ေတြရဲ႕ သေကၤတေတြမွာ စၾကဝဠာစြမ္းရည္ေတြ ကိန္းေအာင္းေနတယ္ဆိုတာ သိျမင္ခဲ့ၾကတယ္။ အဲဒီၿဂိဳဟ္သေကၤတေတြဟာလည္း ခႏၶာကိုယ္ရဲ႕ က်န္းမာေရးအတြက္ အေထာက္အကူျပဳေစတယ္ဆိုတာ လက္ေတြ႕ေဖာ္ထုတ္ခဲ့ၾကသည္။

တစ္ခု အထင္မလြဲလိုက္နဲ႔ဦးေနာ္။ ဒီနည္းဟာ ေဆးကုတာ မဟုတ္ဘူး။ ေဆးပညာနဲ႔ မဆိုင္ ဘူးေနာ္။ ေရာဂါျဖစ္လာရင္ တတ္ကြ်မ္းနားလည္တဲ့ ဆရာဝန္နဲ႔၊ ေဆးပညာနဲ႔ေတာ့ ကုသရမွာပဲ။ အခု ေျပာမယ့္နည္းက ဂမၻီရစြမ္းရည္နဲ႔ အေထာက္အပံ့နဲ႔ ေရာဂါေဝဒနာေတြ ပိုၿပီး ျမန္ျမန္ဆန္ဆန္ သက္သာေပ်ာက္ကင္းေစတဲ့နည္း။

ဆိုၾကပါစို႔ …ေနာက္ေက်ာတို႔ နံေဘးတို႔နဲ႔ပတ္သက္တဲ့ ေဝဒနာခံစားေနရတယ္ဆိုရင္ ေညာင္ပင္ႀကီးႀကီး တစ္ပင္ကိုသြားၿပီး ေညာင္ရြက္ကေလးတစ္ရြက္ခူးရမယ္။ အဲဒီေညာင္ရြက္ေပၚမွာ တနဂၤေႏြၿဂိဳဟ္ရဲ႕ သေကၤတတံဆိပ္အဝိုင္းကေလးကို ေရးရမယ္။ အဲဒီေညာင္ရြက္ကေလးကို အမည္းေရာင္ စကၠဴအိတ္၊ ဒါမွမဟုတ္ အဝတ္အိတ္ေလးထဲမွာ ထည့္ၿပီး ကိုယ့္ရဲ႕ အက်ႌအိတ္ကပ္မွာ ထည့္ထားရမယ္။ ဒါမွမဟုတ္ လည္ပင္းမွာ ဆြဲထားတာတို႔၊ အေဆာင္လက္ဖြဲ႕ေတြ လက္ေမာင္းမွာခ်ည္သလိုမ်ိဳး ခ်ည္ထားတာတို႔ လုပ္ရမယ္။

အဲဒါကို တစ္ပတ္တိတိ ေဆာင္ထားရမယ္။ ဒါဆိုရင္ ေနာက္ေက်ာတို႔၊ နံေဘးတို႔နဲ႔ပတ္သက္ တဲ့ေဝဒနာေတြ ေဆးကုသခံရာမွာ ေဆးစြမ္းထက္ၿပီး အလ်င္အျမန္ ေပ်ာက္ကင္းခ်မ္းသာရာ ရလိမ့္မယ္”ဟု ႐ိုစီမက ရွင္းျပေလ၏။

“အေတာ္စိတ္ဝင္စားဖို႔ေကာင္းတာပဲ။ ဘာလို႔လဲဆိုေတာ့ မသိဘူး။ အဲဒီနည္းဟာ အေတာ့္ကို အစြမ္းထက္လိမ့္မယ္ဆိုတာ ငါ့ရဲ႕ မသိစိတ္ထဲက ယံုသြားတယ္။ ဆက္ေျပာစမ္းပါဦး”ဟု ကြ်ႏု္ပ္က သိလိုစိတ္ ထက္သန္စြာျဖင့္ တိုက္တြန္းရေလ၏။ ထိုအခါ ႐ိုစီမက ဆက္လက္၍ –

“အစာအိမ္တို႔ ဝမ္းဗိုက္ပိုင္းတို႔ ပတ္သက္ တဲ့ ေရာဂါေဝဒနာေတြဆိုရင္ ေညာင္ရြက္ေပၚမွာ တနလၤာၿဂိဳဟ္ရဲ႕ သေကၤတကို ေရးရမယ္။

ထိခိုက္ရွနာတို႔ ႐ုတ္တရက္အႏၱရာယ္ႀကံဳတာ တို႔၊ မီးေလာင္မႈ၊ ေပါက္ကြဲမႈ၊ လွ်ပ္စစ္နဲ႔ ပတ္သက္ တဲ့ ေရာဂါေဝဒနာေတြမွာေတာ့ အဂၤါၿဂိဳဟ္ရဲ႕ သေကၤတကို သံုးရမယ္။

ေသြးေၾကာတို႔၊ ေလေၾကာတို႔၊ ရင္ညြန္႔တို႔၊ အ႐ိႈက္တို႔၊ ႏွလံုးတို႔၊ လက္ေမာင္းတို႔၊ လက္တို႔နဲ႔ ပတ္သက္တဲ့ ေရာဂါေဝဒနာဆိုရင္ေတာ့ ဗုဒၶဟူးၿဂိဳဟ္ သေကၤတကို သံုးရမယ္။

ေပါင္တို႔၊ တံေခါက္ေၾကာတို႔၊ ေျခက်င္းဝတ္၊ ေျခေထာက္ပိုင္းတို႔ လမ္းမေလွ်ာက္ႏိုင္တာတို႔နဲ႔ ပတ္သက္တဲ့ ေရာဂါေဝဒနာေတြဆိုရင္ေတာ့ ၾကာသ ပေတးၿဂိဳဟ္သေကၤတကို သံုးရမယ္။

ခါးတို႔၊ တင္ပါးတို႔၊ လိပ္ေခါင္းတို႔၊ လည္ၿမိဳ တို႔နဲ႔ ပတ္သက္တဲ့ ေရာဂါေဝဒနာေတြဆိုရင္ေတာ့ ေသာၾကာၿဂိဳဟ္သေကၤတကို သံုးရမယ္။

ဒူးတို႔၊ သြားတို႔၊ အ႐ိုးအဆစ္နဲ႔ပတ္သက္လာ ရင္ေတာ့ စေနၿဂိဳဟ္သေကၤတကို သံုးရမယ္”ဟု တစ္ခုခ်င္း စိတ္ရွည္လက္ရွည္ ရွင္းျပေလ၏။ ကြ်ႏု္ပ္ လည္း ေခါင္းတဆတ္ဆတ္ညိတ္၍ နားေထာင္မွတ္သားေနရာမွ –

“အဲဒီသက္ဆိုင္ရာ ၿဂိဳဟ္သေကၤတေတြကို ေညာင္ရြက္မွာေရး အိတ္အနက္ကေလးမွာထည့္ၿပီး တစ္ပတ္ေဆာင္ထား၊ ၿပီးေတာ့ ဘာလုပ္ရမွာလဲ ႐ိုစီမရဲ႕ …လင္းစမ္းပါဦး”ဟု တိုက္တြန္းလိုက္လွ်င္ ႐ိုစီမက –

“တစ္ပတ္ျပည့္ၿပီးတဲ့ေနာက္မွာေတာ့ အဲဒီ ေညာင္ရြက္ကေလးကို မီး႐ိႈ႕ပစ္ရမယ္။ ႐ိႈ႕တဲ့အခါမွာ နံ႔သာျဖဴသားတို႔၊ ကရမက္သားတို႔၊ သနပ္ခါးတံုး တို႔ကို ပါးပါးေလးလႊာ၊ မီး႐ိႈ႕ၿပီး အဲဒီမီးပံုေပၚမွာ တင္ ၿပီး ႐ိႈ႕လိုက္ရင္ အေကာင္းဆံုးပဲ၊ မီးခိုးေငြ႕ေလးေတြ မိုးေကာင္းကင္ဆီကို တလူလူ တက္သြားတာကို ၾကည့္ရင္း ကိုယ့္ရဲ႕ ေရာဂါေဝဒနာေတြလည္း လြင့္ပါးေျပေပ်ာက္သြားပါေစလို႔ ဆုေတာင္းရမယ္”ဟု ေျပာျပေလ၏။ ကြ်ႏု္ပ္လည္း ႐ိုစီမေျပာျပသမွ်ကို နားေထာင္႐ံုမွ်သာမက အေလးအနက္ ဆင္ျခင္သံုးသပ္မိေလ၏။ ထို႔ေနာက္ –

“အခု နင္ေျပာတဲ့နည္းဟာ ခုနစ္ရက္ သားသမီးေတြအတြက္ ကိုယ္ေရာစိတ္ပါ က်မ္းမာခ်မ္းသာဖို႔ အမ်ားႀကီး အေထာက္အကူျပဳမွာပါ။ နင္ကုသိုလ္ေတြ အမ်ားႀကီးရမွာပါ။ ဒီဘဝက ေသရင္ နတ္ျပည္မွာ နတ္သားေလးေတြ တစ္ဖက္ငါးရာ နဲ႔ အက်အန စံစားရမွာပါ” ဟု ေျပာလိုက္လွ်င္ ႐ိုစီမလည္း “ေအာင္မေလးေတာ္ အိုးမိုင္ေဂါ့ဒ္” ဟု    ေရရြတ္ရင္း ရင္ဘတ္ကို ဖိေလ၏။ ထို႔ေနာက္ ကြ်ႏု္ပ္လည္း ႐ိုစီမအား ေက်းဇူးတံု႔ျပန္သည့္အေနႏွင့္ ကြ်ႏု္ပ္ တဲေရာ့ေဟာရာတြင္ အသံုးျပဳေသာ သံုးကာစ ေရေမႊးပုလင္းကေလးအား လက္ေဆာင္ အျဖစ္ ေပးလိုက္ရပါေလေတာ့သတည္း။

 

ေရာဂါေဝဒနာသက္သာေစေသာစၾကဝဠာသေကၤတမ်ား

 

Unicode ျဖင့္ ဖတ္ရန္

ရိုစီမပြောပြတဲ့ လူမမာများ ဝမ်းသာစရာ အတည် ရိုစီမ လာပါပြီ

** ဇင်ယော်နီ **

*******************************

မိုးဖွဲဖွဲရွာနေသော ညနေစောင်းတစ်ခု၌ ကျွနု်ပ်သည် ခွေးခြေခုံလေးတစ်လုံးပေါ်တွင် ထိုင်၍ လမ်းမဘက်ဆီသို့ အဓိပ္ပာယ်မဲ့ ငေးမောနေမိလေ၏။  ထိုအချိန်၌မှာပင် ကျွနု်ပ်၏ အခန်းဝသို့ ရိုစီမဟူသော အူကြောင်ကြောင် ကျပ်မပြည့်သည့် မိန်းကလေးတစ်ဦး ရောက်လာလေတော့၏။

“မိုးထဲရေထဲ ဘယ်လိုဖြစ်လာတာလဲ မနှင်းဆီ” ဟု ကျွနု်ပ်က ဆီးကြိုနှုတ်ဆက်လိုက်လျှင် ရိုစီမလေးသည် နှုတ်ခမ်းကိုစူ၍ ခြေကိုဆောင့်လေ၏။ ရိုစီမလေး၏ အမည်ရင်းမှာ မနှင်းဆီဟူ၍ ဖြစ်၏။ သို့ရာတွင် လူမှန်းသိတတ်စအရွယ်မှစ၍ ၎င်းအား မနှင်းဆီဟု လှမ်းခေါ်လျှင် မထူးပေ။ ရိုစီမဟုခေါ်မှသာ ထူးလေ၏။ ဤသို့ဖြင့် ဤသူငယ်မလေး၏မည်တွင်သညာ ခေါ်စရာကား ရိုစီမဟူ၍ ဖြစ်ခဲ့ရလေတော့၏။

၎င်းသည် သူ့ကိုယ်သူ မျက်နှာဖြူမဝင်စားသူဟု အထင်ရောက်နေ၏။ ထို့ကြောင့် စကားပြောလျှင် အင်္ဂလိပ်လို အပြောများ၏။ မြန်မာလို ပြောခဲ၏။ ထိုအမူအကျင့်သည် သူငယ်နှပ်စားဘဝက ချစ်ဖွယ် ရာဖြစ်ခဲ့သော်လည်း ကျောင်းနေချိန်သို့ ရောက်သောအခါ၌မူ အများ၏ အမြင်ကပ်ဖွယ်၊ နားကြားပြင်းကပ်ဖွယ် ဖြစ်ခဲ့ရလေတော့၏။ ကျောင်းတွင် မြန်မာ့ပညာရေးကို အထင်မကြီးဟူ၍ မကြာခဏ စကားကြီး စကားကျယ်ပြောရာမှ ဆရာမနှင့် ပြဿနာဖြစ်လေတော့၏။ နောက်ဆုံးတွင် ကျန်းမာရေး မပြည့်စုံ ဟုဆိုကာ ကျောင်းမှ ထွက်လိုက်ရလေတော့၏။ ဤသို့ဖြင့် မြန်မာပညာရေးကို အထင်မကြီးသော ရိုစီမလေးသည် မြန်မာစာလည်း ကောင်းကောင်းမတတ်၊  အတွက်အချက်လည်း မကျွမ်းကျင်၊ ရာဇဝင်ကို လည်း မတီးတတ်မခေါက်မိ၊ ပထဝီဆိုသည်ကိုလည်း မသိ၊ သိပ္ပံနှင့်လည်း ဝေလာဝေးကာ ဒုတိယတန်း နှစ်မှာပင် လေလွင့်ရွက်ဝါ ဖြစ်ခဲ့ရရှာလေတော့၏။

သို့ရာတွင် မည်သို့ဖြစ်သည်မသိ၊ အနှီ ရိုစီမလေးသည် တစ်ခါတစ်ရံများ၌ အင်္ဂလိပ်မကြီးတစ်ဦးအလား အင်္ဂလိပ်စကားကို ဒိုးဒိုးဒေါက်ဒေါက်ပြောလေ့ရှိ၏။ များသောအားဖြင့် ၎င်းပါးစပ်မှ ပေါက် တတ်ကရ ပြောနေသည်များကို မည်သူကမျှ အရေးတယူလုပ်၍ နားထောင်ခြင်းမရှိဘဲ မောင်းထုတ် လိုက်ကြသည်ချည်းသာ ဖြစ်လေတော့၏။

ဤသို့ဖြင့် ရိုစီမဟူသော တက်မရှိသည့် လှေငယ်ကလေးသည် ကျွနု်ပ်တည်းဟူသော သာလာယံ ဆိပ်ကမ်းဆီသို့ မကြာခဏဆိုက်ရောက်လာခြင်း ဖြစ်လေတော့၏။ ကျွနု်ပ်ကလည်း ၎င်းအား အစဉ်သနားသည်ကို အကြောင်းပြု၍ လက်ဖက်ရည်တိုက်ခြင်း၊ လမ်းစရိတ် မုန့်ဖိုးပဲဖိုးပေးခြင်းများ ပြုလုပ်မိလေ၏။

ရိုစီမကလည်း အာဂ ရိုစီမဖြစ်၏။ ကျွနု်ပ်ထံသို့ လက်ချည်းဗလာ မလာတတ်ပေ။ စားစရာ တစ်စုံတစ်ခု လက်ဆောင်ယူလာစမြဲဖြစ်၏။ နောက်ပိုင်းတွင် ကျွနု်ပ် ရိပ်စားမိသည်မှာ ကျွနု်ပ်က ပေးလိုက်သော မုန့်ဖိုးပဲဖိုးဖြင့် စားစရာတစ်ခုဝယ်၏။ ထိုတစ်ခုဖြင့် အခြားတစ်ယောက်ထံသွား၏။ ထိုတစ်ယောက်က ငှက်ပျောတစ်ဖီး ပြန်ပေးလိုက်သည် ဆိုပါစို့။ နောက်တစ်ဦးထံသို့ ထိုငှက်ပျောဖီးကို ယူသွား၏။ ထိုနောက် တစ်ဦးက ကိတ်မုန့်တစ်ဘူးပေးလိုက်သောအခါ ထိုမုန့်ဘူးကို နောက်ထပ် နောက်တစ်ဦးထံသို့ ယူသွားပြန်၏။ ဤသို့ဖြင့်ပင် ရိုစီမသည် ဘာဒါစစ္စတန်ဖြင့် အဟုတ်ကြီး ဟုတ်နေလေတော့၏။

မျက်နှာဖြူစိတ်ပေါက်နေသော ရိုစီမသည် ၎င်းအား မနှင်းဆီဟုခေါ်လျှင် လွန်စွာ စိတ်ဆိုး၏။ ယခုလည်း ကျွနု်ပ်က အပျင်းပြေ စလိုက်ရာ ရိုစီမ သည် နှုတ်ခမ်းကိုစူ၍ ခြေကိုဆောင့်ခြင်းဖြစ်လေတော့၏။ ချက်ချင်းပြန်၍ လှည့်ထွက်သွား၏။ ကျွနု်ပ်လည်း နောက်မှနေ၍ အတင်းလိုက်ပြီး ဆွဲထားရလေ၏။

“နေစမ်းပါဦး ရိုစီမရယ် …ပျင်းလွန်းလို့ တမင် စလိုက်တာပါ။ အလကား စတာကို နင်က တကယ် စိတ်ဆိုးရသလား ခွေးကောင်မရဲ့”ဟု ကျွနု်ပ်က ပြောလိုက်လျှင် ရိုစီမက ခါးကိုထောက်၍-

“စိတ်ဆိုးပါတယ်ဆိုမှ တကယ်ဆိုးတာပေါ့။ စိတ်ဆိုးတယ်ဆိုတာ ဒေါသထွက်တာလေ။ ဒေါသဆိုတာ မီးလိုပဲတဲ့။ မီးဆိုတာ တကယ် မပူတဲ့မီး၊ တကယ်ပူတဲ့မီးရယ်လို့ ကွဲပြားသလား၊ ဘယ်မီးဖြစ်ဖြစ် တကယ်ပူတာချည်းပဲ။ အဲဒီတော့ ဒေါသထွက် စိတ်ဆိုးတာလည်း တကယ်ပဲပေါ့”ဟု ပြန်၍ တုံ့ပြန်လိုက်လေ၏။ ထိုအခါ ကျွနု်ပ်က အနီးရှိ ခွေးခြေတစ်လုံးကို ဆွဲယူ၍ ရိုစီမအား လှမ်းပေးလိုက်ရင်း –

“ကဲပါ ရိုစီမရယ် …ကျုပ် တောင်းပန်ပါတယ်။ နေမကောင်းလို့ ငေါင်ငေါင်ကြီးဖြစ်ပြီး ဘာအလုပ်မှမလုပ်ဘဲ ဒီရှေ့ကို ထွက်ပြီးထိုင်နေတာ။ လူဆိုတာ နေမကောင်းပြီဆိုတာနဲ့ အားငယ်တော့တာပဲ။ အဲဒီထဲမှာ ငါကတော့ အဆိုးဆုံးဖြစ်မယ် ထင်တယ်။

လက်ကို အပ်ကလေးစူးမိတာနဲ့ မေးခိုင်ပိုးဝင်ပြီး သေသွားနိုင်တယ်ဆိုပြီး တွေးတော့တာပဲ။ သွားတစ်ချောင်း နာနေတာ အစာကောင်းကောင်း မစားနိုင်တာနဲ့ပဲ ငါတော့ အားပြတ်ပြီး သေတော့မှာပဲလို့ တွေးတော့တာပဲ။ အခုလည်း သိပ်ပြီး နေမကောင်းလို့ အရမ်းအားငယ်တယ် ရိုစီမရယ်၊

အဲဒီတော့ ငါ့ကိုအားပေးစမ်းဟာ … အားပေးတာလည်း ဒီ့ပြင်ဟာတွေ သိပ်ပြီးမပြောနဲ့။ ငါ ဘယ်လောက်တော်ကြောင်း၊ ငါဘယ်လောက်ကောင်းကြောင်း အဲဒါတွေလျှောက်ပြီး ပြောစမ်းဟာ။ ဟုတ် တာထက်ပိုပြီး သာသာထိုးထိုးလေး ပြောစမ်းဟာ” ဟု ကျွနု်ပ်က ပြောလိုက်လျှင် ရိုစီမလည်း သဘောကျစွာဖြင့် တခစ်ခစ်ရယ်လေ၏။ ထို့နောက် –

“ပြောမယ် ပြောမယ် အဲဒီစကားမျိုးက အန္တရာယ်ကင်းတာပေါ့။ ဆရာတော်ကြောင်း၊ ကောင်းကြောင်းအပြင် ဆရာ့ကို မနာလိုလို့ သားပုပ်လေလွင့်ပြောတဲ့ မိန်းမကြီးတစ်ယောက် လေဖြတ်သွားပြီး ပါးတစ်ခြမ်းရွှဲ့သွားတဲ့ အကြောင်းကိုလည်း အားရပါးရ မြိန်ရေရှက်ရေပြောမယ်။ ပြီးတော့ အရက် လုံးဝမသောက်တတ်တဲ့ ဆရာ့ကို ငမူးငကြောင်လို့ပြောတဲ့ ဟိုဗေဒင်ဆရာတစ်ယောက်   ကားလမ်းဖြတ်ကူးရင်း ကားတိုက်ခံရလို့ ခြေထောက်နှစ်ချောင်း ဖြတ်လိုက်ရတဲ့ အကြောင်းကိုလည်း မစားရဝခမန်း ပြောပြမယ်” ဟု ပြောပြန်ရာ ကျွနု်ပ်လည်း သဘောကျစွာဖြင့် တခစ်ခစ် ရယ်ရသေးတော့၏။ ထို့နောက်တွင်မှ ရိုစီမက –

“ဆရာကလည်း ဂမ္ဘီရဆရာကြီးတစ်ယောက်လုပ်နေပြီး ရောဂါဝေဒနာသက်သာစေတဲ့ အစီအရင်လေးတွေလောက်တော့ သိထားသင့်တာပေါ့။ သိထားတဲ့အပြင် ကိုယ်တိုင်လည်း လက်တွေ့ အသုံးချသင့်တာပေါ့” ဟု ပြောလျှင် ကျွနု်ပ်က –

“ဘယ်လို ဘယ်လို ရိုစီမရဲ့ ရောဂါဝေဒနာ သက်သာစေတဲ့ အစီအရင်ဟုတ်လား။ ကြားဖူးသ ယောင်ယောင်ရှိပေမယ့် မသိတာတော့ အမှန်ပါပဲ ဆရာမကြီးရယ်၊ ကျွန်တော်မျိုးကြီးကို အစဉ်သနား သည်ကို အကြောင်းပြုပြီး ပြောပြစမ်းပါဦး”ဟု ပြန်၍ ပြောလိုက်ရလေ၏။ ထိုအချိန်၌မှာပင် ရိုစီမ၏ မျက်နှာသည် သိသိသာသာ တည်ငြိမ်သွား၏။ မချိုမချဉ် ကလေးမကလေးတစ်ဦး၏ မျက်နှာပုံစံမျိုးမှသည် မူလတန်းကျောင်းအုပ် ဆရာမကြီး တစ်ဦး အလား ချက်ချင်းပင် ပြောင်းသွားလေ၏။ ထို့နောက် ၎င်း၏ပါးစပ်မှ အင်္ဂလိပ်စကားများ တတွတ်တွတ် ထွက်အံကျလာပါလေတော့၏။ ဆယ်မိနစ်ခန့် အကြာတွင်မှ ရပ်သွား၏။ ထိုအခါ ကျွနု်ပ်က –

“နင် ဘာတွေလျှောက်ပြောနေတာလဲ။ ငါ့ကို အင်္ဂလိပ်လို လာမပြောနဲ့။ အေဆိုတာ လှည်းဒေါက်ခွ၊ ဘီဆိုတာ အနှိပ်သည်ဘု၊ အိပ်ချ်ဆိုတာက လှေကား၊ ဝိုင်ဆိုတာ လောက်လေးခွ ဆိုတာလောက်ကလွဲပြီး ငါက သိတာမဟုတ်ဘူး”ဟု ပြောလိုက်လျှင် ရိုစီမလည်း တခစ်ခစ် ရယ်လေ၏။ ထို့နောက်တွင်မှ အောက်ပါအတိုင်း ကျွနု်ပ်နားလည်သော မြန်မာစကားဖြင့် ပြန်ပြောပြလေ၏။

“ကမ္ဘာ့ဂမ္ဘီရပညာရှင်ကြီးတွေက ဟိုးရာစုနှစ်ပေါင်းများစွာကတည်းက ဂြိုဟ်တွေရဲ့ သင်္ကေတတွေမှာ စကြဝဠာစွမ်းရည်တွေ ကိန်းအောင်းနေတယ်ဆိုတာ သိမြင်ခဲ့ကြတယ်။ အဲဒီဂြိုဟ်သင်္ကေတတွေဟာလည်း ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုစေတယ်ဆိုတာ လက်တွေ့ဖော်ထုတ်ခဲ့ကြသည်။

တစ်ခု အထင်မလွဲလိုက်နဲ့ဦးနော်။ ဒီနည်းဟာ ဆေးကုတာ မဟုတ်ဘူး။ ဆေးပညာနဲ့ မဆိုင် ဘူးနော်။ ရောဂါဖြစ်လာရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့၊ ဆေးပညာနဲ့တော့ ကုသရမှာပဲ။ အခု ပြောမယ့်နည်းက ဂမ္ဘီရစွမ်းရည်နဲ့ အထောက်အပံ့နဲ့ ရောဂါဝေဒနာတွေ ပိုပြီး မြန်မြန်ဆန်ဆန် သက်သာပျောက်ကင်းစေတဲ့နည်း။

ဆိုကြပါစို့ …နောက်ကျောတို့ နံဘေးတို့နဲ့ပတ်သက်တဲ့ ဝေဒနာခံစားနေရတယ်ဆိုရင် ညောင်ပင်ကြီးကြီး တစ်ပင်ကိုသွားပြီး ညောင်ရွက်ကလေးတစ်ရွက်ခူးရမယ်။ အဲဒီညောင်ရွက်ပေါ်မှာ တနင်္ဂနွေဂြိုဟ်ရဲ့ သင်္ကေတတံဆိပ်အဝိုင်းကလေးကို ရေးရမယ်။ အဲဒီညောင်ရွက်ကလေးကို အမည်းရောင် စက္ကူအိတ်၊ ဒါမှမဟုတ် အဝတ်အိတ်လေးထဲမှာ ထည့်ပြီး ကိုယ့်ရဲ့ အင်္ကျီအိတ်ကပ်မှာ ထည့်ထားရမယ်။ ဒါမှမဟုတ် လည်ပင်းမှာ ဆွဲထားတာတို့၊ အဆောင်လက်ဖွဲ့တွေ လက်မောင်းမှာချည်သလိုမျိုး ချည်ထားတာတို့ လုပ်ရမယ်။

အဲဒါကို တစ်ပတ်တိတိ ဆောင်ထားရမယ်။ ဒါဆိုရင် နောက်ကျောတို့၊ နံဘေးတို့နဲ့ပတ်သက် တဲ့ဝေဒနာတွေ ဆေးကုသခံရာမှာ ဆေးစွမ်းထက်ပြီး အလျင်အမြန် ပျောက်ကင်းချမ်းသာရာ ရလိမ့်မယ်”ဟု ရိုစီမက ရှင်းပြလေ၏။

“အတော်စိတ်ဝင်စားဖို့ကောင်းတာပဲ။ ဘာလို့လဲဆိုတော့ မသိဘူး။ အဲဒီနည်းဟာ အတော့်ကို အစွမ်းထက်လိမ့်မယ်ဆိုတာ ငါ့ရဲ့ မသိစိတ်ထဲက ယုံသွားတယ်။ ဆက်ပြောစမ်းပါဦး”ဟု ကျွနု်ပ်က သိလိုစိတ် ထက်သန်စွာဖြင့် တိုက်တွန်းရလေ၏။ ထိုအခါ ရိုစီမက ဆက်လက်၍ –

“အစာအိမ်တို့ ဝမ်းဗိုက်ပိုင်းတို့ ပတ်သက် တဲ့ ရောဂါဝေဒနာတွေဆိုရင် ညောင်ရွက်ပေါ်မှာ တနင်္လာဂြိုဟ်ရဲ့ သင်္ကေတကို ရေးရမယ်။

ထိခိုက်ရှနာတို့ ရုတ်တရက်အန္တရာယ်ကြုံတာ တို့၊ မီးလောင်မှု၊ ပေါက်ကွဲမှု၊ လျှပ်စစ်နဲ့ ပတ်သက် တဲ့ ရောဂါဝေဒနာတွေမှာတော့ အင်္ဂါဂြိုဟ်ရဲ့ သင်္ကေတကို သုံးရမယ်။

သွေးကြောတို့၊ လေကြောတို့၊ ရင်ညွန့်တို့၊ အရှိုက်တို့၊ နှလုံးတို့၊ လက်မောင်းတို့၊ လက်တို့နဲ့ ပတ်သက်တဲ့ ရောဂါဝေဒနာဆိုရင်တော့ ဗုဒ္ဓဟူးဂြိုဟ် သင်္ကေတကို သုံးရမယ်။

ပေါင်တို့၊ တံခေါက်ကြောတို့၊ ခြေကျင်းဝတ်၊ ခြေထောက်ပိုင်းတို့ လမ်းမလျှောက်နိုင်တာတို့နဲ့ ပတ်သက်တဲ့ ရောဂါဝေဒနာတွေဆိုရင်တော့ ကြာသ ပတေးဂြိုဟ်သင်္ကေတကို သုံးရမယ်။

ခါးတို့၊ တင်ပါးတို့၊ လိပ်ခေါင်းတို့၊ လည်မြို တို့နဲ့ ပတ်သက်တဲ့ ရောဂါဝေဒနာတွေဆိုရင်တော့ သောကြာဂြိုဟ်သင်္ကေတကို သုံးရမယ်။

ဒူးတို့၊ သွားတို့၊ အရိုးအဆစ်နဲ့ပတ်သက်လာ ရင်တော့ စနေဂြိုဟ်သင်္ကေတကို သုံးရမယ်”ဟု တစ်ခုချင်း စိတ်ရှည်လက်ရှည် ရှင်းပြလေ၏။ ကျွနု်ပ် လည်း ခေါင်းတဆတ်ဆတ်ညိတ်၍ နားထောင်မှတ်သားနေရာမှ –

“အဲဒီသက်ဆိုင်ရာ ဂြိုဟ်သင်္ကေတတွေကို ညောင်ရွက်မှာရေး အိတ်အနက်ကလေးမှာထည့်ပြီး တစ်ပတ်ဆောင်ထား၊ ပြီးတော့ ဘာလုပ်ရမှာလဲ ရိုစီမရဲ့ …လင်းစမ်းပါဦး”ဟု တိုက်တွန်းလိုက်လျှင် ရိုစီမက –

“တစ်ပတ်ပြည့်ပြီးတဲ့နောက်မှာတော့ အဲဒီ ညောင်ရွက်ကလေးကို မီးရှို့ပစ်ရမယ်။ ရှို့တဲ့အခါမှာ နံ့သာဖြူသားတို့၊ ကရမက်သားတို့၊ သနပ်ခါးတုံး တို့ကို ပါးပါးလေးလွှာ၊ မီးရှို့ပြီး အဲဒီမီးပုံပေါ်မှာ တင် ပြီး ရှို့လိုက်ရင် အကောင်းဆုံးပဲ၊ မီးခိုးငွေ့လေးတွေ မိုးကောင်းကင်ဆီကို တလူလူ တက်သွားတာကို ကြည့်ရင်း ကိုယ့်ရဲ့ ရောဂါဝေဒနာတွေလည်း လွင့်ပါးပြေပျောက်သွားပါစေလို့ ဆုတောင်းရမယ်”ဟု ပြောပြလေ၏။ ကျွနု်ပ်လည်း ရိုစီမပြောပြသမျှကို နားထောင်ရုံမျှသာမက အလေးအနက် ဆင်ခြင်သုံးသပ်မိလေ၏။ ထို့နောက် –

“အခု နင်ပြောတဲ့နည်းဟာ ခုနစ်ရက် သားသမီးတွေအတွက် ကိုယ်ရောစိတ်ပါ ကျမ်းမာချမ်းသာဖို့ အများကြီး အထောက်အကူပြုမှာပါ။ နင်ကုသိုလ်တွေ အများကြီးရမှာပါ။ ဒီဘဝက သေရင် နတ်ပြည်မှာ နတ်သားလေးတွေ တစ်ဖက်ငါးရာ နဲ့ အကျအန စံစားရမှာပါ” ဟု ပြောလိုက်လျှင် ရိုစီမလည်း “အောင်မလေးတော် အိုးမိုင်ဂေါ့ဒ်” ဟု    ရေရွတ်ရင်း ရင်ဘတ်ကို ဖိလေ၏။ ထို့နောက် ကျွနု်ပ်လည်း ရိုစီမအား ကျေးဇူးတုံ့ပြန်သည့်အနေနှင့် ကျွနု်ပ် တဲရော့ဟောရာတွင် အသုံးပြုသော သုံးကာစ ရေမွှေးပုလင်းကလေးအား လက်ဆောင် အဖြစ် ပေးလိုက်ရပါလေတော့သတည်း။

ရောဂါဝေဒနာသက်သာစေသောစကြဝဠာသင်္ကေတများ

Comments

comments

Post Author: manawmaya