အလုပ်ထွက်ချင်လို့လား

 

ဒီလိုပါခင်ဗျ။ လောကကြီးမှာ အသက် တစ်ရာသာ မနေရရင်နေမယ် အမှု တစ်ရာကတော့ ကြုံရတတ် ပေတယ်လို့ ရှေးလူကြီးသူမတွေက ဆိုရိုးထားခဲ့ကြပါတယ်။

အဲ ကျုပ်တို့ ဗေဒင်ဆရာ တွေအတွက်ကတော့ အမှုတစ်ရာ မက နေ့စဉ်ကို ကြုံနေကြားနေ ဖြေရှင်းနေရတာပါဗျာ …။

စောစောကဗေဒင်မေးပြီး ထွက်သွားတဲ့ကောင်မလေးက ဒီနှစ်ပတ်လောက်အ တွင်းမှာမှအလုပ်မရ ရင် ကိုယ့်ကိုကိုယ် သတ်သေတော့မလိုငိုဟယ်ရယ်ဟယ်နဲ့ ဗေဒင်လာ မေးသွားတာ။ အခု ဗေဒင်ဝင်မေးတဲ့ ကောင်လေး ကကျတော့ အလုပ်ထွက်မရလို့တဲ့ …။ သူတို့အ လုပ်မှာက ဝင်ပြီးရင် ထွက်ဖို့ အတော်ခက်ဆိုပဲ။

သူကကျတော့လည်း ဒီတစ်လအတွင်းမှာမှ အလုပ်ထွက်ခွင့်မရဘူးဆိုရင် သူတို့မိသားစုတွေ တော် တော့်ကို ဖရိုဖရဲ ဖြစ်ကုန်ကြမှာတဲ့ …။ အဲဒီတော့ သူက နဖူးကချွေးကို တွင်တွင်သုတ်ရင်း အလုပ်မြန် မြန်ထွက်ရအောင် ကယ်ပါဦးဆရာရယ်၊ ကယ်ပါဦး ဆရာရယ်လို့ အဲဒါကိုပဲ တွင်တွင်ကြီး ပူဆာနေတော့ တာပေါ့ဗျာ။

ဘယ်ရမလဲ …။ ပြန်စဉ်းစားကြည့်လေလေ ကျုပ်တို့ဆရာကြီး အဘမင်းသိင်္ခရဲ့ကျေးဇူးက ကြီး လေလေပဲဗျ …။ အဘပေးခဲ့တဲ့ ဂမ္ဘီရယတြာနည်း တွေက ဘက်စုံထောင့်စေ့အောင်ကိုပဲ စုံလှပါသဗျာ။

ကျုပ်လည်း သေချာအောင် ၁၅ နှစ်လောက် သက်တမ်းရှိပြီဖြစ်တဲ့ မှတ်စုစာအုပ်အဟောင်းလေးကို ထုတ်ကြည့်လိုက်ပြီးတော့ –

“ဒီလိုလုပ်ကွာ …၊ ဒီခေတ်မှာ စီဒီပြား လေးတွေ ပေါပါတယ် …၊ စီဒီပြားတစ်ချပ်ပေါ်မှာ ဟောင်းဟောင်းသစ်သစ် ဘာနေ့သားသမီး မောင် ဘယ်သူ၊ မဘယ်သူ ဘယ်လိုအလုပ်ကနေ ထွက်ခွင့် ရပါစေလို့ ဆုတောင်းစာလေးရေးလိုက်၊ မင်းတို့က ပိုသိပါတယ် …၊ စီဒီမာကာဆိုလား …အဲဒီဘော လ်ပင်လေးနဲ့ ရေးပေါ့ …၊

ပြီးတော့ အဲဒီစီဒီလေးကို လေတိုးနေတဲ့ တစ် နေရာရာမှာ ကြိုးလေးနဲ့ တွဲလောင်းလေးဆွဲထား၊ ပြီးတော့ သတိရတိုင်းလည်း ယပ်တောင်လေးနဲ့ ယပ် ခတ်ပြီးတော့ ဆုတောင်း …”လို့ ပြောပြလိုက်ရ ပါတော့တယ်။

“သေချာလားဆရာ …” လို့ အဲဒီကောင် လေးက မဝံ့မရဲနဲ့မေးလာတော့ ကျွန်တော်က –

“တစ်လအတွင်း အလုပ်ထွက်ခွင့်မရရင် မင်း ကိုယ်စား အဲဒီအလုပ်မှာ ငါသွားလုပ်ပေးမယ်ကွာ၊ ကျေနပ်ပြီလား …” လို့ ပြောပြလိုက်ရပါတော့တယ်။

 

အာကာမိုး (လှိုင်)

Comments

comments

Post Author: manawmaya