ပညာဗူးဆိုတာ မသိဘဲလည်း ရောက်တတ်တယ်။

တစ်နေ့ မကြာခဏ လာနေကျ မိန်းကလေး တစ်ယောက် ရောက်လာပါတယ်။ အဲဒီနေ့က ဧည့် သည်လည်း များနေတာကြောင့် မိန်းကလေး ထိုင် စောင့်နေရပါတယ်။ ရှေ့မှာ ဦးဆုံး စစ်ဆေးမိသူ ကလည်း ကျွန်ုပ်ဆီ မကြာခဏ လာနေကြဖြစ်ပြီး ကိစ္စတော်တော်များများ ကျွန်ုပ်ဆီမှာ လုပ်နေသူ လည်းဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့တော့ သူမကိုယ်တိုင် မလာနိုင်တာကြောင့် အမျိုးသား ရောက်လာရခြင်း ဖြစ်ပါတယ်။ ယခင် သူမကိုယ်တိုင် လာနေစဉ်က ရောက်တိုင်းလည်း စစ်ဆေးပေးနေတာမို့ သူမမှာ သူများအတိုက် ရှိမနေတတ်ပါဘူး။

ခုမှ အခက်အခဲရှိနေလို့ သူမကိုယ်တိုင် မလာ နိုင်တာကြောင့် အမျိုးသားကို လွှတ်လိုက်ကြောင်း၊ သူမကို လူလုံးပြနေကြောင်း၊ အနံ့ပေးကြောင်း၊ နှောင့်ယှက်နေသူ အမှန်ရှိနေကြောင်း၊ သူမ အသိစိတ် မှာ ခံစားနေရကြောင်းနဲ့ အဓိက အချက်ကတော့ သူမ —– ဆီကို သွားခဲ့မိကြောင်း။ အဲဒိလို သွားခဲ့တုန်းက —— က သူမကို သူများအတိုက် မိလိမ့်မယ်၊ ပြန်လာခဲ့ဖို့ ပြောထားကြောင်း စတာ တွေကို ၾေ်ေါန ပို့ပြီး လွှတ်လိုက်တာဖြစ်ပါတယ်။

ဦးဆုံးလူ(အင်္ဂါသမီး)ကို စစ်ဆေး ကြည့်လိုက် တော့ သူမမှာ ပညာစက်တွေ့လိုက်ရပါတယ်။

ပညာစက်ပိုင်ရှင်ကို ခေါ်တွေ့လိုက်တဲ့အခါ ထင်မထားတာ ဖြစ်နေပါတယ်။ ဖြစ်ပုံက သူမ သွားခဲ့သူက သူမကို အတိုက်သဘောဆန်တဲ့ လုပ် ရပ်ကို လုပ်လိုက်ပါတယ်။ ဒီလိုလုပ်လိုက်ရခြင်းနဲ့အတူ သူ့ဆီကို မဖြစ်မနေပြန်လာခဲ့ဖို့ လုပ်လိုက်တာပါ။ ပြန်လာတဲ့အခါမှာ သူကိုယ်တိုင် ပြန်ရှင်းပေးမှာ ဖြစ် ပါတယ်။ သူမ ပြန်သွားချိန်ကြာနေရင် ကြာကြာ ခံစားနေရမှာဖြစ်ပြီးတော့ မြန်မြန်ပြန်သွားရင် သိပ် ကြာကြာ မခံစားရနိုင်ပါဘူး။

လုပ်ကွက်ရဲ့အဓိကအချက်က ကျန်းမာရေး ဖြစ်ပါတယ်။ နောက်ပြီး စိတ်ပိုင်းဆိုင်ရာမှာ စိုးရိမ် စိတ်၊ ကြောက်စိတ်တွေဖြစ်နေပြီး  မလိုအပ်တာတွေ မြင်နေရအောင်လည်း လုပ်ထားပါတယ်။ သူလုပ် ထားတဲ့ ပညာစက်ကို ရှင်းပေးပြီး ပြန်လွှတ်လိုက်ပါ တယ်။ လိုအပ်တဲ့ ရေမန်းနဲ့ ဖယာင်းတိုင်လည်း ပေး လိုက်ပါတယ်။

ဒီလိုလုပ်ရပ်မျိုး အရင်ကလည်း ရောက်လာ ဖူးပါတယ်။ သူတို့အတွက် မလုပ်အပ်ဘူးဆိုပေမယ့် လုပ်နေသူတွေ ရှိနေပါတယ်။ ဒါကို စာဖတ်သူတွေ သိစေချင်ပါတယ်။

သုံးယောက်လောက် စစ်ဆေးကုသပြီးတော့ နောက်အလှည့်က မကြာခဏ လာနေတဲ့ မိန်းက လေးပါ။ သူမက စနေသမီး ဖြစ်ပါတယ်။

“ညည်း ဘာဖြစ်လာလဲ”

“သမီး ဘုရားစင်ရှေ့ ထိုင်လိုက်တိုင်း၊ ဘုရား ရှိခိုးဖို့ လုပ်လိုက်တိုင်း လက်တွေတုန်ယင်လာပြီး ပူးချင်သလို၊ ကပ်ချင်သလိုဖြစ်ဖြစ်နေလို့ပါ ဆရာ … ကြောက်လည်း ကြောက်နေတယ်”

“ဪ …. ဒီကြားထဲ ညည်း တခြားဆရာ တစ် ယောက်ယောက်ဆီ သွားခဲ့သေးတယ် မဟုတ်လား …သူတိုက်တဲ့ ရေသောက် …ခေါင်းကိုင်ပြီး ချုပ် တာတောင် ခံလိုက်ရသေးတယ် မဟုတ်လား”

“ဟုတ်ပါတယ် ဆရာ …ကျွန်မ —– ဆီ သွားခဲ့ဖူးပါတယ် …ဟိုတလောကတော့ ဘုရားရှိခိုး ရင်း ဝင်ပူးပြီး အဲဒိကိုလာပြီး ပွဲလှူဖို့ပြောလို့ သွားလှူ လိုက်ပါသေးတယ်”

“အင်း ပြဿနာက အဲဒီက စတာပဲ … ညည်းကို ချုပ်လိုက်တယ် … သူ့ဆီ မဖြစ်မနေ လာဖြစ်နေအောင် လုပ်ထားတယ်”

“ဟင် ဒါဆို ကျွန်မကို ပူးနေတာက …”

“ညည်းနဲ့အတူ ထည့်ပေးလိုက်တဲ့ အကောင် တစ်ကောင်ပေါ့ …ကဲပါ ပြောနေရင် ညည်း ယုံ ချင်မှယုံမယ် …မပြောတော့ဘူး။ လက်တွေ့ကောင်း ပါတယ် …လက်အုပ်ချီလိုက်”

သူမလက်အုပ်ချီ မျက်စိကလေး မှိတ်လိုက် ချိန်မှာ “ဒီစနေသမီး ကိုယ်တွင်းမှာ ပူးချင် သလို ကပ်ချင်သလိုဖြစ်နေတဲ့ လာနှောင့်ယှက်နေတဲ့ အကောင် ခုချက်ချင်း စနေသမီးကိုယ်ထဲကို ဝင်လာ ခဲ့စေ …ခု ဝင်လာခဲ့စမ်း”

သိပ်မစောင့်လိုက်ရပါဘူး။ သူမ တစ်ကိုလုံး တုန်ယင်လာပြီး ယိမ်းထိုးလာပါတော့တယ်။

“ရောက်ရင် ဘုရားကန်တော့လိုက်”

ချက်ချင်း မကန်တော့ပါ။ ကျွန်ုပ်အာဏာစက် ပြင်းပြင်းသုံးလိုက်မှ ကန်တော့လိုက်ပါတယ်။

“အင်း ရောက်လာပြီဆိုတော့ မင်း ဘာ ကောင်လဲဆိုတာ သိရအောင် မူလရုပ် လုပ်ပြလိုက် စမ်း”

ထိုအခါမှာ ပူးကပ်နေသူက လက်သီးနှစ်ဖက် ကျစ်ကျစ်ပါအောင်ဆုပ်ပြီး မြှောက်ပြပါတယ်။ သူ့ ကိုယ်သူ ဘီလူးလို့ပြလိုက်တာပါ။

“မင်းကို ဘယ်သူခိုင်းလိုက်တာလဲ”

သူ့နှုတ်က ဘာမှမပြောပါ။ လက်ဟန်နဲ့ ခိုင်းသူကိုပြပါတယ်။ ဘာလုပ်ခိုင်းထားတာလဲလို့ မေးတဲ့အခါမှာတော့ ဒီစနေသမီး သူတို့ဆီကို မကြာ ခဏ လာနေအောင် …မလာရင်လည်း လာအောင် ပူးကပ်ပြီး ပြောပေးဖို့ လိုက်လာရခြင်းဖြစ်ကြောင်း ဟန်နဲ့ပြောပြပါတယ်။

ကျွန်ုပ်လည်း မိန်းကလေးသိအောင် ကိုယ် တိုင်ပူးနေတာမို့ သူပူးတာဘာလဲ၊ ဘာကြောင့် ပူးရ တာလဲသိဖို့ ရိုက်ထားပေးလိုက်ပါတယ်။

“ဘာပဲဖြစ်ဖြစ် ခုချိန်ကစပြီး မင်း နောက် ဆုတ်လိုက်တော့။ ဒီမိန်းကလေး ကိုယ်တွင်းကိုယ်ပ၊ အိမ်တွင်းအိမ်ပတွေမှာ မင်းတို့နဲ့ ပတ်သက်သမျှ ပညာစက်တွေ၊ ခိုင်းထားတဲ့ အကောင်တွေရှိရင် အားလုံးထုတ်ပေးပြီး မင်းဆရာဆီ မင်း ပြန်လို့ရပြီ”

ဘီလူးလည်း သူနဲ့ပတ်သက်သမျှတွေကို ထုတ်နေပါတယ်။ တော်တော်ကြာအောင် ထုတ်ပြီး တော့မှ ဝုန်းခနဲ ထွက်သွားပါတော့တယ်။

စနေသမီးက အရမ်းကြောက်နေပါတယ်။ အတွေ့အကြုံမရှိသူအတွက် ကြောက်မယ်ဆို ကြောက် လောက်ပါတယ်။

အပေါ်မှာ ရေးလိုက်တဲ့လုပ်ကွက်နဲ့ ဒီစနေ သမီးမှာ ဖြစ်တဲ့လုပ်ကွက်က ပုံစံမတူပေမယ့် ရည် ရွယ်ချက်တူတဲ့ လုပ်ကွက်ပါ။ ဒီအကြောင်းအရာကို ရေးပြရခြင်းက ခုနစ်ရက် သားသမီးတွေအတွက် ပေါ့စေလိုလို့ ကြောင်ဆေးထိုး၊ ဆေးကြောင့်လေး မဖြစ်စေလိုလို့ ရေးလိုက်ရခြင်းပါ။ မည်သူ့အကျိုး စီးပွားကိုမှ ထိခိုက်စေလိုခြင်း မရှိပါဘူး။

မိမိတတ်ထားတဲ့ပညာ၊ ဘဝဆက်၊ ပဋ္ဌာန်း ဆက်ကြောင့် ရထားတဲ့ပညာ၊ သိုက်ဆက်ကြောင့် ရထားတဲ့အသိ စသဖြင့် လုပ်ကိုင်နေကြသူတွေ အများကြီးပါ။ သူတို့ကြောင့် ခုနစ်ရက် သားသမီး သိသင့်တာကို သိကြရတယ်။ ပြင်သင့်တာ ပြင်ကြ ရတယ်။ ယတြာလုပ်ပြီး ရှောင်သင့်တာရှောင်နိုင်ခဲ့ ကြလို့ ဘဝမှာ အဆင်ပြေသွားကြသူတွေ အများကြီး ရှိပါတယ်။ ကျေးဇူးတင်စရာ ကောင်းပါတယ်။

အိုးနဲ့ဆန် တန်ရုံလုပ်နေကြသူတွေအတွက် ဘာမှ ဝေဖန်စရာမလိုပါ။ ဒါပေမဲ့ အိုးသေးသေး (လေးလုံးဆန့်အိုး)နဲ့ ဆန်တစ်ပြည်ထည့်ချက်လို့တော့ မဖြစ်နိုင်ပါဘူး။ အဲဒိလိုလုပ်ချင်စိတ်(လောဘ)ကြောင့် ခုနစ်ရက် သားသမီးများ သုခအစား ဒုက္ခကြုံရရင် အများအတွက် ၀ဋ်ကြွေးကံကြွေးကို သံသရာမှာ ခံရ ပါလိမ့်မယ်။

အားလုံးပဲ ဆင်ခြင်တုံတရားနဲ့ မိမိကြောင့် ခုနစ်ရက်သားသမီး သုခချမ်းသာရစေဖို့ ဆောင်ရွက် ပေးနိုင်ပါစေ …

 

စိန္တာမယဆရာပိုင်

အမှတ်(၃၆၂)၊ ၈-လမ်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့ နယ်၊ ဖုန်း- ဝ၉၄၂၀၇၄၄ ၁၁၂။ ဝ၉၂၅၄၈၁၁၀ဝ၇

Comments

comments

Post Author: manawmaya