နယ္က ဧည့္သည္တစ္ ေယာက္ ကြ်ႏု္ပ္ဆီ ဖုန္း ဆက္လာပါတယ္။
“ဆရာ …ကြ်န္မညီမ အေျခအေန ေတာ္ေတာ္ မေကာင္းလို႔ အဲဒါဆရာနဲ႔ စစ္ ေဆးၾကည့္ခ်င္လို႔ပါ”
“ဘာအေျခအေန မေကာင္းတာလဲ … က်န္းမာေရး ျဖစ္ေနတာ လား”
“မဟုတ္ပါဘူး ဆရာ … သူ႕ကိုယ္မွာ တစ္ခုခု ကပ္ေနတယ္ ထင္လို႔ပါ”
“ဘာေၾကာင့္ ထင္တာလဲ”
“သူစိတ္ေပါက္လာရင္ ၾကက္လည္ပင္းကို ေဖာက္ၿပီး ေသြးေတြစုတ္တယ္ ဆရာ”
“သရဲ၊ အစိမ္းလို႔ေျပာခ်င္တာလား … ဘာပဲျဖစ္ျဖစ္လာခဲ့ေလ …စစ္ေဆးၿပီးမွ အေျဖသိရ မွာေပါ့”
“ဟုတ္ကဲ့ လာခဲ့ပါ့မယ္ ဆရာ”
သူတို႔ ခ်က္ခ်င္း ေရာက္မလာၾကပါ။ တစ္ပတ္ ေလာက္ၾကာေတာ့ မနက္ေစာေစာ ေရာက္လာၾကပါ တယ္။ ကြ်ႏု္ပ္ ေဆးကုသခ်ိန္က မနက္ ၁၀ နာရီခြဲ ေလာက္မွ စတာမို႔ သူတို႔ကို ေခတၲေစာင့္ခိုင္းထားရပါ တယ္။
မနက္ဆို ဘုရားဝတ္ျပဳၿပီးတာနဲ႔ ေဈးသြားၿပီး ဒီေန႔ လာလွဴၾကမယ့္ ပြဲေတြအတြက္ ငွက္ေပ်ာသီး၊ အုန္းသီး၊ ေအာင္သေျပ စတာေတြကို ဝယ္ရပါေသး တယ္။ ဒါေၾကာင့္ ၁၀ နာရီခြဲေလာက္မွ စစ္ေဆး ကုသမႈကို စတင္ေလ့ရွိပါတယ္။
ကုသမႈစတင္လို႔ သူ(အဂၤါသမီး)ကို စတင္ စစ္ေဆးၾကည့္တဲ့အခါမွာ အပင္း၊ ပညာဗူး အျပင္ သူမ်ားအတိုက္ေတြလည္း ေတြ႕ရပါတယ္။
“ခင္ဗ်ား ကိုယ္ထဲမွာ ေတာ္ေတာ္မ်ားေန ပါလား … ဦးဆံုး ခင္ဗ်ား ယူထား ေဆာင္ထား ေသာက္ထား သံုးထားတဲ့ အင္း၊ ေဆး၊ လက္ဖြဲ႕၊ ဓာတ္လံုး၊ ဓာတ္ျပာ ဖေယာင္းတိုင္ထြန္းထားတာ ေတြပါ ကြ်န္ေတာ့္ကို ခဏ အပ္လိုက္ပါ”
“အပ္ပါတယ္ ဆရာ”
ကြ်ႏု္ပ္လည္း သူ႕ကိုယ္တြင္းမွာရွိေနတဲ့ ေအာက္ မလြတ္တဲ့ အေစာင့္ေတြကို အမိန္႔ျပန္ၿပီး ထုတ္လိုက္ ပါတယ္။ (ေအာက္လြတ္တဲ့ အထက္ အေစာင့္မ်ား ကေတာ့ ေနၿမဲအတိုင္းပါပဲ) တဒိုင္းဒိုင္းနဲ႔ ၾကမ္းနဲ႔နဖူး ထိၿပီး မလိုအပ္တဲ့ ေအာက္အေစာင့္ေတြ တစ္ေကာင္ ၿပီး တစ္ေကာင္ ထြက္သြားလိုက္ၾကပါတယ္။ အေျခခံ အဆင့္ အေစာင့္ရွင္းၿပီးေတာ့မွ အဂၤါသမီးကို တိုက္ ခိုက္ထားတဲ့ ပညာသည္(ေခါင္သူႀကီး)ကို ေခၚသြင္း လိုက္ပါတယ္။
“ကဲ …ေရာက္လာရင္ ဘုရားကန္ေတာ့ လိုက္ပါ”
ေရာက္လာသူ ဘုရားဦးစြာ ကန္ေတာ့ခိုင္း လိုက္ၿပီးမွ –
“မင္း ဘာေကာင္လဲ”
“ေအာက္လမ္းဆရာပါ”
“အင္း … မင္း ဒီအဂၤါသမီးကို ဘာေတြလုပ္ ထားတာလဲ”
“အတိုက္လုပ္ထားတာပါ …သူက ဆရာမ ဆိုလို႔ …သူ႕ကိုယ္ထဲမွာ ရြာအဘိုးပူးၿပီး ေဟာေျပာ ေနတယ္ဆိုလို႔ စမ္း လိုက္တာပါ”
“ေၾသာ္ … အဲဒီ ေတာ့ ဘာျဖစ္လဲ”
“သူခံလိုက္ ရတာေပါ့ …”
“သူ႕ကို ဘာျဖစ္ေအာင္ လုပ္ထားတာ လဲ”
“ေခါင္း မထူႏိုင္ေအာင္ လုပ္ထားတာ ပါ … ေနာက္ၿပီး အမ်ားနဲ႔တစ္ ေယာက္ သူ ေျပာတဲ့စကား မတည္ေအာင္ လုပ္ထားပါ တယ္ …ဒါမွ သူေျပာတာေတြ လြဲေအာင္ပါ … လြဲရင္ သူ႕ဆီ လူ မလာေအာင္ပါ”
“ဒီလို ေျပာပံုေထာက္ ရင္ေတာ့ မင္းက သူနဲ႔ ၿပိဳင္ဘက္လို ေဟာေျပာစားေနသူ တစ္ေယာက္ ျဖစ္မယ္ ထင္တယ္”
“ဟုတ္ပါတယ္ …တစ္ရြာ တည္းေနတာပါ”
ကြ်ႏု္ပ္လည္း တိုက္ခိုက္ ထားသူရဲ႕ ပညာစက္ကို သိမ္းခိုင္း သစၥာဆိုခိုင္းၿပီး ျပန္လႊတ္လိုက္ပါတယ္။ ၿပီးေတာ့မွ အဂၤါသမီးရဲ႕အလုပ္ကို ေမးၾကည့္ မိတာပါ။
“ခင္ဗ်ားကို ေမးဦးမယ္ …ခင္ဗ်ားက ရြာမွာ ဘာလုပ္တာလဲ”
အဂၤါသမီးက ဘာမွမေျပာပါ။ သူနဲ႔ပါလာတဲ့ အစ္မဆိုသူက –
“ရြာမွာ သူက ဘယ္လိုေျပာရမလဲဆရာရယ္ …နတ္ဝင္သည္လို႔ ေျပာရမလားပဲ၊ သူမ်ား နတ္ တင္ခ်င္တယ္ဆိုလည္း တင္ေပးတယ္ …ေနာက္ၿပီး သူ႔ကိုယ္မွာ ရြာအဘိုး ဝင္ပူးၿပီး လူေတြကို ကယ္တင္ ေဟာေျပာေပးေနပါတယ္။ လူေတြကေတာ့ ေတာ္ ေတာ္ လာတယ္ဆရာ …ဒါေၾကာင့္ သူ႕ကိုမနာလို လို႔ ေအာက္လမ္းနဲ႔ လုပ္လိုက္တာျဖစ္မယ္”
“အင္း ဒီလိုပဲယူဆရမွာေပါ့ … ခင္ဗ်ား ကိုယ္ထဲမွာ ဝင္ပူးေနတာ ရြာအဘိုး အစစ္လား”
“အဲဒါေတာ့မသိပါဘူး ဆရာ … သူက ေတာ့ ရြာအဘိုးဆိုၿပီး ေဟာေနတာပါပဲ”
“ဒါဆိုလည္း ရြာအဘိုးဟုတ္၊ မဟုတ္ စစ္ ေဆးၾကည့္လိုက္တာေပါ့”
ကြ်ႏု္ပ္လည္း အဂၤါသမီးကိုလက္အုပ္ခ်ီခိုင္းၿပီး “အဂၤါသမီး ကိုယ္တြင္းမွာ ဝင္ေရာက္ပူးကပ္ၿပီး လူ ေတြကို ေဟာေျပာေနတဲ့ တစ္ေယာက္ ခုခ်က္ခ်င္း အဂၤါသမီးကိုယ္ထဲကို ဝင္လာခဲ့စမ္း”လို႔ အမိန္႔ေပး လိုက္ပါတယ္။
ခဏအၾကာမွာေတာ့ အဂၤါသမီး လက္ႏွစ္ဖက္ တုန္ယင္လာၿပီး တစ္စံုတစ္ေယာက္ ဝင္ေရာက္ ပူးကပ္လာပါေတာ့တယ္။
“ေရာက္ရင္ ဘုရားကန္ေတာ့လိုက္”
ေရာက္လာသူက ဘုရားဝတ္ျပဳလိုက္ပါ တယ္။ ၿပီးေတာ့ တင္ပ်ဥ္ေခြ ထိုင္လိုက္တာ
ေၾကာင့္ …
“ဒီေနရာမွာ ဒီလိုမထိုင္ရဘူးဆိုတာ မသိ ဘူးလား …အထိုင္ျပင္လိုက္”
သူ အထိုင္ျပင္လိုက္ပါတယ္။
“ဟုတ္ၿပီ …မင္းဘယ္သူလဲ ေျပာ … အမွန္အတိုင္းေျပာရမယ္ေနာ္ …လိမ္ညာရင္ မီးပဲ”
သူဘာမွမေျပာပါ။ အေတာ္ၾကာၾကာ ၿငိမ္ေန ပါတယ္။
“ဘယ္သူလဲ …မေျပာဘူးဆိုရင္ မင္းက သူတို႔ေျပာသလို ရြာအဘိုးဆိုတာ အမွန္ပဲလား”
ဒါလည္း ဘာမွျပန္မေျပာပါဘူး။ ဒါေၾကာင့္ ကြ်ႏု္ပ္က ခုလိုပူးကပ္လာသူမ်ားကို စစ္ေမးတဲ့ ေမး ခြန္းမ်ား စတင္လိုက္ပါတယ္။
“ေကာင္းၿပီ … မင္းအေၾကာင္းမေျပာခ်င္ ရင္ ငါ့အေၾကာင္း ေျပာေပါ့ကြာ …ငါ့ဘုရားခန္းမွာ ရွိေနတဲ့ ပုဂၢိဳလ္ေတြကို မင္းေျပာရမယ္၊ အမွန္ မေျပာ ႏိုင္ရင္ေတာ့ မင္းလိမ္ေနတာပဲ …ကဲ စေျပာေတာ့ ခု ငါ့ဘုရားခန္းမွာ ဘယ္လိုပုဂၢိဳလ္ေတြ ၾကြေနတာလဲ ေျပာပါဦး”
သူ ဟိုသည္ၾကည့္ၿပီး ဘာမွမေျပာဘဲ ေနပါ တယ္။ သူ မေျပာႏိုင္ပါဘူး။ ကြ်ႏု္ပ္ဘုရားခန္းမွာ ထိုင္လိုက္တာနဲ႔၊ ပေယာဂေတြကို စစ္ေဆး ကုသမႈ စတင္လိုက္တာနဲ႔ ပုဂၢိဳလ္ပိုင္းဆိုင္ရာေတြ ေရာက္ လာတတ္ၾကပါတယ္။ ဒါဟာ ကြ်ႏု္ပ္ကိုယ္တိုင္ သိရွိ ထားတာမို႔ ပူးကပ္ေရာက္လာသူမ်ားအတြက္ စစ္ေမး ေလ့ရွိတဲ့ေမးခြန္းပါ။ ဒါေပမဲ့ သူ မေျဖႏိုင္ပါဘူး။
“အင္း …ဒါကိုမေျဖႏိုင္ဘူးဆိုရင္ေတာ့ မင္းဟာ သူတို႔ေျပာသလို ရြာအဘိုးမျဖစ္ႏိုင္ဘူး … လမိုင္းပဲျဖစ္မယ္။ လမိုင္းေတာင္မွ အဆင့္ျမင့္ လမိုင္း မျဖစ္ႏိုင္ဘူး၊ နိမ့္တဲ့လမိုင္းမ်ိဳးထဲက ျဖစ္မယ္၊ ဒါ ေၾကာင့္ မျမင္ႏိုင္တာပဲ။ ကဲ ဘုရားကန္ေတာ့ၿပီး ထြက္သြားေတာ့”
သူထြက္သြားၿပီးေတာ့မွ …
“ခင္ဗ်ားကိုယ္မွာပူးကပ္ၿပီး ေဟာေျပာေန တယ္ဆိုတာ ခင္ဗ်ားတို႔ ထင္သလို ရြာအဘိုး မဟုတ္ဘူး၊ ၾကားျဖတ္ဝင္ေနတဲ့ လမိုင္း ျဖစ္ဖို႔မ်ားတယ္ …လမိုင္းေတာင္မွ အဆင့္နိမ့္ လမိုင္းထဲက ျဖစ္ ႏိုင္တယ္ …အဲဒိေတာ့ ခင္ဗ်ားဒီ အလုပ္ကို ဆက္ လုပ္ဖို႔၊ မလုပ္ဖို႔ဆိုတာေတာ့ ကြ်န္ေတာ္ ဆံုးျဖတ္ မေပးခ်င္ဘူး …ခင္ဗ်ားသေဘာပဲ။ ဒါေပမဲ့ ခင္ဗ်ား ကိုယ္ထဲက ပူးကပ္သူဟာ အစြမ္းမရွိသူ တစ္နည္း ပါဝါမရွိသူ ျဖစ္ေနတာမို႔ သူမ်ားေတြ ခင္ဗ်ားကို ပညာစက္နဲ႔ တိုက္တဲ့အခါ ကာကြယ္ေပးႏိုင္မွာ မဟုတ္ဘူး …ခင္ဗ်ား ခံေနရမွာပဲ”
သူတို႔လည္း ဆက္လုပ္မယ္၊ မလုပ္ဘူး ဘာမွ မေျပာပါဘူး။ လိုအပ္တာေတြယူၿပီး ျပန္သြားၾကပါ တယ္။
ဘာပဲျဖစ္ျဖစ္ ခုနစ္ရက္သားသမီးေတြ မိမိ ကိုယ္ထဲ ဝင္ေရာက္ပူးကပ္သူ ဘယ္သူဆိုတာ ေသ ေသခ်ာခ်ာ သိသင့္ပါတယ္။
ခုနစ္ရက္သားသမီးေတြ အေတြးအေခၚ အယူအဆမွားမ်ားမွ ကင္းေဝးၾကပါေစ …
စိႏၱာမယဆရာပိုင္
အမွတ္(၃၆၂)၊ ၈-လမ္း၊ (၁၀)ရပ္ကြက္၊ ေတာင္ဥကၠလာပၿမိဳ႕ နယ္၊ ဖုန္း- ဝ၉၄၂၀၇၄၄ ၁၁၂။ ဝ၉၂၅၄၈၁၁၀ဝ၇
Unicode Version
နယ်က ဧည့်သည်တစ် ယောက် ကျွန်ုပ်ဆီ ဖုန်း ဆက်လာပါတယ်။
“ဆရာ …ကျွန်မညီမ အခြေအနေ တော်တော် မကောင်းလို့ အဲဒါဆရာနဲ့ စစ် ဆေးကြည့်ချင်လို့ပါ”
“ဘာအခြေအနေ မကောင်းတာလဲ … ကျန်းမာရေး ဖြစ်နေတာ လား”
“မဟုတ်ပါဘူး ဆရာ … သူ့ကိုယ်မှာ တစ်ခုခု ကပ်နေတယ် ထင်လို့ပါ”
“ဘာကြောင့် ထင်တာလဲ”
“သူစိတ်ပေါက်လာရင် ကြက်လည်ပင်းကို ဖောက်ပြီး သွေးတွေစုတ်တယ် ဆရာ”
“သရဲ၊ အစိမ်းလို့ပြောချင်တာလား … ဘာပဲဖြစ်ဖြစ်လာခဲ့လေ …စစ်ဆေးပြီးမှ အဖြေသိရ မှာပေါ့”
“ဟုတ်ကဲ့ လာခဲ့ပါ့မယ် ဆရာ”
သူတို့ ချက်ချင်း ရောက်မလာကြပါ။ တစ်ပတ် လောက်ကြာတော့ မနက်စောစော ရောက်လာကြပါ တယ်။ ကျွန်ုပ် ဆေးကုသချိန်က မနက် ၁၀ နာရီခွဲ လောက်မှ စတာမို့ သူတို့ကို ခေတ္တစောင့်ခိုင်းထားရပါ တယ်။
မနက်ဆို ဘုရားဝတ်ပြုပြီးတာနဲ့ ဈေးသွားပြီး ဒီနေ့ လာလှူကြမယ့် ပွဲတွေအတွက် ငှက်ပျောသီး၊ အုန်းသီး၊ အောင်သပြေ စတာတွေကို ဝယ်ရပါသေး တယ်။ ဒါကြောင့် ၁၀ နာရီခွဲလောက်မှ စစ်ဆေး ကုသမှုကို စတင်လေ့ရှိပါတယ်။
ကုသမှုစတင်လို့ သူ(အင်္ဂါသမီး)ကို စတင် စစ်ဆေးကြည့်တဲ့အခါမှာ အပင်း၊ ပညာဗူး အပြင် သူများအတိုက်တွေလည်း တွေ့ရပါတယ်။
“ခင်ဗျား ကိုယ်ထဲမှာ တော်တော်များနေ ပါလား … ဦးဆုံး ခင်ဗျား ယူထား ဆောင်ထား သောက်ထား သုံးထားတဲ့ အင်း၊ ဆေး၊ လက်ဖွဲ့၊ ဓာတ်လုံး၊ ဓာတ်ပြာ ဖယောင်းတိုင်ထွန်းထားတာ တွေပါ ကျွန်တော့်ကို ခဏ အပ်လိုက်ပါ”
“အပ်ပါတယ် ဆရာ”
ကျွန်ုပ်လည်း သူ့ကိုယ်တွင်းမှာရှိနေတဲ့ အောက် မလွတ်တဲ့ အစောင့်တွေကို အမိန့်ပြန်ပြီး ထုတ်လိုက် ပါတယ်။ (အောက်လွတ်တဲ့ အထက် အစောင့်များ ကတော့ နေမြဲအတိုင်းပါပဲ) တဒိုင်းဒိုင်းနဲ့ ကြမ်းနဲ့နဖူး ထိပြီး မလိုအပ်တဲ့ အောက်အစောင့်တွေ တစ်ကောင် ပြီး တစ်ကောင် ထွက်သွားလိုက်ကြပါတယ်။ အခြေခံ အဆင့် အစောင့်ရှင်းပြီးတော့မှ အင်္ဂါသမီးကို တိုက် ခိုက်ထားတဲ့ ပညာသည်(ခေါင်သူကြီး)ကို ခေါ်သွင်း လိုက်ပါတယ်။
“ကဲ …ရောက်လာရင် ဘုရားကန်တော့ လိုက်ပါ”
ရောက်လာသူ ဘုရားဦးစွာ ကန်တော့ခိုင်း လိုက်ပြီးမှ –
“မင်း ဘာကောင်လဲ”
“အောက်လမ်းဆရာပါ”
“အင်း … မင်း ဒီအင်္ဂါသမီးကို ဘာတွေလုပ် ထားတာလဲ”
“အတိုက်လုပ်ထားတာပါ …သူက ဆရာမ ဆိုလို့ …သူ့ကိုယ်ထဲမှာ ရွာအဘိုးပူးပြီး ဟောပြော နေတယ်ဆိုလို့ စမ်း လိုက်တာပါ”
“သြော် … အဲဒီ တော့ ဘာဖြစ်လဲ”
“သူခံလိုက် ရတာပေါ့ …”
“သူ့ကို ဘာဖြစ်အောင် လုပ်ထားတာ လဲ”
“ခေါင်း မထူနိုင်အောင် လုပ်ထားတာ ပါ … နောက်ပြီး အများနဲ့တစ် ယောက် သူ ပြောတဲ့စကား မတည်အောင် လုပ်ထားပါ တယ် …ဒါမှ သူပြောတာတွေ လွဲအောင်ပါ … လွဲရင် သူ့ဆီ လူ မလာအောင်ပါ”
“ဒီလို ပြောပုံထောက် ရင်တော့ မင်းက သူနဲ့ ပြိုင်ဘက်လို ဟောပြောစားနေသူ တစ်ယောက် ဖြစ်မယ် ထင်တယ်”
“ဟုတ်ပါတယ် …တစ်ရွာ တည်းနေတာပါ”
ကျွန်ုပ်လည်း တိုက်ခိုက် ထားသူရဲ့ ပညာစက်ကို သိမ်းခိုင်း သစ္စာဆိုခိုင်းပြီး ပြန်လွှတ်လိုက်ပါတယ်။ ပြီးတော့မှ အင်္ဂါသမီးရဲ့အလုပ်ကို မေးကြည့် မိတာပါ။
“ခင်ဗျားကို မေးဦးမယ် …ခင်ဗျားက ရွာမှာ ဘာလုပ်တာလဲ”
အင်္ဂါသမီးက ဘာမှမပြောပါ။ သူနဲ့ပါလာတဲ့ အစ်မဆိုသူက –
“ရွာမှာ သူက ဘယ်လိုပြောရမလဲဆရာရယ် …နတ်ဝင်သည်လို့ ပြောရမလားပဲ၊ သူများ နတ် တင်ချင်တယ်ဆိုလည်း တင်ပေးတယ် …နောက်ပြီး သူ့ကိုယ်မှာ ရွာအဘိုး ဝင်ပူးပြီး လူတွေကို ကယ်တင် ဟောပြောပေးနေပါတယ်။ လူတွေကတော့ တော် တော် လာတယ်ဆရာ …ဒါကြောင့် သူ့ကိုမနာလို လို့ အောက်လမ်းနဲ့ လုပ်လိုက်တာဖြစ်မယ်”
“အင်း ဒီလိုပဲယူဆရမှာပေါ့ … ခင်ဗျား ကိုယ်ထဲမှာ ဝင်ပူးနေတာ ရွာအဘိုး အစစ်လား”
“အဲဒါတော့မသိပါဘူး ဆရာ … သူက တော့ ရွာအဘိုးဆိုပြီး ဟောနေတာပါပဲ”
“ဒါဆိုလည်း ရွာအဘိုးဟုတ်၊ မဟုတ် စစ် ဆေးကြည့်လိုက်တာပေါ့”
ကျွန်ုပ်လည်း အင်္ဂါသမီးကိုလက်အုပ်ချီခိုင်းပြီး “အင်္ဂါသမီး ကိုယ်တွင်းမှာ ဝင်ရောက်ပူးကပ်ပြီး လူ တွေကို ဟောပြောနေတဲ့ တစ်ယောက် ခုချက်ချင်း အင်္ဂါသမီးကိုယ်ထဲကို ဝင်လာခဲ့စမ်း”လို့ အမိန့်ပေး လိုက်ပါတယ်။
ခဏအကြာမှာတော့ အင်္ဂါသမီး လက်နှစ်ဖက် တုန်ယင်လာပြီး တစ်စုံတစ်ယောက် ဝင်ရောက် ပူးကပ်လာပါတော့တယ်။
“ရောက်ရင် ဘုရားကန်တော့လိုက်”
ရောက်လာသူက ဘုရားဝတ်ပြုလိုက်ပါ တယ်။ ပြီးတော့ တင်ပျဉ်ခွေ ထိုင်လိုက်တာ
ကြောင့် …
“ဒီနေရာမှာ ဒီလိုမထိုင်ရဘူးဆိုတာ မသိ ဘူးလား …အထိုင်ပြင်လိုက်”
သူ အထိုင်ပြင်လိုက်ပါတယ်။
“ဟုတ်ပြီ …မင်းဘယ်သူလဲ ပြော … အမှန်အတိုင်းပြောရမယ်နော် …လိမ်ညာရင် မီးပဲ”
သူဘာမှမပြောပါ။ အတော်ကြာကြာ ငြိမ်နေ ပါတယ်။
“ဘယ်သူလဲ …မပြောဘူးဆိုရင် မင်းက သူတို့ပြောသလို ရွာအဘိုးဆိုတာ အမှန်ပဲလား”
ဒါလည်း ဘာမှပြန်မပြောပါဘူး။ ဒါကြောင့် ကျွန်ုပ်က ခုလိုပူးကပ်လာသူများကို စစ်မေးတဲ့ မေး ခွန်းများ စတင်လိုက်ပါတယ်။
“ကောင်းပြီ … မင်းအကြောင်းမပြောချင် ရင် ငါ့အကြောင်း ပြောပေါ့ကွာ …ငါ့ဘုရားခန်းမှာ ရှိနေတဲ့ ပုဂ္ဂိုလ်တွေကို မင်းပြောရမယ်၊ အမှန် မပြော နိုင်ရင်တော့ မင်းလိမ်နေတာပဲ …ကဲ စပြောတော့ ခု ငါ့ဘုရားခန်းမှာ ဘယ်လိုပုဂ္ဂိုလ်တွေ ကြွနေတာလဲ ပြောပါဦး”
သူ ဟိုသည်ကြည့်ပြီး ဘာမှမပြောဘဲ နေပါ တယ်။ သူ မပြောနိုင်ပါဘူး။ ကျွန်ုပ်ဘုရားခန်းမှာ ထိုင်လိုက်တာနဲ့၊ ပယောဂတွေကို စစ်ဆေး ကုသမှု စတင်လိုက်တာနဲ့ ပုဂ္ဂိုလ်ပိုင်းဆိုင်ရာတွေ ရောက် လာတတ်ကြပါတယ်။ ဒါဟာ ကျွန်ုပ်ကိုယ်တိုင် သိရှိ ထားတာမို့ ပူးကပ်ရောက်လာသူများအတွက် စစ်မေး လေ့ရှိတဲ့မေးခွန်းပါ။ ဒါပေမဲ့ သူ မဖြေနိုင်ပါဘူး။
“အင်း …ဒါကိုမဖြေနိုင်ဘူးဆိုရင်တော့ မင်းဟာ သူတို့ပြောသလို ရွာအဘိုးမဖြစ်နိုင်ဘူး … လမိုင်းပဲဖြစ်မယ်။ လမိုင်းတောင်မှ အဆင့်မြင့် လမိုင်း မဖြစ်နိုင်ဘူး၊ နိမ့်တဲ့လမိုင်းမျိုးထဲက ဖြစ်မယ်၊ ဒါ ကြောင့် မမြင်နိုင်တာပဲ။ ကဲ ဘုရားကန်တော့ပြီး ထွက်သွားတော့”
သူထွက်သွားပြီးတော့မှ …
“ခင်ဗျားကိုယ်မှာပူးကပ်ပြီး ဟောပြောနေ တယ်ဆိုတာ ခင်ဗျားတို့ ထင်သလို ရွာအဘိုး မဟုတ် ဘူး၊ ကြားဖြတ်ဝင်နေတဲ့ လမိုင်း ဖြစ်ဖို့များတယ် …လမိုင်းတောင်မှ အဆင့်နိမ့် လမိုင်းထဲက ဖြစ် နိုင်တယ် …အဲဒိတော့ ခင်ဗျားဒီ အလုပ်ကို ဆက် လုပ်ဖို့၊ မလုပ်ဖို့ဆိုတာတော့ ကျွန်တော် ဆုံးဖြတ် မပေးချင်ဘူး …ခင်ဗျားသဘောပဲ။ ဒါပေမဲ့ ခင်ဗျား ကိုယ်ထဲက ပူးကပ်သူဟာ အစွမ်းမရှိသူ တစ်နည်း ပါဝါမရှိသူ ဖြစ်နေတာမို့ သူများတွေ ခင်ဗျားကို ပညာစက်နဲ့ တိုက်တဲ့အခါ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး …ခင်ဗျား ခံနေရမှာပဲ”
သူတို့လည်း ဆက်လုပ်မယ်၊ မလုပ်ဘူး ဘာမှ မပြောပါဘူး။ လိုအပ်တာတွေယူပြီး ပြန်သွားကြပါ တယ်။
ဘာပဲဖြစ်ဖြစ် ခုနစ်ရက်သားသမီးတွေ မိမိ ကိုယ်ထဲ ဝင်ရောက်ပူးကပ်သူ ဘယ်သူဆိုတာ သေ သေချာချာ သိသင့်ပါတယ်။
ခုနစ်ရက်သားသမီးတွေ အတွေးအခေါ် အယူအဆမှားများမှ ကင်းဝေးကြပါစေ …
စိန္တာမယဆရာပိုင်
အမှတ်(၃၆၂)၊ ၈-လမ်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့ နယ်၊ ဖုန်း- ဝ၉၄၂၀၇၄၄ ၁၁၂။ ဝ၉၂၅၄၈၁၁၀ဝ၇