ဖုတ် ဟုတ် မဟုတ် အမြန်ဖော်ထုတ်

ဖုတ်ဝင်သည့်အကြောင်းကို ကျွန်ုပ်ရေးခဲ့ဖူး ပါတယ်။ လူ့အသက်ရှိနေစဉ် ဝင်ရောက်စားသောက်  နေသော ဖုတ်နဲ့ လူသေသွားပြီးမှ ဝင်ရောက်နေသော ဖုတ်ဆိုပြီး ခွဲခြားရေးသားခဲ့တာ ဖြစ်ပါတယ်။ အသက်ရှိစဉ် ဝင်ပြီး စားသောက်နေတဲ့ဖုတ်ဟာ သူ့ကို ထုတ်လိုက်ပေမယ့် လူကတော့ သက်ရှိထင်ရှား ရှိနေဆဲပါ။ သေပြီးမှ ဝင်နေတဲ့ဖုတ်မျိုးကတော့ သူ့ ကိုထုတ်လိုက်တာနဲ့ လူသေသွားတတ်ပါတယ်။

ခုရေးမှာလည်း ဖုတ်ဆန်ဆန်ဝင်ရောက်နေ တဲ့ သရဲတစ်ကောင်အကြောင်းပါ။

ရောက်လာတာကတော့ ငါးဆယ်ကျော် လောက် ယောကျာ်းနှစ်ယောက်၊ သုံးဆယ်ကျော် လောက် ယောကျာ်းတစ်ယောက်နဲ့ ငါးဆယ်လောက် မိန်းမတစ်ယောက် ဖြစ်ပါတယ်။ သူတို့မျက်နှာတွေ ကတော့ အတော်လေး နွမ်းနေတာတွေ့ရပါတယ်။ အဲဒီထဲက ငါးဆယ်ကျော်တစ်ယောက်က –

“ဖြစ်နေတဲ့လူနာက ကျွန်တော့်အမေပါ။ ခု ဆေးရုံတင်ထားရပါတယ်။ အစားလည်း မစားတဲ့ အပြင် မနေ့က သူ့ခေါင်းကိုရွှေ့ဖို့ သူ့ကိုကျွန်တော် တို့သုံးယောက် ပွေ့ချီကြတဲ့အခါ လုံးဝ မလို့မရဖြစ်နေ ပါတယ်။ အရမ်းလေးနေတယ် ဆရာ”

“ဟုတ်ပါတယ်ဆရာ၊ အဘွားက တော်တော် ပိန်နေပါပြီ။ အမှန်ဆို ကျွန်တော်တို့ ယောကျာ်းအား နဲ့ တစ်ယောက်တည်း မရင်တောင် ရနိုင်ပါလျက်နဲ့ သုံးယောက်မတာ မရလို့ ထူးခြားမှုတစ်ခုခုပဲဆိုပြီး ဆရာ့ဆီ လာခဲ့တာပါ”

“ခင်ဗျားတို့ အမေကြီး ချော်လဲသေးတယ် မဟုတ်လား”

“ဟုတ်ကဲ့ ချော်လဲရာကနေ ခုလိုဖြစ်သွား ပြီး ဆေးရုံတင်လိုက်ရတာပါ။ ဆေးရုံရောက်မှ အစား လည်း မဝင်၊ လူလည်း ပိုပိန်လာပါတယ်။ အဲဒီလောက် ပိန်နေတဲ့သူကို ကျွန်တော်တို့သုံးယောက် မတာ ကြွတောင် မကြွဘူး ဆရာရယ်။ တော်တော်ထူးဆန်းပါ တယ်”

“အင်း ချော်လဲစဉ်က အကောင်တစ်ကောင် ကပ်လိုက်လို့ပါ။ ဒါခင်ဗျားတို့ အမေကိုယ်မှမဟုတ် တာ။ ဟိုကောင်ပါရှိနေတော့ အရမ်းလေးနေတာ ပေါ့”

“ဟုတ်ကဲ့ အဲဒါကို လုပ်ပေးပါဆရာ”

“ခု အဲဒီကောင်ကို ကျွန်တော် ထုတ်ပေး လိုက်မယ်။ ခင်ဗျားတို့ ခုပြန်သွားလို့ ဆေးရုံရောက် တာနဲ့ မကြည့်လိုက်။ မနေ့က မရတာနဲ့ ဘယ်လိုထူး ခြားမှုရှိလဲ ကျွန်တော့်ကို ဖုန်းပြန်ဆက်ပေးပါ”

“ဟုတ်ကဲ့ ဆက်ပေးပါ့မယ် ဆရာ”

“ခင်ဗျားတို့အမေအတိုင်း ပေါ့ပေါ့လေး ပါ လာလိမ့်မယ်ဗျာ။ ကျွန်တော် သေချာပြောနိုင်တယ်”

ကျွန်ုပ်လည်း ရဲရဲကြီး အာမခံလိုက်ပြီး အမေ ကြီးရဲ့ အသက်နဲ့ ခန္ဓာကို အပ်ခိုင်းလိုက်ပါတယ်။ ထုံးစံအတိုင်း အသက်နဲ့ ခန္ဓာကိုချုပ်ပြီး အမေကြီး ကိုယ်ထဲကို ဘာကြောင့်ဖြစ်ဖြစ် ရောက်နေတဲ့ သရဲ၊ သူယောင်၊ ဘီလူးမှန်သမျှ ခုချက်ချင်းထွက်သွားပြီး  မိမွေးတိုင်းဖမွေးတိုင်းဖြစ်ဖို့ အမိန့်ပြန်လိုက်ပါတယ်။

ဒီလိုဝင်နေတဲ့အကောင်(သရဲ၊ ဘီလူး)ကို တော့ ဖုတ်လို့အမည်နာမ မပေးကြပါဘူး။ သရဲကပ် နေတယ်လို့ပဲ ပြောကြမှာပါ။ သူတို့အပြော အမေကြီး ကရေချိုးခန်းမှာ ချော်လဲတယ်။ ဒီဒဏ်ရာတွေကြောင့် ဆေးရုံတင်လိုက်ရတယ်။ အသက်က ၈၄ နှစ်ရှိပါပြီ။ အမှန်ကတော့ ဒီလောက် အသက်ရှိသူတွေ ချော်မ လဲတာ အကောင်းဆုံးပါပဲ။ ချော်လဲလို့ အရိုးထိခိုက် သွားရင် ပြန်ဆက်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တော့ပါဘူး။ အရမ်း အခက်အခဲရှိပါတယ်။ ဒါကြောင့် လူကြီးကို မလဲအောင် ဂရုစိုက်ဖို့လိုပါတယ်။

ဆေးရုံပေါ် ရောက်သွားတော့ ဆေးရုံက စစ် ဆေးမှုတွေလုပ်ကြ၊ ဓာတ်မှန်တွေ ဘာတွေရိုက် စသဖြင့် လုပ်သမျှကိုလည်း ခံနိုင်ရည် မရှိနိုင်တော့ပါ ဘူး။ နောက်ပိုဆိုးတာက ချော်လဲစဉ်မှာ အကောင် မကပ်ရင် တော်ပါသေးတယ်။ အကောင်ကပ်သွားရင် တော့ တော်တော် မကောင်းတာပါ။ ကပ်လိုက်တဲ့ အကောင်ပေါ်မူတည်ပြီး သူ့အသက်ရှည်မူ၊ တိုမှုက အဆုံးအဖြတ် ပေးတတ်ပါတယ်။ အကောင်းဆုံးက တော့ စိတ်ထဲမှာ မသင်္ကာတာနဲ့ စစ်ဆေးပြီး အမြန် ဆုံး ထုတ်ပစ်နိုင်ဖို့လိုပါတယ်။

ခုအမေကြီးကိုယ်မှာ ကပ်နေတဲ့အကောင်ကို အကြောင်းကြောင်းကြောင့် မထုတ်လိုက်မိရင် ဒီ ကောင်က ချယ်လှယ်တော့မှာပါ။ ဟိုဟာစား ဒီဟာ စားမယ်၊ ဟိုသွားမယ် ဒီသွားမယ်လုပ်လာတတ်သလို  လူတွေနဲ့လည်း မတည့်ဖြစ်လာတတ်ပါတယ်။ လူတွေရဲ့ သီလ၊ သမာဓိကို သူ မခံနိုင်ပါဘူး။ ဒါကြောင့် သီလ၊ သမာဓိရှိသူ(သို့) အထက်ဆရာ များဆိုရင် သူ့ဆီမလာနဲ့။ ဒီကောင့်ကို နှင်ထုတ်လိုက်။ ဒီကောင် သူ့ဆီ လူနာမေးမလာစေနဲ့ စသဖြင့် လူတွေကို ပြဿနာရှာတတ်ပါတယ်။

နောက်တစ်ချက်က လူနာတစ်ယောက်မှာ သာမန်ရောဂါကို ကုလို့ပျောက်နိုင်ပေမယ့် ဒီကောင် မျိုး ကပ်နေတဲ့လူနာကတော့ ဆေးမတိုးတာတို့၊ ဆေးထိုးဆေးသောက်ပေမယ့် အာနိသင်မရှိတာတို့  တွေ့ကြုံရတတ်ပါတယ်။ ဥပမာ ပြောရရင် လူ သေကောင်ကို ဆေးသွင်းရသလိုပါပဲ။ ဘာမှကို မဝင် နိုင်ဖြစ်ပြီး ဘယ်လိုကုကု မပျောက်နိုင်ဖြစ်နေတတ် ပါတယ်။

လူနာစောင့်က ကိုယ့်လူနာကို သတိကြီးကြီး နဲ့ စောင့်ကြည့်ဖို့လိုပါတယ်။ ဒါမှသာလျှင် ကိုယ့် လူနာ ဘာထူးခြားလဲဆိုတာ သိနိုင်မှာပါ။ ထူးခြားမှု ရှိတာနဲ့ တတ်သိနားလည်သူဆီမှာ စစ်ဆေးပြီး ခုလို အကောင်ကပ်နေတာဆိုရင်လည်း အမြန်ဆုံးထုတ် ပစ်လို့ ရနိုင်ပါတယ်။

ဒီလူနာအမေကြီးနဲ့ ပတ်သက်ပြီး သူတို့ပြန် သွားတဲ့အခါ ကျွန်ုပ် သုံးလေ့ရှိတဲ့ စက်ပြတ် ရေမန်း ပေးလိုက်ပါတယ်။ သားဖြစ်သူကို တန်ပြန်ဂါထာပေး လိုက်ပြီး ရွတ်စေခိုင်းလိုက်ပါတယ်။ ဒီသတင်းကို သိချင်လို့ စောင့်နေပေမယ့် အဲဒီနေ့က ဖုန်းပြန် မဆက်ပါဘူး။ နောက်နေ့မနက် ကိုးနာရီလောက်မှာ  အဘွားကြီးသား ဖုန်းလှမ်းဆက်ပါတယ်။

“ဆရာခင်ဗျား ကျွန်တော်မနေ့က ဆေးရုံ တင်ထားတဲ့ အမေကြီးရဲ့သားပါ။ ထူးခြားမှုရှိလို့ ဆရာ့ ဆီ ဖုန်းဆက်တာပါ”

“အေးဗျ ကျွန်တော်လည်း ခင်ဗျားဖုန်းမျှော် နေတာ။ ဘာထူးခြားလဲ ပြောပါဦး”

“မနေ့က ဆရာ့ဆီကပြန်သွားပြီး ဆေးရုံ ရောက်တော့ ကျွန်တော်တို့ထဲက တစ်ယောက် အမေ့ကို မကြည့်လိုက်ပါတယ်။ ဆရာပြောလိုက်တဲ့ အတိုင်းပါပဲဆရာ။ အမေ့ကိုယ်က ပေါ့ပေါ့လေးပါလာ ပါတယ်။ တော်တော့်ကို ထူးခြားတာပါ။”

“အဲဒါခင်ဗျားအမေ အစစ်ဖြစ်သွားလို့ပါ။ မနေ့ကတော့ အကောင်ကပ်နေလို့ လေးတာလေ။ ခုရှင်းသွားတဲ့သဘောပါ”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဆရာ။ ကျွန် တော်လည်း ဆရာ့ဆီလာခဲ့ပါဦးမယ်”

သူတို့အတွက်တော့ တော်တော်လေး ထူး ခြားသွားတာပါ။ ကိုယ်တွေ့ကြုံမှယုံမယ်ဆိုသူများ ဒီအဖြစ်မျိုးဖြစ်လာရင် မယုံမရှိ ယုံရမှာဖြစ်ပါတယ်။

ဒါကြောင့် လူနာရှိသူများ အထူးသဖြင့် နာတာရှည်လူနာတွေဆိုရင် သူ့ကိုလည်း ဂရုစိုက်၊ သူ့အနီးပတ်ဝန်းကျင်ကိုလည်း ဂရုစိုက်၊ သူ့စရိုက် အပြောင်းအလဲကိုလည်း ဂရုစိုက်သင့်ပါတယ်။ ဒါမှ သာ ကိုယ်က လက်ဦးမှုရယူပြီး မကောင်းတာ မသန့် တာရှိနေရင် အမြန်ထုတ်ပစ်လို့ရမှာပါ။

ခုနစ်ရက်သားသမီးအားလုံး အထက်လမ်း စိတ်ဓာတ်ဖြစ်ပါစေ

 

စိန္တာမယဆရာပိုင်

အမှတ်(၃၆၂)၊ ၈-လမ်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့ နယ်၊ ဖုန်း- ဝ၉၄၂၀၇၄၄ ၁၁၂။ ဝ၉၂၅၄၈၁၁၀ဝ၇

Comments

comments

Post Author: manawmaya