ဆွမ်းတော်ကပ်ပြီးလှူဒါန်းပါ

လူမှာ အရွယ်သုံးပါးရှိတဲ့အနက် ပထမအရွယ်လွန်မြောက်ပြီး ဒုတိယအရွယ် ရောက်လာခဲ့ ပြီဆိုတာနဲ့ စီးပွားဥစ္စာကို ရှာဖွေရပါတော့မယ်။ ပညာအခြေခံကလည်း ကောင်းမယ်။ ကျောထောက် နောက်ခံကလည်း တောင့်တောင့်တင်းတင်း ရှိမယ်။ ကိုယ့်မှာလည်း ရာထူးရာခံရှိမယ်ဆိုရင်တော့ အတိုင်း ထက်အလွန်ပဲပေါ့။
စီးပွားဥစ္စာ ရှာဖွေတဲ့အခါမှာ စီးပွားပျက်စေ မယ့် အပျော်အပါး၊ လောင်းကစားစတာတွေကိုတော့ ရှောင်ကြဉ်ရမှာပေါ့။ ရတာနဲ့ သုံးတာ ကာမိဖို့လည်း အရေးကြီးပါတယ်။ အများနဲ့ ဆက်နွှယ်နေတဲ့ လုပ်ငန်းတွေ လုပ်ကိုင်ကြတဲ့အခါမှာလည်း ကိုယ့်လုပ်ငန်း အောင်မြင်ဖို့တင်မက ကိုယ့်ကိုလည်း အများလေးစားတာကို ခံယူချင်ကြမှာပဲ။ ကိုယ့်ရဲ့ ဂုဏ်သတင်းဟာလည်း ကျော်ကြားမယ်။ ထင်ရှား မယ်။ စီးပွားလာဘ်လာဘတွေလည်း ဝင်လာမစဲ တသဲသဲဆိုရင် မကောင်းပေဘူးလား။ ဒီလိုမျိုး ပြည့် စုံဖို့ရာအတွက် ဆွမ်းတော်ကပ်ပြီး လှူဒါန်းတဲ့ ယတြာလေး ပေးချင်ပါတယ်။ လုပ်ရမယ့်အချိန်က မနက် ကိုးနာရီတိတိ၊ ကိုယ့်မွေးနေ့မှာ လုပ်၊ ကိုယ်တိုင်လုပ်ဖို့ မအားရင် ကိုယ့်အိမ်သူ၊ အိမ်သားကို လုပ်ခိုင်းပါ။ ထူးခြားမှုတွေ ကြုံတွေ့လာရပါလိမ့်မယ်။

(၁) တနင်္ဂနွေဖွားများ –
နံနက်ကိုးနာရီ ငှက်ပျောသီး ၁၀ လုံးကို အခွံနွှာ၊ သကြားဖြူး၊ ဆွမ်းတော်ကပ်ပါ။

(၂) တနင်္လာဖွားများ –
နံနက်ကိုးနာရီ ပန်းသီး ကိုးလုံးမှာ ဆီးသီး၊ သကြားထည့်ပြီး ဆွမ်းတော်ကပ်ပါ။

(၃) အင်္ဂါဖွားများ –
နံနက်ကိုးနာရီ ပန်းကန်ပြားထဲ ရှောက်ယို ငါးပုံပုံပြီး ဆွမ်းတော်ကပ်ပါ။

(၄) ဗုဒ္ဓဟူးဖွားများ –
နံနက်ကိုးနာရီ ပန်းကန်ပြား သုံးချပ်မှာ ပဲပင်ပေါက်ကြော်ထည့် ဆွမ်းတော်ကပ်ပါ။

(၅) ကြာသပတေးဖွားများ –
နံနက်ကိုးနာရီ သရက်သီး ခြောက်စိတ် စိတ်ပြီး ဆွမ်းတော်ကပ်ပါ။

(၆) သောကြာဖွားများ –
နံနက်ကိုးနာရီ ဖန်ခွက် ရှစ်ခွက်မှာ နွားနို့အစိမ်းထည့်ပြီး ဆွမ်းတော်ကပ်ပါ။

(၇) စနေဖွားများ –
နံနက်ကိုးနာရီ ပန်းကန်ပြား ရှစ်ချပ်ထဲ အုန်းသီးခြစ်ထည့်ပြီး ဆွမ်းတော်ကပ်ပါ။

 

 

သုတေသီ ဆရာငြိမ်း

Comments

comments

Post Author: manawmaya