လုပ္ငန္းခြင္ထဲ အ႐ႈပ္နည္းဖုိ႔

“ဘာ ဘယ္လို …ေျပာစမ္းပါဦး ေမာင္ ညြန္႔တင္”

“ဒီလိုပါ ဆရာ၊ ခုတေလာ အလုပ္ခြင္က အလုပ္စားပြဲမွာ မထိုင္လိုက္ေလနဲ႔။ ဘယ္လိုမွ မျမင္ သာတဲ့ စိတ္ညစ္ညဴးစရာကိစၥေတြက ဘယ္က ဘယ္လို ထြက္လာၾကတယ္ မသိပါဘူး။ လူကို တစ္ခါတည္း ညစ္သြားတာပဲ ဆရာရယ္။ အလုပ္ စားပြဲမွာ ေနခ်င္စိတ္ေတာင္ မရွိေတာ့ဘူး။ အလုပ္ရွင္ ကလည္း က်ပ္သလားမေမးနဲ႔။ ကြ်န္ေတာ့္အလုပ္ လည္း ဆရာသိရဲ႕သားနဲ႔။ လူတစ္ရာ၊ ဝါးတစ္ရာနဲ႔ ဆက္ဆံေနတာ။ အဲဒီလူေတြနဲ႔ အလုပ္ရွင္ၾကား တစ္ခါတစ္ခါ ကိုယ့္ကိုယ္ကို ငါ လူမွ ဟုတ္ေသးရဲ႕ လား။ ပဲေလွာ္ၾကားက ဆားမ်ား ျဖစ္ေနၿပီလားလို႔ ေတာင္ အေတြးေခ်ာ္မိတယ္ ဆရာေရ႕”

“ဆက္ေျပာစမ္းပါဦး ေမာင္ညြန္႔တင္”

“ဆက္ေျပာလည္း ေမာစရာေတြက တစ္ ေလွႀကီးဆိုသလို ပါလာဦးမွာပဲ ဆရာရယ္။ ကြ်န္ေတာ္ ထင္တာကေတာ့ ကြ်န္ေတာ့္ရဲ႕ လုပ္ငန္းခြင္မွာ အ႐ႈပ္ထုပ္ႀကီး ေရာက္ေနတယ္။ မျမင္ႏိုင္တဲ့ အေႏွာင့္အယွက္ေတြ ဝန္းရံေနတယ္။ ဒီအတိုင္းသာ ဆက္သြားေနရင္ ကြ်န္ေတာ္ေတာ့ စိတ္ညစ္တာနဲ႔ တင္ လံုးပါးပါးရေတာ့မလား မသိဘူး”

“ဒီေတာ့ ဘာမ်ား လုပ္ခ်င္ပါသလဲ ေမာင္ ညြန္႔တင္”

“အလုပ္က ထြက္လိုက္ရင္ ေကာင္းမလား မသိပါဘူး။ ကိုယ့္အေပၚ အလုပ္ရွင္က နားမလည္ တာလည္း အ႐ႈပ္တစ္ခုပဲ ဆရာရဲ႕”

“မွန္ပါတယ္ ေမာင္ညြန္႔တင္၊ ဒါေပမဲ့ အဲဒါ ေတြကို ေလာကဓံလို႔ သေဘာထားလိုက္ပါကြာ လူတိုင္းဟာ ေလာကဓံတရားနဲ႔ ေန႔စဥ္ စီးခ်င္းထိုးေန ရတာပဲ။ ႀကံ႕ႀကံ႕ခံဖို႔ေတာ့ လိုတယ္။ စိတ္ညစ္တယ္။  စိတ္႐ႈပ္တယ္ဆိုၿပီးေတာ့လည္း ညေနတိုင္း ယမင္း ဆိုင္ဘက္ ခ်ီတက္ၿပီး လွိမ့္ေသာက္မေနနဲ႔ဦး။ ငါ့ မိတ္ေဆြ ဦးၿငိမ္းသူႀကီးလို တစ္ေခါင္းလံုးသာမက    မ်က္ခံုးေမံးပါ ျဖဴသြားမယ္”

“ျဖဴခ်င္ ျဖဴစမ္းပါေစ၊ စိတ္႐ႈပ္တာေတာ့ မခံခ်င္ဘူး ဆရာရယ္”

“ဒီအတြက္ မပူနဲ႔ ငါေျပာသလို လုပ္ၾကည့္ စမ္း၊ မထူးျခားရင္ ႀကိဳက္သလိုေျပာ ဟုတ္ပလား”

“လုပ္မယ္ဆရာ ေျပာပါ”

“မင္းက ေမာင္ညြန္႔တင္ဆိုေတာ့ အဂၤါသား ေပါ့။ ဒီေတာ့ မင္းရဲ႕ အလုပ္ခြင္ကို ေရာက္တဲ့အခါ မင္းရဲ႕ အလုပ္စားပြဲ ညာဘက္အံဆြဲထဲကို အုန္းညြန္႔၊   ထန္းညြန္႔ ေလးညြန္႔စီ ထည့္ထားေပး၊ ႀကံဳတဲ့ အခက္ အခဲေတြ ေပ်ာက္သြားလိမ့္မယ္”

“ဟာ တယ္နိပ္ပါကလား၊ လုပ္ၾကည့္မယ္ ဆရာ၊ လုပ္ၾကည့္မယ္။ ဒါထက္ ကြ်န္ေတာ့္လိုပဲ အခက္အခဲ အ႐ႈပ္အေထြးေတြ ႀကံဳေနရတဲ့ အျခားေန႔ သားေတြဆိုရင္ေကာ”

“လြယ္ပါတယ္ကြာ ေဟာဒီလို မွတ္သာ သြား”

ဟုဆိုလ်က္ ကြ်ႏု္ပ္လည္း စာရြက္တစ္ရြက္ ေပၚ၌ ေအာက္ပါအတိုင္း ေရးခ်ေပးလိုက္ပါေတာ့ ၏။

 

၁။ တနဂၤေႏြသားသမီးမ်ား သရက္၊ ငွက္ ေပ်ာ ႏွစ္ညြန္႔စီ ညာဘက္အံဆြဲထဲ ထည့္ပါ။

 

၂။ တနလၤာသားသမီးမ်ား တမာ၊ အုန္း သံုးညြန္႔စီ ညာဘက္အံဆြဲထဲ ထည့္ပါ။

 

၃။ အဂၤါသားသမီးမ်ား အုန္း၊ ထန္း ေလးညြန္႔စီ ညာဘက္အံဆြဲထဲ ထည့္ပါ။

 

၄။ ဗုဒၶဟူးသားသမီးမ်ား ကံ့ေကာ္၊ ငွက္ေပ်ာ ငါးညြန္႔စီ ညာဘက္ အံဆြဲထဲ ထည့္ပါ။

 

၅။ ၾကာသပေတးသားသမီးမ်ား ဆီး၊ မန္က်ည္း ေျခာက္ညြန္႔စီ ညာဘက္အံဆြဲထဲ ထည့္ပါ။

 

၆။ ေသာၾကာသားသမီးမ်ား မယ္ဇလီ၊ ဆီး ခုနစ္ညြန္႔စီ ညာဘက္အံဆြဲထဲ ထည့္ပါ။

 

၇။ စေနသားသမီးမ်ား ငွက္ေပ်ာ၊ ဆီး တစ္ညြန္႔စီ ညာဘက္အံဆြဲထဲ ထည့္ပါ။

 

သုေတသီၿငိမ္း

 

Unicode Version

“ဘာ ဘယ်လို …ပြောစမ်းပါဦး မောင် ညွန့်တင်”

“ဒီလိုပါ ဆရာ၊ ခုတလော အလုပ်ခွင်က အလုပ်စားပွဲမှာ မထိုင်လိုက်လေနဲ့။ ဘယ်လိုမှ မမြင် သာတဲ့ စိတ်ညစ်ညူးစရာကိစ္စတွေက ဘယ်က ဘယ်လို ထွက်လာကြတယ် မသိပါဘူး။ လူကို တစ်ခါတည်း ညစ်သွားတာပဲ ဆရာရယ်။အလုပ် စားပွဲမှာ နေချင်စိတ်တောင် မရှိတော့ဘူး။ အလုပ်ရှင် ကလည်း ကျပ်သလားမမေးနဲ့။ ကျွန်တော့်အလုပ် လည်း ဆရာသိရဲ့သားနဲ့။ လူတစ်ရာ၊ ဝါးတစ်ရာနဲ့ ဆက်ဆံနေတာ။ အဲဒီလူတွေနဲ့ အလုပ်ရှင်ကြား တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကို ငါ လူမှ ဟုတ်သေးရဲ့ လား။ ပဲလှော်ကြားက ဆားများ ဖြစ်နေပြီလားလို့ တောင် အတွေးချော်မိတယ် ဆရာရေ့”

“ဆက်ပြောစမ်းပါဦး မောင်ညွန့်တင်”

“ဆက်ပြောလည်း မောစရာတွေက တစ် လှေကြီးဆိုသလို ပါလာဦးမှာပဲ ဆရာရယ်။ ကျွန်တော် ထင်တာကတော့ ကျွန်တော့်ရဲ့ လုပ်ငန်းခွင်မှာ အရှုပ်ထုပ်ကြီး ရောက်နေတယ်။ မမြင်နိုင်တဲ့ အနှောင့်အယှက်တွေ ဝန်းရံနေတယ်။ ဒီအတိုင်းသာ ဆက်သွားနေရင် ကျွန်တော်တော့ စိတ်ညစ်တာနဲ့ တင် လုံးပါးပါးရတော့မလား မသိဘူး”

“ဒီတော့ ဘာများ လုပ်ချင်ပါသလဲ မောင် ညွန့်တင်”

“အလုပ်က ထွက်လိုက်ရင် ကောင်းမလား မသိပါဘူး။ ကိုယ့်အပေါ် အလုပ်ရှင်က နားမလည် တာလည်း အရှုပ်တစ်ခုပဲ ဆရာရဲ့”

“မှန်ပါတယ် မောင်ညွန့်တင်၊ ဒါပေမဲ့ အဲဒါ တွေကို လောကဓံလို့ သဘောထားလိုက်ပါကွာ လူတိုင်းဟာ လောကဓံတရားနဲ့ နေ့စဉ် စီးချင်းထိုးနေ ရတာပဲ။ ကြံ့ကြံ့ခံဖို့တော့ လိုတယ်။ စိတ်ညစ်တယ်။  စိတ်ရှုပ်တယ်ဆိုပြီးတော့လည်း ညနေတိုင်း ယမင်း ဆိုင်ဘက် ချီတက်ပြီး လှိမ့်သောက်မနေနဲ့ဦး။ ငါ့ မိတ်ဆွေ ဦးငြိမ်းသူကြီးလို တစ်ခေါင်းလုံးသာမက    မျက်ခုံးမေံးပါ ဖြူသွားမယ်”

“ဖြူချင် ဖြူစမ်းပါစေ၊ စိတ်ရှုပ်တာတော့ မခံချင်ဘူး ဆရာရယ်”

“ဒီအတွက် မပူနဲ့ ငါပြောသလို လုပ်ကြည့် စမ်း၊ မထူးခြားရင် ကြိုက်သလိုပြော ဟုတ်ပလား”

“လုပ်မယ်ဆရာ ပြောပါ”

“မင်းက မောင်ညွန့်တင်ဆိုတော့ အင်္ဂါသား ပေါ့။ ဒီတော့ မင်းရဲ့ အလုပ်ခွင်ကို ရောက်တဲ့အခါ မင်းရဲ့ အလုပ်စားပွဲ ညာဘက်အံဆွဲထဲကို အုန်းညွန့်၊   ထန်းညွန့် လေးညွန့်စီ ထည့်ထားပေး၊ ကြုံတဲ့ အခက် အခဲတွေ ပျောက်သွားလိမ့်မယ်”

“ဟာ တယ်နိပ်ပါကလား၊ လုပ်ကြည့်မယ် ဆရာ၊ လုပ်ကြည့်မယ်။ ဒါထက် ကျွန်တော့်လိုပဲ အခက်အခဲ အရှုပ်အထွေးတွေ ကြုံနေရတဲ့ အခြားနေ့ သားတွေဆိုရင်ကော”

“လွယ်ပါတယ်ကွာ ဟောဒီလို မှတ်သာ သွား”

ဟုဆိုလျက် ကျွန်ုပ်လည်း စာရွက်တစ်ရွက် ပေါ်၌ အောက်ပါအတိုင်း ရေးချပေးလိုက်ပါတော့ ၏။

၁။ တနင်္ဂနွေသားသမီးများ သရက်၊ ငှက် ပျော နှစ်ညွန့်စီ ညာဘက်အံဆွဲထဲ ထည့်ပါ။

၂။ တနင်္လာသားသမီးများ တမာ၊ အုန်း သုံးညွန့်စီ ညာဘက်အံဆွဲထဲ ထည့်ပါ။

၃။ အင်္ဂါသားသမီးများ အုန်း၊ ထန်း လေးညွန့်စီ ညာဘက်အံဆွဲထဲ ထည့်ပါ။

၄။ ဗုဒ္ဓဟူးသားသမီးများ ကံ့ကော်၊ ငှက်ပျော ငါးညွန့်စီ ညာဘက် အံဆွဲထဲ ထည့်ပါ။

၅။ ကြာသပတေးသားသမီးများ ဆီး၊ မန်ကျည်း ခြောက်ညွန့်စီ ညာဘက်အံဆွဲထဲ ထည့်ပါ။

၆။ သောကြာသားသမီးများ မယ်ဇလီ၊ ဆီး ခုနစ်ညွန့်စီ ညာဘက်အံဆွဲထဲ ထည့်ပါ။

၇။ စနေသားသမီးများ ငှက်ပျော၊ ဆီး တစ်ညွန့်စီ ညာဘက်အံဆွဲထဲ ထည့်ပါ။

သုတေသီငြိမ်း

Comments

comments

Post Author: manawmaya