ဘဝကိုပြောင်လက်စေသောအရာ

ဘဝကိုထောင်တက်၍ ပြောင်လက်စေသော အရာမှာ အခြားမဟုတ်။ အတွေ့အကြုံပဲ ဖြစ်တယ်။

အတွေ့အကြုံများလေလေ ဘဝအတွက် တန်ဖိုးရှိလေလေပဲ ဖြစ်သည်။ အတွေ့အကြုံသည် အသိတရားများကို ရရှိစေ၏။ ထိုအသိတရားများ သည် အောင်မြင်မှုရရန်အတွက် အစွမ်းသတ္တိများပင် ဖြစ်သည်။ ဤ၌ အတွေ့အကြုံကောင်းများရရှိစေရန် အလို့ငှာ တစ်သီးတစ်သန့် ကြိုးပမ်းနေစရာ မလိုပါ ချေ။ မိမိရည်ရွယ်ထားသည့်အလုပ်၊ မိမိတာဝန်ယူ ထားရသည့်အလုပ်တို့အား မဆုတ်မနစ်ဘဲ အာရုံနှစ် ဝင်စားကာ ပြေလည်ကောင်းမွန်အောင်လုပ်ဆောင် နိုင်လျှင် အတွေ့အကြုံတို့ အလိုလို ရရှိလာမှာပဲဖြစ်  သည်။ ထိုအတွေ့အကြုံတို့ကို သှိမှီးလျက် သူ့နေ ရာနှင့်သူ အထားအသိုမှန်ကန်စွာ အသုံးချသွားမည် ဆိုလျှင် အောင်မြင်မှုများ ရရှိလာမှာသေချာသည်။

အောင်မြင်ရယူလိုသူအတွက် မိမိတို့လုပ် ဆောင်နေသော အလုပ်အပေါ်တွင် ဝါယမစိုက်ဖို့ လိုပါလိမ့်မည်။ အလုပ်လုပ်နေရင်းမှ မထင်မှတ်ဘဲ ဝင်ရောက်လာတတ်သော အခက်အခဲ၊ အဆီးအတား များကို ကျော်လွှားနိုင်ဖို့ လိုပါတယ်။ ပြဿနာပေါ် ပေါက်လျှင် ပြေလည်အောင် ဖြေရှင်းတတ်ဖို့ အရေး ကြီးပါသည်။ တိုးတက်ရာတိုးတက်ကြောင်း လမ်း ကောင်း၊ အခွင့်ကောင်းကို ရှာတတ်ရပါမည်။ စိတ် ဓာတ်ယိမ်းယိုင်ကျဆင်းခြင်းမရှိဘဲ မိမိလုပ်နိုင်သမျှ ကို အစွမ်းကုန် ကောင်းနိုင်သမျှ ကောင်းအောင်လုပ်ရ ပါမည်။ ထိုမှ အတွေ့အကြုံကောင်းတွေ ရရှိလာပါ လိမ့်မည်။

ပတ်ဝန်းကျင်၌ မိမိထက်ရှေ့သို့ ရောက်နေ သူတွေကို တွေ့ရပါလိမ့်မည်။ ထိုပုဂ္ဂိုလ်များအဖို့ အကြောင်းမဲ့ရှေ့သို့ ရောက်လာကြခြင်း မဟုတ်။ မိမိကဲ့သို့ပင်အောက်ခြေမှစတင်၍ လုပ်ဆောင်ခဲ့ကြရ သူများသာ ဖြစ်ပါသည်။ ゞင်းတို့၏ ဘဝအစသည် လည်း အခက်အခဲ၊ အဆီးအတားများ ရှိကြပါလိမ့် မည်။ သို့ပါသော်ငြား မလျှော့သော ဇွဲလုံ့လတို့ဖြင့် ရည်မှန်းချက်ပန်းတိုင်ရှိရာသို့ အတွေ့အကြုံကောင်း များကို အခြေခံလျက် စိုက်လိုက်မတ်တပ် လျှောက် လှမ်းသွားကြခြင်းဖြင့်သာ မူလအနေအထားမှ ခွဲထွက် ကာ ရှေ့သို့ရောက်သွားကြခြင်းပင် ဖြစ်ပါသည်။ မိမိ တို့အနေဖြင့် လောကဓံရိုက်ခတ်မှုဖြင့် ဖြစ်ပေါ်လာ သော အခက်အခဲအပေါင်းအား ဒူးမထောက်၊ လက် မမြှောက်သည့်ကာလပတ်လုံး ကျရှုံးခြင်းလက္ခဏာ  သည့ အနားသို့ပင် ဝေ့ဝဲမလာနိုင်ပေ။ ထာဝစဉ် ကြိုးစားအားထုတ်မှုသည် ရလဒ်ကောင်းကို ပေါ်ထွန်း လာစမြဲဖြစ်သည်။ ထိုအခါ မိမိထက်ရှေ့ရောက်နေ သော ခြေလှမ်းများကို အမီလိုက်နိုင်ပေလိမ့်မည်။

လောက၌ ပျင်းရိသောသူတွေကို ဒုနဲ့ဒေးဆို သလို တွေ့ရပါလိမ့်မည်။ ထိုသူတို့သည် မိမိတို့ရှေ့ သို့ရောက်လာသော အခက်အခဲအတားအဆီးများကို ရင်ဆိုင်မဝံ့ဘဲ ရှောင်ကွေ့သွားတတ်ကြသည်။ သည့် အတွက် အောင်မြင်ထွန်းပေါက်မှုမရှိဘဲ အုတ်အရော ရော ကျောက်အရောရောသာ ဖြစ်သွားတတ်ကြ သည်။ စင်စစ် အလုပ်ဟူသည် လူတစ်ယောက်၌ ပျင်းရိခြင်းဝန်ထုပ်ဝန်ပိုးအပိခံရပြီဆိုပါက ဘဝ၌တွေ့ ကြုံရလေ့ရှိသည့် အခက်အခဲပြဿနာ အမျိုးမျိုးဟူ သည့် အဆီးအတားတို့အား ကျော်လွှားဖြတ်သန်းနိုင် မည်မဟုတ်ပေ။ မကောင်းသော စရိုက်ဆိုး၊ အကျင့် ဆိုးတို့ကို လေ့လာဆန်းစစ်ကြည့်လျှင် ပျင်းရိခြင်းကို မလွဲမသွေ တွေ့ရမည်ဖြစ်၏။ ပျင်းရိခြင်းကြောင့် ဘဝအတွက် အထောက်အကူကောင်းဖြစ်သော အတွေ့အကြုံကောင်းများကို လက်လွှတ်ဆုံးရှုံးရပေ သည်။

သည်တော့ ရိုးစင်းလှသည့် အလုပ်ဟူသမျှ ဂုဏ်ရှိစွဟူသည့်ဆောင်ပုဒ်ကို လက်ကိုင်ပြုလျက် အလုပ်ကို ချစ်ဖို့လိုပေသည်။ အလုပ်ကိုချစ်ခြင်း ကြောင့် ဘဝ၌နောင်တရစရာတွေဖြစ်မလာနိုင်။ ရုပ် ခန္ဓာက အလုပ်ပေါ် စိတ်ပျက်ငြီးငွေ့လာပြီဆိုလျှင် စိတ်ဓာတ်ကိုလည်း ယိမ်းယိုင်သွားစေပါလိမ့်မည်။ စိတ်ဓာတ်ယိုင်ပြီဆိုလျှင် ဘဝအတွက် အပေါင်း လက္ခဏာတွေ ဆိတ်သုဉ်းသွားပါလိမ့်မည်။ အတွေ့ အကြုံကောင်းတွေ ရှောင်ကွင်းသွားပါလိမ့်မည်။ မည် သည့်အလုပ်ကိုမျှ စိတ်ရောကိုယ်ပါ လုပ်ဆောင်ခြင်း မရှိဘဲ ရင်းစားပြန်မရနိုင်သော အချိန်တို့အား အလဟဿဖြုန်းတီးပစ်ခြင်းလောက် ကြီးမားသော ဆုံးရှုံးမှုမရှိပါချေ။

သို့ဖြစ်၍အလုပ်ကိုချစ်ခြင်းနှင့်အတူ ရရှိလာ မည့်အတွေ့အကြုံကောင်းတို့ကို ထွေးပွေ့ဖို့လိုအပ်ပေ သည်။

 

နန္ဒာမိုးကြယ်

Comments

comments

Post Author: manawmaya