ဧကရာဇ်ငါးဦးရဲ့ ထူးခြားဆန်းပြားမှုများ

ကမ္ဘာ့ရာဇဝင်မှာ နာမည်ကြီးထင်ရှားခဲ့တဲ့ ဧကရာဇ်များစွာ ရှိခဲ့ဖူးပါတယ်။ စစ်ရေးစစ်ရာ၊ အုပ်ချုပ်မှုစွမ်းရည်နဲ့ နာမည်ကြီးခဲ့တဲ့သူတွေချည်း ပါပဲ။ သူတို့ပိုင်ဆိုင်ရာ နိုင်ငံ နယ်နိမိတ်ထက်ကျော် ပြီး ထင်ရှားခဲ့ကြခြင်းမှာ ထိုဧကရာဇ်များရဲ့ ဘုန်း တန်ခိုးနဲ့ ကံဇာတာတွေကြောင့်ပဲဆိုရင် မှားမယ် မထင်ပါဘူး။ သူတို့ဘဝတွေ၊ သူတို့အောင်မြင်မှုတွေ ဟာ စိတ်ဝင်စားစရာကောင်းသလို မမြင်နိုင်တဲ့ တန်ခိုးရှင်များရဲ့ စောင့်ရှောက်မှုများလည်း ပါဝင် ပတ်သက်နေတတ်ပါတယ်။ အခုဖော်ပြပေးမယ့် ဧကရာဇ်ငါးဦးရဲ့ ထူးခြားဆန်းပြားမှုတွေဟာ ဂမ္ဘီရ ဆန်သလို နားလည်ရခက်တဲ့ အဖြစ်အပျက်တွေပါ ပဲ။ စာဖတ်ပရိသတ်ကြီးအတွက် ဗဟုသုတရသလို  စိတ်ဝင်စားစရာတွေ ဖြစ်စေမှာ အမှန်ပါပဲ။ ဧကရာဇ် ငါးဦးရဲ့ ထူးခြားဆန်းပြားတဲ့ အကြောင်းတွေကို ဝေမျှ ပေးလိုက်ရပါတယ်။

 

(၁)တရုတ်နိုင်ငံရဲ့ ဧကရာဇ် ကျင်ရှိဟောင်

တရုတ်နိုင်ငံရဲ့ ပထမဆုံးသော ဧကရာဇ် ဘုရင်တစ်ပါးဟာ ကျင်ရှိဟောင်ပဲ ဖြစ်ပါတယ်။ ကျင်ရှိဟောင်ဟာ ဧကရာဇ်ပီသစွာ စွမ်းဆောင်နိုင် တဲ့ အရည်ချင်းရှိသူ တစ်ယောက်ပါ။ သူ့မှာ အများ နဲ့ မတူတဲ့ ထူးဆန်းတဲ့ အတွေးတွေနဲ့ နေထိုင်တတ် သူတစ်ယောက်ပါ။ ကျင်ရှိဟောင်ဟာ ဘဝရဲ့ အချိန် တော်တော်များများကို ရှင်သန်ခြင်း အဓိပ္ပာယ်ရဲ့ အရေးပါတဲ့ အချက်ကို ရှာဖွေရင်း ကုန်ဆုံးခဲ့တယ်လို့  လူတွေက ပြောကြ ရေးကြပါတယ်။ သာမန်လူ ဖြစ်ဖြစ် မင်းဧကရာဇ်ပဲဖြစ်ဖြစ် စိုးရိမ်ကြောင့်ကြတတ် မှုကတော့ ရှိစမြဲပါ။ ကျင်ရှိဟောင်ရဲ့ အဓိက စိုးရိမ် ထိတ်လန့်မှုကတော့ သူ့ရဲ့ ရန်သူတော်တွေဟာ သူ့ အသက်ကို မရရအောင်လုပ်ကြံမယ့် ကိစ္စပါပဲ။ ဒါ ကြောင့်ပဲ နေရာတစ်နေရာမှာ နှစ်ခါပြန် အိပ်စက် လေ့မရှိပါဘူး။ ခရီးသွားတဲ့အခါတိုင်းမှာလည်း ဒူး လေး လက်နက် အမြောက်အမြားကို အမြဲဆောင် တတ်ပါတယ်။ သူဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို ထုတ်ဖော်ပြောကြားတဲ့သူဟာ နိုင်ငံတော်ရာဇဝတ်မှု ကို ကျူးလွန်သူလို့ သတ်မှတ်ပါတယ်။ မြေအောက် လျှို့ဝှက်လမ်းတွေ ပြုလုပ်ထားပြီး လျှို့ဝှက်စွာ သွားလာနေထိုင်တတ်ပါတယ်။ ဒီအကျင့်ဟာ ဘယ် အထိ ကပ်ပါသွားသလဲဆိုရင် သူသေလွန်သွားခဲ့ရင် တောင် ရန်သူတွေရန်က  ကာကွယ်နိုင်ဖို့ ရည် ရွယ်ပြီး အလွန်ကြီးမားတဲ့ ဂူသင်္ချိုင်းကြီးကို ကြိုတင် ဆောက်လုပ်စေပါတယ်။ အဲဒီဂူသင်္ချိုင်းထဲမှာ လူ့ အရွယ်အစားအတိုင်း ရွှံ့ရုပ်ပြုလုပ်ပြီး စစ်သားပေါင်း ရှစ်ထောင်ကျော်ကိုပါ သူ့ဝိညာဉ်အလောင်းကို ကာကွယ်ပေးနိုင်ဖို့ ထည့်သွင်းစီမံဆောက်လုပ်စေ ပါတယ်။ ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ နောက်ဘဝတွေမှာ သူ့ရဲ့ဩဇာအာဏာဆက်လက် တည်တံ့နိုင်အောင် အစီမံပြုလုပ်တတ်သူပါ။ အနာ ဂတ်ကို ကြိုမြင်ဟောကိန်းထုတ်နိုင်သူ၊ တတ်ကျွမ်း တဲ့ ဆေးဆရာတွေရဲ့ အကူညီနဲ့ သူ့ဘဝ သက်တမ်း ကို ဘယ်လိုဆွဲဆန့်နိုင်မလဲလို့ အမြဲပဲ ဆွေးနွေး တိုင်ပင်လေ့ရှိပါတယ်။ သူအထိတ်လန့်ဆုံး အကြောက် ဆုံးအဖြစ်ပျက်ကတော့ ပင်လယ်ထဲမှာ မကောင်း ဆိုးဝါးရဲ့ သတ်ဖြတ်ခြင်းခံရမှာကိုပဲ ဖြစ်ပါတယ်။ အဲဒီ မကောင်းဆိုးဝါး အကောင်ကြီးတွေဟာ သူ့ကို အမြဲပဲ လိုက်ရှာနေတတ်တယ်လို့ အိပ်မက် မက် လေ့ရှိပါတယ်။ စိုးရိမ်ကြောင့်ကြမှု များလွန်းတဲ့ ဧကရာဇ်ကြီးဟာ နောက်ဆုံးမှာတော့ အကြောက် လွန်တဲ့စိတ်ကြောင့်ပဲ နာဖျားပြီး နတ်ရွာစံသွားခဲ့ပါ တယ်။

 

(၂) ဧကရာဇ် ကာလီဂူလာ

ဧကရာဇ် ကာလီဂူလာရဲ့ ထီးနန်းသက်ကတော့ လေးနှစ်တာပဲ ကြာရှည်ခဲ့ပါတယ်။ ကာလီ ဂူလာဟာ ရောမအင်ပါယာရဲ့ ဧကရာဇ်တစ်ပါး ဖြစ်ခဲ့ သလို ရာဇဝင်မှာတော့ အရက်စက်ဆုံးနဲ့ အထူးဆန်း ဆုံးသော ဧကရာဇ်တစ်ပါးအဖြစ် ထင်ရှားခဲ့ပါတယ်။ သူထီးနန်းစိုးစံချိန်မှာ သက်တော်ဟာ ၂၅ နှစ် အရွယ် ပဲ ရှိပါသေးတယ်။ အုပ်ချုပ်တဲ့ နှစ်နှစ်တာ ကာလ မှာတော့ နိုင်ငံကို ကောင်းမွန်စွာ စီမံအုပ်ချုပ်ခဲ့ပေ မယ့် နောက်ပိုင်းနှစ်များမှာတော့ မလျော်မကန်တဲ့ ဥပဒေတွေပြဋ္ဌာန်းပြီး ထင်ရာမြင်ရာတွေ လျှောက် လုပ်ပါတော့တယ်။ သူ့ရဲ့ မျက်နှာကို ကြည့်တာ မျိုးကိုတောင် ဥပဒေချိုးဖောက်တာလို့ သတ်မှတ်လာ ပါတယ်။ ရာဇဝတ်သားတွေကို ခြင်္သေ့လှောင်အိမ်ထဲ ထည့်ပြီး အပြစ်ပေးပါတယ်။ သူဟာ ညှဉ်းဆဲနှိပ်စက် မှုရဲ့ ဧကရာဇ်တစ်ပါးလို့ တွင်ခဲ့ပါတယ်။ သူအနှစ် သက်ဆုံး နှိပ်စက်ညှဉ်းပမ်းမှုကတော့ အပြစ်ရှိသူရဲ့ တစ်ကိုယ်လုံးကို ပျားရည်တွေ သုတ်လိမ်းစေပြီး နကျယ်ကောင်တွေ ကိုက်စေတဲ့နည်းပါပဲ။ အပျော် အပါးကို လွန်လွန်ကျူးကျူး လိုက်စားပြီး သူ့ရဲ့ ကာမဖျော်ဖြေမှုအဖြစ် သွေးရင်းသားရင်းတွေကို အသုံးချရုံမက လိင်တူတွေနဲ့ပါ ပျော်ပါးခဲ့တယ်လို့ ဆိုပါတယ်။ အထူးဆန်းဆုံးကတော့ ကာလီဂူလာ  ဟာ သူ့ကိုယ်သူ လူတစ်ပိုင်း၊ နတ်ဘုရားတစ်ပိုင်း အဖြစ် တရားဝင်ကြေညာခဲ့ခြင်းပါ။

သူဟာ သူ့ရဲ့ စီးတော်မြင်းအတွက် တန်ဖိုး ကြီးတဲ့ ခြုံလွှာတွေကို ဆင်မြန်းပေးတတ်သလို မြင်းဇောင်းတန်းကိုလည်း တန်ဖိုးကြီး မာဘယ်လ် ကျောက်တွေနဲ့ စီခြယ်တည်ဆောက်ပေးပါတယ်။ သူ့စီးတော်မြင်းကို ရောမနိုင်ငံသားတစ်ယောက်အ ဖြစ် တရားဝင်ကြေညာပေးပါတယ်။ ဒီလောက်နဲ့ မရပ်တန့်ပါဘူး။ စီးတော်မြင်းကို တရားသူကြီးချုပ် အဖြစ် ခန့်အပ်ခဲ့ရုံမက ဘုန်းတော်ကြီးအဖြစ်ပါ သတ် မှတ်ပေးခဲ့တဲ့ ဧကရာဇ်တစ်ပါးပဲ ဖြစ်ပါတယ်။

 

(၃) စပိန်ဘုရင်မ ဂျူအာနာ(၁)

ဂျူအာနာကို Juana the mad လို့ခေါ်ဆို ကြပါတယ်။ ဂျူအာနာဟာ ခင်ပွန်းဖြစ်သူ Philip of Burgundy နဲ့ လက်ထပ်ခဲ့ပြီး ၁၄၉၆ ခုနှစ်မှာ တော့ စပိန် Hasburg မင်းဆက်ရဲ့ ပထမဆုံး ဘုရင်မဖြစ်လာခဲ့ပါတယ်။ ဧကရာဇ်ဘုရင်မ ဖြစ်ပြီဆို တော့ တန်ခိုးအာဏာထက်ပြီပေါ့။ ခင်ပွန်းဖြစ်သူ ဟာ ရှုပ်ပွေတဲ့ စရိုက်ရှိလို့ ဂျူအာနာဟာ ယောကျာ်း နဲ့ ပတ်သက်ပြီး အမြဲလိုလို သဝန်တိုတတ်သူတစ် ဦးပါ။ ဒီအကျင့်ဟာ မိန်းမတစ်ယောက်ရဲ့ ပုံမှန် အကျင့်လို့ ဆိုရမလိုပါပဲ။ အဲဒီစိတ်အစွဲနဲ့ပဲ လူတကာ ပေါ်မှာ ယုံမှားသံသယစိတ်တွေ လွန်ကဲလာပါတော့ တယ်။ နန်းဆောင်ထဲမှာ အသက်ကြီးပြီး ရုပ်ဆိုးလွန်း တဲ့ မိန်းမတွေကိုသာ ထားပါတယ်။ ဧကရာဇ်ဘုရင်မ တစ်ပါးရဲ့ ကြောက်စရာကောင်းတဲ့ အပြုအမူတွေ ပါပဲ။ သူ့ခင်ပွန်းနဲ့ ဖောက်ပြားတယ်လို့ သံသယရှိ ပြီး တော်တော်များများကို သတ်ဖြတ်ခဲ့ပါ၏တယ်။ ဒီမှာတင် သဝန်တိုမှုကို မရပ်ခဲ့ပါဘူး။ သူ့အပေါ် ယောကျာ်းဖြစ်သူရဲ့ ချစ်ခင်ယုယစိတ်တွေ အမြဲရှိ နေစေဖို့ မှော်အတတ်နဲ့ ပြုစားတတ်ပါသေးတယ်။ အချစ်ကြီးသလို သဝန်တိုတတ်လွန်းတဲ့ ဧကရာဇ် ဘုရင်မတစ်ပါးပါပဲ။ ခင်ပွန်းဖြစ်သူရဲ့ အရေးတယူ ပြုတာ မခံရရင် အစာငတ်ခံ ဆန္ဒပြတတ်ပါသေး တယ်။

ဒီလိုနေရင်းကပဲ ခင်ပွန်းဖြစ်သူ Philip ဟာ အပြင်းအထန် ဖျားနာပြီး အရင် ကွယ်လွန်သွားပါ တယ်။ ဂျူအာနာဟာ ရက်ပေါင်းများစွာတိုင်အောင် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ပြီး ခင်ပွန်းရဲ့ ရုပ်ကလာပ်နားက မခွာပါဘူးတဲ့။ ခြေချောင်းလေး တွေကို နမ်းရှုပ်နေတတ်ပါတယ်။ အသက်မဲ့သွား တဲ့ ယောကျာ်းဖြစ်သူ အခြားအမျိုးသမီးတွေနဲ့ ဖောက်ပြားမှာ စိုးတဲ့အတွက် ခေါင်းတလားနားဆီကို ဘယ်အမျိုးသမီးမှ ကပ်ခွင့်မပြုပါဘူး။ ဆုတောင်း ဝတ်ပြုဖို့လာတဲ့ သီလရှင်ကိုတောင် ဧကရာဇ် ဘုရင်မက ခွင့်မပြုခဲ့ပါဘူး။

 

(၄) ပြင်သစ်ဘုရင် ချားလ်စ်(၆)

ဧကရာဇ်တွေဖြစ်ခဲ့ပေမယ့် အတိတ်ကံ ကြောင့်လားတော့ မသိကြပါဘူး။ သူတို့ရဲ့ ဆင်ခြင် နိုင်မှုတရားဟာ သာမန်လူထက်တောင် နိမ့်ကျနေ တတ်ပါတယ်။ ပြင်သစ်ဘုရင် ချားလ်စ်(၆)ဟာလည်း ဒီအထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။

ဧကရာဇ်ဖြစ်နေပေမယ့် ချားလ်စ်ဟာ စိတ် ကစဥ့်ကလျားရောဂါကို ခံစားရှာနေရသူပါ။ ဒီစိတ် အခံကြောင့်ပဲ လူတွေအပေါ်မှာယုံမှား သံသယ အမြဲပဲ ဖြစ်လေ့ရှိပါတယ်။ စိတ်ကိုစိတ်ကပဲ ပျက်စီးစေ ပါတယ်။ သာမန် လူတစ်ယောက်မဟုတ်ဘဲ ဧကရာဇ် တစ်ပါးဖြစ်နေတော့ လူတွေ ဘယ်လောက်များ ဒုက္ခ ရောက်ကြရမလဲဆိုတာကို တွေးကြည့်ရုံနဲ့ သိနိုင် ပါတယ်။

အဖြစ်အပျက်တစ်ခုပဲ ဆိုပါတော့ … နောက်လိုက်နောက်ပါတွေ ခြံရံပြီး တောအုပ်တစ်ခုကို မြင်းစီးပြီး အတူဖြတ်သန်းကြပါတယ်။ ဒီမှာတင် ရုတ်တရက် စိတ်ဖောက်ပြီး သူ့ရဲမက်တွေကို သူ ကိုယ်တိုင် တိုက်ခိုက်ပါတော့တယ်။ တားဆီးတဲ့ သူ တွေကိုလည်း သူ့ဆောင်ဓားနဲ့ အဆုံးစီရင်လိုက် ပါသတဲ့။

တစ်စထက်တစ်စ ချားလ်စ်ဟာ ဆိုးရွားလာ ပါတော့တယ်။ သူ့ကိုယ်သူ ဘုရင်ဧကရာဇ်ဆိုတာ တောင် မေ့လျော့သွားတတ်ပါတယ်။ ရက်တွေသာ မက လအတော်ကြာ ရေချိုးဖို့၊ အဝတ်လဲဖို့ ငြင်းဆန် တတ်ပါတယ်။ နန်းတော်ထဲမှာ အော်ဟစ်ပြေးလွှားနေ တတ်ပါသေးတယ်။

ကြောင်သွားတာလား၊ ရာထူးစည်းစိမ် အမက် လွန်သွားတာမျိုးလားတော့ မသိပါဘူး။ ချားလ်စ်ဟာ သူ့ကိုယ်သူ ဖန်နဲ့ပြုလုပ်ထားတဲ့ဘ လူသားတစ်ဦး လို့ မှတ်ယူထားပါသတဲ့။ သူ့ကိုတစ်ယောက်ယောက် က တို့ထိလိုက်တာနဲ့ ကွဲကြေသွားမှာလို့ အမြဲပဲ စိုး ရိမ်နေတတ်ပါတယ်။ ဒါကြောင့်ပဲ ကိုယ်ပေါ်မှာအဝတ် အစား အထပ်ထပ်ဝတ်ပြီး သူ့ကို ဘယ်သူမှ မထိကြ ဖို့ အမိန့်ထုတ်ထားတတ်ပါတယ်။

 

(၅) အော်တိုမန်အင်ပါယာရဲ့ ဧကရာဇ်

သူ့အမည်ကတော့ အီဗရာဟင်(၁)ပဲ ဖြစ်ပါ တယ်။ အော်တိုမန်အင်ပါယာကို ၁၆ ရာစုကနေ ၁၇ ရာစုအတွင်း စီမံအုပ်ချုပ်ခဲ့တဲ့ ဧကရာဇ်တစ်ပါး ဖြစ်ပါတယ်။ အီဗရာဟင်ဟာ ရူးသွပ်သူ၊ ရက်စက် တတ်သူ ဧကရာဇ်တစ်ပါးပဲ ဖြစ်ပါတယ်။ ဒီလို စိတ် အစွဲဖြစ်စေခဲ့တာကလည်း သူ့မှာ အကြောင်းရှိခဲ့တယ် လို့ ဆိုပါတယ်။ သူငယ်စဉ်က ပြတင်းပေါက်မပါတဲ့ အဆောက်အအုံထဲမှာ ပိတ်လှောင်ထားခြင်းခံခဲ့ရပါ တယ်။ သူ့အစ်ကိုသေဆုံးပြီး ၂၃ နှစ်အရွယ်ရောက် တဲ့အခါမှ ပိတ်လှောင်ထားခြင်းကနေ လွတ်မြောက် လာပြီး ဘုရင်ဖြစ်ခဲ့ပါတယ်။

အီဗရာဟင်ကတော့ မိန်းမတွေကို စွဲလမ်း နှစ်သက်သူပါ။ သူ ဘုရင်ဖြစ်တာနဲ့ သူနဲ့ပျော်ပါးဖို့ အပျိုစင်တွေထားမယ့် အဆောက်အအုံတစ်ခုကို အရင်ဆုံးဆောက်စေပါတယ်။ မိန်းမတွေနဲ့ ပတ် သက်ပြီး သူ့စိတ်ခံစားမှုက တစ်မျိုး ထူးဆန်းနေပါ တယ်။ ဝလွန်းတဲ့ သာမန် ထွားကြိုင်းလွန်းတဲ့ မိန်းမ တွေကိုပဲ ရွေးချယ်ဆက်ဆံပါတယ်။ အီဗရာဟင် အနှစ်သက်အစွဲလမ်းဆုံး အမျိုးသမီးကတော့ ပေါင် ၃၅၀ ရှိတဲ့ ကြံ့ခိုင်တုတ်ခိုင်သူတစ်ဦး ဖြစ်ပါသတဲ့။

သူ့စိတ်အလိုအတိုင်း ရက်စက်တတ်ပြီး နှိပ် စက်တတ်သလို သေဒဏ်ပေးခြင်းတွေကိုလည်း မကြာခဏ ပြုလုပ်တတ်ပါတယ်။ ဘယ်လောက်ထိ ရက်စက်သလဲဆိုရင် သူမွေးထားတဲ့ သူ့သားအရင်း ကိုတောင် ရေကန်ထဲပစ်ချပြီး ကလေးရဲ့ မျက်နှာ ကို ဒေါသတကြီး ထိုးနှက်တတ်ပါသေးတယ်။

၁၉၄၈ ခုနှစ်မှာတော့ အာဏာသိမ်းမှု ဖြစ် ပေါ်ခဲ့ပြီး အီဗရာဟင် ဖမ်းဆီးခြင်းခံရပါတယ်။ ရဲ တိုက်ထဲမှာပဲ အီဗရာဟင်ကို ချုပ်နှောင်ထားပြီး လုပ်ကြံသူတို့ရဲ့ သတ်ဖြတ်ခြင်းခံခဲ့ရပြီး ဇာတ်သိမ်း ခဲ့ပါတယ်။

 

နေလရောင်

Comments

comments

Post Author: manawmaya