အခ်စ္လမ္းေလး ေအးခ်မ္းပါေစ

အခ်ိဳ႕ေသာခ်စ္သူစံုတြဲေတြမွာ ခ်စ္လမ္းခရီး မေျဖာင့္ျဖဴးတာေတြ ႀကံဳရတတ္ပါတယ္။

မနာလိုသူေတြရဲ႕ အေႏွာင့္အယွက္၊ ႏွစ္ဖက္ ေဆြမ်ိဳး အသိုင္းအဝိုင္းတို႔ရဲ႕ အေႏွာင့္အယွက္ … စသည္ျဖင့္ ႀကံဳရတတ္ပါတယ္။

အဲဒီလို အခ်စ္လမ္းခရီးမွာ ဆူးခင္းလမ္းလို ျဖစ္ေနတဲ့ သမီးရည္းစားစံုတြဲေတြအတြက္ ေဟာဒီ ဂမီၻရအစီအရင္ေလးက တစ္စံုတရာေသာ ကာကြယ္မႈကို ေပးစြမ္းႏိုင္ပါလိမ့္မယ္။

ဘာလုပ္ရမလဲဆိုေတာ့

လက္ကိုင္ပုဝါ အျဖဴေရာင္ကေလးတစ္ထည္ေပၚမွာ ဘာေန႔သား ေမာင္ဘယ္သူ + ဘာေန႔သမီး မဘယ္သူ လို႔ ေရးပါ။

ၿပီးေတာ့ ႏွင္းဆီပန္းကေလးတစ္ပြင့္ကေန ပြင့္ဖတ္ကေလးေတြကို တစ္ဖတ္ခ်င္းေျခြရင္း ဆုေတာင္းၿပီး လက္ကိုင္ပဝါေပၚကို တင္ပါ။

ၿပီးရင္ အဲဒီပြင့္ဖတ္ကေလးေတြကို လက္ကိုင္ပဝါနဲ႔ ထုပ္လိုက္ပါ။ ႀကိဳးတစ္ေခ်ာင္းနဲ႔ စုၿပီး စီးလိုက္ပါ။ အဲဒီအထုပ္ကေလးကို ကိုယ္နဲ႔မကြာ ေဆာင္ထားပါ။ အိတ္ကပ္ထဲမွာပဲထည့္ထည့္၊ ပိုက္ဆံအိတ္ထဲမွာပဲ ထည့္ထည့္ေပါ့ …။

အဲဒါကို ေသာၾကာညတစ္ညမွာ ျပဳလုပ္ရမွာ ျဖစ္ပါတယ္။ လက္ကိုင္ပုဝါအထုပ္ကေလး ေဆာင္ထားၿပီး တစ္ပတ္ျပည့္တဲ့ ေသာၾကာေန႔မွာေတာ့ လက္ကိုင္ပုဝါေလးကိုျဖည္ၿပီး အထဲက ပြင့္ဖတ္ေတြကို အိုးေလးတစ္လံုးထဲမွာ ထည့္ပါ။

ကေလးေတြကစားတဲ့ ေျမအိုးဘုတ္လိုဟာထဲထည့္ရင္လည္း ရတာေပါ့ …။ အိုးကို အဖံုးဖံုးၿပီး အဆင္ေျပတဲ့ တစ္ေနရာရာမွာ ေျမႀကီးထဲ ျမႇဳပ္လိုက္ဖို႔ ျဖစ္ပါတယ္။

အဲဒါဆိုရင္ သင္တို႔ရဲ႕ အခ်စ္လမ္းခရီးမွာ ႀကံဳလာႏိုင္တဲ့ အေႏွာင့္အယွက္ေတြကေန အကာအကြယ္ျပဳၿပီး ျဖစ္သြားေစပါလိမ့္မယ္။

 

ေနာရာဇာ

 

အချို့သောချစ်သူစုံတွဲတွေမှာ ချစ်လမ်းခရီး မဖြောင့်ဖြူးတာတွေ ကြုံရတတ်ပါတယ်။
မနာလိုသူတွေရဲ့ အနှောင့်အယှက်၊ နှစ်ဖက် ဆွေမျိုး အသိုင်းအဝိုင်းတို့ရဲ့ အနှောင့်အယှက် … စသည်ဖြင့် ကြုံရတတ်ပါတယ်။

အဲဒီလို အချစ်လမ်းခရီးမှာ ဆူးခင်းလမ်းလို ဖြစ်နေတဲ့ သမီးရည်းစားစုံတွဲတွေအတွက် ဟောဒီ ဂမ္ဘီရအစီအရင်လေးက တစ်စုံတရာသော ကာကွယ်မှုကို ပေးစွမ်းနိုင်ပါလိမ့်မယ်။

ဘာလုပ်ရမလဲဆိုတော့

လက်ကိုင်ပုဝါ အဖြူရောင်ကလေးတစ်ထည်ပေါ်မှာ ဘာနေ့သား မောင်ဘယ်သူ + ဘာနေ့သမီး မဘယ်သူ လို့ ရေးပါ။

ပြီးတော့ နှင်းဆီပန်းကလေးတစ်ပွင့်ကနေ ပွင့်ဖတ်ကလေးတွေကို တစ်ဖတ်ချင်းခြွေရင်း ဆုတောင်းပြီး လက်ကိုင်ပဝါပေါ်ကို တင်ပါ။

ပြီးရင် အဲဒီပွင့်ဖတ်ကလေးတွေကို လက်ကိုင်ပဝါနဲ့ ထုပ်လိုက်ပါ။ ကြိုးတစ်ချောင်းနဲ့ စုပြီး စီးလိုက်ပါ။ အဲဒီအထုပ်ကလေးကို ကိုယ်နဲ့မကွာ ဆောင်ထားပါ။ အိတ်ကပ်ထဲမှာပဲထည့်ထည့်၊ ပိုက်ဆံအိတ်ထဲမှာပဲ ထည့်ထည့်ပေါ့ …။

အဲဒါကို သောကြာညတစ်ညမှာ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ လက်ကိုင်ပုဝါအထုပ်ကလေး ဆောင်ထားပြီး တစ်ပတ်ပြည့်တဲ့ သောကြာနေ့မှာတော့ လက်ကိုင်ပုဝါလေးကိုဖြည်ပြီး အထဲက ပွင့်ဖတ်တွေကို အိုးလေးတစ်လုံးထဲမှာ ထည့်ပါ။

ကလေးတွေကစားတဲ့ မြေအိုးဘုတ်လိုဟာထဲထည့်ရင်လည်း ရတာပေါ့ …။ အိုးကို အဖုံးဖုံးပြီး အဆင်ပြေတဲ့ တစ်နေရာရာမှာ မြေကြီးထဲ မြှုပ်လိုက်ဖို့ ဖြစ်ပါတယ်။

အဲဒါဆိုရင် သင်တို့ရဲ့ အချစ်လမ်းခရီးမှာ ကြုံလာနိုင်တဲ့ အနှောင့်အယှက်တွေကနေ အကာအကွယ်ပြုပြီး ဖြစ်သွားစေပါလိမ့်မယ်။

 

Comments

comments

Post Author: manawmaya