အလုပ်ပြောင်း နေရာပြောင်းကိစ္စ

ထူးထူးခြားခြား အအေးပိုလှသော ဆောင်း မနက်ခင်းတစ်ခုတွင် ကျွန်မထံသို့ တစ်ဖက်ရပ်ကွက် ထဲမှ မအေးအေးဆိုသူ ရောက်လာခဲ့ပါသည်။

အအေးပိုသည့်ဆောင်းမနက်ဖြစ်သော်လည်း  မအေးအေး၏မျက်နှာတွင်မူ ပူပင်သောက၏အငွေ့ အသက်ကလေးများကို လှမ်းမြင်နေရပါသည်။

“ဆိုစမ်းပါဦး မအေးအေးရေ …၊ ကျွန်မ ဘာကူညီရမလဲ …”ဟု ကျွန်မက ဆီးကြို၍ မေး လိုက်ပါသည်။

မအေးအေးသည် ရှေးဦးစွာ ဘုရားကန်တော့ ၍ တတွတ်တွတ် ဆုတောင်းနေပါသေးသည်။ ပြီး တော့မှ –

“ကျွန်မယောကျာ်းက နယ်မှာ တာဝန်ကျနေ တာတော်တော်ကြာပြီလေ ဆရာမရဲ့ ..၊ အပြောင်း အရွှေ့ နှစ်ခါတော့ကြုံပါရဲ့ …၊ ကိုယ့်မြို့ကို ပြန် မရောက်ဘဲ အဝေးကြီးတွေကိုပဲ ရောက်ရောက်သွား တယ် …၊

အခု သူတို့အလုပ်မှာ အပြောင်းအရွှေ့အသံ လေး ထွက်လာပြန်တယ်ဆရာမရဲ့ …၊ ဒီတစ်ခါ ကိုယ့်မြို့ကိုပြန်ရောက်ပြီး မိသားစုနဲ့အတူနေရအောင်  ဘာလေးလုပ်ရင် ကောင်းမလဲလို့ လာမေးတာပါ ဆရာမရယ် …”ဟု ပြောပြပါသည်။

ကျွန်မလည်း ၄င်းမအေးအေးတို့၏ မိသားစု အပေါ် ကရုဏာသက်စွာဖြင့် ခေါင်းကိုတဆတ်ဆတ် ညိတ်ရင်း အသင့်မိတ္တူကူးထားသော တဲရော့ကတ် ပြားလေးများအနက်မှ ကံကြမ္မာလှည်းဘီး(ခေါ်)နံပါတ် (၁၀) တဲရော့ကတ်ပြားလေး ၁၀ ရွက်ကို ထုတ်ယူ လိုက်ပါသည်။ ပြီးတော့ –

“ဒါလေးတွေကို ဖယောင်းတိုင်တစ်တိုင်စီမှာ ပတ် ..၊ တစ်ညကိုတစ်တိုင် မီးထွန်းရင်း ဆုတောင်း ပေတော့ …”ဟု ပြောပြလိုက်ရပါသည်။ မအေး အေးက –

“ဒီတစ်ခါတော့ အခြေအနေကောင်းမှာပါ နော် ဆရာမ …”ဟု ပြောရာ ကျွန်မက –

“ကောင်းတာမကောင်းတာတော့ ကျွန်မ မသိဘူး …၊ ကိုယ့်ဘက်က လုပ်စရာရှိတာတွေကို အကောင်းဆုံးလုပ်နေဖို့ပဲ တိုက်တွန်းလိုက်ပါတယ် မအေးအေးရေ …”ဟု ပြောပြလိုက်ရပေတော့ သတည်း။    ။

 

နန်းအိန္ဒြာထွန်း(အယူတော်မင်္ဂလာ)

Comments

comments

Post Author: manawmaya