နောက်ဆုံးကြားနာ တရားလွှာ

ကုသိနာရုံပြည်ရှိ မလ္လာမင်းတို့ ပျော်မော နှစ်ခြိုက်ကြရာ အင်ကြင်းဥယျာဉ်သည် ဥယျာဉ်တွင်း ၌ ထူးကဲစွာပေါက်သော အင်ကြင်းနှစ်ပင်ကြား၌ မြောက်အရပ်ကို ဦးခေါင်းပြုကာခင်းထားခဲ့သည့် ညောင်စောင်းထက်ဝယ် ဘုရားရှင်သည် ပင်ပန်း နွမ်းနယ်လှစွာဖြင့် လဲလျောင်းလျက်ရှိချေသည်။
သည်အချိန်ကားဘုရားရှင်အတွက် နောက်ဆုံးအချိန်ပင်ဖြစ်ချေသည်။

မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့်နေ့။
သက်တော်အားဖြင့် ၈၀၊ ဝါတော်အားဖြင့် ၄၅ ဝါတိတိပြည့်မြောက်ခဲ့ပြီးလည်းဖြစ်သည်။ သည်နေ့ သည်ရက်မှာမှ ပါဝါပြည်ရှိ ပန်းထိမ်သည် သား စုန္ဒ၏ ဝက်ပျိုသားဟင်းကို ဘုဉ်းပေး သုံး ဆောင်တော်မူပြီး ဝမ်းတော်လားခဲ့ရသည်။ အသက် အရွယ် အိုမင်းခြင်းနှင့်အတူ ဝမ်းတော် လားခဲ့ရသည် အတွက် အားအင်တို့ ဆုတ်ယုတ်ခဲ့ရ၏။ ခရီးကြမ်းကို လှမ်းခဲ့ရခြင်းကြောင့်လည်း များစွာမှ ပင်ပန်းနွမ်းနယ် ခဲ့ရ၏။ နောက်ဆုံးအချိန်ဖြစ်သည့်တိုင်အောင် သတ္တဝါဝေနေယျတို့အပေါ် မေတ္တာအဟုန် လွှမ်းခြုံ မှုပြင်းထန်သည့် အတွက်ကြောင့်လည်း သုဘဒ္ဒ ပရိဗိုဇ်အား ကယ်တင်ဆောင်မကာ တရားလမ်း စဉ်မှန်ဖြင့် အရဟတ္တဖိုလ် ဆိုက်စေခဲ့၏။
ဘုရားရှင် ပရိနိဗ္ဗာန်ပြုတော့မည်ဆိုသည့် သတင်းကြောင့် နတ်ဗြဟ္မာများ ရဟန်းရှင်လူပရိ သတ်များ ရောက်ရှိလာကြကာ ရှိခိုးပူဇော်ဖူးမြော် ဦးခိုက်ကြလေသည်။ ပရိသတ်အပေါင်းတို့၏ မျက် နှာအလုံးစုံတို့ကား ဆိုင်းဆိုင်းဆို့ဆို့ မှိုင်းမှိုင်းညို့ညို့ နှင့် ပြိုတော့မည့်မိုးတိမ်တွေနှင့် မခြား။
သည်ထဲမှာမှ ဖြေမနိုင်ရေဆိုင်ဝဲတစ်မျှ မှိုင်း ပွဲသစ်နေခဲ့သူကား ဘုရားရှင်အား အနီးကပ်ဆုံးလုပ် ကျွေးပြုစုခဲ့သည့် ညီတော်အာနန္ဒာပင်ဖြစ်ချေသည်။ သူသည် အာသဝေါတရားတို့ ကင်းကွာသူမဟုတ်ပေ။ ပုထုဇဉ်သာသာမျှသာ ရှိပါသေးတယ်။ သည့်အတွက် ကြောင့်လည်း ဝေဒနာဖြင့် ငြိမ်သက်စွာ လဲလျောင်း တော်မူလျက်ရှိသော ဘုရားရှင်ကိုယ်တော်မြတ်ကြီး အား တစိမ့်စိမ့်ကြည့်လျက် မျက်ဝန်းအစုံ၌ မျက်ရည် ဥတုခွဲတိုလာခဲ့တော့သည်။ သည်အနေအထားကို သူ သည် ထိန်းချုပ်သိမ်းရုတ်ခြင်းမပြုနိုင်ခဲ့။ သည့်အ တွက်ကြောင့်လည်း မျက်ရည်ကြီးငယ်တို့ ပိုးပိုးပေါက် ပေါက်ကျလာခဲ့ရသည်။
ထိုမှတစ်ဖန် ရင်တွင်းလှုံ့ဆော်မှုအဟုန် ကြောင့် ရှိုက်သံတို့ ပဲ့တင်ရိုက်ခတ်ထွက်ပေါ်လာ ပြန်တော့၏။
သည်သို့သောရှိုက်သံကြောင့် ထင်သည်။ ညောင်စောင်းထက်၌ မြောက်ဘက်အရပ်ကို ဦးခေါင်း တော်ပြုကာ လဲလျောင်းနေသော ဘုရားရှင်သည် မျက်လုံးတော်တိုကိုဖွင့်ကာ မြွက်ကြားတော်မူလေ သည်။
“ချစ်သား အာနန္ဒာ ဘာကြောင့်များ ပူဆွေး ဝမ်းနည်းနေရတာတဲ့လဲ …၊ လောကမှာ ဖြစ်ပြီးရင် ပျက်ရတယ်ဆိုတာကို နှလုံးသွင်းမှာပေါ့”
“တင်ပါ့ဘုရား …တပည့်တော်နှလုံး သွင်း ပါ့မယ်။ ပူဆွေးအားငယ်မှုဖြစ်ရတဲ့အကြောင်းရင်း ကတော့ ဘုရားရှင်ပရိနိဗ္ဗာန်ပြုသွားပြီးတဲ့နောက်မှာ တရားတော်တို့ကို ဟောကြားဆုံးမတော်မူလေ့ရှိတဲ့ ဘုရားရှင် အခုမရှိတော့ပါလားလို့ တွေးမိပြီး ဝမ်း နည်းမိခြင်း၊ အားငယ်မိခြင်း၊ စိတ်နှလုံးညှိုးနွမ်းမိခြင်း တို့ဖြစ်မိလို့ပါပဲ ဘုရား”
“ကောင်းပြီအာနန္ဒာ ငါဘုရားရှင်မိန့်ကြားခဲ့ မှာကို သေသေချာချာ နာယူရစ်ပါ။ ငါဘုရားရှင် ဟောကြားပညတ်ထားတဲ့တရားတော်တွေနဲ့ ဝိနည်း တော်တွေဟာ ငါမရှိတော့တဲ့နောက်ကာလမှာ သင် တို့ရဲ့ ဆရာပါပဲ။
ချစ်သားအာနန္ဒာသင်နဲ့တကွ ရဟန်းတွေအား လုံး တရားနာပရိတ်သတ်အားလုံးကို ငါဘုရားရှင် နောက်ဆုံးစကား မှာကြားခဲ့ပါတယ်။ ဒါကတော့ ပြုပြင်ပေးရတဲ့ သင်္ခါရတရားတွေဆိုတာဟာ ပျက်စီး ခြင်းသဘောရှိကြတာပါပဲ။ အဲဒါကြောင့် သင်တို့ အားလုံးဟာ မမေ့မလျော့မပေါ့ဆကြဘဲ သတိတရား ကိုလက်ကိုင်ပြုလို့ သံသရာကနေ လွတ်မြောက် အောင် အားထုတ်ရစ်ကြပါ။
ဟန္ဒဒါနိဘိက္ခဝေ
အာမန္တယာမိဝေါ၊
ဝယဓမ္မာ သင်္ခါရာ
အပ္ပမာဒေန သမ္ပာဒေထ”

သည်သို့ နောက်ဆုံးစကားဆိုပြီးမှာတော့ ဘုရားရှင်၏ ခန္ဓာတော်သည် ငြိမ်သက်သွားလေ တော့သည်။
ထိုစဉ်မှာပင် အင်ကြင်းပွင့်လွှာပွင့်ဖတ်တွေက ဘုရာရှင်အား ဦးခိုက်ပူဇော်ကြသည့်အလား ဝေ့ဝေ့ ဝဲဝဲဖြင့်ကြွေကျသက်ဆင်းနေလေတော့သည်တကား။

နန္ဒာမိုးကြယ်

Comments

comments

Post Author: manawmaya