တေလေစိတ်

တေလေစိတ်ဆိုသည်မှာ မိမိလုပ်ဆောင်ရ မည့်အလုပ် (ကျောင်းသားဆိုလျှင် ကျောင်းသင်ခန်း စာ)အပေါ်၌ အာရုံမထားနိုင်ဘဲ ရောက်ချင်ရာရောက် ဖြစ်ချင်ရာ ဖြစ်ဆိုသလို စိတ်ကိုလွှတ်ထားခြင်းဖြစ် သည်။ စိတ်တေလေ လေမှာလွှင့်သူများကား တောင် စဉ်ရေမရ စကားများကို ပြောလေ့ရှိတတ်ကြပြီး အရာရာ၌ စိတ်ကူးယဉ်ဆန်နေသည့်အတွက် အလုပ် လုပ်ရမည့်အချိန်များ ပြုန်းတီးသွားတတ်သကဲ့သို့ လုပ်ဆောင်ပြီးသမျှမှာလည်း စိတ်တိုင်းကျဖွယ်ရာ ဖြစ်မလာချေ။
တကယ်တမ်း တော်ချင်၊ တတ်ချင်၊ ထူးချွန် ချင်သူတို့၌ စိတ်လေစရာ အချိန်တို့မရှိပေ။ တေလေ စိတ်ကို အပေါင်းအသင်း မလုပ်။ မိမိတို့ဘဝကို မိမိတို့ မြှင့်တင်နိုင်ရေးသာ အာရုံနှစ်ထားတတ်ကြသည်။ ထို မျှမက မိမိတို့အားကျသည့် ပုဂ္ဂိုလ်တို့အား ‘စံ’အဖြစ် ရွေးချယ်ကာ၊ ထိုသူတို့နည်းတူ ထင်ရှားပေါ်လွင် အောင်မြင်ရလေအောင် ပန်းတိုင်ထားလျက်ကြိုးစား အားထုတ်ကြသည်။ သည့်အတွက် ပန်းတိုင်ကို ရောက်သွားတတ်ကြသည်။ ငယ်ရွယ်စဉ်ကတည်းက ပင် အရာရာကို ပေါ့ပေါ့တန်တန် သဘောမထား။
“သည်ပုဂ္ဂိုလ်ဟာ အင်မတန်မှ အားကျ လေးစားလောက်တဲ့ ပုဂ္ဂိုလ်ပဲ။ သူ အဲသည်လိုဘဝမျိုး ရောက်အောင် ဘယ်လိုကြိုးစားအားထုတ်ခဲ့ပါလိမ့်။ ငါလည်း သူကြိုးစားသလိုကြိုးစားရင် ဘာလို့သူ့လို မဖြစ်ရမှာတဲ့လဲ။ ပန်းတိုင်မရောက်ဘဲ ဘယ်နေမှာတဲ့ လဲ”
ထိုစိတ်ထားမျိုးကိန်းအောင်းပြီဆိုလျှင်တော့ အနာဂတ်သည် အရုပ်ဆိုးအကျည်းတန်စရာ မည် သည့်အကြောင်းမျှမရှိ။ အပြောအဆို အနေအထိုင် တည်ကြည်မှုရှိလာမည်။ အလုပ်ကို အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်လာတော့မည်။ မိမိ ရောက် လိုလှသည့် ပန်းတိုင်အတွက် လုံ့လဝီရိယတို့ ကြီးမား လာတော့မည်။ အတားအဆီးမှန်သမျှကို ရဲဝံ့စွာဖြတ် ကျော်ပါတော့မည်။ ထိုမျှသာမက ပျင်းရိခြင်း၊ ထိုင်း မှိုင်းခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ကို မောင်းထုတ်ပါတော့ မည်။ ပြင်းထန်သောစိတ်ဓာတ်နှင့် သတိပညာ အင် အားတို့ကိုပေါင်းစပ်ကာ ဖြစ်ချင်ရာမဟုတ်ဘဲ ဖြစ်ချင် တာ ဖြစ်လာပါလိမ့်မည်။
ဘာကိုမျှစံအဖြစ်မထား၊ ပန်းတိုင်ကလွဲချော် သွားပြီဆိုလျှင်တော့ လေလွင့်သော၊ တေချင်ပေချင် သောစိတ်အညစ်တို့သည် အလိုလိုပင် ပူးကပ်လာပါ လိမ့်မည်။ သတိပညာကို အလေးမထားပါက မောင်း ထုတ်ဖို့ရာပင် စိတ်ကူးရှိလိမ့်မည်မဟုတ်။ အထူး သဖြင့် အလှအပကို ခုံမင်နှစ်သက်တတ်သည့် အရွယ်၌ စိတ်တေလေတို့ လွင့်မျောတတ်ပေသည်။ အရွယ်မရောက်သေးသည့်တိုင် ဆန့်ကျင်ဖက် လိင် အပေါ်တွင် စိတ်ကစားတတ်လာပါလိမ့်မည်။ ထို အနေအထား၌ အသိလည်းမရှိ၊ သတိလည်း ကင်း ကွာပြီဆိုမှဖြင့် အနာဂတ်ဘဝအတွက် အနုတ် လက္ခဏာ ပြသွားမှာ သေချာသည်။
မိမိစိတ်ကို မိမိသည်သာ ထိန်းရပေမည်။ မိမိစိတ်ကို မိမိထိန်းသိမ်းနိုင်ရန်အတွက် တိပိဋကဓရ ယောဆရာတော်ကြီးက –

“စိတ်လေတာ၊ စိတ်ပျံ့လွင့်တာတွေမဖြစ်စေ ဖို့ စိတ်ထိန်းခလုတ်ကလေးတစ်ခု ရှိဖို့လိုပါတယ်။ အဲသည် စိတ်ထိန်းခလုတ်ဆိုတာကတော့ အခြား မဟုတ်ပါဘူး။ “သတိ”ဆိုတာပါပဲ”ဟူ၍ မိန့်တော်မူ ခဲ့သည်။
မှန်ပေသည်။ ဘုရားရှင်ဟောတော်မူခဲ့သည့် ]မမေ့မလျော့၊ မပေါ့ဆကြပါနဲ့}ဟူသော ဒေသနာ တော်နှင့်အညီ ]သတိ}သည် အရေးကြီးလှပေသည်။ အသိသာမက သတိပါ အားနည်းလျှင်ဖြင့် တေလေ စိတ်သည် ပန်းတိုင်၏အခြားမဲ့သို့ တွန်းပို့နေမည်သာ ဖြစ်၏။

 

နန္ဒာမိုးကြယ်

Comments

comments

Post Author: manawmaya