သီဟုိဠ္ကၽြန္း (ေခၚ) သီရိလကၤာႏုိင္ငံႏွင့္ သီဟဗာဟုမင္း ၏ ဂမၻီရဇာတ္လမ္း

သီဟိုဠ္ကြ်န္း (ေခၚ) သီရိလကၤာႏိုင္ငံသည္ အရြယ္ငယ္ေသာ္လည္း အေရးၾကြယ္သည့္ႏိုင္ငံ ျဖစ္သည္။ လကၤာဒီပကြ်န္းဟုလည္း ေခၚသည္။ ျမတ္ဗုဒၶ ပရိနိဗၺာန္စံလြန္ေတာ္မူၿပီးေနာက္၊ ဗုဒၶသာသ နာသည္ ေနလိုလလလို သီဟိုဠ္ကြ်န္း၌ ထြန္းကား လာခဲ့သည္။ အနာဂတ္သာသနာေရးကို ႀကိဳတင္သိ ျမင္ေတာ္မူေသာ ဗုဒၶဘုရားရွင္သည္ သီဟိုဠ္ကြ်န္း  သို႔ သံုးႀကိမ္တိုင္တိုင္ ေဒသစာရီၾကြခ်ီေတာ္မူခဲ့ၿပီး သာသနာ့ဓာတ္ပႏၷက္ကို စိုက္ထူခဲ့ရာ ေျမျမတ္မဟာ ျဖစ္သည္။ ျမန္မာလူမ်ိဳးတို႔သည္ ဗုဒၶသာသနာႏွင့္ ဆက္စပ္လ်က္ သီဟိုဠ္ကြ်န္းကို အသိမ်ားၾကသည္။    သို႔ပါေသာ္လည္း သီဟိုဠ္ကြ်န္း၏ ဂမၻီရဆန္ေသာ ေနာက္ခံသမိုင္းကိုမူ သိသူ နည္းပါးၾကပါသည္။ သီဟိုဠ္ကြ်န္း၏ ေနာက္ခံသမိုင္းကို မတင္ျပမီ သီဟိုဠ္ ကြ်န္း၏ စိတ္ဝင္စားဖြယ္အခ်က္အခ်ိဳ႕ကို ဦးစြာ တင္ျပ ပါဦးမည္။

 

သီဟိုဠ္ကြ်န္းႏွင့္ ကမၻာ့ဘာသာႀကီးမ်ား

လူသူမေနေသာ လကၤာဒီပ(ေခၚ)သီဟိုဠ္ကြ်န္း  ႏိုင္ငံသို႔ ဗုဒၶရွင္ေတာ္သည္ သက္ေတာ္ထင္ရွားရွိစဥ္ က သံုးႀကိမ္ၾကြခဲ့ပါသည္။ ထိုသို႔ၾကြေတာ္မူရျခင္းမွာ ယေန႔ေခတ္ ျမန္မာႏိုင္ငံကဲ့သို႔ ေထရဝါဒ သာသနာ ေတာ္ထြန္းကားရန္ ဗ်ာဒိတ္ေတာ္ျမတ္ ခ်မွတ္လို၍ သာ ျဖစ္သည္။ ဗုဒၶသာသနာႏွင့္ ပတ္သက္ေသာ ဗုဒၶဝင္ မဟာဝင္က်မ္းတို႔တြင္ သီဟိုဠ္ကြ်န္းသည္ မ်ားစြာ ထင္ရွားခဲ့သည္။ ဗုဒၶသာသနာျပဳမင္းမ်ား၊ သီဟိုဠ္ေခတ္စံေတာ္ဝင္ အရိယာမ်ား၊ သာသနိက အေဆာက္အအံုမ်ား၊ မ်ားစြာေပၚထြန္းခဲ့ပံုကို ဓမၼာစရိ ယ ဆရာဦးေ႒းလိႈင္က သီဟိုဠ္ေခတ္စံေတာ္ဝင္ အရိ ယာမ်ား စာအုပ္တြင္ ျမန္မာစာဖတ္ပရိသတ္မ်ားႏွင့္ မိတ္ဆက္ေပးခဲ့ၿပီး ျဖစ္သည္။

ဟိႏၵဴဘာသာဝင္တို႔က သူတို႔၏ နတ္ဘုရား ျဖစ္ေသာ ရာမမင္းသား၏ ၾကင္ယာေတာ္ သီတာ ေဒဝီကို လကၤာဒီပကြ်န္းသို႔ ဒႆဂီရိ(ေခၚ) ေခါင္း ဆယ္လံုးရွိသည့္ ဘီလူးမင္း ရာဝဏက အိႏၵိယ  ႏိုင္ငံမွ ခိုးယူသြားခဲ့သည္ဟု ဆိုသည္။ ရာမမင္း လိုက္လာ၍ ရာဝဏအား ေအာင္ႏိုင္ၿပီး ရာမမင္း၏ တန္ခိုးဩဇာျဖန္႔ၾကက္ခဲ့ရာ ေဒသဟု ေဖာ္ျပထား သည္။ အိႏၵိယႏိုင္ငံမွ သီဟိုဠ္ကြ်န္းသို႔ ဓနရွကိုဒီရြာမွ ပင္လယ္ေရလက္ၾကားကို ျဖတ္ကူးသည့္ ေက်ာက္ တန္းႀကီးရွိသည္။ ယခုအခါ မီးရထားလမ္းေပါက္ေနပါ ၿပီ။ ထိုေက်ာက္တန္းသည္ ရာမမင္း၏ ဘက္ေတာ္    သား ဟႏုမာန္ေမ်ာက္မင္းက ေက်ာက္တန္းဆည္ဖို႔ ၿပီး တံတားသဖြယ္ လမ္းခင္းေပးထားေသာ ေနရာဟု ဆိုၾကသည္။ ယေန႔တိုင္ ဟႏုမာန္ေက်ာက္တန္းဟု ေခၚၾကသည္။

ခရစ္ယာန္ ဘာသာဝင္တို႔ကလည္း ထို ေက်ာက္တန္းကို အဒမ္ေက်ာက္တန္းဟု ေခၚၾက သည္။ ခရစ္ယာန္ဘာသာဝင္တို႔သည္ ကမၻာဦး လူသားအစျဖစ္ေသာ အဒမ္ႏွင့္ ဧဝတို႔၏ ခ်စ္ပံုျပင္ႏွင့္ ဆက္စပ္ေသာ ေဒသတစ္ခုျဖစ္ေၾကာင္း ဆိုၾကသည္။  သူတို႔အဆိုအရ အဒမ္ႏွင့္ ဧဝကို ဧဒင္ဥယ်ာဥ္မွ ႏွင္ထုတ္လိုက္ေသာအခါ ထိုေက်ာက္တန္းကို ျဖတ္ ေက်ာ္၍ သီဟိုဠ္ကြ်န္းတြင္ ေနထိုင္ခဲ့ေၾကာင္းဆိုေလ သည္။

မြတ္စလင္ဘာသာဝင္တို႔ကလည္း သီဟိုဠ္ ကြ်န္းႏွင့္ ပတ္သက္၍ တမန္ေတာ္ မိုဟမၼဒ္သည္ သီဟိုဠ္ကြ်န္း၌ စခန္းတစ္ေထာက္ နားခဲ့ဖူးေၾကာင္း ဆိုၾကသည္။ သို႔ျဖစ္ပါ၍ သီဟိုဠ္ကြ်န္းႏိုင္ငံသည္ ကမၻာ့ဘာသာႀကီး ေလးဘာသာတို႔၏ အာ႐ံုက် ေရာက္ရာ အထြတ္အျမတ္ေဒသဟု ဆိုႏိုင္ပါသည္။

 

ဗုဒၶရွင္ေတာ္ ငါးဆူပြင့္ထြန္းေတာ္မူရာ ဘဒၵကမၻာႏွင့္ သီဟိုဠ္ကြ်န္း

ဘဒၵကမၻာကို ဘုရားငါးဆူ ပြင့္ေတာ္မူရာ အျဖစ္ အမ်ားသိၾကၿပီး ျဖစ္သည္။ ထိုပြင့္ေတာ္မူေသာ ဘုရားရွင္တို႔ေခတ္ကာလမ်ားတြင္ သီဟိုဠ္ကြ်န္းသည္  အမည္အမ်ိဳးမ်ိဳးႏွင့္ ထင္ရွားခဲ့ေသာ ဗုဒၶသာသနာ ထြန္းကားခဲ့ရာ ေဒသႀကီး ျဖစ္ခဲ့သည္။ ကကုသန္ ျမတ္စြာဘုရားရွင္ လက္ထက္တြင္ သီဟိုဠ္ကြ်န္းကို ဩဇာဒီပဟု ေခၚခဲ့သည္။ ေကာဏဂံု ဘုရားရွင္ လက္ထက္တြင္ ဝရဒီပ ဟုေခၚၿပီ၊ ကႆပဘုရားရွင္ လက္ထက္တြင္ မ႑ဒီပ ဟုေခၚခဲ့သည္။ ေဂါတမ ဘုရားရွင္လက္ထက္ေတာ္တြင္ လကၤာဒီပဟူ၍ ေခၚ တြင္ေၾကာင္း သိရွိရသည္။

 

သီဟိုဠ္ကြ်န္းကို အမည္အမ်ိဳးမ်ိဳးေခၚဆိုပံု

ဝိဇယမင္းသားႏွင့္ အေပါင္းအပါမ်ားသည္ သီဟိုဠ္ကြ်န္းကို စတင္ေျခခ်ခဲ့စဥ္က ေျမျပင္သည္ ေျပာင္ေခ်ာေနသည္ဟု ဆိုပါသည္။ ေခ်ာေျပာင္ေန ေသာ ေျမျပင္ေၾကာင့္ ေျခလွမ္းမခိုင္ ယိမ္းယိုင္ခဲ့ၾက သည္။ ထို႔ေၾကာင့္ သခၤယဒီပဟု ေခၚတြင္ခဲ့ၾကသည္။ ျမန္မာတို႔ကမူ သိန္ခိုကြ်န္း သဃႋုကြ်န္းဟုေခၚခဲ့ၾက သည္။ သီဟိုဠ္ကြ်န္းဟု ေခၚဆိုျခင္းအေၾကာင္းတြင္ ဝိဇယမင္းသားသည္ သီဟဗာဟုမင္း၏ သားေတာ္ ျဖစ္ေသာေၾကာင့္ သီဟဠ အမ်ိဳးအႏြယ္ျဖစ္ျခင္း အေၾကာင္းခံရွိသည္။ သီဟဠ မ်ိဳးက စတင္တည္ ေထာင္ေသာေၾကာင့္ သီဟိုဠ္ဟုေခၚေၾကာင္း ယူမွတ္ ခဲ့ၾကသည္။ လကၤာဒီပ(သို႔မဟုတ္) လံကာဒီပဆိုသည္ မွာ ျဗဟၼဏပုဏၰားတို႔၏ အေခၚအေဝၚ ျဖစ္သည္။ အဂၤလိပ္တို႔က စီလံုဟုေခၚသည္။ ထိုအသံမွာ ေရွးဦး နယ္ခ်ဲ႕မ်ား ျဖစ္ေသာ ေပၚတူဂီတို႔က ဇီလံုဟု ေခၚ ဆိုရာမွ ဆင္းသက္လာျခင္းျဖစ္သည္။

 

သီဟိုဠ္ကြ်န္း၏ တည္ေနရာႏွင့္ ေတာင္ထြတ္မ်ား

သီဟိုဠ္ကြ်န္းသည္ သစ္ေတာ္သီးတစ္လံုး၏ ပံုႏွင့္တူသည္(သို႔မဟုတ္)ဗူးသီးရွည္ပံုႏွင့္ ဆင္သည္ဟု ဆိုၾကသည္။ ေအာက္ကား၍ အထက္႐ွဴးသည္။ ေက်ာက္ေဆာင္၊ ေက်ာက္ေတာင္မ်ားႏွင့္ ဖြဲ႕စည္း ထားသည္။ ပင္လယ္ေရ ဝိုင္းေနေသာ ကြ်န္းျဖစ္ သည္။ ေပ ၇၀ဝ၀ မွ ၈၀ဝ၀ အထိ ျမင့္ေသာေတာင္ မ်ားရွိသသည္။ အျမင့္ဆံုးေတာင္ျဖစ္သည့္ ပီႏုဓူ တာလာဂါလသည္ ၈ယ၂၉၁ ေပျမင့္သည္။ ျမတ္ ဗုဒၶ၏ ေျခေတာ္ရာရွိေသာ ေစတီပါဒေတာင္မွာ ၇ယ၃၆၅ ေပ ရွိသည္။

အိႏၵိယကြ်န္းဆြယ္ ေတာင္ဘက္စြန္းဝင္ ေတာင္ဘက္အေရွ႕ယြန္းယြန္း၌ ရွိသည္။ ၅၅ မိုင္ က်ယ္ေသာ ေပါ့က ေရလက္ၾကားသည္ အိႏၵိယ ကြ်န္းဆြယ္ ေတာင္ဘက္စြန္းႏွင့္ သီဟိုဠ္ကြ်န္းကို ပိုင္းျခားထားသည္။ ေျမာက္မွေတာင္သို႔ ၂၇၁ မိုင္ ရွည္၌ ျဗက္အက်ယ္ဆံုးေနရာမွာ ၁၃၇ မိုင္ရွိသည္။ တစ္ကြ်န္းလံုး၏ အက်ယ္အဝန္းမွာ ၂၄ယ၉၅၉ မိုင္ စတုရန္းရွိသည္။

 

သီဟိုဠ္ကြ်န္း၏ ထူးျခားေသာ ဗုဒၶသာသနာ အထိမ္းမွတ္မ်ား

သီဟိုဠ္ကြ်န္းသည္ ဗုဒၶသာသနာထြန္းလင္း ရာေဒသျဖစ္သည္။ သီဟိုဠ္ကြ်န္းသားတို႔သည္ စိတ္ ႏွလံုးေအးခ်မ္းၾကသည္။ ဗုဒၶဘာသာဝင္တို႔ အထြတ္ အျမတ္ထားရာ ဒကၡိဏသာခါ မဟာေဗာဓိပင္ႏွင့္ စြယ္ေတာ္တိုက္တို႔ရွိသည္။ ႏွစ္ေပါင္း ၂၀ဝ၀ ေက်ာ္ က သီရိဓမၼာေသာကမင္းႀကီး၏ သမီးေတာ္(အရွင္ မဟိႏၵ ရဟႏၱာျမတ္၏ ႏွမေတာ္)သဃၤမိတၲေထရီမ ပင့္ေဆာင္စိုက္ပ်ိဳးခဲ့ေသာ ေဗာဓိပင္တည္ရွိရာ ေနရာ ျမတ္ျဖစ္သည္။ ကႏၷီၿမိဳ႕ရွိ စြယ္ေတာ္တိုက္တြင္ ျမတ္ ဗုဒၶ၏ လက္ဝဲေအာက္စြယ္ေတာ္ျမတ္ ကိန္းေအာင္း အပူေဇာ္ခံလ်က္ရွိသည္။ သီဟိုဠ္ကြ်န္းႏိုင္ငံ၏ ဗုဒၶ သာသနာဝင္သမိုင္း၌ ထင္ရွားေသာ ၿမိဳ႕ေတာ္မွာ အႏုယာဓ ၿမိဳ႕ေတာ္ျဖစ္သည္။

 

နယ္ခ်ဲ႕တို႔စိုးမိုးသိမ္းပိုက္ျခင္း

သီဟိုဠ္ကြ်န္းသို႔ အိႏၵိယေတာင္ပိုင္းမွ တမီလ္ (ဓမၼိလ)ေက်းကုလားတို႔ဝင္ေရာက္တိုက္ခိုက္ခဲ့ၾက သည္။ အလြန္ထင္ရွားေသာ အႏုယာဓၿမိဳ႕ေတာ္ႀကီး ပ်က္စီးခဲ့ရသည္။ ေက်းကုလားတို႔ လက္ေအာက္မွ သီဟိုဠ္သားတို႔ ႐ုန္းကန္ေတာ္လွန္ခဲ့ၾကသည္။ ၁၃ ရာစုတြင္ တိုက္ခိုက္သိမ္းပိုက္ျခင္း ခံရျပန္သည္။ ၁၅၀၅ တြင္ ေပၚတူဂီတို႔က တိုက္ခိုက္နယ္ခ်ဲ႕ခဲ့ျပန္ သည္။ ထို႔ေနာက္ ဒတ္ခ်္လူမ်ိဳးမ်ားက ေပၚတူဂီ တို႔ကို တိုက္ထုတ္ကာ နယ္ခ်ဲ႕ခဲ့ျပန္သည္။ ၁၇၉၆ ခုႏွစ္တြင္ ၿဗိတိသွ်တို႔က ဒတ္ခ်္တို႔ကို တိုက္ထုတ္ ၿပီး သီဟိုဠ္ကြ်န္းတြင္ ေျခခ်ခဲ့ၾကသည္။ သီဟိုဠ္ ႏိုင္ငံသားတို႔သည္ နယ္ခ်ဲ႕တို႔ကို ထာဝရတိုက္ပြဲဝင္ ခဲ့ရေသာ မ်ိဳးခ်စ္သူရဲေကာင္းမ်ား ျဖစ္သည္။ သူတို႔၏ စြန္႔လႊတ္ႀကိဳးပမ္းအားထုတ္မႈေၾကာင့္ပင္ ၁၉၇၂ ခုႏွစ္ ေမလ ၂၂ ရက္တြင္ သီဟိုဠ္သမၼတႏိုင္ငံအျဖစ္ ေၾကညာႏိုင္ခဲ့သည္။ အမည္မွာ သီရိလကၤာသမၼတ ႏိုင္ငံေတာ္ဟူ၍ ျဖစ္သည္။ ထိုစဥ္က ဝန္ႀကီးခ်ဳပ္မွာ သီရိမာဗိုဗႏၶရာနာရေကး ျဖစ္သည္။

ဤျဖစ္စဥ္တို႔မွာ အက်ဥ္းခ်ံဳးတင္ျပထားေသာ   သီဟိုဠ္ကြ်န္း(ေခၚ) သီရိလကၤာႏိုင္ငံအေၾကာင္းျဖစ္ သည္။ အဓိကျပဳတင္ျပလိုသည္မွာ သီဟိုဠ္ကြ်န္းကို ေရွးဦးစြာ တည္ေထာင္ခဲ့သူ ဝိဇယမင္းသား၏ ခမည္း ေတာ္ သီဟဗာဟုမင္းအေၾကာင္းသာ ျဖစ္သည္။ သီဟဗာဟုမင္း အေၾကာင္းသည္ကား ဂမၻီရဆန္း ၾကယ္ျဖစ္စဥ္ထူးဟု ဆိုႏိုင္ပါသည္။

 

မင္းသမီး ေကသရီ

သီဟဗာဟုမင္းသည္ ေဂါတမရွင္ေတာ္ မပြင့္ မီ ႏွစ္ေပါင္း ၁၀ဝ ခန္႔က ဇမၺဴဒိပ္ကြ်န္း၌ လာဋရ႒ တိုင္းျပည္တြင္ စိုးစံခဲ့သည္။ ထိုမင္းကား ထူးေသာ မင္းျဖစ္သည္။ လူသားမိဘႏွစ္ပါးမွ ေမြးဖြားလာသူ မဟုတ္ဘဲ ျခေသၤ့ႏွင့္ လူမင္းသမီး ေပါင္းသင္းရာမွ ေမြးဖြားလာသူျဖစ္သည္။ သူ၏သားႀကီး ဝိဇယ မင္းသားသည္ သီဟိုဠ္ကြ်န္းႏိုင္ငံကို တည္ေထာင္သူ ျဖစ္သည္။ သို႔ျဖစ္၍ သီဟဗာဟုမင္းႏွင့္ သီဟိုဠ္ ရာဇဝင္တို႔ ဆက္ႏႊယ္မႈရွိခဲ့ေပသည္။

ဇာတ္လမ္းအစမွာ ဘုရားရွင္မပြင့္မီ ႏွစ္ ၁၀ဝ ခန္႔က မဇၥ်ိမေဒသ၊ ဝဂၤတိုင္း (ယခုဘဂၤလားျပည္) တြင္ ဝဂၤရာဇ္မင္းသည္ ကလိဂၤမင္း၏ သမီးေတာ္ကို မိဖုရားေျမႇာက္၍ မင္းျပဳေလရာ သမီးေတာ္တစ္ပါး ထြန္းကားလာခဲ့သည္။ ပညာရွိ ပေရာဟိတ္တို႔က မင္းသမီးငယ္၏ ဇာတာကို စစ္ေဆးခဲ့သည္။ ထူးျခား ေသာအေဟာထြက္လာသည္။ ျခေသၤ့မင္း၏ ေျမာက္ သားေတာ္ျဖစ္လာမည္ဟု ဆိုၾကသည္။ ထိုမင္းသမီး သည္ ကာမဂုဏ္၌ လြန္ၾကဴးသူျဖစ္ရာ မိခင္၏ ဆံုးမ သည္ကို မနာခံေသာေၾကာင့္ နယ္ႏွင္ဒဏ္ေပးျခင္း ခံရေလသည္။ မင္းသမီးအမည္ကား ျခေသၤ့ကိုစြဲ၍ ေကသရီ ဟု တြင္၏။

 

ျခေသၤ့မင္းႏွင့္ ေတြ႕ေလၿပီ

မင္းသမီးသည္ လြတ္လပ္စြာျဖင့္ ေတာသူ အသြင္ယူကာ တိုင္းျပည္မွ ထြက္ခြာခဲ့ပါ၏။ လွည္း သားမ်ားႏွင့္အတူ လိုက္ခဲ့၏။ တစ္ခုေသာ ေတာအုပ္ သို႔ ေရာက္ေလေသာ္ ျခေသၤ့မင္းသည္ ဂူမွထြက္လာ ၿပီး လွည္းမ်ား၏ ေနာက္သို႔ လိုက္ေလေသာ္ လွည္း သမားတို႔က ေၾကာက္႐ြံ႕၍ ထြက္ေျပးၾကေလ၏။ မင္းသမီးမွာ ႀကိဳတင္နိမိတ္စကား အတိုင္း မေၾကာက္ မရြံ႕ဘဲ ျခေသၤ့မင္းထံ ေျပးသြားခဲ့၏။ ျခေသၤ့မင္းလည္း သူ၏ ေက်ာကုန္းေပၚတင္၍ ေနထိုင္ရာ ေက်ာက္ဂူသို႔ ေဆာင္ၾကဥ္းေလ၏။ အတူတကြ ေနထိုင္ေပါင္းသင္း ၾကရာ ျခေသၤ့ကိုစြဲ၍ သမီးႏွင့္သား အျမႊာႏွစ္ဦး ဖြားျမင္ေလ၏။ ျခေသၤ့သည္ ဂူကိုပိတ္ကာ အစာရွာ၍ မိသားစုကို ေကြ်းေမြး၏။ ျခေသၤ့က ေမြးေသာသားကို သီဟဗာဟု ဟူ၍မွည့္ေခၚၿပီး၊ သမီးကို သီဟသီဝလိ ဟူ၍ ေခၚ၏။ သီဟဗာဟုကား ျခေသၤ့ကဲ့သို႔ ရဲရင့္ ႀကံ႕ခိုင္သူ ျဖစ္ေလ၏။

 

သီဟဗာဟု၏ စြန္႔စားခန္း

အရြယ္ေရာက္ေသာ္ အေၾကာင္းစံုကို မိခင္ထံ မွ သိရၿပီး အမိႏွင့္ႏွမကို ပခံုးတြင္တင္၍ ေျပးေလ ၏။ တစ္ေန႔လွ်င္ ယူဇနာ ၂၀ ခရီးကို ေက်ာ္လြန္၍ ဝဂၤတိုင္းနယ္စြန္ ပစၥႏၱရြာသို႔ ေရာက္ေလ၏။ ထိုရြာ တြင္ ေကသရီမင္းသမီး၏ ဦးရီးေတာ္သူ အႏုရကၡ မင္းသား အုပ္ခ်ဳပ္လ်က္ရွိ၏။ အက်ိဳးအေၾကာင္းကို ေျပာျပရာ ဝဂၤတိုင္းသို႔ ေခၚေဆာင္ခဲ့ေလ၏။ မင္း သည္ ေကသရီကို ေျမာက္သားေတာ္အျဖစ္ထား၏။ ထိုစဥ္ ကာလတြင္ မိသားစုကို လိုက္လံရွာေဖြေသာ ျခေသၤ့မင္းသည္ ျပည္ရြာကို ေခ်ာက္ခ်ားေစ၏။ ၿမိဳ႕ ရြာမ်ားတြင္ ျခေသၤ့ေဘးေၾကာင့္ လူတို႔ေသေက် ပ်က္စီးၾကရ၏။ ဝဂၤမင္းသည္ ျခေသၤ့ရန္ကို တြန္းလွန္ ရန္ အသျပာေထာင္ထုပ္ ေပးမည္ဟု ေမာင္းေစ၏။  ယွဥ္ဝံ့သူ မရွိ၍ အသျပာမ်ားကို တိုးေပးခဲ့၏။ သီဟ ဗာဟု မင္းသားသည္ မိခင္အား ခြင့္ေတာင္းရာ ပယ္ ခ်ေလ၏။ ေနာက္ဆံုးတြင္ ျပည္ရြာပ်က္မည့္ေဘးမွ ကယ္တင္ရန္ ဖခင္ျခေသၤ့မင္းကို ရင္ဆိုင္ေလ၏။ ဝဂၤမင္းသည္ လြန္စြာအားရေတာ္မူ၍ ျခေသၤ့ကို   ႏွိမ္နင္းႏိုင္ပါက ထီးနန္းကို အပ္ႏွံမည္ဟု ကတိျပဳ ေလ၏။ ေလးျမားလွံတို႔ကိုဆြဲ၍ ျခေသၤ့ဂူသို႔ ခရီးထြက္ ခဲ့၏။ ျခေသၤ့မင္းလည္း သားကိုေတြ႕ေသာအခါ ခ်စ္ ျခင္းပီတေၾကာင့္ တစ္ကိုယ္လံုးပ်ံ႕ႏွံ႔ၿပီး ေမတၲာစိတ္ ျဖစ္ေလ၏။

သီဟဗာဟုမင္းသားသည္ ျမားတစ္ကမ္း ေနရာမွ ျခေသၤ့ကို ေလးႏွင့္ခြင္းေလ၏။ လႊတ္ေသာ ျမားတို႔သည္ ဖခင္၏ ခ်စ္ေမတၲာအဟုန္ေၾကာင့္ နဖူးကိုထိမွန္ၿပီး မင္းသား၏ ေျခရင္းသို႔ ျပန္က်ေလ ၏။ ပစ္ဖန္မ်ားေသာ္ ျခေသၤ့မင္းသည္ ေဒါသထြက္ လာေလ၏။ ထိုအခါ ျမားသည္ နဖူးကိုေဖာက္၍ ဝမ္းဗိုက္ကိုေဖာက္လ်က္ ေနာက္မွ ထြက္ေလ၏။ မင္းသားသည္ ျခေသၤ့၏ ဦးေခါင္းကို လည္ဆံႏွင့္ တကြျဖတ္ေတာက္ၿပီး မင္းအားဆက္သရန္ ယူလာ  ၏။

 

သီဟဗာဟုႏွင့္ သီဟပူရတိုင္းျပည္

ျခေသၤ့ဦးေခါင္းႏွင့္ ျပန္လာေသာ မင္းသား မေရာက္မီ ဝဂၤရာဇ္မင္း နတ္ရြာစံေတာ္မူႏွင့္၏။ မွဴးမတ္တို႔က သီဟဗာဟု မင္းသားကို ထီးနန္းအပ္ ၾက၏။ သီဟဗာဟု မင္းသားသည္ မယ္ေတာ္ႏွင့္ ဦးရီးေတာ္စပ္သူ အႏုရကၡကို ထီးနန္းလႊဲအပ္ၿပီး ေနာက္ လိုက္ပါလိုသူတို႔ကို ေခၚေဆာင္၍ ယခင္ဖခင္ ျခေသၤ့မင္း၏ေနထိုင္ရာ ဂူေနရာသို႔ ႏွမေတာ္ သီဟ သီဝလိမင္းသမီးႏွင့္ ျပန္ခဲ့ပါ၏။ သီဟပူရတိုင္းျပည္ ကိုထူေထာင္ကာ ႏွမေတာ္ သီဟသီဝလိကို မိဖုရား ေျမႇာက္ေလ၏။ မိဖုရားသည္ သားေတာ္မ်ားကို ၁၆ ႀကိမ္ အျမႊာေမြးဖြား၍ သံုးက်ိတ္ႏွင့္ႏွစ္ေယာက္ေသာ သားမ်ား ထြန္းကားေလ၏။ ထိုၿမိဳ႕ကား ယူဇနာ ၁၀ဝ က်ယ္ဝန္းေသာ လာဠေတာအုပ္တြင္ ရွိ၏။ ယခုအခါ ဗီဟာဖရာနယ္ေတာင္ပိုင္း ေစာဠာနဂခ႐ိုင္တြင္ တည္ ရွိပါသည္။ သားေတာ္တို႔အနက္ သားေတာ္ႀကီးကား သီဟိုဠ္ႏိုင္ငံကို ထူေထာင္ေသာ ဝိဇယမင္းႀကီး ျဖစ္ လာေလ၏။

 

ဝိဇယမင္းသားႏွင့္ သီဟိုဠ္ကြ်န္း

ဝိဇယမင္းသားႏွင့္ အေပါင္းပါတို႔သည္ သီ ဟိုဠ္ကြ်န္းႏိုင္ငံကို ထူေထာင္သူမ်ား ျဖစ္ၾကသည္။ ထူးသည္မွာ ဝိဇယမင္းသား သီဟိုဠ္ကြ်န္းေပၚသို႔ ေျခခ်ေသာအခ်ိန္တြင္ ျမတ္ဗုဒၶသည္ ကုသိႏၵာ႐ံု၌ ပရိနိဗၺာန္စံလြန္ခ်ိန္ႏွင့္ ကိုက္ညီေနေၾကာင္း သီဟိုဠ္ ရာဇဝင္တို႔၌ ဆိုထားျခင္းျဖစ္၏။ ဝိဇယမင္းသားသည္ ဗုဒၶသာသနာေတာ္ထြန္းကားရာ သီဟိုဠ္ကြ်န္းႏိုင္ငံကို တည္ေထာင္ေသာ မင္းအျဖစ္မွတ္တမ္းတင္ခံရေလ ၏။

သီဟဗာဟုမင္း၏ ဇာတ္လမ္းသည္ ဒ႑ာရီ   ဆန္၏။ သို႔ပါေသာ္လည္း သီဟိုဠ္ရာဇဝင္၊ မဟာဝင္ တို႔တြင္ အထင္ကရ မွတ္တမ္းတင္ထားျခင္းခံရ၏။ သီဟဗာဟုမင္းႀကီး၏ သားေတာ္ႀကီး ဝိဇယမင္း သည္ ရာဇရတနာၿမိဳ႕ကို ဦးစြာတည္၏။ ေနာင္တြင္ သာသနာ့သမိုင္းတြင္ ထင္ရွားေသာ အႏုယာဓၿမိဳ႕ သည္ မင္းေနျပည္၏ ၿမိဳ႕ေတာ္ျဖစ္လာ၏။ ထိုၿမိဳ႕တြင္ ျမတ္ဗုဒၶ၏ သာသနာ့အေဆာက္အအံုမ်ား မ်ားစြာ ရွိခဲ့၏။ ဘီစီ ၂၅၇ က စိုးစံခဲ့ေသာ ေဒဝါနံပီယတိႆ မင္းႀကီးလက္ထက္တြင္ ဗုဒၶသာသနာ ထြန္းလင္း ေတာက္ပခဲ့ပါ၏။ ထိုမင္းကား အိႏၵိယႏိုင္ငံ ေဗာရိယ ေခတ္ အေသာကမင္းႀကီးႏွင့္ ေခတ္ၿပိဳင္ျဖစ္၏။

သီဟဗာဟု၏ ျခေသၤ့အားမာန္သည္ သီဟိုဠ္ ႏိုင္ငံ၏ ေထရဝါဒဗုဒၶသာသနာေအာင္လံကို လႊင့္ ထူရာတြင္ ဒ႑ာရီထဲမွ ႐ုန္းထြက္၍ ယေန႔တိုင္ ငြားငြားစြင့္စြင့္ တည္ရွိေနသည္ျဖစ္ပါ၏။

 

“ျခေသၤ့ေဟာက္လာ၊ သာသနာ၊ ေရာင္ဝါ ေနသို႔ထြန္းပါေစသတည္း”

 

ေမတၲာရည္လ်က္

မ်ိဳးတင့္(ေညာင္ေလးပင္)

စာကိုး။    ။ စြယ္စံုက်မ္း(၁၃)

 

Unicode Version

သီဟိုဠ်ကျွန်း (ခေါ်) သီရိလင်္ကာနိုင်ငံသည် အရွယ်ငယ်သော်လည်း အရေးကြွယ်သည့်နိုင်ငံ ဖြစ်သည်။ လင်္ကာဒီပကျွန်းဟုလည်း ခေါ်သည်။ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက်၊ ဗုဒ္ဓသာသ နာသည် နေလိုလလလို သီဟိုဠ်ကျွန်း၌ ထွန်းကား လာခဲ့သည်။ အနာဂတ်သာသနာရေးကို ကြိုတင်သိ မြင်တော်မူသော ဗုဒ္ဓဘုရားရှင်သည် သီဟိုဠ်ကျွန်း  သို့ သုံးကြိမ်တိုင်တိုင် ဒေသစာရီကြွချီတော်မူခဲ့ပြီး သာသနာ့ဓာတ်ပန္နက်ကို စိုက်ထူခဲ့ရာ မြေမြတ်မဟာ ဖြစ်သည်။ မြန်မာလူမျိုးတို့သည် ဗုဒ္ဓသာသနာနှင့် ဆက်စပ်လျက် သီဟိုဠ်ကျွန်းကို အသိများကြသည်။    သို့ပါသော်လည်း သီဟိုဠ်ကျွန်း၏ ဂမ္ဘီရဆန်သော နောက်ခံသမိုင်းကိုမူ သိသူ နည်းပါးကြပါသည်။ သီဟိုဠ်ကျွန်း၏ နောက်ခံသမိုင်းကို မတင်ပြမီ သီဟိုဠ် ကျွန်း၏ စိတ်ဝင်စားဖွယ်အချက်အချို့ကို ဦးစွာ တင်ပြ ပါဦးမည်။

သီဟိုဠ်ကျွန်းနှင့် ကမ္ဘာ့ဘာသာကြီးများ
လူသူမနေသော လင်္ကာဒီပ(ခေါ်)သီဟိုဠ်ကျွန်း  နိုင်ငံသို့ ဗုဒ္ဓရှင်တော်သည် သက်တော်ထင်ရှားရှိစဉ် က သုံးကြိမ်ကြွခဲ့ပါသည်။ ထိုသို့ကြွတော်မူရခြင်းမှာ ယနေ့ခေတ် မြန်မာနိုင်ငံကဲ့သို့ ထေရဝါဒ သာသနာ တော်ထွန်းကားရန် ဗျာဒိတ်တော်မြတ် ချမှတ်လို၍ သာ ဖြစ်သည်။ ဗုဒ္ဓသာသနာနှင့် ပတ်သက်သော ဗုဒ္ဓဝင် မဟာဝင်ကျမ်းတို့တွင် သီဟိုဠ်ကျွန်းသည် များစွာ ထင်ရှားခဲ့သည်။ ဗုဒ္ဓသာသနာပြုမင်းများ၊ သီဟိုဠ်ခေတ်စံတော်ဝင် အရိယာများ၊ သာသနိက အဆောက်အအုံများ၊ များစွာပေါ်ထွန်းခဲ့ပုံကို ဓမ္မာစရိ ယ ဆရာဦးဋ္ဌေးလှိုင်က သီဟိုဠ်ခေတ်စံတော်ဝင် အရိ ယာများ စာအုပ်တွင် မြန်မာစာဖတ်ပရိသတ်များနှင့် မိတ်ဆက်ပေးခဲ့ပြီး ဖြစ်သည်။

ဟိန္ဒူဘာသာဝင်တို့က သူတို့၏ နတ်ဘုရား ဖြစ်သော ရာမမင်းသား၏ ကြင်ယာတော် သီတာ ဒေဝီကို လင်္ကာဒီပကျွန်းသို့ ဒဿဂီရိ(ခေါ်) ခေါင်း ဆယ်လုံးရှိသည့် ဘီလူးမင်း ရာဝဏက အိန္ဒိယ  နိုင်ငံမှ ခိုးယူသွားခဲ့သည်ဟု ဆိုသည်။ ရာမမင်း လိုက်လာ၍ ရာဝဏအား အောင်နိုင်ပြီး ရာမမင်း၏ တန်ခိုးဩဇာဖြန့်ကြက်ခဲ့ရာ ဒေသဟု ဖော်ပြထား သည်။ အိန္ဒိယနိုင်ငံမှ သီဟိုဠ်ကျွန်းသို့ ဓနရှကိုဒီရွာမှ ပင်လယ်ရေလက်ကြားကို ဖြတ်ကူးသည့် ကျောက် တန်းကြီးရှိသည်။ ယခုအခါ မီးရထားလမ်းပေါက်နေပါ ပြီ။ ထိုကျောက်တန်းသည် ရာမမင်း၏ ဘက်တော်    သား ဟနုမာန်မျောက်မင်းက ကျောက်တန်းဆည်ဖို့ ပြီး တံတားသဖွယ် လမ်းခင်းပေးထားသော နေရာဟု ဆိုကြသည်။ ယနေ့တိုင် ဟနုမာန်ကျောက်တန်းဟု ခေါ်ကြသည်။

ခရစ်ယာန် ဘာသာဝင်တို့ကလည်း ထို ကျောက်တန်းကို အဒမ်ကျောက်တန်းဟု ခေါ်ကြ သည်။ ခရစ်ယာန်ဘာသာဝင်တို့သည် ကမ္ဘာဦး လူသားအစဖြစ်သော အဒမ်နှင့် ဧဝတို့၏ ချစ်ပုံပြင်နှင့် ဆက်စပ်သော ဒေသတစ်ခုဖြစ်ကြောင်း ဆိုကြသည်။  သူတို့အဆိုအရ အဒမ်နှင့် ဧဝကို ဧဒင်ဥယျာဉ်မှ နှင်ထုတ်လိုက်သောအခါ ထိုကျောက်တန်းကို ဖြတ် ကျော်၍ သီဟိုဠ်ကျွန်းတွင် နေထိုင်ခဲ့ကြောင်းဆိုလေ သည်။

မွတ်စလင်ဘာသာဝင်တို့ကလည်း သီဟိုဠ် ကျွန်းနှင့် ပတ်သက်၍ တမန်တော် မိုဟမ္မဒ်သည် သီဟိုဠ်ကျွန်း၌ စခန်းတစ်ထောက် နားခဲ့ဖူးကြောင်း ဆိုကြသည်။ သို့ဖြစ်ပါ၍ သီဟိုဠ်ကျွန်းနိုင်ငံသည် ကမ္ဘာ့ဘာသာကြီး လေးဘာသာတို့၏ အာရုံကျ ရောက်ရာ အထွတ်အမြတ်ဒေသဟု ဆိုနိုင်ပါသည်။

ဗုဒ္ဓရှင်တော် ငါးဆူပွင့်ထွန်းတော်မူရာ ဘဒ္ဒကမ္ဘာနှင့် သီဟိုဠ်ကျွန်း
ဘဒ္ဒကမ္ဘာကို ဘုရားငါးဆူ ပွင့်တော်မူရာ အဖြစ် အများသိကြပြီး ဖြစ်သည်။ ထိုပွင့်တော်မူသော ဘုရားရှင်တို့ခေတ်ကာလများတွင် သီဟိုဠ်ကျွန်းသည်  အမည်အမျိုးမျိုးနှင့် ထင်ရှားခဲ့သော ဗုဒ္ဓသာသနာ ထွန်းကားခဲ့ရာ ဒေသကြီး ဖြစ်ခဲ့သည်။ ကကုသန် မြတ်စွာဘုရားရှင် လက်ထက်တွင် သီဟိုဠ်ကျွန်းကို ဩဇာဒီပဟု ခေါ်ခဲ့သည်။ ကောဏဂုံ ဘုရားရှင် လက်ထက်တွင် ဝရဒီပ ဟုခေါ်ပြီ၊ ကဿပဘုရားရှင် လက်ထက်တွင် မဏ္ဍဒီပ ဟုခေါ်ခဲ့သည်။ ဂေါတမ ဘုရားရှင်လက်ထက်တော်တွင် လင်္ကာဒီပဟူ၍ ခေါ် တွင်ကြောင်း သိရှိရသည်။

သီဟိုဠ်ကျွန်းကို အမည်အမျိုးမျိုးခေါ်ဆိုပုံ
ဝိဇယမင်းသားနှင့် အပေါင်းအပါများသည် သီဟိုဠ်ကျွန်းကို စတင်ခြေချခဲ့စဉ်က မြေပြင်သည် ပြောင်ချောနေသည်ဟု ဆိုပါသည်။ ချောပြောင်နေ သော မြေပြင်ကြောင့် ခြေလှမ်းမခိုင် ယိမ်းယိုင်ခဲ့ကြ သည်။ ထို့ကြောင့် သင်္ခယဒီပဟု ခေါ်တွင်ခဲ့ကြသည်။ မြန်မာတို့ကမူ သိန်ခိုကျွန်း သင်္ဃိုကျွန်းဟုခေါ်ခဲ့ကြ သည်။ သီဟိုဠ်ကျွန်းဟု ခေါ်ဆိုခြင်းအကြောင်းတွင် ဝိဇယမင်းသားသည် သီဟဗာဟုမင်း၏ သားတော် ဖြစ်သောကြောင့် သီဟဠ အမျိုးအနွယ်ဖြစ်ခြင်း အကြောင်းခံရှိသည်။ သီဟဠ မျိုးက စတင်တည် ထောင်သောကြောင့် သီဟိုဠ်ဟုခေါ်ကြောင်း ယူမှတ် ခဲ့ကြသည်။ လင်္ကာဒီပ(သို့မဟုတ်) လံကာဒီပဆိုသည် မှာ ဗြဟ္မဏပုဏ္ဏားတို့၏ အခေါ်အဝေါ် ဖြစ်သည်။ အင်္ဂလိပ်တို့က စီလုံဟုခေါ်သည်။ ထိုအသံမှာ ရှေးဦး နယ်ချဲ့များ ဖြစ်သော ပေါ်တူဂီတို့က ဇီလုံဟု ခေါ် ဆိုရာမှ ဆင်းသက်လာခြင်းဖြစ်သည်။

သီဟိုဠ်ကျွန်း၏ တည်နေရာနှင့် တောင်ထွတ်များ
သီဟိုဠ်ကျွန်းသည် သစ်တော်သီးတစ်လုံး၏ ပုံနှင့်တူသည်(သို့မဟုတ်)ဗူးသီးရှည်ပုံနှင့် ဆင်သည်ဟု ဆိုကြသည်။ အောက်ကား၍ အထက်ရှူးသည်။ ကျောက်ဆောင်၊ ကျောက်တောင်များနှင့် ဖွဲ့စည်း ထားသည်။ ပင်လယ်ရေ ဝိုင်းနေသော ကျွန်းဖြစ် သည်။ ပေ ၇၀ဝဝ မှ ၈၀ဝဝ အထိ မြင့်သောတောင် များရှိသသည်။ အမြင့်ဆုံးတောင်ဖြစ်သည့် ပီနုဓူ တာလာဂါလသည် ၈ယ၂၉၁ ပေမြင့်သည်။ မြတ် ဗုဒ္ဓ၏ ခြေတော်ရာရှိသော စေတီပါဒတောင်မှာ ၇ယ၃၆၅ ပေ ရှိသည်။

အိန္ဒိယကျွန်းဆွယ် တောင်ဘက်စွန်းဝင် တောင်ဘက်အရှေ့ယွန်းယွန်း၌ ရှိသည်။ ၅၅ မိုင် ကျယ်သော ပေါ့က ရေလက်ကြားသည် အိန္ဒိယ ကျွန်းဆွယ် တောင်ဘက်စွန်းနှင့် သီဟိုဠ်ကျွန်းကို ပိုင်းခြားထားသည်။ မြောက်မှတောင်သို့ ၂၇၁ မိုင် ရှည်၌ ဗြက်အကျယ်ဆုံးနေရာမှာ ၁၃၇ မိုင်ရှိသည်။ တစ်ကျွန်းလုံး၏ အကျယ်အဝန်းမှာ ၂၄ယ၉၅၉ မိုင် စတုရန်းရှိသည်။

သီဟိုဠ်ကျွန်း၏ ထူးခြားသော ဗုဒ္ဓသာသနာ အထိမ်းမှတ်များ
သီဟိုဠ်ကျွန်းသည် ဗုဒ္ဓသာသနာထွန်းလင်း ရာဒေသဖြစ်သည်။ သီဟိုဠ်ကျွန်းသားတို့သည် စိတ် နှလုံးအေးချမ်းကြသည်။ ဗုဒ္ဓဘာသာဝင်တို့ အထွတ် အမြတ်ထားရာ ဒက္ခိဏသာခါ မဟာဗောဓိပင်နှင့် စွယ်တော်တိုက်တို့ရှိသည်။ နှစ်ပေါင်း ၂၀ဝဝ ကျော် က သီရိဓမ္မာသောကမင်းကြီး၏ သမီးတော်(အရှင် မဟိန္ဒ ရဟန္တာမြတ်၏ နှမတော်)သင်္ဃမိတ္တထေရီမ ပင့်ဆောင်စိုက်ပျိုးခဲ့သော ဗောဓိပင်တည်ရှိရာ နေရာ မြတ်ဖြစ်သည်။ ကန္နီမြို့ရှိ စွယ်တော်တိုက်တွင် မြတ် ဗုဒ္ဓ၏ လက်ဝဲအောက်စွယ်တော်မြတ် ကိန်းအောင်း အပူဇော်ခံလျက်ရှိသည်။ သီဟိုဠ်ကျွန်းနိုင်ငံ၏ ဗုဒ္ဓ သာသနာဝင်သမိုင်း၌ ထင်ရှားသော မြို့တော်မှာ အနုယာဓ မြို့တော်ဖြစ်သည်။

နယ်ချဲ့တို့စိုးမိုးသိမ်းပိုက်ခြင်း
သီဟိုဠ်ကျွန်းသို့ အိန္ဒိယတောင်ပိုင်းမှ တမီလ် (ဓမ္မိလ)ကျေးကုလားတို့ဝင်ရောက်တိုက်ခိုက်ခဲ့ကြ သည်။ အလွန်ထင်ရှားသော အနုယာဓမြို့တော်ကြီး ပျက်စီးခဲ့ရသည်။ ကျေးကုလားတို့ လက်အောက်မှ သီဟိုဠ်သားတို့ ရုန်းကန်တော်လှန်ခဲ့ကြသည်။ ၁၃ ရာစုတွင် တိုက်ခိုက်သိမ်းပိုက်ခြင်း ခံရပြန်သည်။ ၁၅၀၅ တွင် ပေါ်တူဂီတို့က တိုက်ခိုက်နယ်ချဲ့ခဲ့ပြန် သည်။ ထို့နောက် ဒတ်ချ်လူမျိုးများက ပေါ်တူဂီ တို့ကို တိုက်ထုတ်ကာ နယ်ချဲ့ခဲ့ပြန်သည်။ ၁၇၉၆ ခုနှစ်တွင် ဗြိတိသျှတို့က ဒတ်ချ်တို့ကို တိုက်ထုတ် ပြီး သီဟိုဠ်ကျွန်းတွင် ခြေချခဲ့ကြသည်။ သီဟိုဠ် နိုင်ငံသားတို့သည် နယ်ချဲ့တို့ကို ထာဝရတိုက်ပွဲဝင် ခဲ့ရသော မျိုးချစ်သူရဲကောင်းများ ဖြစ်သည်။ သူတို့၏ စွန့်လွှတ်ကြိုးပမ်းအားထုတ်မှုကြောင့်ပင် ၁၉၇၂ ခုနှစ် မေလ ၂၂ ရက်တွင် သီဟိုဠ်သမ္မတနိုင်ငံအဖြစ် ကြေညာနိုင်ခဲ့သည်။ အမည်မှာ သီရိလင်္ကာသမ္မတ နိုင်ငံတော်ဟူ၍ ဖြစ်သည်။ ထိုစဉ်က ဝန်ကြီးချုပ်မှာ သီရိမာဗိုဗန္ဓရာနာရကေး ဖြစ်သည်။

ဤဖြစ်စဉ်တို့မှာ အကျဉ်းချုံးတင်ပြထားသော   သီဟိုဠ်ကျွန်း(ခေါ်) သီရိလင်္ကာနိုင်ငံအကြောင်းဖြစ် သည်။ အဓိကပြုတင်ပြလိုသည်မှာ သီဟိုဠ်ကျွန်းကို ရှေးဦးစွာ တည်ထောင်ခဲ့သူ ဝိဇယမင်းသား၏ ခမည်း တော် သီဟဗာဟုမင်းအကြောင်းသာ ဖြစ်သည်။ သီဟဗာဟုမင်း အကြောင်းသည်ကား ဂမ္ဘီရဆန်း ကြယ်ဖြစ်စဉ်ထူးဟု ဆိုနိုင်ပါသည်။

မင်းသမီး ကေသရီ
သီဟဗာဟုမင်းသည် ဂေါတမရှင်တော် မပွင့် မီ နှစ်ပေါင်း ၁၀ဝ ခန့်က ဇမ္ဗူဒိပ်ကျွန်း၌ လာဋရဋ္ဌ တိုင်းပြည်တွင် စိုးစံခဲ့သည်။ ထိုမင်းကား ထူးသော မင်းဖြစ်သည်။ လူသားမိဘနှစ်ပါးမှ မွေးဖွားလာသူ မဟုတ်ဘဲ ခြင်္သေ့နှင့် လူမင်းသမီး ပေါင်းသင်းရာမှ မွေးဖွားလာသူဖြစ်သည်။ သူ၏သားကြီး ဝိဇယ မင်းသားသည် သီဟိုဠ်ကျွန်းနိုင်ငံကို တည်ထောင်သူ ဖြစ်သည်။ သို့ဖြစ်၍ သီဟဗာဟုမင်းနှင့် သီဟိုဠ် ရာဇဝင်တို့ ဆက်နွှယ်မှုရှိခဲ့ပေသည်။

ဇာတ်လမ်းအစမှာ ဘုရားရှင်မပွင့်မီ နှစ် ၁၀ဝ ခန့်က မဇ္ဈိမဒေသ၊ ဝင်္ဂတိုင်း (ယခုဘင်္ဂလားပြည်) တွင် ဝင်္ဂရာဇ်မင်းသည် ကလိင်္ဂမင်း၏ သမီးတော်ကို မိဖုရားမြှောက်၍ မင်းပြုလေရာ သမီးတော်တစ်ပါး ထွန်းကားလာခဲ့သည်။ ပညာရှိ ပရောဟိတ်တို့က မင်းသမီးငယ်၏ ဇာတာကို စစ်ဆေးခဲ့သည်။ ထူးခြား သောအဟောထွက်လာသည်။ ခြင်္သေ့မင်း၏ မြောက် သားတော်ဖြစ်လာမည်ဟု ဆိုကြသည်။ ထိုမင်းသမီး သည် ကာမဂုဏ်၌ လွန်ကြူးသူဖြစ်ရာ မိခင်၏ ဆုံးမ သည်ကို မနာခံသောကြောင့် နယ်နှင်ဒဏ်ပေးခြင်း ခံရလေသည်။ မင်းသမီးအမည်ကား ခြင်္သေ့ကိုစွဲ၍ ကေသရီ ဟု တွင်၏။

ခြင်္သေ့မင်းနှင့် တွေ့လေပြီ
မင်းသမီးသည် လွတ်လပ်စွာဖြင့် တောသူ အသွင်ယူကာ တိုင်းပြည်မှ ထွက်ခွာခဲ့ပါ၏။ လှည်း သားများနှင့်အတူ လိုက်ခဲ့၏။ တစ်ခုသော တောအုပ် သို့ ရောက်လေသော် ခြင်္သေ့မင်းသည် ဂူမှထွက်လာ ပြီး လှည်းများ၏ နောက်သို့ လိုက်လေသော် လှည်း သမားတို့က ကြောက်ရွံ့၍ ထွက်ပြေးကြလေ၏။ မင်းသမီးမှာ ကြိုတင်နိမိတ်စကား အတိုင်း မကြောက် မရွံ့ဘဲ ခြင်္သေ့မင်းထံ ပြေးသွားခဲ့၏။ ခြင်္သေ့မင်းလည်း သူ၏ ကျောကုန်းပေါ်တင်၍ နေထိုင်ရာ ကျောက်ဂူသို့ ဆောင်ကြဉ်းလေ၏။ အတူတကွ နေထိုင်ပေါင်းသင်း ကြရာ ခြင်္သေ့ကိုစွဲ၍ သမီးနှင့်သား အမြွှာနှစ်ဦး ဖွားမြင်လေ၏။ ခြင်္သေ့သည် ဂူကိုပိတ်ကာ အစာရှာ၍ မိသားစုကို ကျွေးမွေး၏။ ခြင်္သေ့က မွေးသောသားကို သီဟဗာဟု ဟူ၍မှည့်ခေါ်ပြီး၊ သမီးကို သီဟသီဝလိ ဟူ၍ ခေါ်၏။ သီဟဗာဟုကား ခြင်္သေ့ကဲ့သို့ ရဲရင့် ကြံ့ခိုင်သူ ဖြစ်လေ၏။

သီဟဗာဟု၏ စွန့်စားခန်း
အရွယ်ရောက်သော် အကြောင်းစုံကို မိခင်ထံ မှ သိရပြီး အမိနှင့်နှမကို ပခုံးတွင်တင်၍ ပြေးလေ ၏။ တစ်နေ့လျှင် ယူဇနာ ၂၀ ခရီးကို ကျော်လွန်၍ ဝင်္ဂတိုင်းနယ်စွန် ပစ္စန္တရွာသို့ ရောက်လေ၏။ ထိုရွာ တွင် ကေသရီမင်းသမီး၏ ဦးရီးတော်သူ အနုရက္ခ မင်းသား အုပ်ချုပ်လျက်ရှိ၏။ အကျိုးအကြောင်းကို ပြောပြရာ ဝင်္ဂတိုင်းသို့ ခေါ်ဆောင်ခဲ့လေ၏။ မင်း သည် ကေသရီကို မြောက်သားတော်အဖြစ်ထား၏။ ထိုစဉ် ကာလတွင် မိသားစုကို လိုက်လံရှာဖွေသော ခြင်္သေ့မင်းသည် ပြည်ရွာကို ချောက်ချားစေ၏။ မြို့ ရွာများတွင် ခြင်္သေ့ဘေးကြောင့် လူတို့သေကျေ ပျက်စီးကြရ၏။ ဝင်္ဂမင်းသည် ခြင်္သေ့ရန်ကို တွန်းလှန် ရန် အသပြာထောင်ထုပ် ပေးမည်ဟု မောင်းစေ၏။  ယှဉ်ဝံ့သူ မရှိ၍ အသပြာများကို တိုးပေးခဲ့၏။ သီဟ ဗာဟု မင်းသားသည် မိခင်အား ခွင့်တောင်းရာ ပယ် ချလေ၏။ နောက်ဆုံးတွင် ပြည်ရွာပျက်မည့်ဘေးမှ ကယ်တင်ရန် ဖခင်ခြင်္သေ့မင်းကို ရင်ဆိုင်လေ၏။ ဝင်္ဂမင်းသည် လွန်စွာအားရတော်မူ၍ ခြင်္သေ့ကို   နှိမ်နင်းနိုင်ပါက ထီးနန်းကို အပ်နှံမည်ဟု ကတိပြု လေ၏။ လေးမြားလှံတို့ကိုဆွဲ၍ ခြင်္သေ့ဂူသို့ ခရီးထွက် ခဲ့၏။ ခြင်္သေ့မင်းလည်း သားကိုတွေ့သောအခါ ချစ် ခြင်းပီတကြောင့် တစ်ကိုယ်လုံးပျံ့နှံ့ပြီး မေတ္တာစိတ် ဖြစ်လေ၏။

သီဟဗာဟုမင်းသားသည် မြားတစ်ကမ်း နေရာမှ ခြင်္သေ့ကို လေးနှင့်ခွင်းလေ၏။ လွှတ်သော မြားတို့သည် ဖခင်၏ ချစ်မေတ္တာအဟုန်ကြောင့် နဖူးကိုထိမှန်ပြီး မင်းသား၏ ခြေရင်းသို့ ပြန်ကျလေ ၏။ ပစ်ဖန်များသော် ခြင်္သေ့မင်းသည် ဒေါသထွက် လာလေ၏။ ထိုအခါ မြားသည် နဖူးကိုဖောက်၍ ဝမ်းဗိုက်ကိုဖောက်လျက် နောက်မှ ထွက်လေ၏။ မင်းသားသည် ခြင်္သေ့၏ ဦးခေါင်းကို လည်ဆံနှင့် တကွဖြတ်တောက်ပြီး မင်းအားဆက်သရန် ယူလာ  ၏။

သီဟဗာဟုနှင့် သီဟပူရတိုင်းပြည်
ခြင်္သေ့ဦးခေါင်းနှင့် ပြန်လာသော မင်းသား မရောက်မီ ဝင်္ဂရာဇ်မင်း နတ်ရွာစံတော်မူနှင့်၏။ မှူးမတ်တို့က သီဟဗာဟု မင်းသားကို ထီးနန်းအပ် ကြ၏။ သီဟဗာဟု မင်းသားသည် မယ်တော်နှင့် ဦးရီးတော်စပ်သူ အနုရက္ခကို ထီးနန်းလွှဲအပ်ပြီး နောက် လိုက်ပါလိုသူတို့ကို ခေါ်ဆောင်၍ ယခင်ဖခင် ခြင်္သေ့မင်း၏နေထိုင်ရာ ဂူနေရာသို့ နှမတော် သီဟ သီဝလိမင်းသမီးနှင့် ပြန်ခဲ့ပါ၏။ သီဟပူရတိုင်းပြည် ကိုထူထောင်ကာ နှမတော် သီဟသီဝလိကို မိဖုရား မြှောက်လေ၏။ မိဖုရားသည် သားတော်များကို ၁၆ ကြိမ် အမြွှာမွေးဖွား၍ သုံးကျိတ်နှင့်နှစ်ယောက်သော သားများ ထွန်းကားလေ၏။ ထိုမြို့ကား ယူဇနာ ၁၀ဝ ကျယ်ဝန်းသော လာဠတောအုပ်တွင် ရှိ၏။ ယခုအခါ ဗီဟာဖရာနယ်တောင်ပိုင်း စောဠာနဂခရိုင်တွင် တည် ရှိပါသည်။ သားတော်တို့အနက် သားတော်ကြီးကား သီဟိုဠ်နိုင်ငံကို ထူထောင်သော ဝိဇယမင်းကြီး ဖြစ် လာလေ၏။

ဝိဇယမင်းသားနှင့် သီဟိုဠ်ကျွန်း
ဝိဇယမင်းသားနှင့် အပေါင်းပါတို့သည် သီ ဟိုဠ်ကျွန်းနိုင်ငံကို ထူထောင်သူများ ဖြစ်ကြသည်။ ထူးသည်မှာ ဝိဇယမင်းသား သီဟိုဠ်ကျွန်းပေါ်သို့ ခြေချသောအချိန်တွင် မြတ်ဗုဒ္ဓသည် ကုသိန္ဒာရုံ၌ ပရိနိဗ္ဗာန်စံလွန်ချိန်နှင့် ကိုက်ညီနေကြောင်း သီဟိုဠ် ရာဇဝင်တို့၌ ဆိုထားခြင်းဖြစ်၏။ ဝိဇယမင်းသားသည် ဗုဒ္ဓသာသနာတော်ထွန်းကားရာ သီဟိုဠ်ကျွန်းနိုင်ငံကို တည်ထောင်သော မင်းအဖြစ်မှတ်တမ်းတင်ခံရလေ ၏။

သီဟဗာဟုမင်း၏ ဇာတ်လမ်းသည် ဒဏ္ဍာရီ   ဆန်၏။ သို့ပါသော်လည်း သီဟိုဠ်ရာဇဝင်၊ မဟာဝင် တို့တွင် အထင်ကရ မှတ်တမ်းတင်ထားခြင်းခံရ၏။ သီဟဗာဟုမင်းကြီး၏ သားတော်ကြီး ဝိဇယမင်း သည် ရာဇရတနာမြို့ကို ဦးစွာတည်၏။ နောင်တွင် သာသနာ့သမိုင်းတွင် ထင်ရှားသော အနုယာဓမြို့ သည် မင်းနေပြည်၏ မြို့တော်ဖြစ်လာ၏။ ထိုမြို့တွင် မြတ်ဗုဒ္ဓ၏ သာသနာ့အဆောက်အအုံများ များစွာ ရှိခဲ့၏။ ဘီစီ ၂၅၇ က စိုးစံခဲ့သော ဒေဝါနံပီယတိဿ မင်းကြီးလက်ထက်တွင် ဗုဒ္ဓသာသနာ ထွန်းလင်း တောက်ပခဲ့ပါ၏။ ထိုမင်းကား အိန္ဒိယနိုင်ငံ ဗောရိယ ခေတ် အသောကမင်းကြီးနှင့် ခေတ်ပြိုင်ဖြစ်၏။

သီဟဗာဟု၏ ခြင်္သေ့အားမာန်သည် သီဟိုဠ် နိုင်ငံ၏ ထေရဝါဒဗုဒ္ဓသာသနာအောင်လံကို လွှင့် ထူရာတွင် ဒဏ္ဍာရီထဲမှ ရုန်းထွက်၍ ယနေ့တိုင် ငွားငွားစွင့်စွင့် တည်ရှိနေသည်ဖြစ်ပါ၏။

“ခြင်္သေ့ဟောက်လာ၊ သာသနာ၊ ရောင်ဝါ နေသို့ထွန်းပါစေသတည်း”

မေတ္တာရည်လျက်

မျိုးတင့်(ညောင်လေးပင်)

စာကိုး။    ။ စွယ်စုံကျမ်း(၁၃)

Comments

comments

Post Author: manawmaya