အရေပြားရောဂါများကို တိုင်းရင်းဆေးနှင့် အမြစ်ပြတ်ကုသနည်း

အရေပြားရောဂါအမျိုးမျိုးတို့၏သဘာဝ

 

အရေပြားတွင် ဖြစ်တတ်သော ပွေးညှင်း၊ တင်းတိတ်၊ ဝဲနာနှင့်နှင်းခူတို့မှာ သဘာဝချင်းမတူ အမျိုးမျိုးကွဲပြားကြသည်။ မြန်မာ့တိုင်းရင်းဆေးပညာ အရ၊ ပွေးကို ပွေးလေး၊ ပွေးကြီးဟူ၍နှစ်မျိုးခွဲသည်။ ပွေးလေးကပျောက်လွယ်သည်။ ပွေးကြီးစွဲက ပျောက် ခဲသည်။ ပွေးစွဲလက္ခဏာမှာစွဲစတွင် ခပ်ဝိုင်းဝိုင်းနှင့် အသားစုန့်၍ထနေသည်။ အဆင်းက ဖြူတူတူ ဖြစ် သည်။ ယားသည်။ တစစပွားလာပြီး အပြန့်ကျယ် လာသည်။

တင်းတိပ်မှာအဆင်းမည်းသည် ယားခြင်း မှရှိဘဲ ပွားသည်။

နှင်းခူမှာ အစိုနှင်းခူအခြောက်နှင်းခူနှစ်မျိုးရှိ သည်။ အစိုတွင် ပြည်ထည့်သည်။ ယားသည်။ အခြောက်တွင် ပြည်မတည်ဘဲ ယားသည်။ ထိုရောဂါ များကို လေ့လာကြည့်သောအခါ အသွင်သဏ္ဌာန် ကွဲပြားသော်လည်း သဘာဝမှာ ကွဲပြားခြင်းမရှိပါ။ တိုင်းရင်းဆေးပညာအသိနှင့် ဝေဖန်ရသော်တေဇော လွန်၍ဝါယောထကြွခြင်းသာဖြစ်သည်။ အလွန်ကြီး အလွန်လေးသာကွာသည်။ သဘောသဘာဝမှာတူညီ ကြသည်။

ရောဂါနှစ်မျိုးရှိသည်။ အသားစွဲရောဂါနှင့် အရေစွဲရောဂါများဖြစ်သည်။ ဖော်ပြပါရောဂါများမှာ အသားစွဲမဟုတ်ပဲ အရေစွဲရောဂါများသာဖြစ်သည်။ အသား၌ဖြစ်သော ရောဂါပျောက်သွားလျှင်ဒဏ်ရာ မကျန်ပဲ၊ အသားစွဲ၍ဖြစ်သော ရောဂါများတွင် ဒဏ် ရာအမာရွတ် ကျန်သည်။ ထိခိုက်ဒဏ်ရာရခြင်း၊ မီး လောင်ခြင်း စသောရောဂါများတွင် အမာရွတ်များ ကျန်ကြသည်။

ထိုရောဂါများမှာအပူအစပ်လွန်ပြီး ဝါယောြွက၊ တေဇောလွန်အစားအစာများစားမိခြင်းကြောင့် ဖြစ်သည်။ အပူအပုပ်ပြင်းသော ငါးပိစသောဆားနယ် စာများစားမိခြင်း၊ မြေတွင်းအောင်းသတ္တဝါ မြွေ၊ ကြွက် ၊ ဖားငါးရှဥ့်စသည်တို့ကို သုံးဆောင်ခြင်းနှင့် တစ်ကိုယ် ရည်သန့်ရှင်းမှုအားနည်းခြင်းတို့ကြောင့် ဖြစ်ကြသည်။

 

ရောဂါကင်းဝေစေသော ဓာတ်စာစားနည်း

 

ရောဂါပျောက်ကင်းလိုသူသည် သွေးကြွ၊ သွေးတက်သော အပူ၊ အစပ်များကို တစ်လ၊ နှစ်လ ခန့် လုံးဝရှောင်ရှားသင့်သည်။ အေးသော အာဟာရ များဖြစ်သည့် ဘူးသီး၊ သခွား၊ ဖရဲစသော အစားအ စာများကို အဓိကစားရသည်။ အသားစားရာတွင် သွေးမြွကသော ဝက်သား၊ ကျွဲသား၊ ငါးနှင့် ပုဇွန်၊ ဘဲသားများကိုစားရသည်။ (သမင်၊ ဒရယ်၊ ဂျီ၊ ဆိုင်၊ ဆတ်၊ နွားသား၊ ကြက်သား များကို စားသူများကို အားဆေးကုမပေးရဟု ရှေ့ကဗိန္ဒော ဆရာမြတ်တို့က ဆိုသည်)ဆိုလိုသည်မှာ အာပေါဓာတ်၊ ပထဝီဓာတ် ကြိုက်စာများကိုသာ စားရသည်။ အပူလွန်တေဇော ဓာတ်၊ ဝါယောဓာတ် စာများကို ရှောင်ရသည်။ အပူ၊ အစပ်များကိုစားလျှင် ရောဂါ ကုသော်လည်းဆေး မတိုးဘဲ ရှိသည်။ မြန်မာတိုင်းရင်းဆေးကုထုံးတို့မှာ ဓာတ်စာကိုအဓိကထား၍ ကုသခြင်းဖြစ်လေရာအစား အစာစားခြင်းကို အထူးဂရုပြုရပါသည်။

ပွေးဝဲယားနာများမှာ ရာသီပြောင်းချိန်မိုးဦး၊ မိုးနှောင်းဆောင်းအစကာလများတွင် ရာသီသဘာဝ နှင့် သွေးသားပြောင်းချိန်အဖြစ် များပါသည်။ “မိုး တောင်ပွေးခေါင်”ဆိုသော ရှေ့စကားအရ တောင် ဘက်က မိုးညိုလာချိန်တွင် ပွေးဝဲယားနာတို့မှာ ခန္ဓာ ကိုယ် ကလာပ်စည်းများ ပြောင်းလဲခြင်းနှင့်အတူ အောင်းနေရာမှ ပြန်ပေါ်လာကြသည်။ ထိုကာလ မျိုးတွင် မြေတွင်းအောင်း အပူခိုးပြင်းထန်သော ကြွက်၊ ငါးရှဥ့်၊ ဖားလိပ်စသောသတ္တဝါများကို စားမိ လျှင် ရောဂါကို ဆွပေးသကဲ့သို့ဖြစ်ရလေသည်။ ထို တွင်းအောင်းသတ္တဝါများကို ရှောင်ရှားရပါသည်။

 

ခံဗူးဆရာတော်၏လက်တွေ့ကုထုံး

 

ခံဗူးဆရာတော်၏ လက်တွေ့ကုထုံး၊ သက်စောင့်ဆေးကျမ်းတွင် အရေပြားတွင်ဖြစ်သော ရောဂါ များကိုကုသရန်နည်းကို ဖော်ပြထားပါသည်။

၁။ အရေပြားရောဂါကိုဆပ်ပြာနှင့် ပွတ်တိုက် ဆေးကြော၍ကြမ်းသောဝတ္ထုပစ္စည်းနှင့် ပွတ်တိုက် ပေးပါ။

၂။ အနာအတွက်ယမ်းစိမ်း၊ ကန့်၊ ဟင်းရိုင်း သုံးမျိုးကို အမျှစီစုပြီးအမှုန့်ပြု၍ရေနံနှင့် ဖျော်ရသည်။ အပူပေးထားသော ဆေးရည်နွေးနွေးကိုအနာပေါ်တင် လူးရသည်။

၃။ သားနံရည်များ ကျ၍ သုံးရက်လောက်တွင် အနာများ ကွာကျပြီး ခြောက်သွေ့သွားမည်။

၎။ မပျောက်သေးလျှင် ထိုနည်းအတိုင်းသုံးခါ ဆက်၍ကုသရသည်။ သုံးခါထက်မပိုဘဲလုံးဝ ပျောက် ကင်းသည်။

ဓာတ်စာအတွက် အထက်က ညွှန်ပြသော အအေးစာများစားရသည်။ အထူးသတိပြုရန်မှာ သွေး တက်၊ သွေးကြွ၊ ချဉ်၊ ပူစပ်သောအစာများကို လုံးဝ ရှောင်ရန်ဖြစ်သည်။

ရောဂါပြင်းထန်လျှင်ကန့်တစ်ပဲ၊ ဟင်းရိုင်း တစ်ပဲကို ကွမ်းတစ်ပဲနှင့်ကြိတ်၍ဆေးအဖြစ်သောက် ပေးရသည်။ ညွှန်ကြားထားသောနည်းအတိုင်း လိုက် နာလျှင် ပွေး၊ ညှင်း၊ ဝဲနှင့် နှင်းခူ၊ တင်းတိပ်ရောဂါ များ ရှင်းရှင်းပျောက်ကင်းသည်ဟုဆိုပါသည်။

 

အရေပြားရောဂါဆောင်ပုဒ်အလင်္ကာ –

– တင်းတိပ်မယွင်း၊ ဝဲပွေးညှင်း၊ နှင်းခူများ မှာ၊ အသားပွကာ၊ ပွတက်လာ၊ ယားကာမပျောက်ပီ။

– သဘောလက္ခဏာ၊ ကြောင်းခြင်းရာ၊ သေချာပြလိုက်မည်။

– ယားခြောက်ဟူသမျှ၊ တေဇြေွာက၊ ဝါတလွန်လေသည်။

– တေဇောဝါတ၊ ငြိမ်းလေက၊ မုချပျောက်ရ မည်။

– ဟင်းရိုင်းယမ်းပ၊ ကန့်တဝ၊ အမျှကြိတ် ရမည်။

– ရေနံနှင့်သာလိမ်းသုတ်ပါ၊ အမှန်ပျောက်ရ မည်။

– သွေးတက်၊ သွေးကျချဉ်စပ်က မုချရှောင် ရမည်။

– ငန်အေးဟူသမျှ၊ ပေးကုန်ကြမုချမလွဲပြီ။

– ရေစွဲဟူသမျှ ယားကုန်ထ၊ ကုသပျောက် ရမည်။

– ယားနာဟူသမျှ၊ ကုသနည်းပြ၊ မှတ်ကြ နောင်အရှည်။

အရေပြား၌စွဲသော ယားနာကုထုံးတို့ကိုလိုသူ တို့အသုံးပြုနိုင်ရန်တင်ပြပါသည်။ ရှေးအခါက ဤကု ထုံးနှင့် လူအများပျောက်ကင်းခဲ့ကြသည်။ ယနေ့တိုင် လည်း အသုံးပြုသူတို့ ပျောက်ပင်းနေကြပါသည်။ ရှေးဟောင်းကုထုံးကို မပျောက်မပျက်စေရန် တင်ပြ ပေးလိုက်ပါသည်။ လိုသူတို့သုံးစွဲ၍ အရေပြားရောဂါ များ ပျောက်ကင်းကြပါစေ။

 

မေတ္တာရည်လျက်

မျိုးတင့်(ညောင်လေးပင်)

Comments

comments

Post Author: manawmaya