ကပ္ပိယကြီး၏အသည်းဖျဉ်းစွဲရောဂါကုထုံးနှင့် ပြုံးပန်းတွေ ဝေ ဒေါ်ညွန့်မေ

ဒေါ်ညွန့်မေ အသည်းဖျဉ်းစွဲရောဂါ ခံစားနေ ရသည်မှာ အတန်ကြာလေပြီ။ ဖျဉ်းစွဲသောရောဂါ မှာ ဝမ်းဗိုက်ကြီးပူလာပြီး နေရထိုင်ရ အလွန်ခက် သည်။ ဆေးရုံတက်၍ ကုသခဲ့သော်လည်း မသက် သာခဲ့ပါ။ ဝမ်းဗိုက်ထဲမှ ရေများကိုစုတ်ထုတ်သည်။ ဝမ်းဗိုက်ကြီးပူနေရာမှ ချပ်ကျသွားလေသည်။ မကြာ မီ ပြန်ပူလာပြန်သည်။ တစ်ကြိမ်မှ နှစ်ကြိမ် စုတ်ထုတ် ပြီးသော် ဝေဒနာရှင် ဒေါ်ညွန့်မေ စိတ်ဓာတ်ကျလာ သည်။ သို့ဖြင့် ဆေးရုံမှဆင်းလာခဲ့လေသည်။

ဆိပ်ကမ်းသာရွာ၊ အောင်ဗောဓိဘုန်းတော် ကြီးကျောင်းတွင် ကပ္ပိယကြီး ဦးညိုသီး နေပါသည်။ သူသည် မြန်မာတိုင်းရင်းဆေးပညာကို လေ့လာလိုက် စားသူဖြစ်သည်။ အခကြေးငွေမယူဘဲ စေတနာထား ကာ ဆေးဝါးကုသပေး၍ သူ့ကို ရွာသူရွာသားများက အားကိုးခဲ့ကြသည်။ ဒေါ်ညွန့်မေ၏အမျိုးသား ဦး အောင်ချစ်သည် ကပ္ပိယကြီးနှင့် ခင်မင်ရင်းနှီးသည့် အတွက် ဇနီး၏ ရောဂါကို ကုသပေးပါရန် ကပ္ပိယ ကြီးထံ အကူအညီတောင်းခံခဲ့လေသည်။

တစ်နေ့သော နံနက်ပိုင်း ကိုးနာရီခွဲချိန်တွင် နံနက်ဆွမ်းခံရာမှ ပြန်ရောက်လာသော ကပ္ပိယကြီး ကို သူနေထိုင်ရာ တဲကျောင်းကလေးတွင် အခန့်သင့် တွေ့ရ၍ ဦးအောင်ချစ် ဝမ်းသာသွားသည်။ ကပ္ပိယ ကြီးထံသို့ ရောက်သည်နှင့် –

“ကပ္ပိယကြီးခင်ဗျာ …ကျွန်တော့်ဇနီး မညွန့်မေ ရေဖျဉ်းစွဲတဲ့ရောဂါ ခံစားနေရပါတယ်။ ဆေးရုံတက်ပြီး ကုတာမထူးခြားတာနဲ့ အိမ်ကိုပြန်ခေါ် ခဲ့ပါတယ်။ ဆရာဝန်တွေက အသည်းဖျဉ်းစွဲတဲ့ရောဂါ လို့ပြောပါတယ်။ ကျွန်တော့်ဇနီးရဲ့အသက်ကို တတ် နိုင်ရင် ကယ်တင်ပါဦးခင်ဗျား”ဟူ၍ ညှိုးငယ်လှ စွာသော မျက်နှာနှင့် သနားစဖွယ် အကူအညီ တောင်းခံခဲ့လေသည်။

“ဖျဉ်းစွဲတဲ့ရောဂါတွေက အမျိုးအစားများ တယ်ဗျ။ သွေးဖျဉ်း၊ လေဖျဉ်း၊ ရေဖျဉ်း၊ အသည်း ဖျဉ်း စသည်ဖြင့် အမျိုးမျိုးရှိတယ်။ တချို့လည်း ဂူလုံးရောဂါဆိုတာဖြစ်လာရင် ဗိုက်ကြီးပူနေတတ် တယ်။

ကျုပ်ကတော့ အဖိုးအခယူပြီး ကုသပေးတဲ့ ဆေးဆရာ မဟုတ်ပါဘူး။ ဝါသနာအရမြန်မာတိုင်း ရင်းဆေးကျမ်းတွေကို လေ့လာရင်းက ရှေးဆရာတော် ကြီးများထံမှာ နည်းခံပြီး တတ်သလောက်မှတ်သ လောက်နဲ့ ကိုယ့်ပတ်ဝန်းကျင်က ဝေဒနာရှင်တွေကို ကယ်မ ကုသပေးနေတာပါ။ အသက်ကိုပေးအပ်ပြီး အားကိုးလောက်တဲ့ဆရာသမားလို့တော့ မမှတ်ထား ပါနဲ့ဗျာ။ ကျုပ်တို့မြန်မာတိုင်းရင်းဆေးတော်တော်များ များဟာ ဩဇာဓာတ်ကို အခြေခံပြီး ဆေးပေးကြ တယ်ဗျ။ အနောက်တိုင်းဆေးဆရာဝန်များကတော့  သိပ္ပံနည်းကျ တိုင်းတာတွက်ချက်ပြီး သုတေသနပြု ဆေးဝါးထုတ်လုပ် ကုသကြတယ်။ သူတို့က ခန္ဓာ ကိုယ်ထဲက ပိုးတွေကို ဆေးနဲ့ကုသနှိမ်နင်းပြီး ကုသ ကြတယ်။ ကျုပ်တို့ တိုင်းရင်းဆေးပညာကတော့ အမှန်ဝန်ခံရရင် သုတေသန အားနည်းတယ်ဗျ။ မှတ်တမ်းမှတ်ရာတွေကို တိတိကျကျ မထားလေ တော့ အဖိုးတန်တဲ့ပညာရပ်တွေ၊ ကုထုံးတွေတိမ်မြှုပ် ပျောက်ကွယ်ခဲ့ကြရတယ်ဗျ”

“အေးလေ ကျုပ်သိထားတဲ့ဆေးပညာသ ဘောအရ ခင်ဗျားရဲ့ဇနီးဒေါ်ညွန့်မေကို ဩဇာဓာတ် အခြေခံပြီး တေဇောဓာတ်မီး ကောင်းအောင် ကုသ ပေးရမှာပဲ။ ကျုပ်တို့မြန်မာဆေးပညာက လူနာရဲ့ ရောဂါလက္ခဏာကိုÓာဏ်နဲ့ ချိန်ဆစစ်ဆေးတယ်။ အနောက်တိုင်းဆေးပညာကတော့ မှန်နဲ့ချိန်ဆစစ် ဆေးတယ်။ ဓာတ်မှန်တို့ မှန်ပြောင်းတို့ကို အသုံးပြု ပြီးစစ်တာကို ပြောတာပါ။ ဘယ်နေရာမှာ ဘာဖြစ် နေတယ်ဆိုတာကို ဒက်ခနဲ ဖြေသိနိုင်ကြပါတယ်။ ဆရာဝန်ဆိုတဲ့ ဆေးပညာရှင်တွေကလည်း သူ့လိုင်း နဲ့သူဗျ။ နှလုံးအထူးကု၊ အဆုတ်အထူးကု၊ အသည်း အထူးကု စသည်ဖြင့် အထူးပြု ကုသကြတာလေ။ ဒီတော့ ဆရာဝန်ကြီးတွေက သူတို့သန်ရာ ရောဂါ ဘက်ကို အားပြုပြီး ကောက်ချက်ချ ကုသခြင်းတွေရှိ နေတတ်တယ်ဗျ။ ဆရာဝန်အတတ်ဆိုတာ အလွန် လေးစားထိုက်တဲ့ပညာရပ်ဆိုတာ ကျုပ်က အြွကင်း မဲ့ လက်ခံပါတယ်။ ဒါပေမဲ့ အယူအဆ မတူတာ စေတနာမတူတာတွေ ရှိတယ်ဗျ။ ဥပမာ ကလေးမီး ဖွားဖို့ဗိုက်အပ်လာရင် ခွဲစိတ်ကုသဖို့ကိုသာ အားပေး ကြတာမျိုးပေါ့ဗျာ။ ရိုးရိုးဖွားရင်ရနိုင်လျက်နဲ့ ဗိုက်ခွဲ ကုသမှ ငွေရတယ် မဟုတ်လား။ ဒီတော့ တချို့ ဆရာဝန်တွေက ဗိုက်ခွဲပြီးမွေးပေးကြတာမျိုးပေါ့ဗျာ”

ကပ္ပိယကြီးသည် သူ၏သဘာဝအတိုင်း စကားစမိလျှင် အစမသတ်ဘဲ လေကြောရှည်နေ တတ်ပါ၏။ ဦးအောင်ချစ်သည် လိုရင်းမရောက်နိုင် ပဲရှိနေသည့် ကပ္ပိယကြီး၏ စကားကို နားထောင်နေ ရာမှ –

“ကပ္ပိယကြီးရယ် …ကျွန်တော့်ဇနီးရဲ့ အသည်းဖျဉ်းစွဲရောဂါကို ဘယ်လို ကုသရမယ်ဆို တာလေးလည်း သိချင်ပါတယ်ခင်ဗျား”ဟု မရဲတရဲ ပြောလိုက်လေ၏။

“ဟုတ်ပါ့ ဦးအောင်ချစ်ရယ်၊ ကျုပ်လေရှည် မိတာကို ခွင့်လွှတ်ပါဗျာ။ ကျုပ်လေ့လာထားတဲ့ ဝိနိစ္စ ယရူပကဏ္ဍကျမ်းထဲက ဆေးနည်းကို ပြောပြပါ့မယ် ဗျာ။ အဲဒီကုထုံးက သုံးဆင့်ကုထုံးဗျ”

“ဟုတ်ကဲ့ ကျွန်တော် သေသေချာချာ နား ထောင်ပြီး မှတ်စုလိုက်ရေးပြီး မှတ်ထားပါ့မယ် ခင်ဗျား”

“သုံးဆင့်ကုထုံးဆိုတာက ၁။ စားဆေး ၂။ လိမ်းဆေးနဲ့ ၃။ ရေချိုးပြီးကုသတဲ့နည်းတွေပဲ။ ကျုပ် ပြောသလို ဒေါ်ညွန့်မေအတွက် ၁။ ဆေးစားမယ် ၂။ ဆေးလိမ်းမယ် ၃။ ပြောတဲ့အတိုင်း ရေချိုးမယ်ဆို ရင် ပျောက်ကင်းသက်သာသွားမှာ အမှန်ပါပဲ။ လူနာ ကို လိုက်နာ ကျင့်သုံးနိုင်အောင်သာ အားပေးပေ တော့”

 

(၁) ကပ္ပိယကြီးပြောပြတဲ့ အသည်းဖျဉ်းစွဲသူ အတွက် ကုထုံးဆေးနည်း

၁။ ရှားစောင်းလက်ပပ်

၂။ မိတ်ဿလင်

၃။ ချင်း(ဂျင်း)စိမ်း

၎။ စမုံနက်

၅။ နနွင်းစိမ်း

၆။ ရှိန်းခို

၇။ ကနခို

၈။ ကြက်သွန်ဖြူ

ထိုဆေးရှစ်မျိုးကို တစ်ကျပ်သားစီစုထားပြီး ကျောက်ပျဉ်သန့်သန့်မှာ ညက်အောင် ကြိတ်ပါ။ ပြီး ရင် ကြက်ဆူရိုးနီရွက်နဲ့ထုပ်ပါ။ ဆန်ပုန်းရည်နဲ့ပြုတ် ရမယ်။ ပြုတ်ထားတဲ့ဆေးမှာ ထန်းလျက် (ဓာတ် ဆေးနဲ့ မချွတ်ထားတဲ့ထန်းလျက်) တစ်ကျပ်သား၊ မန်ကျည်းမှည့်အနှစ် တစ်ကျပ်သားကိုထည့်ပြီး စုပေါင်းကြိတ်ချေရပါမယ်။ တေဆေးလိုဖြစ်သွားဖို့လို ပါတယ်။

ဒီဆေးကို နံနက်တိုင်း ဆီးသီးကင်း(တောဆီး သီး)ခန့်စားရယ်။ နေ့စဉ် ရက်ခြား၊ ရက်ပျက် မရှိစေ ရဘူး။ စားနေတုန်း ဝမ်းသွားတာများရင် ထမင်းကို ရေဆမ်းပြီးကျွေးရမယ်။ ပုံမှန် ပြန်ဖြစ်လာမယ်}}ဟူ ၍ဆေးနည်းကိုပြောပြလေရာ ဦးအောင်ချစ်လည်း စာရွက်တစ်ရွက်တွင် ဘောပင်နှင့် မှတ်သားနေပါ၏။

(၂) အသည်းဖျဉ်းစွဲရောဂါအတွက် လိမ်းဆေး

လိမ်းဆေးကတော့ (၁။ သနွယ်ချိုမြစ် တစ်ကျပ်သား၊ ၂။ ငရုတ်ကောင်းတစ်ကျပ်သား ကိုကောင်းစွာ ကြိတ်ရမယ် ၃။ ကြိတ်ပြီးရင် ရှောက် သီးရရင် တစ်လုံးညှစ်၊ ဆန်ပုန်းရည်၊ ရေနံဆီတို့နဲ့ ကြိတ်ထားတဲ့ဆေးကို သမအောင် မွှေပေးရမယ်။ အဲဒီဆေးရည်ကို နံနက်တစ်ကြိမ်၊ ညတစ်ကြိမ်နေ့စဉ် ပုံမှန်လိမ်းပေးရမယ်။

(၃) အသည်းဖျဉ်းစွဲရောဂါအတွက် ရေချိုးနည်း

ရေချိုးဖို့အတွက် မန်ကျည်းရွက်ကြမ်း၊ ကင် ပွန်းချဉ်၇ွက်ကြမ်း၊ ဖုန်းမသိမ်ရွက်တွေကို ဆတူ မြေ အိုးနဲ့ပြုတ်ရမယ်။ ညပိုင်းမှာ နူးနပ်အောင်ပြုတ်ထား ပြီးတော့ နံနက်ပိုင်း နေရောင်ခြည်ရင့်တဲ့အချိန်မှာ ရေချိုးရမယ်။

ဒီလို နေ့စဉ်ပုံမှန်ဆောင်ရွက်ပေးရင် ခင်ဗျား ဇနီးရဲ့ အသည်းဖျဉ်းစွဲနေတဲ့ရောဂါ ဗိုက်ကြီးဟာ တဖြည်းဖြည်း ပိန်ကျလာမယ်။ ဒါထက် ခင်ဗျား အိမ်မှာ ကိုယ်ရံကြီးပင်ရှိလားဗျ”

“ရှိပါတယ် ကပ္ပိယကြီးရယ်”

ကိုယ်ရံကြီးပင်က အရွက်နှင့်ကုသပုံ

ကိုယ်ရံကြီးပင်ဟာ ဆေးစွမ်းထက်တယ်။ အင်္ဂလိပ်အမည်က (Poison Bulb)လို့ခေါ်ပြီး ရုက္ခဗေဒအမည်ကတော့ (Crinum asiaticum limm) လို့ ခေါ်ပါတယ်။ မြန်မာ့ဆေးကျမ်းအဆိုအရ အပင်ဟာ ပူ၊ စပ်၊ ခါးပြီး အဆိပ်ပြေတယ်။ လေ၊ သလိပ် ဆီးကို ကောင်းစေတယ်လို့ ဆိုပါတယ်။ ဒီကိုယ်ရံကြီးပင်အရွက်ကို မီးခဲမှာ နွမ်းအောင် ကင်ပြီး အပူဓာတ်မကုန်ခင် ခပ်နွေးနွေးမှာ ခင်ဗျားဇနီးရဲ့ ပူနေတဲ့ ဝမ်းဗိုက်ကိုတစ်နာရီလောက် စည်းပေးထား ကြည့်စမ်းပါ။ ခင်ဗျားဇနီး ဒေါ်ညွန့်မေရဲ့ ပူနေတဲ့ ဗိုက်ကြီးဟာ တဖြည်းဖြည်း ချပ်ကျသွားမယ်ဗျ။ ကျုပ်ပြောတာတွေ တော်တော်စုံသွားပြီ”

“ကျေးဇူးကြီးလှပါဘိ ကပ္ပိယကြီးရယ်”

“အေးဗျ ဆေးပညာသဘောနဲ့ ဝေဖန်ရရင် တော့ ပထဝီ၊ အာပေါ၊ ဝါယော၊ တေဇောနဲ့ အာကာသဓာတ်ငါးပါး မမျှတတာပါပဲ။ အဓိကက တော့ ပထဝီနဲ့အာပေါဓာတ် ပတ်ဖွဲ့ခြင်းခံရတာပါ။ အာပေါဓာတ်ရဲ့သဘာဝက ယိုစီးတယ်။ ဖွဲ့စည်းတွဲ ကပ်စေတယ် မဟုတ်လား။ ဆန့်ကျင်ဘက် ဓာတ်နှစ် ပါးဟာ ခန္ဓာမှာ အလှည့်ကျဖြစ်နေကြတယ်။ အဲဒီမှာ အာပေါဓာတ်က လုပ်ရိုးလုပ်စဉ်မဟုတ်ဘဲ ပတ်ဖွဲ့တဲ့ အားကောင်းသွားတော့ အာကာသဓာတ်ခိုးတွေပါ ပိတ်ဆို့ပါလေရော။ ဒါကြောင့် အာကာသကိုဖွင့်စေပြီး တေဇောဓာတ်မီး အားကောင်းအောင်လုပ်ပေးရ တယ်။ ဖွဲ့စည်းမှုနဲ့ ယိုစီးမှု ဆောင်ရွက်ချက်တွေ ပုံမှန်ပြန်ရောက်လာစေဖို့ ကုသပေးတဲ့ကုထုံးပါပဲ”

ဆေးဆရာများက အာပေါဓာတုလို့ခေါ်တဲ့ အာပေါဓာတ်ဟာ ခန္ဓာထဲမှာ စိမ့်ဝင်ပျံ့နှံ့မှု အချိုးအ စားညီမျှရမယ်။ သွေးတွေချွေးတွေ၊ ဆီးတွေဟာ အာပေါဓာတ်တွေပဲ။ ဒီအာပေါဓာတ်ကပဲ ခန္ဓာကြီးကို မပြိုမကွဲ မယိုဖရဲမဖြစ်အောင် တွဲကပ်ဖွဲ့စည်းပေးထား တာပါ။ အခုလို ရောဂါ ဖောက်ပြန်လာပြီဆိုတော့ အာပေါဓာတ် လွန်ကဲလာတာပေါ့။ ခန္ဓာမှာရှိတဲ့ဓာတ် သဘောတွေက တစ်ခုချို့တဲ့လာရင် နောက်ဓာတ် တွေ ပါလိုက်ပြီး ချို့ယွင်းလာရတာပါ။ ဓာတ်ကြီး လေးပါးကို စားပွဲခုံခြေထောက်လေးချောင်းနဲ့ ခိုင်း နှိုင်းပြီး ပြောကြတယ်။ ခြေထောက်တစ်ချောင်း မရှိရင် ဒီစားပွဲခုံဟာ ဘယ်လိုငြိမ်သက်တော့မှာလဲ ဒီသဘောပါပဲ”

“ဟုတ်ကဲ့ ကပ္ပိယကြီး …ပြောတာတွေကို သဘောတော့ကျပါတယ်ဗျာ။ အချိန်မရလို့ လူနာပြန် ကြည့်ပြီး ကုသဖို့ ခွင့်ပြုပါဦးခင်ဗျာ”

ပြန်ချင်နေပြီဖြစ်သော ဦးအောင်ချစ်က စကားစဖြတ်လျက် နှုတ်ဆက်နေစဉ် အောင်ဗောဓိ ကျောင်းမှ စာသင်သား ရဟန်းသာမဏေများ စာသင် ချိန် ဖြုတ်သော အချက်ပေးခေါင်းလောင်းသံကို ကြားရလေသည်။

ထိုအခါမှ ကပ္ပိယကြီးသည် ဆွမ်းစားဆောင် တွင် ဆွမ်းပြင်ရန် တာဝန်ကိုသတိရပြီး ဆွမ်းစား ကျောင်းသို့သုတ်ခြေနှင်ကာ ထွက်ခွာသွားပါတော့ သည်။

တစ်နေ့သော နေခြည်ဝင်းပနေသည့် မိုးရာ သီ၏ ညနေခင်းတွင် ကပ္ပိယကြီးဦးညိုသီး၏ တဲ ကျောင်းကလေးအတွင်း၌ ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသော ဦးအောင်ချစ်နှင့် ဒေါ်ညွန့်မေ တို့စုံတွဲကို တွေ့ရလေ၏။ သူတို့နှစ်ဦးသည် အောင် ဗောဓိဘုန်းတော်ကြီးကျောင်း၊ ဆရာတော်ကြီး  ဦးစက္ကကို သွားရောက်ဖူးမြော်ကြပြီးသော် ကျောင်း ဝန်းခြံကာရန် အလှူငွေတစ်ခန်းစာကို ထည့်ဝင် လှူဒါန်းခြင်း ကောင်းမှုကိုပြုကြလေသည်။ ပြီးသော် ကပ္ပိယကြီး၏ တဲကလေးရှိရာသို့ ရောက်လာကြလေ ၏။

ကပ္ပိယကြီးသည်ကွမ်းယာကို တမြုံ့မြုံ့ဝါးရင်း ထန်းပလပ်ကုလားထိုင် တစ်လုံးတွင်ထိုင်လျက် အလွန်နက်ပြောင်သော ပုတီးကြီးကို တချောက် ချောက်စိပ်နေရာမှ ဧည့်သည်များကို ဆီးကြိုနှုတ် ဆက်လေ၏။

“ဦးအောင်ချစ်တို့ ဇနီးမောင်နှံပါလား။ ဒေါ် ညွန့်မေရော ကျန်းမာရေးကောင်းသွားပြီပေါ့နော်”

“ဟုတ်ကဲ့ရှင့် ကပ္ပိယကြီးရဲ့ မေတ္တာဓာတ်နဲ့ ဆေးပညာအစွမ်းတို့ကြောင့် ကျန်းမာရေးကောင်း သွားခဲ့ပါပြီ။ ကျွန်မမှာ ကပ္ပိယကြီးပေးတဲ့ အသက်ပဲ ရှိပါတော့တယ်ရှင်”ဟု ပြောဆိုပြီးသော် ကပ္ပိယ ကြီးအား ရိုသေစွာ ရှိခိုးကြပါသည်။

“အေးဗျာ ကျန်းမာရေးကောင်းသွားတာ ဝမ်းသာတယ်ဗျ။ ကျုပ်လို ဘုန်းကြီးကျောင်းမှာ ကပ်ရပ်မှီခိုပြီး ရတနာသုံးပါးကျေးကျွန်ဖြစ်တဲ့ ကပ္ပိယ ကြီးရဲ့အသက်၊ ဂုဏ်ဝါ သီလ၊ သမာဓိ၊ ပညာတို့ကို ရိုသေ လေးစားကန်တော့ရတာကြောင့် စိတ်ရော ကိုယ်ပါ ချမ်းသာကြပါစေ ဘုန်းတန်ခိုးကျက်သရေ တိုးပြီး လာဘ်မိုးကြီးရွာပါစေဗျာ”စသည်ဖြင့် ဆုပေး နေလေသည်။ ဦးအောင်ချစ်နှင့် ပြုံးပန်းဝေနေသော ဒေါ်ညွန့်မေတို့က “ပေးတဲ့ဆုနဲ့ ပြည့်ရပါလို၏” ဟူ၍ပြောဆိုကြပြီး ကပ္ပိယကြီးအတွက် လက်ဖက် ခြောက်၊ အမွှေးတိုင်၊ ဖယောင်းတိုင်နှင့် ရွေး ကွမ်းသီး များကို လှူဒါန်းလေ၏။ စာအိတ်ထဲတွင် ထည့် ထားသော ငွေစက္ကူများကိုမူ ကပ္ပိယကြီးက လက် သင့်မခံဘဲ စေတနာဆရာဘဝကို အသပြာနဲ့ မလဲ ပါရစေနဲ့ဗျာဟု ပြောလေ၏။

ညနေဆည်းဆာချိန်သို့ရောက်လာ၍ ရွှေအို ရောင် နေမင်း၏ရောင်ခြည်သည် အောင်ဗောဓိ ဘုန်းတော်ကြီးကျောင်းရှိ သရက်အုပ်များကြားသို့ ထိုးဖြာကျရောက်လျက် လောကကြီးကို နှုတ်ဆက် နေပါ၏။

လောကကြီးသည် စေတနာအလှတရားများ နှင့် ထုံမွှန်းထားပါသဖြင့် ကြည်နူးဖွယ်ကောင်း လေစွတကား။

မေတ္တာရည်လျက်

မျိုးတင့်

(ညောင်လေးပင်)

Comments

comments

Post Author: manawmaya