နာမ်ဓာတ်တို့နှင့်ဆက်သွယ်နေသော စပါးကြီးသည်းခြေကို လေ့လာစူးစမ်းခြင်း

 

သတ္တဝါတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းတွင် အသည်းနှင့်နှလုံးတို့သည် အရေးပါပြီးခန္ဓာဖြစ်စဉ်များ ကိုထိန်းချုပ်ထားကြသည်။ ပြင်ပမှရှူရှိုက်လိုက်သော လေသည် အဆုတ်တွင်းသို့ ရောက်လာသည်။ ထိုမှ နှလုံးအိမ်၏သွေးကြောများအတွင်း စိမ့်ဝင်ပျံ့နှံ့နေ သည်။ သွေးကိုသန့်စင်စေခြင်း၊ သွေးညစ်များကိုပြန် ၍ထုတ်လွှတ်ခြင်းတို့ကို နှလုံးခုန်နှုန်းနှင့် တစ်ပြေးညီ ဆောင်ရွက်လျက်ရှိသည်။ ခန္ဓာကိုယ်တွင်နှလုံးအိမ်နှင့်  အသည်းတွဲလျက်ရှိသည်။ အသည်း၏အောက်ခြေ တွင် သည်းခြေအိတ်ကပ်လျက်သားရှိသည်။ သည်း ခြေအိတ်တွင် သည်းခြေရည်များရှိသည်။ သည်းခြေ အိတ်ကိုပင်သည်းခြေဟု ခေါ်နေကြခြင်းဖြစ်သည်။

စပါးကြီးသတ္တဝါတို့၏သည်းခြေဖွဲ့စည်းမှုမှာ လည်း သတ္တဝါတိုင်ကဲ့သို့ပင်ဖြစ်သည်။ အသည်း သည်ခန္ဓာတွင် အကြီးဆုံးသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။  အစာအိမ်၊ သရက်ရွက် ပန်ကရိတို့မှ အသည်းသို့ သွေးများကို ပို့ဆောင်ပေးသည်။ သွေးထဲတွင်ကြေပြီး သောအစာများကိုသိုမှီးထားသည်။ သေးငယ်သော သွေြးွပန်ထောင်ပေါင်းများစွာက သည်းခြေအတွက် အလုပ်လုပ်ပေးကြသည်။ အ သည်းသည်အဆီဓာတ် ကိုကြေကျက်စေရန်သည်း ခြေကို ကူညီပေးသည်။ အသည်းအောက်တွင် သည်းခြေအိတ်သည် ခိုင်မြဲသြေွာကက်သားဖြင့် ဖွဲ့ တည်၍မြဲမြံစွာရှိနေသည်။ ခန္ဓာကိုယ်အတွက်လိုအပ် သော ဂလူးကိုစ့်ကိုထုတ်ပေးခြင်း ပျက်စီးသောသွေး တို့ကို အစားထိုးခြင်း သွေးသစ်ကိုဖြစ်စေခြင်းနှင့် ရိုးတွင်းချဉ်ဆီကို အားပေးခြင်းတို့ကိုသည်းခြေအိတ် က ဆောင်ရွက်သည်။ အစာချေခြင်းကိုလည်း သည်း ခြေအိတ်ကထောက်ပံ့ပေးသည်။ (ဒေသနာဝိနယ ခေတ်သစ်ကုထုံးကျမ်း) (အရှင်လင်္ကာဘိဝံသ)မှ သည်းခြေအိတ် သို့မဟုတ် သည်းခြေသည် ကျန်မာ ရေးအတွက် အထောက်အကူများစွာပြုကြောင်း သိသာရန်တင်ပြရခြင်းဖြစ်ပါသည်။

 

စပါးကြီးသည်းခြေနှင့်အရှင်ဓာတ်

စပါးကြီးတို့သည် အခြားသောသတ္တဝါများနှင့် မတူညီသောပြုမူနေထိုင်ခြင်းမျိုးရှိသည်။ နေရောင် ခြည်၊ လရောင်ခြည်၊ မြေဓာတ်၊ ရေဓာတ်၊ လေ ဓာတ်တို့မှပရမာအနုမြူ(အနုလောမပြဒါးဓာတ်)ကို သည်းခြေအိတ်တွင်စုဆောင်းထိန်းသိမ်းထားသိုနိုင် စွမ်းရှိကြသည်။ ထို့ကြောင့်ပင်နာမ် ဓာတ်ဝင်သော အရှင်ဓာတ်သဘောသည်စပါးကြီးသည်းခြေ၌ ကိန်း တည်နေကြောင်း ဝိဇ္ဇာစရပညာရှင်တို့က မှတ်ချက် ပြုကြသည်။

 

ဂန္ဓာရီရသေ့ကြီးရှိရှာသို့ခရီးထွက်ခဲ့ခြင်း

စပါးကြီးသည်းခြေ၏အရှင်ဓာတ်ကိန်းနေကြောင်း ကို တင်ပြရန် မိမိ၏အသိဥာဏ်နှင့်မလုံလောက်သော ကြောင့်ဆရာသမားဖြစ်သောရသေ့ကြီး ဦးဒီပရှိရာ ဒေးစွန်ပါတောင်တော်သို့ ခရီးထွက်ခဲ့ပါသည်။ ဝါတွင်း ကာလဖြစ်သောကြောင့် ရသေ့ကြီးသည်ခရီး ထွက် ခြင်းမပြုဘဲ၊ သူ၏ကျောင်းသင်္ခမ်းလေးတွင် သီတင်း သုံးလျက် ရှိပါသည်။ ကျွန်ုပ်ရောက်သွားချိန်တွင် ရသေ့ကြီးသည်မျက်စိကို စုံမှိတ်လျက်ထန်းပက်လက် ကုလားထိုင်ပေါ်တွင် ဂုဏ်တော်ပုတီးစိပ်နေပါသည်။ ချောင်းဟန့်သံပြုလိုက်သောကြောင့် ပုတီးစိပ်ရာမှ မျက်စိကိုဖွင့်ကြည့်ပြီး –

“ကျောင်းဆရာ၊ ဘယ်က လှည့်လာတာ လဲဗျ၊ မလာစဖူးအလာထူးသကိုး” ဟု ပြောဆို နှုတ်ဆက်ပါသည်။

“မင်္ဂလာပါရသေ့ကြီးခင်ဗျာ၊ အဓိဋ္ဌာန်ပုတီး ပျက်သွားတာကိုတောင်းပန်ပါတယ်။” ဟုပြောဆိုရင်း ပါလာသောလှူဖွယ်ပစ္စည်းများကိုကပ်လှူပါသည်။ ရသေ့ကြီးကကျွန်ုပ်လက်တွင်းရှိလှူဖွယ်များတွင်ပါဝင် သော (GREEN TEA) ဟုစာတန်းထိုးထားသော ကိုးကန့်လက်ဖက်ခြောက်ထုပ်ကလေးကိုလှမ်းယူရင်း

“ရေနွေးအသစ်ကျိုပြီး၊ GREEN TEAသောက်စို့ဗျ” ဟုပြောပါ၏။ ကျွန်ုပ်လည်းရသေ့ကြီး၏ ဆန္ဒအတိုင်းရေနွေးအသစ်ကျိုကာ ကိုးကန့်လက်ဖက် ခြောက်ကိုခပ်လျက် ဓာတ်ဘူးကြီးအားဆက်ကပ် လိုက်ပါ၏။ ရသေ့ကြီးသည် အဝကျယ်သော ဖန်ပု လင်းကြီးနှင့်ပျားရည်စိမ်ထားသည့် သူငယ်စာ ငှက် ပျောသီးခြောက်များကို ရေနွေးကြမ်းနှင့် မြည်းရန် ဧည့်ခံလေသည်။ ကျွန်ုပ်ကငှက်ပျောသီး တစ်လုံးကို ယူစားပြီး “တော်တော်အရသာရှိပါလား၊ ရိုးတွင်းချဉ် ဆီခိုက်သွားသလိုပဲ” ဟုပြောလိုက်ပါသည်။

ရသေ့ကြီးကပြုံးလျက် “အေးဗျ အဲ့ဒါခင်ဗျား သိချင်နေတဲ့သည်းခြေရဲ့လုပ်ဆောင်ချက်ပေါ့ဗျာ။ အဲဒီသူငယ်စာငှက်ပျောရဲ့ဓာတ်သဘာဝကရသာကြော ထဲစိမ့်ဝင်ပျံ့နှံ့ပြီး၊ သည်းခြေအိတ်ကဓာတ်ပြုပေး လိုက်တာ ကိုအသိစိတ်ကသည်းခြေခိုက်သွားတာပဲလို့ မှတ်ချက်ပေးတာပဲဗျို့” ဟုပြောလေသည်။ကျွန်ုပ် သည်အလန့်တကြားဖြစ်လျက်ကျွန်ုပ်သိချင်နေသော အကြောင်းကိုမမေးသေးပဲသိနေသလောဟုတွေးမိပါသည်။

“ဘာလဲကျောင်းဆရာကကျုပ်ကိုပြူးကြောင် ကြောင် နဲ့ကြည့်နေပါလားဗျ၊ အဲ့ဒါကျုပ်တို့ရဲ့သမထ၊ ကသိုဏ်းဝန်းပညာရှင်စပါးကြီြးွေမထံကရလာတဲ့စိတ် အတတ်နဲ့ခင်ဗျားကိုပြောလိုက်တာပဲဗျ”

“ဟုတ်လိုက်လေ ဦးရသေ့ရယ် ဦးရသေ့ကြီး ရဲ့ပေါက်မြောက်တဲ့အသိကို ဝမ်းလဲသာ၊ အားလဲကိုး မိပါရဲ့ဗျာ”

“နိုးနိုးနိုး မဟုတ်ဘူးလေကျောင်းဆရာ အမှု မဲ့အမှတ်မဲ့အလွယ်တကူမပြောစမ်းပါနဲ့၊ ကျုပ်တို့ မြတ်ဗုဒ္ဓကခင်ဗျားပြောတဲ့စကားမျိုးကိုနှစ်သက်တော် မမူဘူးဗျ။ အတ္တာဟိအတ္ထနောနာသော”ဆိုတာမေ့ သွားပြီလား၊ ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်ကိုကိုယ် ယုံကြည်စမ်းပါဗျာ” ဟုပြောလေရာကျွန်ုပ်လည်းရှက် ကိုးရှက်ကန်းဖြစ်သွားမိပါတော့၏။

 

သက်မဲ့ကိုရေကူးစေသောစပါးကြီးသည်းခြေ

စပါးကြီးသည်းခြေဆိုတာတစ်ခြားသည်းခြေ တွေလိုမဟုတ်ဘူး၊ စပါးကြီးသည်းခြေအိတ်ထဲကို နှီးမြားလေးထိုးထည့်ပြီး၊ ရေထဲမှာချလိုက်ရင် လျင် မြန်စွာ ရွေ့လျားကူးခတ်သွားနိုင်တယ်။ အဲ့ဒါ ဘာ ကြောင့်လဲခင်ဗျ၊ ဟုကျွန်ုပ်သိချင်နေသည်ကို မေးခွန်း ထုတ်လိုက်လေသည်။

“စပါးကြီးသည်းခြေဆိုတာတစ်ခြားသည်းခြေ တွေနဲ့ မတူညီတဲ့အချက်တစ်ရပ်ပဲဗျ။ စပါးကြီး သည်းခြေ အစစ်နဲ့အတုခွဲရာမှာ ဒီနည်းဟာတော် တော် ထိရောက်စေတယ်ဗျ။ စပါးကြီးသည်းခြေဆို တာပြဒါး ရှင်ဓာတ်ကိန်းနေတဲ့သဘောပဲ။ စပါးကြီး သည်းခြေ ဟာဝါယောဓာတ်နဲ့အာကာသဓာတ် အား ကောင်းတယ်။ ဝါယောဓာတ်က ပေါ့ပါးစွာလှုပ်ရှား ထောက်ကန်နိုင်တယ်။ အာကာသဓာတ်မှာတော့တေ ဇောဓာတ် ဦးဆောင်တယ်ဗျ၊ ဒါကြောင့်သီတတေ ဇောဆိုတဲ့ရေမှာချလိုက်တော့ ပြဒါးရှင်ငွေ့ဝင်နေတဲ့ စပါးကြီးသည်းခြေရည် ထိထားတာကြောင့် နှီးစက လေးဟာ မော်တော်လေးတစ်စင်း ခုတ်မောင်းသွား သလို ရေထဲမှာ ရွေ့လျားတော့တာပေါ့”

“ဟုတ်တယ်ခင်ဗျ ကျွန်တော်ဒီအကြောင်း ကိုခြေခြေမြစ်မြစ်မသိထားတာကြောင့် မတင်ပြတတ် ဘူးဖြစ်နေခဲ့ပါတယ်”

“ဒါထက်စကားမစပ်ကျောင်းဆရာရေးထားတဲ့ စပါးကြီးသည်းခြေအတုနဲ့အစစ်၊ မနောမယဂျာနယ် (၃၀-၁၀-ဝ၁၆) ဆောင်းပါးမှာ အမှားတစ်ခုတွေ့ရ တယ် အဲ့ဒါကို ပြန်ပြင်ဖို့ လိုတယ်ဗျ။ မမှားသင့်တာ မမှားရဘူး။ တာဝန်ရှိတယ်ဗျ”

“ဟုတ်ပါတယ်ဦးရသေ့ မြွေသည်းခြေတိုင်း ဟာ နှီးဖျားကလေးနဲ့ သည်းခြေရည်မှာနှစ်ပြီး ရေမှာ ချရင်ကူးတယ်လို့ မှားရေးမိခဲ့ပါတယ်။ ဒါကို ကျွန် တော်နဲ့ ရင်းနှီးတဲ့ ဗိန္ဒောဆရာကြီးတစ်ယောက်က မဟုတ်ကြောင်းထောက်ပြဆွေးနွေးခဲ့တယ်။ ဒီအမှား ကို အခြေအနေပေးရင် စာဖတ်ပရိသတ်ကြီးကို တောင်းပန်ဝန်ချဖို့ အခွင့်အရေးစောင့်နေတာဗျ။ အခုမှပဲ အကွက်ဆိုက်ပါတော့တယ်ခင်ဗျား”

(ကျွန်ုပ်၏တင်ပြချက်အမှားကို ဤဆောင်းပါးမှတစ်ဆင့် စာဖတ်သူများကို လေးစားစွာတောင်းပန်ပါသည်။

စာရေးသူ)

ဦးရသေ့က စကားဆက်ပြန်သည်မှာ –

“စပါးကြီြးွေမဟာ အဆိပ်မရှိတဲ့ြွေမသူတော် ကောင်းလို့ပြောကြတယ်။ ဒါပေမယ့် လူပုထုဇဉ်များ လိုပဲ ကာမဂုဏ်အာရုံကိုတော့ တောင့်တကြတယ် ဗျ။ စပါးကြီးသည်းခြေနဲ့ စပါးကြီြးွေမဆီဟာ မျက်စိ ရောဂါ၊ ဝက်ရူးပြန်ရောဂါနဲ့ ပိုးကြောင့်ဖြစ်တဲ့ အနာ အမျိုးမျိုးကိုနိုင်တယ်။ ထိပ်ပြောင်ကြီးတွေ စပါးကြီး အဆီကိုလိမ်းပေးရင်ပြန်ပေါက်နိုင်တယ်။ ဆံပင်ကို နက်စေတယ်လို့(ရသဓာတု)ဆေးကျမ်းမှာ ဖော်ပြ ထားတယ်။ ဒါနဲ့တစ်ဆက်တည်း အသုံးမလွဲဖို့ ပြော ချင်တာက တချို့က အဆိပ်ရှိတဲ့ြွေမဆီကို အသုံး ပြုမိတတ်ကြတာကိုပါ။ ဆေးကျမ်းအဆိုအရပြော ရရင် အဆိပ်ရှိတဲ့ြွေမဆီကို မသုံးသင့်ဘူးဗျ။ တချို့ က မြွေပွေးဆီ၊ မြွေဟာက်ဆီတို့၊ သည်းခြေတို့ကို မျက်စိကွင်းကြတယ်။ ဒါမျိုးမလုပ်သင့်ကြောင်း ဗဟုသုတပြောပြတာပါ။

 

လပြည့်လဆန်းရက်များနှင့် စပါးကြီးသည်းခြေ

စပါးကြီးသည်းခြေဆိုတာ နေရောင်၊ လ ရောင်တွေကရတဲ့ ပြဒါးတက်လှိုင်းတွေနဲ့ စုစည်းထား တဲ့ ပြဒါးအနှစ်၊ အရှင်ဓာတ်လို့ ကျုပ်တို့ဆွေးနွေး ခဲ့ကြတယ်။ ဒီအကြောင်းကို အတွေးဆန့်ထုတ်ကြည့် ရအောင် လပြည့်ရက်တွေမှာ ပင်လယ်ဒီရေတက် တယ်မဟုတ်လား။ အဲဒီအခါမှာ ငါးပိအိုးထဲက ငံပြာ ရည်တွေ ပြည့်လျှံလာကြတယ်။ ဒါဟာ သဘာဝ တရားနဲ့ ဆက်စ ပ်နေတဲ့ သဘောပဲ။ မတွေးတတ်သူ ကတော့ သူ့ဘာသာ ငံပြာရည်အိုးလျှံတတ်တာ ရေး ကြီးခွင်ကျယ်လုပ်လို့ဆိုပြီး အပြစ်တောင်တင်ဦး မယ်။ စပါးကြီးသည်းခြေကို လပြည့်ရက်တွေမှာ ထုတ်ပြီး ကြည့်ရင် စပါးကြီးသည်းခြေအိတ်ဟာ ပြည့်တင်း ဖောင်းကားတာကိုတွေ့နိုင်တယ်။ ဒီလိုပြည့်တင်းခြင်း မရှိရင်တော့ စပါးကြီးသည်းခြေမဟုတ်ဘူး။ အတုပဲ ဖြစ်တယ်။ စပါးကြီးသည်းခြေကို နေရောင်မှာ ထောင်ကြည့်ရင် သွေးရောင်လိုနီပြီး ပတ္တမြားရောင် သန်းနေတယ်။ ဒီနည်းနဲ့စပါးအုံးသည်းခြေကို စစ်ဆေးကြည့်ရင် နီမြန်းခြင်းမရှိဘဲ ညိုပုတ်ပုတ်ဖြစ် နေတာကို တွေ့ရတယ်ဒီချက်တွေကြောင့် စပါးကြီး သည်းခြေဟာ ပြဒါးဓာတ်ကိန်းပြီး ဆေးဖက်ဝင်နေ တာပါပဲ။ ကျွန်ုပ်က

“အခြား မြွေသည်းခြေတွေကရော ဆေးဖက် မဝင်ဘူးလား”ဟုမေးကြည့်ပါသည်။

“ဒီလိုတော့ ပုံသေမပြောနိုင်ဘူး။ သူ့နေရာ နဲ့သူတော့ ဆေးဖက်ဝင်ကြပါတယ်”

ဓာတ်ခိုက်ခြင်း သဘောဆောင်သော စပါး ကြီးသည်းခြေနာမ်ဆေး –

“စပါးကြီးသည်းခြေကို သူခိုးခိုးခံရရင် သူခိုး ခြေရာပေါ်မှာ စပါးကြီးသည်းခြေနဲ့ ဆက်နေတဲ့  ညှို့ ကြိုးမှာပါတဲ့ စွန်ကုတ်နဲ့ထောက်ပြီး ငှက်ပျောဖက် စိမ်းအုပ်ထားရတယ်။ သူခိုးဟာအဲဒီနေရာကို ပြန်လာ တယ်။ ဈေးရောင်းကောင်းအောင်ချိန်ခွင်မှာ စပါးကြီး သည်းခြေဖို၊ မကို ချိတ်ထားရတယ်။ မီးမဖွားနိုင် ရင် ချက်ပေါ်မှာ ညှို့ကြိုးကို ကန့်လန့်ဖြတ်တင်ထား ရတယ်လို့ဆိုကြတယ်။ အဲဒါတွေဟာ ဖြစ်နိုင်ပါ့မလား ဖြစ်နိုင်ရင်ရော ဘာကြောင့်ပါလဲခင်ဗျား”ဟု ကျွန်ုပ် ကမေးခွန်းထုတ်ခဲ့တယ်။

“အေးဗျာ စူးစမ်းလေ့လာတာကောင်းပါ တယ်။ ကျောင်းဆရာကိုမေးရဦးမယ်။ ဥသျှစ်ပင် အောက်မှာဥသျှစ်သီးတစ်လုံးကို မီးဖုတ်လိုက်ရင် အပင်ပေါ်က အသီးတွေ ဖလူးအာပြီး ကြွေကျတယ်။ ကိုယ်လက်ကိုက်ခဲရင် မြေနီရေကို လူးရတယ်။ အင် ပြင်ထရင် ချက်ကို၃ခါထုပေးရတယ်။ လေချုပ်ရင် မောင်းကျည်ပွေ့နဲ့ ကျောကို ၇ချက် အသက်အောင့် ပြီး၇ခါ ရိုက်ရတယ်။ ဒါဆိုရင်ရောဂါပျောက်တယ် တဲ့ဗျ။

ဒါတွေဟာ အလကားပြောနေတာ မဟုတ် ဘူး။ ဗုဂ္ဂလပညတ်ကျမ်း(ဓာတုပစ္စယကျမ်း)မှာပါတဲ့ အကြောင်းအရာတွေပါပဲ။ သာမာန်မျက်စိနဲ့ကြည့် ပြီး လူပိန်းတွေးတွေးရင် မဖြစ်နိုင်ဘူးလို့ ထင်ရတယ်။ ဓာတ်ခိုက်တဲ့သဘောကိုရှေ့က ပညာရှင်တွေသိပြီး ဖော်ထုတ်ခဲ့ကြတာပါ”

“အခုကျောင်းဆရာမေးတဲ့ မေးခွန်းကို ဖြေ ရရင် ရှေ့အစဉ်အဆက်ဗဟုသုတအတွေ့အကြုံတွေ က ဖော်ထုတ်ထားတဲ့ လက်တွေ့စမ်းသပ်မှုတွေမို့ မယုံဘဲ မရှိသင့်ဘူးလို့ ပြောချင်ပါတယ်။”

“ဟုတ်ကဲ့ ဦးရသေ့ပြောပြတာ သဘာဝကျ  လို့လက်ခံနိုင်ပါတယ်”

“ရှေးကထင်ရှားခဲ့တဲ့ ပုဂ္ဂလ ပညတ်ကျမ်း ဆိုတာ မြန်မာ့ဆေးပညာသမိုင်းမှာ ထင်ရှားခဲ့ပါ တယ်။ ခုလဲ ပညာအမွေခံတွေရှိနေဆဲပါပဲ။ နေနဲ့လ ဓာတ်နှစ်ပါးကိုအခြေခံပြီး ဆေးကုသကြတယ်။ ဓာတ်ပိုင်လို့ ဆေးကိုင်တဲ့ပညာရှင်တွေပါပဲ၊ သူတို့ရဲ့ ဆေးကုထုံးမှာ ရုပ်ဆေး၊ နာမ်ဆေး နှစ်မျိုးရှိတယ်။ အခုပြောပြနေတဲ့စပါးကြီးညှို့ကြိုးနဲ့ သူခိုးဖမ်းတာ မီးမဖွားနိုင်တဲ့လူကို မီးဖွားစေတာ စပါးကြီးသည်းခြေ ဖိုမတစ်စုံနဲ့လာဘ်ခေါ်တာဆိုတာတွေဟာ အရှင်ဓာတ် လို့ခေါ်တဲ့ စပါးကြီးရဲ့ ညှို့ဓာတ်စွမ်းအားကို စပါးကြီး သည်းခြေကတစ်ဆင့် အသုံးပြုခြင်းတွေဘဲ”

“စပါးကြီးဆိုတဲ့ သတ္တဝါဟာ လူပင်သေ သော်လည်း နာမည်မသေတဲ့ အာဇာနည်မျိုးလို့ ပြောနိုင်တယ်ဗျ။ စပါးကြီးဟာ ဘဝကူးပြောင်းသွားဒ တဲ့တိုင်အောင်စပါးကြီးသည်းခြေကတော့ မမြင်နိုင် တဲ့အစွမ်းတန်ခိုးတွေနဲ့ လောကလူသားတွေကို ရုပ်ဆေးနာမ်ဆေးအဖြစ် ဆေးဖက်ဝင်နေတုန်းပဲဗျာ” ဟု ရှင်းပြခဲ့လေသည်။

ကျွန်ုပ်သည် ဦးရသေ့ကြီး၏ နက်နဲသော သုံးသပ်မှုများကို နားထောင်မှတ်သားခဲ့ပါသည်။ ဒေး စွန်ပါတောင်တစ်ဝိုက်တွင် တောပန်းတောင်ပန်းတို့ မွှေးပျံ့နေကြသည်။ မုတ်သုံမိုးကမျက်နှာသစ်ပေး သောကြောင့်တောတောင်တစ်ခွင်စိမ်းလန်းနေသော သစ်ပင်၊ ချုံနွယ်နှင့် ဝါးရုံတန်းကလေးများသည် မြမြ  မောင်းမောင်းချစ်စရာကောင်းနေသည်။ ကျေးငှက် တို့ကလည်းသာယာစွာ ဘဘာဝတေးကို သီဆိုနေ ကြပါသတည်း။

 

မေတ္တာရည်လျက်

မျိုးတင့်(ညောင်လေးပင်)

Comments

comments

Post Author: manawmaya