ဂန္ဓာရုံဆရာတော်ဘုရား၏ အန္တရာယ်ကင်းဂါထာတော်

စာရေးသူသင်္ကြန်ရက်အတွင်း သက်သတ်လွတ် အဓိဋ္ဌာန်ကိုးရက် ဂန္ဓာရုံကျောင်းတိုက်အတွင်း ဆရာတော်နှင့်အတူ ဘာသာရေး စာပေများ၊ တရားဓမ္မများ၊ နှစ်စဉ်နှစ်တိုင်း လေ့လာမှတ်သား ခဲ့သည်မှာ ခုနစ်နှစ် ကျော်ခဲ့လေပြီ။
စာရေးသူသည် ဂန္ဓာရုံဆရာတော်ကို ရဟန်းခံထားသည်ကလည်းကောင်း၊ စာပေနှင့် ပတ်သက်၍ နေ့စဉ်နှင့်အမျှ ဆွေးနွေးခဲ့သဖြင့် ဆရာတော်၏ ဂရုစိုက်မှု၊ အလေးပေးမှုများကို သူများနှင့်မတူဘဲ အရေးပေး ခံယူခဲ့ရပါသည်။
တစ်နေ့စာရေးသူဆရာတော်နှင့် တရားဓမ္မများမှတ်သားနေစဉ် ကျောင်းတိုက်ပေါ်သို့ ရဟန်း တစ် ပါြးွကရောက်လာသဖြင့် စာရေးသူနှင့် ဆရာတော်များ စကားဝိုင်းဖွဲ့ပြောနေစဉ် ဆရာတော်မှ ကျိုက်ထီးရိုးဘုရား သွားဖူးမြော်ခဲ့စဉ်က တောလမ်းခရီးမှာ တွေ့ကြုံခဲ့ရသော အဖြစ်အပျက်ကလေးကို ပြောကြားခဲ့ပါသည်။
ဆရာတော်ဘုရား မင်းလှမြို့မှ အဓိဋ္ဌာန်အရ ကျိုက်ထီးရိုးဘုရားသို့ တောလမ်းအတိုင်း တစ်ပါးတည်း ခြေကျင်လျှောက်၍ ဘုရားဖူးထွက်ခွာလာခဲ့ရာ ရိုးမတော အလယ်ရောက်သွားလျှင် တောလမ်းကြားတွင် အမှတ်မထင်ဘဲ မြွေကြီးတစ်ကောင် ခေါင်းထောင်ပြီး မာန်စောင်၍ နေလေ သည်။ ဆရာတော်ထံသို့ ပါးပျဉ်းမိုးပြီး တိုးဝင်လာသည်။ ဆရာတော်မှ အန္တရာယ်ကင်းဂါထာတော်ကို စိတ်မှ ရွတ်ဖတ်သရဇ္ဈာယ်ပြီး တောလမ်းအတိုင်း ဆက်လက်ကြွလာခဲ့ရာ မြွေနှင့်အနီးကပ်ဆုံး ရောက်လျှင် မြွေကြီးမှာ အလိုလိုငြိမ်ကျသွားပြီး ဘေးသို့ရှောင်တိမ်း သွားလေတော့သည်။ ဆရာတော် အမြဲတစေ ရွတ်ဖတ်ခဲ့သော အန္တရာယ်ကင်းဂါထာတော် ဖြစ်ပါတယ်။ ဆရာတော်အား တပည့်တော် ကို အန္တရာယ်ကင်း ဂါထာတော် ချီးမြှင့်ပါရန် လျှောက်ထားလိုက်သောအခါ ဆရာတော်က နှုတ်ဖြင့် ချီးမြှင့်ခဲ့ပါသည်။

အန္တရာယ်ကင်း ဂါထာတော်
ဗုဒ္ဓဂုဏော အနန္တော၊ ဓမ္မဂုဏော အနန္တော၊ သံဃဂုဏော အနန္တော၊
မာတာပိတုဂုဏော အနန္တော၊ အာစရိယဂုဏော အနန္တော၊
ဗုဒ္ဓေါမေ သရဏံ အညံနတ္တိ၊
ဓမ္မောမေ သရဏံ အညံနတ္တိ၊
သံဃောမေ သရဏံ အညံနတ္တိ၊
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ
တပည့်တော်ရေးနေတဲ့ ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ ဖော်ပြခွင့်ပေးပါရန်လျှောက်ထားပြီး ခုနစ်ရက် သားသမီးများအတွက် ဖော်ပြပေးလိုက်ပါတယ်။

သမုတိမျိုးမြင့်(မင်းလှ)

Comments

comments

Post Author: manawmaya