မြတ်သောအကျင့်ကို ကျင့်ကြပါ။

မြတ်သောအကျင့်ကို ကျင့်ကြပါ။

-မောင်ဥာဏ်စိန်-

*****************

*****************

 

ဗုဒ္ဓဘာသာဝင်တို့သည် ငါးပါးသီလကို စောင့်ထိန်းလေ့ရှိကြပေသည်။ ငါးပါးသီလကို စောင့် ထိန်းသောအခါ ကာမေသုမိစ္ဆာစာရတည်းဟူသော သိက္ခာပုဒ်ကို စောင့်ထိန်းကြရပေသည်။ သူတစ်ပါး၏ သားမယားအား ပြစ်မှားခြင်းမှ ရှောင်ကြဉ်ခြင်းတည်း ဟူသော သိက္ခာပုဒ်ဖြစ်ပေသည်။

ရှစ်ပါးသီလ၊ ကိုးပါးသီလတို့ကို စောင့်ထိန်း ကြသောအခါ ဤမျှနှင့် မလုံလောက်ပါ။ အဗြဟ္မာ စရိယတည်းဟူသော သိက္ခာပုဒ်ကို စောင့်ထိန်းကြရ ပေသည်။ မမြတ်သော မေထုန်အကျင့်ကို ကျင့်ခြင်း မှ ရှောင်ကြဉ်ကြရပေသည်။ မမြတ်သော မေထုန် အကျင့်ကို အဗြဟ္မာစရိယဟုခေါ်ဆိုသဖြင့် မြင့်မြတ် သော အကျင့်ဟူသည်မှာ မေထုန်အမှုပြုခြင်းမှ ရှောင် ကြဉ်သောအကျင့်(ဗြဟ္မာစရိယအကျင့်)ဖြစ်ကြောင်း နားလည်နိုင်ပေသည်။ သာမန်အားဖြင့် ကျင့်ကြံနိုင် သော အကျင့်မဟုတ်သော်လည်း လေ့ကျင့်ပါများက အောင်မြင်သွားနိုင်ပေသည်။

မြတ်စွာဘုရားလက်ထက်က ဗာရာဏသီ ပြည်တွင် ယသအမည်ဖြင့် သူဋ္ဌေးသားတစ်ဦးရှိလေ သည်။ ゞင်းအား အပျိုကညာ အချောအလှတို့ဖြင့် လည်းကောင်း အဆို၊ အက၊ အတီး၊ အမှုတ်၊ အချော့အမြူတို့ဖြင့်လည်းကောင်း ယုယပြုစုကြရ လေသည်။

တစ်နေ့သောအခါ ယသသူဋ္ဌေးသားသည် သန်းခေါင်ယံအချိန်တွင် တစ်ရေးနိုးလာ၍ ကြည့်ရှု လိုက်လေရာ လှကညာများမှာ လူသေ ကောင်များ ပမာ တုံးလုံးပက်လက် မဖုံးမဖိ ပါးစပ် ဟောင်း လောင်း၊ သွားပုပ်ရည်စီးကြောင်းများ ဟောက်သံ များဖြင့် သတိလက်လွတ် အိပ်မောကျနေသည်ကို မြင်တွေ့လိုက်ရလေသည်။ စက်ဆုပ်ဖွယ်ရာ အဖြစ် ကို ခံစားလိုက်ရသည်။

ယင်းသို့ စက်ဆုပ်ဖွယ်ရာကို မြင်တွေ့လိုက် ရသောကြောင့် ဘုံနန်းအဆင့်ဆင့်ဖြင့် ပြီးသည့် အံ့မခန်းသည့် စံအိမ်တော်ကြီးကိုလည်း သုသာန် တစပြင်ပမာ မှတ်ထင်သွားတော့သည်။ နေအိမ်ကို စွန့်ခွာပြီး ဘုရားရှင်ထံ သွားရောက်ကာ ရဟန်းပြု လိုက်လေသည်။

သာမန်လူသားတို့အနေဖြင့် မေထုန်အမှုအား ရှောင်ရှားခြင်း၊ စီးပွားဥစ္စာရတနာ စံအိမ်တို့အား စွန့်ပစ်ခြင်းဟူသည်မှာ အလွန်ခဲယဉ်းသော အမှုကိစ္စ ရပ်တို့ပင် ဖြစ်သည်။ သို့ရာတွင် ရဟန်း သံဃာတော် များ၊ တရားတော်ကို သဘောပေါက် ကျင့်ကြံနေ ထိုင်ကြသော ထေရ်ကြီးဝါကြီးများအဖို့ကား ခဲယဉ်း ပင်ပန်းသော အမှုကိစ္စမဟုတ်ပေ။

ရဟန်းတော်များသည် ရေအိမ်(ကုဋီ)တက် ရာ၌ ရေအိမ်၌ရှိသော မစင်စုကို ကြည့်ကြရသည်။  ပိုးလောက်စုကိုလည်း ကြည့်ကြရသည်။ မတင့် တယ်၊ ရွံ့ရှာဖွယ်သာဖြစ်သည်။ မိမိတို့၏ ခန္ဓာကိုယ်    သည် မစင်အစု ပိုးမျိုးရှစ်ဆယ်တို့၏ တည်ရာဖြစ် သည်။ ရွံ့ရှာစက်ဆုပ်ဖွယ်သာ ဖြစ်သည်ဟု ဆင် ခြင်ပွားများကြရလေသည်။

အင်းဝခေတ်က မြောက်နန်းကျောင်းဆရာ တော်သည် မှူးမတ်မျိုးနွယ်ဖြစ်၍ လူဝတ်ဖြင့်နေပါ က မှူးမတ်စည်းစိမ်ကို ခံစားရမည်ဟု အမတ်များ က လျှောက်ထားကြလေသည်။

“သင်တို့၏ အမတ်စည်းစိမ်သည် ငါရေ အိမ်ထက်၊ ပွားများအပ်သော အသုဘသညာ၊ တစ်စိတ်ကို မီမည်လော”ဟု အမိန့်ရှိလိုက်ကြောင်း ဆိုရိုးစကားရှိပေသည်။

သုဝဏ္ဏသာမဇာတ်တော်၌ ဒူကူလနှင့် ပါရိကာတို့သည် ရာသက်ပန်ဗြဟ္မစရိယ အကျင့်ကို ကျင့်ကြံကြလေသည်။ ဥဒယဆဒ္ဒဇာတ်တော်၌  “ဥဒယဆဒ္ဒမင်းသားနှင့် ဥဒယဘဒ္ဒမင်းသမီးတို့သည်     စက်ရာတစ်ခုတည်း၌ အတူတကွ အိပ်စက်ကြသော် လည်း နှစ်ဦးအကြား၌ ပန်းကုံးဖြင့် ခြားထားလေ သည်။ တစ်ဦးနှင့်တစ်ဦး ပြစ်မှားသောစိတ်ရှိသူ ဘက်မှ ပန်းကုံးညှိုးစေသတည်း”ဟု အဓိဋ္ဌာန် ပြုပြီးမှ အိပ်ကြသည်။ စိတ်ဓာတ်စင်ကြယ်ကြသ ဖြင့် ပန်းကုံးသည် လုံးဝမညှိုးခဲ့ချေ။ ဤသို့ဖြင့် ရာသက်ပန် စိတ်ဓာတ်စင်ကြယ်စွာဖြင့် နေထိုင် သွားနိုင်ကြသည်။

မြတ်စွာဘုရားရှင်လက်ထက်တော်အခါက ပင် ရာဇဂြိုဟ်ပြည်၌ ကာပိလပုဏ္ဏား၏သား ဝိပ္ပလိ လုလင်နှင့် သာဂလမြို့သူ ဘဒ္ဒကာပိလာနီတို့သည် လူကြီးများ၏ ဆန္ဒအရ အိမ်ထောင်ပြုခဲ့ကြရသည်။ မိမိတို့က အိမ်ထောင်မှုပြုခြင်းကို အလိုမရှိကြသော် လည်း မိဘတို့၏ ဆန္ဒကို မလွန်ဆန်နိုင်သဖြင့် အိမ် ထောင်ပြုခဲ့ကြခြင်းဖြစ်သည်။

အတူနေကြသော်လည်း အချင်းချင်းတပ် မက်သောမျက်စိဖြင့် မကြည့်။ ညအိပ်ရာဝင်သော အခါ ဝိပ္ပလိသည် လက်ယာဘက်မှ အိပ်ရာပေါ် သို့တက်၏။ မယ်ဘဒ္ဒါသည် လက်ဝဲဘက်မှအိပ်ရာ ပေါ်သို့တက်၏။ အချင်းချင်း ထိမိမည်စိုး၍ ပန်းကုံး နှစ်ကုံးဖြင့်ခြား၍ အိပ်ကြသည်။

မိဘများကွယ်လွန်ကြသောအခါ ထိုသူနှစ် ဦးစလုံး ရဟန်းပြုကြသည်။ ဝိပ္ပလိလုလင်သည် မြတ်စွာဘုရားရှင်ထံ ရဟန်းပြု၍ ရှစ်ရက်မြောက် သောနေ့၌ ရဟန္တာအဖြစ်သို့ ရောက်ရှိလေသည်။  အရှင်မဟာကဿပမထေရ်ဟူသော ဘွဲ့တော်ဖြင့်    ထင်ရှားခဲ့လေသည်။ ဘဒ္ဒကာပိလာနီသည်လည်း   ဘိက္ခုနီမကျောင်းသို့ ရောက်ရှိ၍ ဘိက္ခုနီမ ပြုခွင့်ရ လေသည်။ ရဟန္တာမဖြစ်သွားလေသည်။ ဘဒ္ဒကာ ပိလာနီထေရီဟူသော ဘွဲ့တော်ဖြင့် ထင်ရှားခဲ့ကြ လေသည်။

သူတော်ကောင်းတို့၏ထုံးကို နှလုံးမူကြရ ပေမည်။ သူတော်ကောင်းတရားကို လက်ကိုင်ထား ကြပြီး မြင့်မြတ်သော ဗြဟ္မာစရိယ အကျင့်ကို ကျင့် ကြံအားထုတ်နိုင်ကြစေရန် တိုက်တွန်းရေးသားအပ် ပေသည်။

 

မောင်ဥာဏ်စိန်

ရည်ညွှန်းစာအုပ်များ

၁။ မင်္ဂလာနိဒါန်း(မောင်အံ့၊ မဟာဝိဇ္ဇာ၊ ဘုံဘေ)

၂။ ၃၈ ဖြာမင်္ဂလာပုံပြင်များ(မင်းယုဝေ)

Comments

comments

Post Author: manawmaya