အာရုံငါးပါး မလိုက်စားနှင့်

အလှအပကို ငါသည် မြတ်နိုးသည်။ ထို့ ကြောင့် အလှအပသည် ငါ၏ကိုးကွယ်ရာ ဖြစ်တော့ သည်ဟု စာရေးဆရာကြီးတစ်ယောက်က ရေးသား ခဲ့ဖူးသည်။ “အလှဟူသည် လူ၌ရွှင်ပျ ထာဝရ တည်း”ဟု John Keat ဟုခေါ်သော စာရေးဆရာ တစ်ဦးက ရေးသားခဲ့ဖူးလေသည်။ အင်္ဂလိပ်လိုတော့    A Thing of beauty is joy forever ဟု ဆိုရ ပေမည်။ ဤသည်တို့မှာ အလှအပနှင့် စပ်လျဉ်းပြီး အနုပညာဆန်ဆန်၊ တွေးခေါ်ခြင်းရှုမြင်ခြင်း ဖြစ်ပေ သည်။ နှစ်သက်ဖွယ် ကောင်းလေစွ။

သို့ရာတွင် လူသားများမှာ ပုထုဇဉ်များဖြစ်ကြ သည်။ အလှအပကို မက်မောကြသလို ကာမဂုဏ် အာရုံနှင့်လည်း မကင်းနိုင်ကြပေ။ ကာမဘုံသား၊ ဆုံလည်နွားဟူသော စကားတစ်ရပ်ပင်ရှိလေသည်။ အလှ၏ ကျေးကျွန်၊ အလှတရား၏ သားကောင်ဖြစ် ကြရာမှ အမှားပေါင်းများစွာကို ကျူးလွန်ကြသည်။ လူမှုရေး ပြဿနာများစွာကို ဖြစ်ပွားစေတော့သည်။

ကမ္ဘာ့သမိုင်း၌လည်းကောင်း၊ မြန်မာ့သမိုင်း ၌လည်းကောင်း၊ အလှအပ၏နောက်သို့ တကောက် ကောက် လိုက်ပါမိမှုကြောင့် အလှအပ၏ ကျွေးကျွန်၊ အလှအပ၏ သားကောင်ဖြစ်မှုကြောင့် ဘဝတွင် ကျဆုံးခဲ့ရသော မင်းဧကရာဇ်များ  နိုင်ငံ့ခေါင်းဆောင် များမှာ မရေမတွက်နိုင်တော့ပေ။ နှမြောဖွယ်ကောင်း လေစွ။

အာရုံငါးပါးဟူသည်မှာ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာ ရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ တို့ကို ဆိုလိုခြင်းဖြစ်သည်။ အာရုံငါးပါးအား ထိန်းသိမ်း စောင့်ရှောက်ခြင်းကို စက္ခုနြေ္ဒ၊ သောတိနြေ္ဒ၊ ဃာနိနြေ္ဒ၊ ဇီဝှိနြေ္ဒ၊ ကာယိ နြေ္ဒ ဟုခေါ်ပေသည်။ အိနြေ္ဒတို့အား ထိန်းသိမ်းစောင့် ရှောက်ခြင်းကို ဣန္ဒြိယသံဝရဟု ပြန်ဆိုပေသည်။ ထိုဣန္ဒြိယသံဝရကို တပဟုခေါ်ဆို၍ ဣန္ဒြိယသံဝရ ကို စောင့်ထိန်းခြင်းသည် တပေါမင်္ဂလာနှင့် ပြည့်စုံ ခြင်းပင် ဖြစ်တော့သည်။

ရူပါရုံနောက်သို့ အလိုမလိုက်သင့်ရုံမက၊ သဒ္ဓါရုံ နောက်ဆိုလည်း မလိုက်သင့်ကြပေ။ အသံ ၏ ဆွဲငင်ခြင်းကို တစိမ့်စိမ့်ခံစားပြီး၊ အအိပ်ပျက်၊  အစားပျက်၊ အလုပ်ပျက် မဖြစ်သင့်ကြပေ။ အသံ၏ ဆွဲငင်ခြင်း(သဒ္ဒါရုံ) နောက်သို့ လိုက်မိကြသဖြင့် ကေတီဗွီများ၌ လူစည်ကားလျက်ရှိကြသည်။ မိမိ၏ ဇနီး၊ သားသမီးများ၏ အိမ်စားရိတ်၊ ကျောင်းစရိတ် များအတွက် နှမြောတွန့်တိုနေသူများသည် ကေတီဗွီ ၌ သူဋ္ဌေးကြီးသဖွယ် သုံးစွဲနေကြသည်။ ငါးထောင် တန်၊ တစ်သောင်းတန် ပန်းကုံးများကို စွပ်၍ မဆုံး ဖြစ်နေကြသည်။ ထိုမှတစ်ဆင့် လူရိုက်မှု၊ ဓားထိုး မှု၊ လူသတ်မှုတို့အထိ ဖြစ်ပွားလာကြသည်။ မိသား စု အဆင်မပြေဖြစ်၊ အိမ်ထောင်ရေး ဘဝပျက်ပြီး၊ ဘဝမှာဝမ်းနည်းစွာဖြင့် အဆုံး သတ်သွားကြသူများ မနည်းတော့ပေ။

ထို့နည်းတူပင် ဂန္ဓာရုံ(အနံ့အာရုံ)တို့လည်း အလိုမလိုက်သင့်ပေ။ အနံ့အာရုံတို့သည်လည်း ကာမဂုဏ်စိတ်ဓာတ်ကို ဖြစ်စေသော အရာပင်ဖြစ် သည်။ အချို့သော အမွှေးနံ့များသည် ကာမဂုဏ် စိတ်ဓာတ်ကို နှိုးဆွပေးတတ်ကြသည်။ အနံ့အာရုံ၌ ခြိုးခြံစွာ ကျင့်ကြံနေထိုင်ခြင်းမရှိပါက ကာမဂုဏ် အာရုံ၏ သားကောင်ဖြစ်ရုံမျှမက အခန့်မသင့်သော ရောဂါမျိုးပင် ဖြစ်တတ်ပေသည်။ ဥပမာ ရင်ကျပ် ပန်းနာရောဂါ၊ ချောင်းဆိုးရောဂါစသည်တို့ပင် ဖြစ် သည်။

အထူးသတိထားရမည့်အာရုံမှာ ရသာရုံဖြစ် ပေသည်။ ယောကျာ်း၊ မိန်းမ၊ အသက်အရွယ်ငယ် သူ၊ ကြီးသူမရွေး အရသာ၌ တပ်မက်တတ်ကြသည်။ အစားအသောက်ကို မဆင်ခြင်ကြပေ။ ထောပတ်၊ ဒိန်ခဲဆိုလည်း မရှောင်၊ ဝက်သားပေါင်း၊ ဘဲကင်၊ ကြက်ကင်၊ ဝက်ကင်ဆိုလျှင်လည်း အားပါးတရ စား ကြသည်သာဖြစ်သည်။ ဆီပြန်ဟင်းဆိုလျှင်လည်း ဆီများ အိနေ၊ ရွှဲနေ၊ နစ်နေမှကျေနပ်ကြသည်။ အချိုရည်ဆိုလျှင်လည်း ဖျော်ရည်အမျိုးမျိုး၊ သံဘူး အမျိုးမျိုးကို သောက်လိုက်ရမှ ကျေနပ်သည်။ အိုက်စ်ကရင်၊ ဖာလူဒါတို့ကို အလှူ၊ မင်္ဂလာ အခမ်း အနားများ၌ ကြုံတွေ့ခဲ့လျှင် လက်လွတ်မခံကြပေ။ ဤအာရုံကို အလိုလိုက်မှုကြောင့် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါတို့ ဖြစ်ပွားသူများလာကြ သည်။ အာထရာဆောင်း ရိုက်လိုက်ပါက အသည်း အဆီဖုံးနေသူ၊ သွေးထဲတွင်အဆီများနေသူတို့ကို အတွေ့များလာကြသည်။ လျှာကို အလိုလိုက်မှု ကြောင့် အသက်ငယ်ငယ်ဖြင့် သေဆုံးကြသူများ၊ အသက်ကြီး၍ ချမ်းချမ်းသာသာ ငြိမ်းချမ်းစွာဖြင့် နေကြရမည့် အချိန်တွင် လျှာကို အလိုလိုက်၍ သေဆုံးကြသူများမှာ ရာခိုင်နှုန်းအားဖြင့် များပြား လှသည်။

ကြောက်စရာအကောင်းဆုံး အာရုံတစ်ခုမှာ    ဖောဋ္ဌဗ္ဗာရုံဟုခေါ်သော အတွေ့အာရုံပင်ဖြစ်သည်။ ပုထုဇဉ်လူသားတို့အား ဒုက္ခအပေးဆုံးအာရုံပင်ဖြစ် သည်။ ဤဖောဋ္ဌဗ္ဗာရုံ အတွေ့အာရုံကို မလွန်ဆန် နိုင်ကြသဖြင့် ထီးနန်းစွန့်လွှတ်ခဲ့ကြသော ဧကရာဇ် ဘုရင်များ ရာထူးကိုစွန့်လွှတ်ကြသော နိုင်ငံ့ခေါင်း ဆောင်များ၊ နိုင်ငံရေးသမားများကား ကမ္ဘာ့သမိုင်း ၌ များပြားလှသည်။ အချို့သော လှပချောမောလှ သော မိန်းကလေးများ၊ မိကောင်းဖခင် သားသမီး များလည်း အတွေ့အာရုံ(ဗောဋ္ဌဗ္ဗာရုံ)ကို မလွန်ဆန် နိုင်ကြသဖြင့် ဘဝတွင် ရေတိမ်နစ်နေကြရပေသည်။

အတွေ့အာရုံကို မလွန်ဆန်နိုင်ကြသဖြင့် အိမ် ထောင်ရေး ဘဝပျက်ကြရသည်။ ယောကျာ်းများကို ထိန်း၍မရသဖြင့် မိန်းမများကပါ ပါးကိုက်လျှင် နား ကိုက်ပြမည်ဟူသော သဘောဖြင့် ရွဲ့စောင်းပြတတ် ကြသည်။ သူစိမ်းယောကျာ်းများနှင့် အတူတွဲ၍ စားသောက်တတ်ကြသည်။ အစားစားရာမှ အသောက်ပါပါလာတတ်ကြသည်။ ပထမတွင်ဝိုင် ထို့နောက် ဘီယာ၊ နောက်ဝီစကီစသည် စသည်တို့ ဖြစ်လာကြသည်။ ထို့ပြင် အိမ်ထောင်ရေး ပဋိပက္ခ များဖြစ်ကြကာ ဝမ်းနည်းစွာဖြင့် ခွဲခွာကြရတော့သည်။ မျက်နှာငယ်ကြသူများမှာ သနားစရာကောင်းလှသည့် အပြစ်မဲ့သော သားသမီးများပင်။ ဤနေရာတွင် “မကောင်းမှုတွေ ဟူသမျှကို မတွေ့ခင်က ရှောင် ကြဉ်လေ၊ တွေ့ကြုံလာလျှင် မလွန်ကျူးနှင့် အထူးသ ဖြင့် စောင့်စည်းနေ”ဟူသော မင်္ဂလာတရားတော်လာ ဆုံးမစကားကို အထူးသဖြင့် မှတ်သားလိုက်နာသင့် ကြပေသည်။

ထို့ကြောင့် အာရုံငါးပါးကို မလိုက်စားသင့် ကြပေ။ ဣနြေ္ဒငါးပါးဖြင့် ထိန်းသိမ်းသင့်ကြပေသည်။  ဟိရီနှင့် ဩတ္တပ္ပ(အရှက်နှင့် အကြောက်တရား)တို့ဖြင့် မိမိတို့ ကိုယ်ကို ထိန်းသိမ်းသင့်ကြပေသည်။ အာရုံ ငါးပါးကို မလိုက်စားဘဲ ခြိုးခြံချွေတာသော အကျင့် ကို ကျင့်ခြင်းသည် တပမင်္ဂလာကို လိုက်နာကျင့်သုံး ခြင်းပင်ဖြစ်သည်။ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်ကာယဟူသော ဣနြေ္ဒငါးပါးကို ထိန်းသိမ်းခြင်း (ဣန္ဒြိယသံဝရ)ကို စောင့်ထိန်းခြင်းဖြင့် မင်္ဂလာတရား တော်နှင့်အညီ ကျင့်ကြံနေထိုင်ကြရန် တိုက်တွန်း ရေးစားလိုက်ရပေသည်။

 

မောင်ဥာဏ်စိန်

Comments

comments

Post Author: manawmaya