ကမၻာေလးရပ္ တရားစီရင္နည္း

ကမၻာေလးရပ္ တရားစီရင္နည္းကို မ်က္ ေမွာက္ေခတ္ တရားစီရင္ေရးတြင္ က်င့္သံုးျခင္း   မရွိ ေခ်။ ထို႔ေၾကာင့္ ဥပေဒပညာျဖင့္ သက္ေမြးဝမ္း ေက်ာင္းျပဳသူမ်ားအၾကားတြင္ သိရွိသူနည္းႏိုင္ေပ သည္။ သို႔ရာတြင္ ျမန္မာ့တရားစီရင္ေရးသမိုင္းကို ေလ့လာသူမ်ား၊ ျမန္မာမင္းမ်ားေခတ္ တရားစီရင္ ေရးကို စိတ္ဝင္စားသူမ်ားအေနျဖင့္ သိရွိသင့္သည္ ဟု ယူဆသျဖင့္ ယခုကဲ့သို႔ ေရးသားတင္ျပရျခင္း ျဖစ္ေပသည္။

ေရွးျမန္မာမင္းမ်ားေခတ္၌ သက္ေသအ ေထာက္အထားမရွိေသာ အမႈမ်ိဳး၊ သက္ေသအထင္ အရွားမရွိေသာ အမႈမ်ိဳးကို စီရင္ရာတြင္ ကမၻာေလး ရပ္ တရားစီရင္နည္းျဖင့္ စီရင္ဆံုးျဖတ္ေလ့ရွိပါသည္။   ကမၻာေလးရပ္ တရားစီရင္နည္းကို အသံုးျပဳရာတြင္   ႏွစ္ဖက္ေသာအမႈသည္တို႔အေနျဖင့္ ႏႈတ္သက္ေသ (သို႔မဟုတ္) စာရြက္စာတမ္း သက္ေသအေထာက္ အထားမ်ားကို မတင္ျပႏိုင္သည့္အခါမွသာ အသံုးျပဳ ရသည့္အျပင္၊ ထိုနည္းျဖင့္ စစ္ေဆးသည္ကိုလည္း ႏွစ္ဖက္ေသာ အမႈသည္တို႔က သေဘာတူလက္ခံ ၾကသည့္အခါမွသာ အသံုးျပဳရေပသည္။

ကမၻာေလးရပ္ တရားစီရင္နည္းဟူသည္မွာ (က) မီးျဖင့္ စစ္ေဆးေသာနည္း၊ (ခ)ေရျဖင့္ အျပင္း အထန္စစ္ေဆးေသာနည္း (ဂ) ဆန္ျဖင့္ အျပင္းအ ထန္စစ္ေဆးေသာနည္း (ဃ) က်ိဳခ်က္ထားေသာ ခဲရည္ျဖင့္ အျပင္းအထန္ စစ္ေဆးေသာ နည္းတို႔ ျဖစ္ေပသည္။

မီးျဖင့္ စစ္ေဆးစီရင္ရာတြင္ ႏွစ္ဖက္ေသာ အမႈသည္မ်ားသည္ အတိုင္းအတာႏွင့္ အေလးခ်ိန္ ညီမွ်ေသာ ပ်ားဖေယာင္းျဖင့္ ျပဳလုပ္ထားသည့္ ဖေယာင္းတိုင္မ်ားကို တစ္ၿပိဳင္တည္း ထြန္းညႇိၾက ရသည္။ ထို႔ေနာက္ ゞင္းတို႔၏ ပါးစပ္တြင္လည္း ေရတစ္က်ပ္သားကိုထည့္၍ ထားၾကရသည္။ ဤသို႔ ျပဳလုပ္ၾကရာတြင္ ဖေယာင္းတိုင္ စတင္၍ မီးၿငိမ္း သြားသူကို အမႈ႐ံႈးနိမ့္သူဟု ယင္းအမႈ၌ ဆံုးျဖတ္ သည္။ အကယ္၍ ထြန္းညႇိကိုင္ေဆာင္ထားၾကေသာ ဖေယာက္းတိုင္ ႏွစ္တိုင္လံုး၊ မီးၿငိမ္းျခင္းမရွိေသးမီ အမႈသည္မ်ားအနက္မွ တစ္ဦးေသာသူက ၄င္း၏ ပါးစပ္တြင္း၌ရွိေသာ ေရကို မ်ိဳလိုက္မိလွ်င္ (သို႔ မဟုတ္) ေရသီးၿပီး ေခ်ာင္းဆိုးေသာေၾကာင့္ ပါးစပ္မွ ေရထြက္သြားလွ်င္ ထိုသူကို အမႈ႐ံႈးနိမ့္သူဟု ဆံုးျဖတ္ သည္။ အကယ္၍ ဖေယာင္းတိုင္ႏွစ္တိုင္လံုး တစ္ၿပိဳင္ တည္း မီးၿငိမ္းသြားပါက ႏွစ္ဖက္ေသာ အမႈသည္ တို႔သည္ ပါးစပ္တြင္းရွိေရကို ဆက္လက္၍ ငံုထားၾက ရသည္။ ထို႔ေနာက္ ပထမစတင္ၿပီး ေခ်ာင္းဆိုး၍ ပါးစပ္မွ ေရထြက္သြားသူ(သို႔မဟုတ္) ေရကို မ်ိဳလိုက္ မိေသာသူသည္ အမႈ႐ံႈးနိမ့္သူဟု ဆံုးျဖတ္သည္။

ေရျဖင့္ အျပင္းအထန္ စစ္ေဆးစီရင္ရာတြင္   ႏွစ္ဖက္ေသာ အမႈသည္တို႔သည္ ေရအိုင္(သို႔မဟုတ္)   ေခ်ာင္းတစ္ေခ်ာင္းကို ခုန္ခ်ၾကရသည္။ ေရငုပ္ၾက ရသည္။ ေရထဲမွ စတင္၍ ေပၚလာသူကို အမႈ၌ ႐ံႈး နိမ့္သူဟု ယူဆၾကရသည္။ ဤနည္းျဖင့္ စစ္ေဆးခံရ ေသာ အမႈသည္မ်ားသည္ ေရကူးတတ္သူမ်ား ျဖစ္ ၾကရန္ လိုသည္။

ဆန္ျဖင့္ အျပင္းအထန္ စစ္ေဆးေသာနည္း တြင္ ႏွစ္ဖက္ေသာ အမႈသည္တို႔အား ဆန္တစ္က်ပ္ သားကို ဝါးေခ်ခိုင္းသည္။ ဝါးေခ်၍ ပထမၿပီးစီးသူ ကို ထိုအမႈ၌ အႏိုင္သည္ဟု ဆံုးျဖတ္သည္။ အျခား တစ္နည္းမွာ ႏွစ္ဖက္ေသာ အမႈသည္တို႔အား ဆန္တစ္က်ပ္သားစီကို အထုပ္ျဖင့္ထုပ္၍ ေရဆူပြက္ ေနေသာ အိုးတစ္အိုးထဲသို႔ ထည့္သြင္းေစသည္။ ဆန္ထုပ္မ်ားကို အိုးထဲမွ ျပန္၍ ထုတ္ယူလိုက္ေသာ အခါတြင္ အထုပ္ႏွစ္ထုပ္အနက္မွာ ပို၍ က်က္ေသာ       အထုပ္ပိုင္ရွင္အား အမႈတြင္အႏိုင္ရသူဟု ဆံုးျဖတ္ သည္။

စတုတၴနည္းမွာ က်ိဳခ်က္ထားေသာ ခဲရည္ ျဖင့္ ျပင္းထန္စြာ စစ္ေဆးေသာနည္းျဖစ္သည္။ ယင္း နည္းျဖင့္ စစ္ေဆးရာတြင္ ႏွစ္ဖက္ေသာအမႈ သည္တို႔သည္ ゞင္းတို႔၏ လက္ေခ်ာင္း ထိပ္ဖ်ားမ်ားကို အရည္က်ိဳထားေသာ ခဲအိုးထဲသို႔ ႏွစ္ၾကရ၏။ ယင္းသို႔ႏွစ္ ၍ လက္ဖ်ားမ်ား မဖူးမေရာင္ေသာ သူသည္ ထိုအမႈတြင္ အႏိုင္ရသူဟု မွတ္ယူဆံုးျဖတ္သည္။

ျမန္မာမင္းမ်ားေခတ္က က်င့္သံုးခဲ့ေသာကမၻာ ေလးရပ္တရားစီရင္ နည္းကို ျပင္းထန္ ေသာ စစ္ေဆးနည္းဟု ဆို ေလ့ရွိၾကေသာ္လည္း ကမၻာ့သမိုင္းတြင္ ေပၚေပါက္ခဲ့ဖူးေသာ အခ်ိဳ႕ေသာ တရား စီရင္နည္းမ်ားႏွင့္ ႏိႈင္းယွဥ္လွ်င္ အလြန္ ျပင္းထန္ရက္စက္ျခင္းမရွိလွေပ။

ျမန္မာမင္းအုပ္ခ်ဳပ္ပံုစာတမ္း စတုတၴတြဲတြင္    ဒုတိယျမန္မာႏိုင္ငံေတာ္ႀကီးကို တည္ေထာင္ခဲ့သူ ဘုရင့္ေနာင္မင္းတရားႀကီးသည္ မင္းအျဖစ္သို႔ေရာက္ ၿပီးေနာက္ ရွမ္းျပည္နယ္တလႊားသို႔ စစ္ဆင္ရန္ ခ်ီ တက္ခဲ့သည္။ ေညာင္ရမ္းအရပ္တြင္ အမ်ိဳးသမီး တစ္ဦးႏွင့္ ေတြ႕ဆံုၿပီး ထိုအမ်ိဳးသမီးအား  ခံုမင္ႏွစ္ သက္သျဖင့္ အပါးေတာ္တြင္ ခစားေစသည္။ ထို အမ်ိဳးသမီးတြင္ ကိုယ္ဝန္ရွိလာသည္ကို သိျမင္ေတာ္ မူေသာအခါ ဘုရင့္ေနာင္မင္းတရားႀကီးက မိမိ၏ လက္စြပ္ကို ထိုအမ်ိဳးသမီးအား ေပးအပ္ခဲ့သည္။ သမီးေမြးခဲ့ေသာ္ ၄င္းလက္စြပ္ကို ေရာင္းခ်ၿပီး ေမြးျမဴ ရန္၊ သားေမြးလွ်င္ သားငယ္ကိုေခၚေဆာင္၍ လိုက္ခဲ့ ရန္ မွာၾကားခဲ့သည္။

ထိုအမ်ိဳးသမီးသည္ အခ်ိန္တန္ေသာ္ သား ေယာက်ာ္းေလးကို ေမြးဖြားခဲ့သည္။ ထိုသားငယ္ ကို ေခၚေဆာင္၍ ဟံသာဝတီေနျပည္ေတာ္သို႔ လိုက္ လာခဲ့သည္။ ဤအေၾကာင္းကို သက္ဆိုင္ရာတို႔က ဘုရင့္ေနာင္မင္းတရားႀကီးထံသို႔ ေလွ်ာက္တင္ၾက သည္။ မင္းတရားႀကီး သိေတာ္မူလွ်င္ ရွက္ေတာ္မူ ၍ အမ်ိဳးသမီးႏွင့္ ကေလးသည္ မိမိႏွင့္ မပတ္သက္ ေၾကာင္း ျငင္းဆိုခဲ့သည္။ ဤအမႈတြင္ မ်က္ျမင္ သက္ေသမရွိေခ်။ ထို႔ေၾကာင့္ ကမၻာေလးရပ္ တရား စီရင္နည္းျဖင့္ စီရင္ဆံုးျဖတ္ရန္သာရွိသည္။ ဘုရင့္ ေနာင္မင္းတရားႀကီးမွာ ရွင္ဘုရင္ျဖစ္ေနသျဖင့္ ေရ ၿပိဳင္ငုပ္ရန္ မသင့္ေလ်ာ္ေပ။ ဤအမႈကို ႀကီးၾကပ္ ဆံုးျဖတ္ရသူမွာ ဗညားဒလအမတ္ႀကီး ျဖစ္သည္။ အမတ္ႀကီးက မင္း တရားႀကီး၏ ေျခေတာ္ကို ေရႊ အင္တံု၌ ႏွစ္ေစသည္။ တရား လို အမ်ိဳးသမီး ၏  ႏွာေခါင္းကိုလည္း ေရႊ အင္တံု၌ ႏွစ္ေစရသည္။ ထိုအခါ မင္းတရားႀကီး ေျခေထာက္ကို ေရႏွစ္ထားစဥ္ ငါးခူကိုက္သကဲ့သို႔ ထင္မွတ္ေတာ္မူ၍ မင္းတရားႀကီး၏ ေျခမေတာ္ကို ႏႈတ္သိမ္းလိုက္ရသည္။ အမ်ိဳးသမီးအားလည္း ႏွာ ေခါင္းႏွစ္ေစရာမွ ေဖာ္ေစ၍ အမႈကို ゞင္းအား အႏိုင္ ေပးဆံုးျဖတ္ခဲ့သည္။ ထိုအမ်ိဳးသမီးအား နန္းတင္ေပး ရၿပီး သားငယ္ကိုလည္း ေညာင္ရမ္းၿမိဳ႕စားအျဖစ္ ေပးသနားေတာ္မူခဲ့သည္။

ျမန္မာမင္းမ်ားလက္ထက္ ျမန္မာ့တရားစီရင္ ေရးတြင္ အုပ္ခ်ဳပ္သူႏွင့္ အုပ္ခ်ဳပ္ခံဟူ၍ မခြဲျခား ေၾကာင္း မည္သူမဆို တရားဥပေဒေရွ႕ေမွာက္တြင္ တူညီေသာ အခြင့္အေရးရွိေၾကာင္း ေရးသားတင္ျပ အပ္ပါသည္။

 

ေမာင္ဥာဏ္စိန္

က်မ္းကိုး။   ။

(၁) ျမန္မာ့တရားဥပေဒပံုျပင္မ်ား

(ေဒါက္တာထင္ေအာင္)

(၂) ကုန္းေဘာင္နိဒါန္း

(ေဒါက္တာေက်ာ္ဝင္း)

(၃) ႏွစ္ေလးဆယ္သမိုင္းရွာပံုေတာ္

(ေဒါက္တာေက်ာ္ဝင္း)

(၄) တရားစီရင္ေသာအမတ္

(ႏိုင္ခင္ေမာင္ေလး)

(ကလ်ာမဂၢဇင္း ၂၀ဝ၈ခုႏွစ္ ဇြန္လ)

 

Unicode Version

ကမ္ဘာလေးရပ် တရားစီရင်နည်း
** မောင်ဉာဏ်စိန် **

 

ကမ္ဘာလေးရပ် တရားစီရင်နည်းကို မျက် မှောက်ခေတ် တရားစီရင်ရေးတွင် ကျင့်သုံးခြင်း မရှိ ချေ။ ထို့ကြောင့် ဥပဒေပညာဖြင့် သက်မွေးဝမ်း ကျောင်းပြုသူများအကြားတွင် သိရှိသူနည်းနိုင်ပေ သည်။ သို့ရာတွင် မြန်မာ့တရားစီရင်ရေးသမိုင်းကို လေ့လာသူများ၊ မြန်မာမင်းများခေတ် တရားစီရင် ရေးကို စိတ်ဝင်စားသူများအနေဖြင့် သိရှိသင့်သည် ဟု ယူဆသဖြင့် ယခုကဲ့သို့ ရေးသားတင်ပြရခြင်း ဖြစ်ပေသည်။
ရှေးမြန်မာမင်းများခေတ်၌ သက်သေအ ထောက်အထားမရှိသော အမှုမျိုး၊ သက်သေအထင် အရှားမရှိသော အမှုမျိုးကို စီရင်ရာတွင် ကမ္ဘာလေး ရပ် တရားစီရင်နည်းဖြင့် စီရင်ဆုံးဖြတ်လေ့ရှိပါသည်။ ကမ္ဘာလေးရပ် တရားစီရင်နည်းကို အသုံးပြုရာတွင် နှစ်ဖက်သောအမှုသည်တို့အနေဖြင့် နှုတ်သက်သေ (သို့မဟုတ်) စာရွက်စာတမ်း သက်သေအထောက် အထားများကို မတင်ပြနိုင်သည့်အခါမှသာ အသုံးပြု ရသည့်အပြင်၊ ထိုနည်းဖြင့် စစ်ဆေးသည်ကိုလည်း နှစ်ဖက်သော အမှုသည်တို့က သဘောတူလက်ခံ ကြသည့်အခါမှသာ အသုံးပြုရပေသည်။
ကမ္ဘာလေးရပ် တရားစီရင်နည်းဟူသည်မှာ (က) မီးဖြင့် စစ်ဆေးသောနည်း၊ (ခ)ရေဖြင့် အပြင်း အထန်စစ်ဆေးသောနည်း (ဂ) ဆန်ဖြင့် အပြင်းအ ထန်စစ်ဆေးသောနည်း (ဃ) ကျိုချက်ထားသော ခဲရည်ဖြင့် အပြင်းအထန် စစ်ဆေးသော နည်းတို့ ဖြစ်ပေသည်။
မီးဖြင့် စစ်ဆေးစီရင်ရာတွင် နှစ်ဖက်သော အမှုသည်များသည် အတိုင်းအတာနှင့် အလေးချိန် ညီမျှသော ပျားဖယောင်းဖြင့် ပြုလုပ်ထားသည့် ဖယောင်းတိုင်များကို တစ်ပြိုင်တည်း ထွန်းညှိကြ ရသည်။ ထို့နောက် ၎င်းတို့၏ ပါးစပ်တွင်လည်း ရေတစ်ကျပ်သားကိုထည့်၍ ထားကြရသည်။ ဤသို့ ပြုလုပ်ကြရာတွင် ဖယောင်းတိုင် စတင်၍ မီးငြိမ်း သွားသူကို အမှုရှုံးနိမ့်သူဟု ယင်းအမှု၌ ဆုံးဖြတ် သည်။ အကယ်၍ ထွန်းညှိကိုင်ဆောင်ထားကြသော ဖယောက်းတိုင် နှစ်တိုင်လုံး၊ မီးငြိမ်းခြင်းမရှိသေးမီ အမှုသည်များအနက်မှ တစ်ဦးသောသူက ၄င်း၏ ပါးစပ်တွင်း၌ရှိသော ရေကို မျိုလိုက်မိလျှင် (သို့ မဟုတ်) ရေသီးပြီး ချောင်းဆိုးသောကြောင့် ပါးစပ်မှ ရေထွက်သွားလျှင် ထိုသူကို အမှုရှုံးနိမ့်သူဟု ဆုံးဖြတ် သည်။ အကယ်၍ ဖယောင်းတိုင်နှစ်တိုင်လုံး တစ်ပြိုင် တည်း မီးငြိမ်းသွားပါက နှစ်ဖက်သော အမှုသည် တို့သည် ပါးစပ်တွင်းရှိရေကို ဆက်လက်၍ ငုံထားကြ ရသည်။ ထို့နောက် ပထမစတင်ပြီး ချောင်းဆိုး၍ ပါးစပ်မှ ရေထွက်သွားသူ(သို့မဟုတ်) ရေကို မျိုလိုက် မိသောသူသည် အမှုရှုံးနိမ့်သူဟု ဆုံးဖြတ်သည်။
ရေဖြင့် အပြင်းအထန် စစ်ဆေးစီရင်ရာတွင် နှစ်ဖက်သော အမှုသည်တို့သည် ရေအိုင်(သို့မဟုတ်) ချောင်းတစ်ချောင်းကို ခုန်ချကြရသည်။ ရေငုပ်ကြ ရသည်။ ရေထဲမှ စတင်၍ ပေါ်လာသူကို အမှု၌ ရှုံး နိမ့်သူဟု ယူဆကြရသည်။ ဤနည်းဖြင့် စစ်ဆေးခံရ သော အမှုသည်များသည် ရေကူးတတ်သူများ ဖြစ် ကြရန် လိုသည်။
ဆန်ဖြင့် အပြင်းအထန် စစ်ဆေးသောနည်း တွင် နှစ်ဖက်သော အမှုသည်တို့အား ဆန်တစ်ကျပ် သားကို ဝါးချေခိုင်းသည်။ ဝါးချေ၍ ပထမပြီးစီးသူ ကို ထိုအမှု၌ အနိုင်သည်ဟု ဆုံးဖြတ်သည်။ အခြား တစ်နည်းမှာ နှစ်ဖက်သော အမှုသည်တို့အား ဆန်တစ်ကျပ်သားစီကို အထုပ်ဖြင့်ထုပ်၍ ရေဆူပွက် နေသော အိုးတစ်အိုးထဲသို့ ထည့်သွင်းစေသည်။ ဆန်ထုပ်များကို အိုးထဲမှ ပြန်၍ ထုတ်ယူလိုက်သော အခါတွင် အထုပ်နှစ်ထုပ်အနက်မှာ ပို၍ ကျက်သော အထုပ်ပိုင်ရှင်အား အမှုတွင်အနိုင်ရသူဟု ဆုံးဖြတ် သည်။
စတုတ္ထနည်းမှာ ကျိုချက်ထားသော ခဲရည် ဖြင့် ပြင်းထန်စွာ စစ်ဆေးသောနည်းဖြစ်သည်။ ယင်း နည်းဖြင့် စစ်ဆေးရာတွင် နှစ်ဖက်သောအမှု သည်တို့သည် ၎င်းတို့၏ လက်ချောင်း ထိပ်ဖျားများကို အရည်ကျိုထားသော ခဲအိုးထဲသို့ နှစ်ကြရ၏။ ယင်းသို့နှစ် ၍ လက်ဖျားများ မဖူးမရောင်သော သူသည် ထိုအမှုတွင် အနိုင်ရသူဟု မှတ်ယူဆုံးဖြတ်သည်။
မြန်မာမင်းများခေတ်က ကျင့်သုံးခဲ့သောကမ္ဘာ လေးရပ်တရားစီရင် နည်းကို ပြင်းထန် သော စစ်ဆေးနည်းဟု ဆို လေ့ရှိကြသော်လည်း ကမ္ဘာ့သမိုင်းတွင် ပေါ်ပေါက်ခဲ့ဖူးသော အချို့သော တရား စီရင်နည်းများနှင့် နှိုင်းယှဉ်လျှင် အလွန် ပြင်းထန်ရက်စက်ခြင်းမရှိလှပေ။
မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း စတုတ္ထတွဲတွင် ဒုတိယမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့သူ ဘုရင့်နောင်မင်းတရားကြီးသည် မင်းအဖြစ်သို့ရောက် ပြီးနောက် ရှမ်းပြည်နယ်တလွှားသို့ စစ်ဆင်ရန် ချီ တက်ခဲ့သည်။ ညောင်ရမ်းအရပ်တွင် အမျိုးသမီး တစ်ဦးနှင့် တွေ့ဆုံပြီး ထိုအမျိုးသမီးအား ခုံမင်နှစ် သက်သဖြင့် အပါးတော်တွင် ခစားစေသည်။ ထို အမျိုးသမီးတွင် ကိုယ်ဝန်ရှိလာသည်ကို သိမြင်တော် မူသောအခါ ဘုရင့်နောင်မင်းတရားကြီးက မိမိ၏ လက်စွပ်ကို ထိုအမျိုးသမီးအား ပေးအပ်ခဲ့သည်။ သမီးမွေးခဲ့သော် ၄င်းလက်စွပ်ကို ရောင်းချပြီး မွေးမြူ ရန်၊ သားမွေးလျှင် သားငယ်ကိုခေါ်ဆောင်၍ လိုက်ခဲ့ ရန် မှာကြားခဲ့သည်။
ထိုအမျိုးသမီးသည် အချိန်တန်သော် သား ယောကျာ်းလေးကို မွေးဖွားခဲ့သည်။ ထိုသားငယ် ကို ခေါ်ဆောင်၍ ဟံသာဝတီနေပြည်တော်သို့ လိုက် လာခဲ့သည်။ ဤအကြောင်းကို သက်ဆိုင်ရာတို့က ဘုရင့်နောင်မင်းတရားကြီးထံသို့ လျှောက်တင်ကြ သည်။ မင်းတရားကြီး သိတော်မူလျှင် ရှက်တော်မူ ၍ အမျိုးသမီးနှင့် ကလေးသည် မိမိနှင့် မပတ်သက် ကြောင်း ငြင်းဆိုခဲ့သည်။ ဤအမှုတွင် မျက်မြင် သက်သေမရှိချေ။ ထို့ကြောင့် ကမ္ဘာလေးရပ် တရား စီရင်နည်းဖြင့် စီရင်ဆုံးဖြတ်ရန်သာရှိသည်။ ဘုရင့် နောင်မင်းတရားကြီးမှာ ရှင်ဘုရင်ဖြစ်နေသဖြင့် ရေ ပြိုင်ငုပ်ရန် မသင့်လျော်ပေ။ ဤအမှုကို ကြီးကြပ် ဆုံးဖြတ်ရသူမှာ ဗညားဒလအမတ်ကြီး ဖြစ်သည်။ အမတ်ကြီးက မင်း တရားကြီး၏ ခြေတော်ကို ရွှေ အင်တုံ၌ နှစ်စေသည်။ တရား လို အမျိုးသမီး ၏ နှာခေါင်းကိုလည်း ရွှေ အင်တုံ၌ နှစ်စေရသည်။ ထိုအခါ မင်းတရားကြီး ခြေထောက်ကို ရေနှစ်ထားစဉ် ငါးခူကိုက်သကဲ့သို့ ထင်မှတ်တော်မူ၍ မင်းတရားကြီး၏ ခြေမတော်ကို နှုတ်သိမ်းလိုက်ရသည်။ အမျိုးသမီးအားလည်း နှာ ခေါင်းနှစ်စေရာမှ ဖော်စေ၍ အမှုကို ၎င်းအား အနိုင် ပေးဆုံးဖြတ်ခဲ့သည်။ ထိုအမျိုးသမီးအား နန်းတင်ပေး ရပြီး သားငယ်ကိုလည်း ညောင်ရမ်းမြို့စားအဖြစ် ပေးသနားတော်မူခဲ့သည်။
မြန်မာမင်းများလက်ထက် မြန်မာ့တရားစီရင် ရေးတွင် အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံဟူ၍ မခွဲခြား ကြောင်း မည်သူမဆို တရားဥပဒေရှေ့မှောက်တွင် တူညီသော အခွင့်အရေးရှိကြောင်း ရေးသားတင်ပြ အပ်ပါသည်။

မောင်ဉာဏ်စိန်
ကျမ်းကိုး။ ။
(၁) မြန်မာ့တရားဥပဒေပုံပြင်များ
(ဒေါက်တာထင်အောင်)
(၂) ကုန်းဘောင်နိဒါန်း
(ဒေါက်တာကျော်ဝင်း)
(၃) နှစ်လေးဆယ်သမိုင်းရှာပုံတော်
(ဒေါက်တာကျော်ဝင်း)
(၄) တရားစီရင်သောအမတ်
(နိုင်ခင်မောင်လေး)
(ကလျာမဂ္ဂဇင်း ၂၀ဝ၈ခုနှစ် ဇွန်လ)

Comments

comments

Post Author: manawmaya